သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာအရ ရခိုင်မြောက်ပိုင်းသို့ ကုလသမဂ္ဂအား ဝင်ရောက်ခွင့်ပေးရန် မြန်မာသဘောတူ

အိုလီဗာဆလိုး

ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ကုလနှင့် မြန်မာကြား လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှုစာချွန် (MoU) အရ ရခိုင်မြောက်ပိုင်းကို ကုလသမဂ္ဂအား ဝင်ရောက်ခွင့်ပေးရန် မြန်မာအစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အရာရှိတစ်ဦးက Frontier ကို ဇွန် ၆ ရက်နေ့တွင် ပြောကြားသည်။

နားလည်မှုစာချွန်လွှာတွင် သဘောတူညီထားသည်မှာ ရခိုင်ပြည်နယ်သို့ အရေးပါသည့် ဝင်ရောက်သွားလာခွင့် ပေးရန်ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စတာ Giuseppe De Vincentiis က Frontier ကို တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

“ခြေလှမ်းများစွာကို လှမ်းလိုက်ပါပြီ။ အစိုးရက အလွန်ခိုင်မာတဲ့ ကတိကဝတ်ကို ပြုလိုက်တာလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် မြန်မာအစိုးရနှင့် သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို ဇွန် ၆ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့က ကြေညာခဲ့သည်။

“သဒီ MoU က ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် မူဘောင်တစ်ခုကိုချမှတ်ဖို့ ပထမဆုံးနဲ့ လိုအပ်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ဆန္ဒအလျောက်၊ အန္တရာယ်ကင်းတဲ့၊ ဂုဏ်သိက္ခာရှိစွာ စဉ်ဆက်မပြတ်ပြန်လာရေးအတွက် အထောက်အကူပြု အခြေအနေတွေ ဖန်တီးပေးရေး ရည်ရွယ်ပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူ့အသိုင်းအဝိုင်းအားလုံးအတွက် တိုးတက်ပြီး ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဖန်တီးနိုင်ရေးလည်း ရည်ရွယ်ပါတယ်” ဟု ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ) မှတိုက်ခိုက်သူများကို နှိမ်နင်းသည် စစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ နိုင်ငံတကာက ကြီးမားသည့် ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ အများအပြားက လက်ရှိအခြေအနေသည် ဒုက္ခသည်များ ပြန်လာရေးအတွက် အခွင့်မသာသေးကြောင်း သတိပေးလျက်ရှိသော်လည်း မြန်မာအစိုးရကမူ ပြန်လာသူများကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု အစဉ်တစိုက် ခံယူထားသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည့် ရိုဟင်ဂျာအများအပြားက ၎င်းတို့အနေဖြင့် ၎င်းတို့၏ အန္တရာယ်ကင်းရှင်းရေးအပြင် နိုင်ငံသားအဆင့်ပေးမှသာ ပြန်လာမည်ဟု ဆိုကြသည်။

ရခိုင်ပြည်နယ်ရှိ မြေပြင်အခြေအနေသည် ဒုက္ခသည်များပြန်လာရေးအတွက် အသင့်ဖြစ်နေပြီဟု ကုလသမဂ္ဂက မယူဆသော်လည်း နားလည်မှု စာချွန်လွှာသည် မြန်မာနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါပြီး လိုအပ်သည့် အဆင့်တစ်ခုဖြစ်ကြောင်း De Vincentiis က Frontier ကို ပြောကြားသည်။

“MoU ရဲ့ အဓိကအချက်က ဒုက္ခသည်တွေ ပြန်လာရေးအတွက် အထောက်အကူဖြစ်စေမယ့် အခြေအနေတွေ ဖန်တီးပေးမယ့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခုရရှိရေး ကျွန်တော်တို့ လုပ်ဆောင်ကြမှာပါ” ဟု ၎င်းကပြောသည်။ ထို့အပြင် မြေပြင်တွင် သဘောတူညီချက်ကို မည်သို့ အကောင်အထည်ဖော်မည်နှင့် ပတ်သက်၍ မေးခွန်းများစွာ ရှိနေသေးကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသွားသူများ ပြန်လာရေးအတွက် သဘောတူညီချက်တစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြသည်။ သို့သော်လည်း ယင်းသဘောတူညီချက်တွင် ကုလသမဂ္ဂ အေဂျင်စီများ မပါဝင်ပေ။

ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက Frontier ကို ထိုစဉ်က ပြောကြားရာတွင် အေဂျင်စီအနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။

ယခု နားလည်မှုစာချွန်လွှာသည် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက လက်ခံနိုင်သည့် မူဘောင်တစ်ခုကို တည်ဆောက်ရေးအတွက် အစိုးရနှင့် လေးလေးနက်နက် တိုင်ပင်ဆွေးနွေးခြင်း၏ ရလဒ်ဖြစ်သည်ဟု De Vincentiis ကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.