မူဆလင်ကင်းမဲ့သည့် ကြားခံဇုံ ထူထောင်နိုင်ရန် ရခိုင်တိုင်းရင်းသားများ ကြိုးပမ်းနေ

တချိန်က မူဆလင်အများစု ရှိခဲ့သည့် နေရာများတွင် ရခိုင်လူမျိုးများ များပြားလာစေရေးအတွက် လှူဒါန်းသည့် အထောက်အပံ့များဖြင့် ပြောင်းရွှေ့လာကြသူများမှာ မျှော်လင့်ချက်အပြည့်ဖြင့် စွန့်ဦး အခြေချသူများ ဖြစ်ကြသည်။

အေအက်ဖ်ပီ

ကိုးတန်ကောက်ရွာအဝင်ဝတွင် ဗုဒ္ဓဘာသာအလံများက ဝါးလုံးတစ်ခုထိပ်၌ တလွင့်လွင့်လှုပ်ခတ်နေသည်။ တစ်ချိန်က ရိုဟင်ဂျာ မူဆလင်တို့လွှမ်းမိုးရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထိုကျေးရွာသည် ရွှေ့ပြောင်းလာသူ ရခိုင်တိုင်းရင်းသားတို့၏ စံပြကျေးရွာတစ်ခု ဖြစ်သည်။

မြေသြဇာထက်သန်ကောင်းမွန်သော လယ်မြေများပေါ်တွင် နေထိုင်ကြသော ရိုဟင်ဂျာကျေးရွာများကို ဘူဒိုဇာများဖြင့် ရှင်းလင်းဖယ်ရှားပြီးနောက် ရခိုင်တိုင်းရင်းသားများ ဝင်ရောက်နေထိုင်ကြခြင်းဖြစ်သည်။

ဆင်းရဲကြသော်လည်း အတော်အတန် တည်ငြိမ်အေးချမ်းမှုရှိသော တောင်ပိုင်းအရပ်မှ ပြောင်းရွှေ့လာကြသူ ရခိုင်များမှာ အရေအတွက် မများလှသေးပေ။

သို့သော် တချိန်က မူဆလင်အများစု ရှိခဲ့သည့် နေရာများတွင် ရခိုင်လူမျိုးများ များပြားလာစေရေးအတွက် လှူဒါန်းသည့် အထောက်အပံ့များဖြင့် ပြောင်းရွှေ့လာကြသူများမှာ မျှော်လင့်ချက်အပြည့်ဖြင့် စွန့်ဦး အခြေချသူများ ဖြစ်ကြသည်။

“ကျွန်မတို့ ကုလားတွေ ရန်ကို တကယ်ကြောက်လို့ ဒီကိုလာဖို့ မရည်ရွယ်ခဲ့ပါဘူး” ဟု ၂၈ နှစ် အရွယ် မချစ်စမ်းအိမ်က အေအက်ဖ်ပီကို ပြောသည်။ မချစ်စံအိမ်သည် မတ်တပ်ပြေးခါစ ကလေးနှင့်အတူ သူ့ခင်ပွန်းနှင့် လိုက်လာခဲ့ခြင်းဖြစ်သည်။ သူတို့ မိသားစုသည် ကိုးတန်ကောက်ရွာတွင် တဲလေးထိုးကာ နေထိုင်ကြသည်။

“အခုဒီမှာ ကုလားတွေ မရှိကြတော့လဲ ဒီမှာနေတဲ့ ကျွန်မတို့ ဆွေမျိုးတွေနဲ့ ပြန်ဆုံကြရတာပေါ့” ဟု မချစ်စမ်းအိမ်က ပြောသည်။ သုံးလေးမိုင်ခန့် အကွာအဝေးတွင်မူ ရိုဟင်ဂျာတို့ စွန့်ခွာသွားသော ရွာပျက်တစ်ခုကို လှမ်းမြင်နေရသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစတင်သည့် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးတွင် ရခိုင်မြောက်ပိုင်းမှ ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ ရခိုင်တောင်ပိုင်းနှင့် အလယ်ပိုင်းမှ နှင်ထုတ်ခံခဲ့ရသော ရိုဟင်ဂျာသုံးသိန်းခန့် ရှိခဲ့သည်။ စစ်တပ်၏ ယခင်နှစ်က အရေးယူလုပ်ဆောင်မှုကို ကုလသမဂ္ဂက ‘လူမျိုးစုအလိုက် ရှင်းလင်းမှု’ ဟု ကင်ပွန်းတပ်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က “လူမျိုးတုံးသတ်ဖြတ်မှု အဓိပ္ပာယ်ဆောင်သည်” ဟုပင် ပြောဆိုခဲ့သည်။ ထိုစွပ်စွဲချက်များကို မြန်မာအစိုးရက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး ပြန်လာမည့် ဒုက္ခသည်များကို ကြိုဆိုပါသည်ဟု ပြောကြားခဲ့သည်။ သို့သော် ပထမအဆင့် ပြန်လာမည်ဟု စာရင်းပေးထားသူ ၈,၀၀၀ ဦး အနက် ၃၇၄ ဦးကိုသာ မြန်မာအစိုးရက ပြန်လာခွင့် ပြုထားသေးသည်။

ကော့ဘဇာဒုက္ခသည်စခန်းရှိ ဒုက္ခသည်များက ရခိုင်ပြည်နယ်သို့ပြန်ရလျှင် စခန်းများ၌ ထိန်းသိမ်းခံထားရမည့် အရေးနှင့် ရန်လိုမုန်းတီးနေသော ပတ်ဝန်းကျင်တွင် နေရမည့်အရေးကြောင့် ရခိုင်သို့ ပြန်မနေလိုကြောင်း ငြင်းဆိုနေကြသည်။ ရိုဟင်ဂျာတို့ စွန့်ခွာသွားသောနေရာတွင် အစိုးရ၊ စစ်တပ်နှင့် ပုဂ္ဂလိက အထောက်အပံ့တို့ဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို အသွင်ပြောင်းပစ်ရန် အားသွန် ကြိုးပမ်းလျှက်ရှိသည်။

ရိုဟင်ဂျာအထွက် ရခိုင်အဝင်

မချစ်စမ်းအိမ်သည် အနောက်နယ်ခြားရှိ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ထောင်ရေး ထောက်ပံ့ရေး ကော်မတီ(CRR)၏ အကျိုးကို ခံစားရသူဖြစ်သည်။ ယင်း CRR သည် ဒုက္ခသည်အကျပ်အတည်း စတင်ပြီး မကြာမီတွင် တည်ထောင်ခဲ့သည့် ပုဂ္ဂလိကအစီအစဉ်တစ်ခု ဖြစ်သည်။

စစ်တပ်က တင်းကျပ်စွာ ထိန်းချုပ်ထားသောဇုံတစ်ခုတွင် ပြည်လည်အခြေစိုက်ရေး စီမံချက်မှာ စစ်တပ်၏ ဆန္ဒမပါဘဲ ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ရခိုင်တိုင်းရင်းသားအလှူရှင်များက ထည့်ဝင်ထားသည့် CRR ၏ ရည်မှန်းချက်မှာ ပြည်နယ်မြို့တော် စစ်တွေမှ မောင်တောမြို့အထိ ကီလိုမီတာ ၁၀၀ နီးပါးရှိနယ်မြေတွင် “မူဆလင်မရှိသော” ကြားခံဇုန်တစ်ခု တည်ထောင်ရန်ဖြစ်သည်ဟု ကော်မတီကို အကြံပေးနေသည့် ရခိုင်အမတ်တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

“ဒီဧရိယာတစ်ခုလုံးက မူဆလင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေခဲ့တာပါ။ စစ်တပ်က စစ်ဆင်ရေးတွေရဲ့ နောက်မှာတော့ သူတို့ ထွက်ပြေးကြတယ်။ ဒါကြောင့် ဒီနယ်မြေကို ရခိုင်တိုင်းရင်းသားတွေနဲ့ ထူထောင်ဖို့လိုပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။ “CRR က အလုပ်အကိုင်နဲ့ နေအိမ်တွေအတွက် ငွေကြေးထောက်ပံ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းပါးတဲ့ လူဦးရေလေးကနေ တဖြည်းဖြည်း ကြီးထွားလာနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုအချိန်တွင် စုစုပေါင်း လူ ၂၅၀ ခန့်သာရှိသည့် အိမ်ထောင်စု ၆၄ စုဖြင့် မဖြစ်စလောက် အရေအတွက်သာဖြစ်ပြီး ၎င်းတို့အား CRR က ပြောင်းရွှေ့ပေးခဲ့သည်။ နောက်ထပ်စောင့်ဆိုင်းနေသည့် မိသားစုမှာ ၂၀၀ ခန့်ရှိနေသည်။ ၎င်းတို့မှာ ဆင်းရဲသားများထဲမှ အဆင်းရဲဆုံးသူများစာရင်းတွင် ပါဝင်နေပြီး အများအားဖြင့် စစ်တွေမှ ကျူးကျော်တဲများတွင် နေထိုင်ခဲ့သူများ၊ သို့မဟုတ် စစ်တွေတောင်ဘက် ကီလိုမီတာ ၆၀၀ ခန့်ကွာဝေးသည့် သံတွဲမှ နေ့စားလုပ်သားများ ဖြစ်ကြသည်။

000_12k0mx.jpg

 title=

title=

လက်ရှိအချိန်တွင် ကျေးရွာအုပ်စုနှစ်ခုဖြစ်သည့် ရသေ့တောင်အနီးရှိ ကိုးတန်ကောက်နှင့် မောင်တောအနီး အင်းဒင်တို့ကို စီမံကိန်းအတွက် သတ်မှတ်ထားသည်။ ဒုတိယနေရာမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားစဉ် ဖမ်းမိထားသည့် မူဆလင်များကို တရားလက်လွတ် သတ်ဖြတ်ခဲ့ရာနေရာဖြစ်ကြောင်း စစ်တပ်က ဝန်ခံထားသည့် နေရာဖြစ်သည်။

ကိုးတန်ကောက်မှာ ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်တို့၏ နေအိမ်များ ရောထွေး အခြေစိုက်ရာနေရာ ဖြစ်သည်။ CRR က ကမကထ ပြုလုပ်ပေးသည့် ရွာငယ်စီမံကိန်းက အခြေခံ ရှင်သန်ရပ်တည်ရေးအတွက် ကတိပေးထားသည်။

အလုပ်မရှိ၊ လျှပ်စစ်မီးမရှိ၊ ထို့အပြင် သွယ်ထားသည့် ရေပိုက်မရှိသော်လည်း မိသားစုများအား အထပ်သားများ၊ သတ္တုပြားများဖြင့် ပြုလုပ်ထားသော အမေရိကန်ဒေါ်လာ ၄၅၀ တန် ခြေတံရှည်အိမ်လေးတစ်လုံးစီကို အလှူရှင်များက ပေးလှူထားသည်။ မြန်မာနိုင်ငံ၏ ဒုတိယမြောက် အဆင်းရဲဆုံးပြည်နယ်တွင် ယခင်က ၎င်းတို့လက်လှမ်းမမီသည့် အနေအထားတစ်ခုအဖြစ် အခြေချနေထိုင်သူအသစ်များက နောက်ဆုံးတွင် မြေပိုင်ယာပိုင်များဖြစ်ရန် မျှော်လင့်ထားကြသည်။

CRR သည် အစ္စလာမ်တို့ရန်မှ အကာအကွယ် တံတိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့မယုံကြည်သည့် ဗမာများကြီးစိုးသည့် ပြည်မမှ မောင်းနှင်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း ၎င်းတို့၏ လူမျိုးစုအတွက် ပြောရေးဆိုခွင့်တစ်ခု ရှိစေမည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ရခိုင်အမျိုးသားရေးဝါဒီများက ပြောကြားသည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်တွေထက် ဘယ်သူ့ကို ဦးစားပေးရဦးမှာလဲ” ဟု CRR ၏အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းက ဆိုသည်။

ခရိုနီများနှင့် စစ်သားများ

မြန်မာအစိုးရသည် ၎င်းတို့၏ အခန်းကဏ္ဍအနေဖြင့် ရခိုင်ပြည်နယ်၏ အခြေခံအဆောက်အအုံကို ပြန်လည်တည်ဆောက်ရန် သြဇာရှိသော စီးပွားရေးလုပ်ငန်းရှင်များကို စာရင်းသွင်းထားသည်။ စစ်တပ်က လုံခြုံရေးအပိုင်းကို အားဖြည့်မှုအပါအဝင် အခြားစီမံကိန်းများကို ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်မှုတွင် မူဆလင်များမဝင်နိုင်စေရန် ဘက်စုံကြိုးပမ်းမှု တစ်ခုလည်း ဖြစ်ဟန်ရှိသည်။

ယခုသီတင်းပတ်က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ အစီရင်စာတွင် လမ်းများ၊ ရဟတ်ယာဉ်ကွင်းများနှင့် လုံခြုံရေးအဆောက်အဦများ ဆောက်လုပ်နေပုံကို ဖော်ပြထားသည်။ ရံဖန်ရံခါ မူဆလင်တို့၏ မီးလောင်သွားသော ကျေးရွာများ၏ မီးလောင်ပြင်နေရာတွင် ဆောက်လုပ်နေခြင်းဖြစ်သည်။ ယင်းသို့ပြုလုပ်နေခြင်းမှာ ကြီးမားသည့် မြေသိမ်းမှုအဖြစ်လည်း ဖော်ပြထားသည်။ ထို့အပြင် ထိုသို့ပြုလုပ်မှုက အင်းဒင်ကကိစ္စအပါအဝင် စွပ်စွဲခံရသည့် ရက်စက်မှုများအတွက် သက်သေများကို ဖျောက်ဖျက်ရန် ခြိမ်းခြောက်နေသည်ဟုလည်း ဆိုထားသည်။

ရခိုင်မြောက်ပိုင်းတစ်ခွင်ရှိ စွန့်ပစ်ထားသည့်မြေယာနှင့် စပါးခင်းများကို မီဒီယာများ၊ စုံစမ်းစစ်ဆေးရေးမှူးများနှင့် အကူအညီပေးရေး အုပ်စုအများစုကို ဝင်ရောက်ခွင့် တင်းကျပ်ထားသော နယ်မြေတစ်ခုရှိ စစ်တပ်က စစ်ရေးကိစ္စအလို့ငှာ သိမ်းယူထားသည် ဆိုသည်။

မူဆလင်တို့သည် အာဏာရှင်ခေတ် နိုင်ငံသားဥပဒေအရ ၁၉၈၂ခုနှစ်တွင် ၎င်းတို့၏ တရားင်အဆင့်အတန်းကို ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ၎င်းတို့၏ ဘိုးဘေးပိုင်မြေများကိုလည်း ဆုံးရှုံးလျက်ရှိသည်။ ရှေ့နေ ဦးဦးလှစော၏အဆိုအရ ထိုအခြေအနေတွင် ပြန်လာရေးမှာ မဖြစ်နိုင်ဟု ဆိုသည်။

“ဒီလူတွေက နိုင်ငံသားရဖို့၊ သူတို့ရဲ့ မွေးရာမြေတွေမှာ ပြန်ပြီး အခြေချချင်လို့ ရိုဟင်ဂျာလူမျိုုးစုအဖြစ် အသိအမှတ်ပြု ခံချင်ကြတယ်။ သူတို့ရဲ့ တောင်းဆိုမှုတွေက ကြောင်းကျိုး ဆီလျော်မှုမရှိပါဘူး” ဟု ၎င်းကပြောသည်။

အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်အသစ်တွင် ရှိနေသော်လည်း ၎င်းတို့မှာ နေထိုင်ရန်ရောက်လာခြင်းဖြစ်သည်ဟု ကိုးတံကောက်သို့ ရောက်ရှိလာသူများက ပြောသည်။

“ကျွန်မဘဝကို ဒီမှာပဲ ခေါင်းချသွားမှာပါ”ဟု ဒေါ်အိုစာဟုခေါ်သည့် အသက် ၆၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ “ကျွန်မဘယ်ကိုမှလည်း သွားတော့မှာ မဟုတ်ဘူး” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.