ကွင်းတွင်း ကွင်းပြင် အောင်ပွဲဆင်

ယခုကြော်ငြာဆောင်းပါးကို Dulwich College Yangon က စီစဉ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

သုတေသနတွေ့ရှိချက်အသစ်တစ်ခုအရ ပညာရေးတွင် အောင်မြင်မှုသည် အားကစားနှင့်ဆက်နွယ်နေကြောင်း သိရှိရသည်။ Dulwich College Yangon သည် ကမ္ဘာ့အဆင့်မီ အားကစားအဆောက်အအုံများကို နှစ်ဆ တိုး ဆောက်လုပ်လျက်ရှိသည်။

၂၀၂၀ အိုလံပစ် အားကစားပွဲတော်ကြီးအတွက် မြန်မာ့ဂုဏ်ဆောင် အားကစားသမားတွေ ဘယ်မှာ လေ့ကျင့်ကြမှာလဲ။ ရန်ကုန်မြို့ Dulwich ကောလိပ်၏ ကျောင်းအုပ်ကြီး Mr. Daryl Orchard က သူ့ကျောင်းကို လိုအပ်လျှင် အသုံးပြုနိုင်ရန် ကမ်းလှမ်းလိုက်ပါသည်။ “ဥပမာပေါ့ဗျာ၊ မြန်မာ့အိုလံပစ် ရေကူးသမားတွေ ကျွန်တော့ ကျောင်းက ရေကူးကန်မှာ လေ့ကျင့်ချင်သပဆိုရင် ဝမ်းပန်းတသာ ကြိုဆိုပါတယ်” ဟု ကျောင်းအုပ်ကြီး Orchard က ဟာသနှော၍ ပြောပါသည်။

Star City ရှိ Dulwich College နယ်မြေတွင် ကမ္ဘာ့အဆင့်မီ ဆရာ၊ဆရာမများနှင့် သင်ကြားမှု၊ အထောက်အကူပစ္စည်းများ အပြည့်အစုံရှိသည်သာမက အားကစားအတွက်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ လမ်းကြောင်း ၁၀ ခုပါ ရေကူးကန်၊ အကစတူဒီယို၊ မီတာ ၄၀၀ ပြေးလမ်း၊ စံချိန်ပြည့်ဘောလုံးကွင်း နှင့် NBA ဘတ်စကတ်ဘောကွင်း ၂ ခု ကောင်းစွာဆန့်သော ၁,၃၆၀ စတုရန်းမီတာအကျယ် အားကစားရုံကြီးတို့မှာ မကြာမီ ပြီးစီးတော့မည် ဖြစ်သည်။

အားကစားရုံကြီးမှာ လူ ၄၀၀ ဆန့်ပြီး ကျောင်းသားမိဘများက သူတို့၏ သား၊သမီးများ ပါဝင်ယှဉ်ပြိုင်နေပုံကို ကြည့်ရှုနိုင်စေရန် အပြင်ဘက်တွင် ပရိသတ်ထိုင်ခုံ ၅၀၀ ထပ်ဆောင်းထားရှိသည်။ ရပ်ဂ်ဘီ၊ ကြက်တောင်၊ ဓားခုတ်မှအစ အားကစားမျိုးစုံပြိုင်ပွဲများ ကျင်းပနိုင်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်းဖြစ်သူ Mr. Andrew Patrick ကပင် Dulwich ကျောင်းကို သူအလွန်သဘောကျကြောင်း Star City တက္ကသိုလ်နယ်မြေထဲ လာလည်စဉ်က ဤသို့ပြောခဲ့ဖူးသည်။ “ဒီကျောင်းဟာ မြန်မာနိုင်ငံမှာ အပြည့်စုံဆုံးကျောင်းလို့ပြောရင် ဘယ်သူမှငြင်းလိမ့်မယ် မထင်ပါဘူး” ဟူ၍ဖြစ်သည်။

သံအမတ်ကြီးကိုယ်တိုင်က အားကစားဝါသနာကြီးသူ ဖြစ်နေသည်ကြောင့်တင် မဟုတ်ပေ။ ယင်းက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြုပေသည်။ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားသမားတို့ နိမ့်ကျနေခဲ့သည်မှာ ကြာလှပါပြီ။ မြန်မာ့ထိပ်တန်း အားကစားသမားများပင် နေပြည်တော်သို့ နေရာပြောင်းရ၊ သို့တည်းမဟုတ် စံချိန်အဆင့်မမီသော ကစားကွင်းများ၌ ဖြစ်သလိုလေ့ကျင့်ရ ဖြစ်နေခဲ့ပေသည်။

ရန်ကုန်ရှိ နိုင်ငံတတကာကျောင်းအများစုသည် မြို့တော်၏ ဖွံ့ဖြိုးမှုနှုန်း အလွန်လျင်မြန်လွန်းနေသောကြောင့် ၎င်းတို့၏ ကျောင်းပရဝုဏ်အတွင်း၌ ကစားကွင်းဘက်စုံသုံး သင်ထောက်ကူများအတွက် မြေနေရာ အလုံအလောက်ရဖို့ အခက်တွေ့နေကြပါသည်။

student_in_the_gymnasium_at_dulwich_college_suzhou.jpg

 title=

title=

ပဲခူးမြစ်၏ တစ်ဘက်ကမ်း သံလျင်မြို့တော်ထဲမှာရှိသည့် Star City ကောလိပ်နယ်မြေကတော့ ကျယ်ကျယ်ဝန်းဝန်းနှင့် လေကောင်းလေသန့်လည်း ရှုရှိုက်ခွင့်ရသည့်နေရာမို့ အခြားကျောင်းများနှင့်မတူ တမူကွဲပြားနေပါသည်။ ပန်းလှိုင်ရှိ ရန်ကုန် Dulwich College ၏ ပထမနေရာသည် မြန်မာနိုင်ငံတွင် နိုင်ငံတကာပညာရေးကို အစပျိုးလိုက်ခြင်းဖြစ်ပါသည်။ စိမ်းလန်းသော ကွင်းပြင်ကြီးများနှင့် အဆိုပါကျောင်းမှာ ရန်ကုန်၌သာမက အရှေ့တောင်အာရှတလွှားမှာပါ အကောင်းဆုံးဟု ဆိုနိုင်ပါသည်။

“ကျွန်တော်တို့က တက္ကသိုလ်နယ်မြေ ထူထောင်ဖို့ စဉ်းစားတဲ့အခါ ဆယ်စုနှစ်ပေါင်းများစွာအတွက် စဉ်းစားတာပါ။ သုံးလေးနှစ်အတွက်တင် မဟုတ်ပါဘူး။ နောက်ပြီး ကောင်းသည်ထက်ကောင်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုလည်း အမြဲစဉ်းစားနေတာပါ” ဟု Mr. Orchard က ပြောပါသည်။

Dulwich College နှင့် ဒေသခံမိတ်ဖက်ကုမ္ပဏီ Yoma Strategic Holdings တို့သည် Star City နှင့် ပန်းလှိုင်တက္ကသိုလ်နယ်မြေတို့တွင် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံကြပါသည်။ ယင်းတို့အနက် အတော်များများကို စာသင်ခန်းပြင်ပ ဖွံ့ဖြိုးရေးများဖြစ်ကြသည့် စာသင်ခန်းပြင်ပ လေ့လာရေးဥယျာဉ်၊ အကစတူဒီယိုနှင့် Blackbox theatre ကဲ့သို့ သင်ခန်းစာနှင့် တိုက်ရိုက်မသက်ဆိုင်သည့် နေရာများမှာ သုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့အထောက်အပံ့ပြု အဆောက်အအုံများသည် မြန်မာမိသားစုများ၊ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားများနှင့် နိုင်ငံခြားကို သွားရောက်လုပ်ကိုင်ပြီး မြန်မာပြည်ပြန်လာသည့် မြန်မာတို့၏ သားသမီးများအတွက် ဆွဲဆောင်မှုများ ဖြစ်လာနိုင်ပါသည်။ သူတို့တတွေသည် သူတို့သား၊ သမီးများအတွက် အဆင့်မြင့် ကျောင်းကောင်းကောင်းများကို ရှာဖွေနေကြသူများ ဖြစ်ပါသည်။ သူတို့ သား၊သမီးများ ဘွဲ့ရပြီး ဘဝမှာ အောင်မြင်မှုများ တွေ့ရသည့်အခါကျမှ ပညာရေးအတွက် ရင်းနှီးခဲ့သော ရလဒ်ကို သူတို့တတွေ တွေ့မြင်ခံစားကြရမည်ဖြစ်ကြောင်း Mr.Orchard က ပြောပြပါသည်။

dulwich_college_yangon_students_compete_in_the_primary_games_hosted_at_dulwich_college_singapore_3.jpg

 title=

title=

“ပြိုင်ဆိုင်မှုတွေ ကြီးမားလှတဲ့ ယနေ့ကမ္ဘာမှာ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရရုံနဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ မလုံလောက်တော့ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ဟာ ကျောင်းသားတွေရဲ့ အတွေ့အကြုံ ကျယ်ပြန့်လာအောင် အားကစားတွေ၊ ဂီတတွေ၊ စင်တင်အနုပညာတွေ၊ လူထုဟောပြောနည်းတွေ၊ လူမှုဝန်ထမ်းလုပ်ငန်းမှာပါ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်သင်ကြားပေးနေပါတယ်” ဟု ၎င်းက ပြောပါသည်။

ဘက်စုံမျှတသည့် ကျောင်းသားများ ဖြစ်လာဖို့ဆိုသော သီအိုရီအယူအဆမှာ အနှစ်မဲ့သီအိုရီတစ်ခု မဟုတ်ပေ။ International Journal of the History of Sport မှာ ဖော်ပြပါရှိသော ၂၀၁၃ ခုနှစ် လေ့လာချက်တစ်ခုတွင် ကျောင်းသားတို့၏ ခြုံငုံပညာရေးအောင်မြင်မှုသည် ကျောင်းသားတို့၏ ကျောင်းအားကစား လှုပ်ရှားမှုများ၌ ၎င်းးတို့ပါဝင်မှုနှင့်လည်း ဆက်စပ်မှုရှိနေကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ၂၀၁၃ ခုနှစ်မှာပင် ဗြိတိသျှတက္ကသိုလ်နှင့် ကောလိပ်များ အားကစား British Universities and Colleges (BUCS)က ထုတ်ပြန်သည့် အခြားသုတေသနစာစောင် တစ်စောင်တွင် ကျောင်းအားကစား၌ ကျောင်းသား ကျောင်းသူများ ပါဝင်လှုပ်ရှားမှုမှာ သူတို့ရရှိမည့် လစာနှင့် အလုပ်အကိုင်ရရှိနိုင်မှုတို့ အပြုသဘော ဆက်သွယ်နေသည်ဟု ဆိုထားသည်။

dsc_0762.jpg

 title=

title=

Centre for Olympic Studies and Research ၏ ညွှန်ကြားရေးမှူး ပါမောက္ခ Ian Henry က အားကစားနှင့် စာသင်ခန်းပညာရေးတို့ အပြန်အလှန်အကျိုးပြုနေသည်ဟု ဆိုပါသည်။

“ရှုထောင့်အမြင်ကိုသာ အထောက်အကူပြုတာ မဟုတ်ပါဘူး၊ ဒီဘဝလုပ်ငန်းနယ်ပယ် ၂ ခုဟာ တစ်ခုကို တစ်ခု ထောက်ကူနေပါတယ်။ ဉာဏ်ပညာဆိုင်ရာ စေ့ဆော်မှုကိုပေးပြီး ဖိအားတွေကို လျော့ကျစေတယ်၊ အားကစားမှာလည်း စွမ်းဆောင်နိုင်မှု တိုးလာစေတယ်” ဟု ဗြိတိန်နိုင်ငံ Loughborough University က ထုတ်ဝေတဲ့ အစီရင်ခံစာတစ်ခုမှာ ပါမောက္ခ Ian Henry က ရေးသားဖော်ပြခဲ့ပါသည်။

သို့သော် ကျောင်းသားများသည် ပြေးခုန်ပစ် အားကစားတွင် မည်မျှပင် ထူးချွန်သည်ဖြစ်စေ စာသင်ကြားရေးတွင် အလားတူမကောင်းမွန်ပါက စာသင်ခန်းတွင် အောင်မြင်မှုရမည် မဟုတ်ပေ။

“ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက စုပေါင်းပြီး ကျောင်းချိန်မတိုင်မီဖြစ်စေ၊ ကျောင်းချိန်ပြီးရင်ဖြစ်စေ၊ စနေနေ့တွေမှာပင်ဖြစ်စေ၊ ပုံမှန်လေ့ကျင့်ရေးသင်တန်းတွေ ပေးကြပါတယ်။ ကျောင်းအားကစားတစ်ခုထဲအတွက်တင် မဟုတ်ပါဘူး၊ သူတို့ရှေ့လျှောက်သွားကြရမယ့် ဘဝတစ်ခုလုံးအတွက် သူတို့ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်ပေးလိုက်ပါတယ်” ဟု Mr. Orchard က ပြောသည်။

အဆိုပါပညာရေး အထောက်အကူပြု အဆောက်အအုံတို့သည် Dulwich ကျောင်းသားများ အောင်မြင်မှုအတွက်တင် မဟုတ်ချေ။

students_warming_up_for_a_sports_lesson_at_dulwich_college_yangon_pun_hlaing_campus_0.jpg

 title=

title=

“Dulwich College Yangon ဟာ ဒေသတွင်းက လူမှုအသိုင်းအဝိုင်းတွေရဲ့ စင်တာတစ်ခုဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ အချို့သော အားကစားအဆောက်အအုံနဲ့ ကစားကွင်းတွေကို ဒေသခံလူတွေအတွက်လည်း ဖွင့်ထားပါတယ်၊ ကောလိပ်ဟာ ရပ်ကွက်ထဲက ကျောင်းတွေနဲ့လည်း ထိတွေ့ဆက်ဆံနေကြမှာပါ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ မိဘတွေ အားလုံးပါဝင်နေကြဖို့ တိုက်တွန်းပါတယ်” ဟု Mr. Orchard ကပြောပြသည်။

တက္ကသိုလ်နယ်မြေထဲက ကစားကွင်းများ၊ ရေကူးကန်များ၊ အားကစားရုံများသည် မြန်မာပြည်က အကောင်းဆုံးများထဲ၌ ပါဝင်နေပါသည်။ ယင်းတို့ကို လူထုကို ဖွင့်ပေးလိုက်ခြင်းအားဖြင့် Dulwich ကျောင်းသား ကျောင်းသူတို့သည် အပြင်လောက လူ့အသိုက်အဝန်းနှင့် ဆက်ဆံမှုကို ထူထောင်ပြီး သိနားလည်မှုနှင့် ရှုထောင့်အမြင်များ ဖွံ့ဖြိုးလာစေမည်ဖြစ်၍ အပြန်အလှန်ရလဒ်ကောင်းများ ရရှိခံစားကြရမည် ဖြစ်ပါသည်။

မြန်မာ့အိုလံပစ်ပြိုင်ပွဲဝင်များ Dulwich ရေကူးကန်မှာ မလုပ်ဖြစ်ခဲ့ကြရင်တောင် မကြာမီ လန်ဒန်မြို့မှာ ကျင်းပတော့မည့် Dulwich Olympic London အတွက် Mr. Orchard ၏ ကျောင်းသားများမှာ အဆိုပါရေကူးကန်နှင့် ကစားကွင်းတို့တွင် လေ့ကျင့်နိုင်ကြတော့မည် ဖြစ်ပါသည်။

“ကျွန်တော်တို့မှာ ကမ္ဘာ့အဆင့်မီ အားကစားအထောက်အပံ့ပြု အဆောက်အအုံတွေ၊ ကစားကွင်းတွေနဲ့ နည်းပြတွေ ရှိနေတာကြောင့် တစ်နေ့ကျရင် Dulwich ကျောင်းသားဟောင်းတွေဟာ ကမ္ဘာ့အကြီးဆုံး အားကစားစင်မြင့်ဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု Mr. Orchard ကပြောပါသည်။

ယခုကြော်ငြာဆောင်းပါးကို Dulwich College Yangon က စီစဉ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.