ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အား အဆင့်သတ်မှတ်ချက်တွင် မြန်မာက အဆင့် ၃၁ ၌ ရှိနေ

ကမ္ဘာ့နိုင်ငံအသီးသီး၏ စစ်အင်အားများကို ဖော်ပြသည့် Global Fire Power Index 2017 အရ မြန်မာနိုင်ငံ၏ စစ်အင်အားမှာ အဆင့် ၃၁ တွင် ရှိနေသည်ကို တွေ့ရသည်။

၂၀၁၅ ခုနှစ်အတွက် စစ်တမ်းတွင် မြန်မာ့တပ်မတော်က အဆင့် ၄၄ ၌ ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆင့် ၂၉ ရရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွက် စစ်တမ်းတွင် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့က အဆင့် ၁၊ ၂ နှင့် ၃ တို့တွင် ရှိနေပြီး အိန္ဒိယက အဆင့် ၄ တွင် ရှိနေသည်။

အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စစ်အင်အားအကြီးဆုံးမှာ အင်ဒိုနီးရှားဖြစ်ပြီး အဆင့် ၁၄ တွင် ရှိနေသည်။

မြန်မာနိုင်ငံ၏အထက်တွင် ဗီယက်နမ်က အဆင့် ၁၆ နှင့် ထိုင်းနိုင်ငံက အဆင့် ၂၀ တို့တွင် ရှိနေသည်။ မလေးရှားနိုင်ငံက အဆင့် ၃၃ ဖြင့် မြန်မာနိုင်ငံ၏ အောက်တွင် ရောက်ရှိနေသည်ကို တွေ့ရပြီး အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေရှ့်နိုင်ငံက အဆင့် ၅၇ တွင် ရှိနေသည်။

စစ်တမ်းတွင် ဖော်ပြထားချက်အရ မြန်မာတပ်မတော်တွင် စစ်သည်အင်အား ၅၁၆,၀၀၀ ရှိနေပြီး မြန်မာ့လေတပ်တွင် တိုက်လေယာဉ် ၅၆ စီးအပါအဝင် စုစုပေါင်း လေယာဉ် ၂၄၉ စီးရှိသည်ဟု ဖော်ပြထားသည်။

ထို့ပြင် သံချပ်ကာကား ၅၉၂ စီးနှင့် သံချပ်ကာတိုက်ခိုက်ရေးယာဉ် (Armoured Fighting Vehicles) ၁,၃၅၈ စီးရှိသည်ဟုလည်း ဖော်ပြထားသည်။

ရေတပ်အင်အားအနေဖြင့် မြန်မာ့ရေတပ်တွင် စစ်ရေယာဉ် ၁၅၅ စီးရှိသည်ဟုလည်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်သည့် စာရင်းတွင် နိုင်ငံပေါင်း ၁၃၃ နိုင်ငံကို ဖော်ပြထားပြီး ဘူတန်နိုင်ငံက အဆင့် ၁၃၃ ဖြင့် စစ်အင်အားအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။

နှစ်စဉ်ထုတ်ပြန်သည့် Global Fire Power Index ကို သတ်မှတ်ရာတွင် နိုင်ငံများ၏ ပထဝီအနေအထား၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝအရင်းအမြစ်များကိုပါ ထည့်သွင်းစဉ်းစားသော်လည်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကိုမူ ထည့်သွင်းတွက်ချက်ခြင်းမရှိပေ။ ထို့ပြင် နိုင်ငံများ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စစ်ဘက်ဆိုင်ရာ ဦးဆောင်မှုများကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိဟု သိရသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.