အောင်သူနှင့် ထိုင်း SCG Muangthong United ဘောလုံးအသင်းတို့ စာချုပ်ချုပ်

လာမယ့် ၂၀၁၉ ခုနှစ် ဘောလုံးရာသီကနေ စတင်ပြီး ထိုင်းနိုင်ငံ SCG Muangthong United အသင်းမှာ စတင်ဝင်ရောက်ကစားမယ့် မြန်မာဘောလုံးသမား အောင်သူနဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ SCG က သတင်းထုတ်ပြန်ပါတယ်။

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ အောင်သူဟာ SCG Muangthong United က ခေါ်ယူတဲ့ ပထမဦးဆုံး အာဆီယံတွင်း ကစားသမားတစ်ဦးဖြစ်သလို အသင်းရဲ့ ပထမဆုံးသော မြန်မာနိုင်ငံသား ကစားသမားလည်း ဖြစ်လာပါတယ်။ သူဟာ အသင်းမှာ ကျောနံပါတ် ၉ အင်္ကျီကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

အသင်းနဲ့ လက်မှတ်ထိုးအပြီးမှာ အောင်သူက SCG Muangthong United အတွက် လာရောက်ကစားရခြင်းဟာ သူ့အတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအသင်းဟာ ထိုင်းနိုင်ငံရဲ့ထိပ်တန်းအသင်းတစ်ခုဖြစ်ပြီး ကစားသမားကောင်းတွေ အားပေးသူတွေ အခိုင်အမာရှိနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ နောက်လာမယ့် ရာသီမှာ ကစားရမှာကလည်း ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပြီးတော့ ဂုဏ်ယူစရာလည်းကောင်းပါတယ်” လို့အောင်သူက ပြောပါတယ်။

“မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော့ရဲ့တန်ဖိုးကို ဖော်ပြသွားမှာဖြစ်ပြီး အသင်းအောင်မြင်မှုအတွက်လည်း ချန်ပီယံဆုရရှိအောင် အားကြိုးမာန်တက် ကစားသွားမှာဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။

ထိုင်းပရီးမီးယားလိဂ်မှာ ၂၀၀၉ ခုနှစ်က စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ SCG Muangthong United ဘောလုံးအသင်းဟာ လက်ရှိမှာ ထိုင်းလိဂ် ၁ မှာ ရောက်ရှိနေပါတယ်။

“လာမယ့်ရာသီအတွင်း အသင်းကို လာရောက်ကစားတဲ့အခါမှာ သူ့အတွက်ရော၊ SCG Muangthong United ဘောလုံးအသင်းအတွက်ပါ အောင်မြင်မှုတွေဆီကို ဦးဆောင် ခေါ်ယူသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ SCG ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ် Surachai Pornjindachote က ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရတဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူဟာ အသက် ၁၇ နှစ်၊ အသက် ၂၀ နှင့် အသက် ၂၃ နှစ်အောက် ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ကစားခဲ့သူဖြစ်ပြီး နိုင်ငံတကာအဆင့် အရည်အသွေးတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ် AFF U-16 ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက် ကစားခဲ့ပါတယ်။

အသက် ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်းကို အသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲ FIFA နည်းစနစ်မှတ်တမ်း၌ အောင်သူရဲ့ အားကောင်းတဲ့ကန်ချက်များနဲ့ ထက်မြတ်တဲ့အပြေးစွမ်းရည်တို့ကြောင့် မှတ်တမ်းတင်ထားခံခဲ့ရပါတယ်။

အောင်သူဟာ ထိုင်းဘောလုံးကလပ်တစ်ခုဖြစ်တဲ့ Police Tero အတွက် ၂၀၁၈ ဘောလုံးရာသီက ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၁ ဂိုး သွင်းယူခဲ့ကာ အရေးပါတဲ့ ပံ့ပိုးမှုတွေကိုလည်း စွမ်းဆောင်ပေးခဲ့ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.