ရခိုင်ပြည်နယ်၌ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တိုးတက်မှုများ ရှိလာရန် မြန်မာအစိုးရကို ကုလသမဂ္ဂ တိုက်တွန်း

သောမတ်စ်ကင်းန်

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကုလသမဂ္ဂ ဝန်ထမ်းများ သွားရောက်ခွင့်ပေးရန် အပါအဝင် ဇွန်လအစောပိုင်းက လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များအား အကောင်အထည်ဖော်မှုကို တိုးမြှင့်လုပ်ကိုင်ရန် ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂဝန်ထမ်းများ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်အတွက် ဇွန် ၁၄ ရက်နေ့ကတည်းက စောင့်ဆိုင်နေခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UND) တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပြောပြထားသည်။

အဆိုပါအေဂျင်စီနှစ်ခုနှင့် မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ပြီးချိန်က စတင်ကာ မြန်မာအစိုးရအနေဖြင့် အားတက်ဖွယ်ရာ ခြေလှမ်းအချို့ လုပ်ဆောင်ခဲ့သည်မှန်သော်လည်း လူ့အဖွဲ့အစည်းအားလုံးအတွက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် ပြဿနာ၏ အခြေခံအကြောင်းတရားများကို ဖြေရှင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ သွားရောက်နိုင်ရေးမှာ အရေးတကြီးလိုအပ်နေသည်ဟု ဖော်ပြထားသည်။

ထိုသဘောတူညီချက်အား အကောင်အထည်ဖော်ရာတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်၏ မြန်မာအစိုးရ၏ ဆန္ဒရှိမှုသည် ရိုဟင်ဂျာဒုက္ခသည်များ မိမိတို့ဆန္ဒအလျောက် ဘေးရန်ကင်းစွာနှင့် သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် အခြေအနေများ ဖန်တီးရာတွင် အလွန်အရေးပါလျှက်ရှိသည်။

MOU အား လက်မှတ်ရေးထိုးလိုက်ရုံဖြင့် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ဦးမည်မဟုတ်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့် အကြုံးဝင်သူတိုင်း နိုင်ငံသားဖြစ်ခွင့်အတွက် ရှင်းလင်းသော နည်းလမ်းအပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ထောက်ခံအကြံပြုချက်များကို အကောင်အထည်အဖော်ရန် အစိုးရကို တိုက်တွန်းထားသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်က ထောက်ခံအကြံပြုချက် ၈၈ ချက်ပါဝင်သော ကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၄ ရက်နေ့က တင်ပြခဲ့သည်။ ထိုသို့တင်ပြအပြီး နာရီပိုင်းအတွင်းမှာပင် အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) က ရခိုင်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ မူဆလင်ရိုဟင်ဂျာ ခုနစ်သိန်းခန့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

အရည်အချင်းပြည့်မီသူ ဒုက္ခသည်များကို ပြန်လည်လက်ခံမည်ဟု မြန်မာအစိုးရက ကတိပြုခဲ့ပြီး ဒုက္ခသည်များ ပြန်ခေါ်ရေးအတွက် ဘင်္ဂလားဒေရှ့်နှင့် မြန်မာအစိုးရတို့ ပြီးခဲ့သည့် နိုဝင်ဘာက လက်မှတ်ထိုးခဲ့သော်လည်း ယနေ့အချိန်ထိ နေရပ်ပြန်လာသူ မရှိသေးသလောက်ပင် ဖြစ်သည်။

သြဂုတ် ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တိုရိုကိုမိုက ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆို တန်ဖိုးထားပါကြောင်း၊ သို့သော် ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်တွင် နောက်ထပ် တိုးတက်မှုများကို ဂျပန်နိုင်ငံက မြင်တွေ့လိုပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးကိုလည်း မြင်တွေ့လိုသည်ဟု ပြောကြားခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်အား စုံစမ်းစစ်ဆေးရေးအတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရန် မြန်မာအစိုးရကို ဂျပန်အစိုးရက တိုက်တွန်းခဲ့ပြီး မြန်မာအစိုးရကလည်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုအတွက်လည်း အသိအမှတ်ပြု တန်ဖိုးထားပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ထောက်ခံအကြံပြုချက် ၈၈ ချက်အနက် ၈၁ ခုကို မြန်မာအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ရေးကိစ္စကဲ့သို့ ရေရှည်လုပ်ဆောင်ရမည့် ကိစ္စများသာ ကျန်ရှိတော့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အပြင်ကလူတွေအနေနဲ့တောက သူတို့ မြင်ချင်သလို ကြည့်နိုင်ကြတာပေါ့။ ကျွန်မတို့ကတော့ အစိုးရတစ်ရပ်အနေနဲ့ အားလုံးရဲ့ ကွဲပြားခြားနားတဲ့အမြင်တွေကို ထည့်စဉ်းစားပြီး ပြဿနာအားလုံးအတွက် အားလုံးပါဝင်နိုင်တဲ့ ဖြေရှင်းချက်ကို ရှာဖွေကြရပါတယ်” ဟု ၎င်းကပြောသည်။

ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ Ms Laetitia Van Den Asum က “ထောက်ခံအကြံပြုချက်တွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု လုံးဝမတွေ့ရပါဘူး။ ထောက်ခံအကြံပြုချက်တွေထဲက ဘယ်ဟာကိုဖြင့် ပြီးပြည့်စုံအောင် လုပ်ဆောင်ပြီးပါပြီလို့ ကျွန်မတို့ ပြောချင်လိုက်တာ။ ဒါပေမယ့် ကျွန်မတို့ ဘာမှ မသိရပါဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာ လူတွေတော်တော်များများက သိကြမယ်မထင်ဘူး။ ဒါက စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ ရခိုင်လူထုမှာ သိခွင့်ရှိပါတယ်။ သိလဲ သိထိုက်ပါတယ်” ဟု ပြောသည်။

အစိုးရ၏ လုပ်ဆောင်ချက်များကို အသိမပေး၊ မထုတ်ပြန်ခြင်းကြောင့် ဝေဖန်မှုများနှင့် ခါးသီးသော ခံစားမှုများကို ဖြစ်ပေါ်စေကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေနှင့်လည်း ထောက်ခံမှုပေးရန် အခက်တွေ့ရကြောင်း ၎င်းက Frontier ကို ပြောသည်။

“ပြီးခဲ့တဲ့နှစ်လလုံးလုံး ကျွန်မပြောနေခဲ့တာကတော့ ကိုယ်ကိုကိုယ်လည်း ကူညီပါ။ နိုင်ငံတကာအသိုင်းအဝန်းကိုလည်း ကူညီပါဦး။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လုပ်ဆောင်နိုင်မှုတစ်ခုခုကို ထောက်ခံအားပေးဖို့ ဆန္ဒတွေ သိပ်ပြင်းပြနေကြပါတယ်။ ဒါကြောင့် စီမံချက်တစ်ခုခုကို ချပြစမ်းပါ။ ဥပမာ ငါးနှစ်စီမံကိန်းတစ်ခုပေါ့။ ဒီအကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာတွေပေါ့” ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.