မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ၂ သန်းရှိဟု ကုလသမဂ္ဂ ပြောကြား

ကလဲရ် ဟမ်မွန်

၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်အားလုံး၏ သုံးပုံနှစ်ပုံကျော်မှာ နိုင်ငံငါးနိုင်ငံမှသာဖြစ်ပြီး ထိုနိုင်ငံများမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာနှင့် ဆိုမာလီယာတို့ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအေဂျင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအထဲတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များမှာ စတုတ္ထမြောက် အရေအတွက် အများဆုံးဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ဒုက္ခသည်အရေအတွက်မှာ သန်းဝက်အောက်သာ ရှိခဲ့သော်လည်း ယခုအခါ ၁ ဒသမ ၂ သန်းအထိ မြင့်တက်သွားခဲ့သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားသည်။

၂၀၁၇ ခုနှစ်အကုန်ခန့်က ဘင်္ဂလားဒေ့ရှ်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်အများစုရှိနေကြရာ စုစုပေါင်းအရေအတွက်မှာ ၉၃၂,၀၀၀ ဦးခန့် ဖြစ်သည်။ ကျန်ရှိသည့် ဒုက္ခသည်များတွင် ၁၀၀,၀၀၀ ခန့်မှာ ထိုင်း၊ ၉၈,၀၀၀ ခန့်မှာ မလေးရှားနှင့် ၁၈,၁၀၀ မှာ အိန္ဒိယနိုင်ငံတို့တွင် ရှိနေကြသည်။ ကမ္ဘာတစ်ဝန်းတွင် ထွက်ပြေးနေရသူ ၆၈ ဒသမ ၅ သန်းအထိရှိရာ စံချိန်တင် မြင့်မားခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် ကြေညာချက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖီးလစ်ပိုဂရန်ဒီက ပြောကြားသည်။ ဒုက္ခသည် ၁၀ ဦးလျှင် ကိုးဦးမှာ ၎င်းတို့၏ မူလနိုင်ငံ၊ သို့မဟုတ် အိမ်နီးချင်းနိုင်ငံတို့တွင် ရှိနေပြီး ရိုက်ခတ်မှုမှာ လွန်စွာကြီးမားသည်ဟု ၎င်းကဆိုသည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများအား ကူညီနေသောသူများကို နေ့စဉ်ဘဝ၏ သူရဲကောင်းများဖြစ်သည်ဟု ၎င်းက ရပ်တည် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကမ္ဘာဒုက္ခသည်နေ့ အထိမ်းအမှတ်ပွဲများကို ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြုလုပ်ခဲ့ရာ အစိုးရအရာရှိများ၊ ကရင်အမျိုးသားအစည်းအရုံးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာရသူ ဒုက္ခသည်ဘဝမှ ပြန်လာသည့် လူ့အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံရှိ နိုင်ငံမဲ့လူသား ငါးသိန်း

ရခိုင်ပြည်နယ်တွင် နိုင်ငံမဲ့လူဦးရေ တစ်သန်းဝန်းကျင်ရှိပြီး အားလုံးနီးပါးမှာ ရိုဟင်ဂျာမူဆလင်များဖြစ်သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့်နှစ်အစပိုင်းတွင် ခန့်မှန်းခဲ့သည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လနှောင်းပိုင်းက ရဲစခန်းများ တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်သည့် စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည့် လူဦးရေမှာ ၆၅၅,၀၀၀ ခန့်ရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ်၌ ရှိနေသည်ဟု ခန့်မှန်းထားသည့် နိုင်ငံမဲ့ရိုဟင်ဂျာဒုက္ခသည်ဦးရေမှာ ၉၃၀,၀၀၀ ကျော်အထိ မြင့်မားသွားသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသူမှာ ၆၅၅,၀၀၀ ဦးဖြစ်သည်ဟု အစီရင်ခံမှုနှင့် ထိုနှစ်ကုန်တွင် နေရပ်စွန့်ခွာခြင်းမရှိသည့် နိုင်ငံမဲ့လူဦးရေ ခန့်မှန်းခြေ ၄၇၀,၀၀၀ မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆက်လက်ရှိနေသည်ကို ထောက်ဆကြည့်လျင် အခြေခံခန့်မှန်းချက်မှာ လွန်စွာနည်းပါးနေသည်ကို ယခုအခါ ရှင်းရှင်းလင်းလင်း သိသွားပြီဟု ကုလဒုက္ခသည်အေဂျင်စီက ပြောကြားသည်။

ထို့အပြင် ရိုဟင်ဂျာအများစုဖြစ်သည့် ပြည်တွင်း နေရပ်စွန့်ခွာမူဆလင် ၁၂၅,၀၀၀ ကျော်မှာ ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်လျက်ရှိသည်။ ထွက်ပြေးသည့် အရှိန်အဟုန် နှေးကွေးသွားသော်လည်း နိုင်ငံမဲ့ ရိုဟင်ဂျာ ဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်တွင် အကာအကွယ်ရရှိရန် မြန်မာနိုင်ငံမှ ဆက်လက်ထွက်ပြေးနေဆဲဖြစ်သည်။

“သူတို့ရဲ့ နိုင်ငံမဲ့အနေအထားရဲ့ တိုက်ရိုက်ရလဒ်ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ခွဲခြား ဆက်ဆံခံရမှု၊ ချောင်ထိုးခံရမှုတွေကို ရှည်ကြာစွာ ခံစာားနေရတဲ့အပြင် အခြေခံလူ့အခွင့်အရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ငြင်းပယ်ခံရတာတွေကြောင့် ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအများစုမှာ တင်းကျပ်သည့် ပြဋ္ဌာန်းချက်များနှင့် ၁၉၈၂ နိုင်ငံသားဥပဒေတို့ကြောင့် နိုင်ငံမဲ့ ဖြစ်နေသည်ဆိုသည်။

မြန်မာနိုင်ငံက အတည်ပြုထားသည့် ဥပဒေများအပါအဝင် နိုင်ငံသားဥပဒေမှာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစိုးရထံ သြဂုတ်လက နောက်ဆုံးတင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံသားအားလုံးအပေါ် သာတူညီမျှစွာ ပြုမူစေရေးအတွက် ဥပဒေကို ပြန်လည်သုံးသပ်ရန် ကော်မရှင်က တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်သို့ ဒုက္ခသည်များပြန်လာရေးတွင် အန္တရာယ်ကင်းရေး၊ ဆန္ဒအလျောက်ဖြစ်ရေးနှင့် စဉ်ဆက်မပြတ် ပြန်လာနိုင်ရေးတို့အတွက် အခြေအနေများ ဖန်တီးရန် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီစဉ်၊ မြန်မာအစိုးရတို့နှင့် နားလည်မှုစာချွန်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုသဘောတူညီချက်နှင့် ပတ်သက်၍ စိုးရိမ်စရာသုံးခုရှိကြောင်း ရိုဟင်ဂျာအုပ်စုများက တင်ပြခဲ့ကြသည်။ ၎င်းတို့မှာ အကျပ်အတည်း၏ ဇစ်မြစ်အကြောင်းရင်း အထူးသဖြင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအများစု နိုင်ငံသားဖြစ်မှုမရှိခြင်းကို ကိုင်တွယ်မှုမရှိခြင်း၊ ယင်းဖြစ်စဉ်တွင် ရိုဟင်ဂျာကိုယ်စားလှယ်များကို တိုင်ပင်မှုမရှိခြင်းနှင့် သဘောတူညီချက် အသေးစိတ်ကို လူသိရှင်ကြားကြေညာမှုမရှိခြင်းတို့ ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.