ရိုဟင်ဂျာအစွန်းရောက် သုံးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထောင် ၁၀ နှစ်စီချ

အေအက်ဖ်ပီ

ပြိုကွဲသွားသော စစ်သွေးကြွအုပ်စုတစ်ခုမှ ရိုဟင်ဂျာ အစွန်းရောက်သုံးဦးကို ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပိုင်ဆိုင်မှုဖြင့် ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက ဧပြီ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်။ ဤသုံးယောက်ကို ၂၀၁၄ ခုနှစ်က ဒက္ကာမြို့တွင် လက်လုပ်ဗုံးလုပ်ရန် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မြို့တော်အထူးခုံရုံးမှ ဆွဲချ Salahudin Howlader က ပြောပြသည်။

ထိုသုံးဦးကို နိုင်ငံ၏ ပေါက်ကွဲစေတတ်သော ပစ္စည်းဆိုင်ရာဥပဒေအရ ချက်ချင်းပင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအထဲမှ တစ်ဦးမှာ ထွက်ပြေးနေဆဲဖြစ်သည်ဟု သိရှိရသည်။

သူတို့သည် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားခဲ့ဖူးသော စစ်သွေးကြွအုပ်စု RSO (Rohingya Solidarity Organization) အပါအဝင် နိုင်ငံတကာ စစ်သွေးကြွအုပ်စုများနှင့် ပတ်သက် ဆက်စပ်နေသူများဖြစ်သည်ဟု သူက AFP ကို ပြောသည်။

ထိုသုံးဦးသည် နယ်မြေချင်းထိစပ်နေသော အိန္ဒိယပိုင် အနောက်ဘင်္ဂလားပြည်နယ်၊ Bwrdwan တွင် ၂၀၁၄ ခုနှစ်က လူနှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သော အမှုတွင် လက်လုပ်ဗုံး IED များ ပြုလုပ်ခဲ့မှုဖြင့် သံသယရှိထားသူများလည်းဖြစ်သည်ဟု ဆိုသည်။

ထိုသူများသည် နိုင်ငံတကာ အစ္စလာမ်အစွန်းရောက်အဖွဲ့အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်တွင် အဖျက်လုပ်ငန်းများလုပ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့သည်ဟု Bengali daily Prothom ၏ အွန်လိုင်းစာမျက်နှာတွင် ဖတ်ရှုရသည်။

မကြာမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်အရှေ့တောင် နယ်စပ်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာစစ်သွေးကြွများသည် အာဆာ (ASRA) အမည်ဖြင့် ပေါ်ထွက်လာခဲ့သည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ရခိုင်ပြည်နယ်မှ ရဲစခန်းများကို အာဆာတို့ တိုက်ခိုက်ခဲ့သဖြင့် မြန်မာစစ်တပ်က အင်အားသုံးနှိမ်နင်းခဲ့ရာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိကြသည်။

ထိုဒုက္ခသည်များသည် ဒုက္ခသည်စခန်းများတွင် လွန်ခဲ့သည့်ဆယ်စုနှစ်များကတည်းက နေထိုင်ခဲ့သော ရိုဟင်ဂျာ သုံးသိန်းခန့်နှင့် ပူးပေါင်းသွားခဲ့ကြသည်။ ဒုက္ခသည်စခန်းတွင် အာဆာ (သို့မဟုတ်) RSO ကဲ့သို့ အကြမ်းဖက်အုပ်စုများ လုပ်ကိုင်လှုပ်ရှားနေခြင်းမျိုး မရှိခဲ့ကြောင်း၊ သို့သော် ဒုက္ခသည်များအပေါ်၊ စစ်သွေးကြွများအပေါ် ချုပ်ကိုင်မှုများ တိုးပွားလာနေကြောင်း၊ ရိုဟင်ဂျာစခန်းမှ ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုတွင် စစ်သွေးကြွများတွင် တာဝန်ရှိကြောင်း International Crisis Group (ICG) က ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ ရာဇဝတ်ဂိုဏ်းများနှင့် အစွန်းရောက်အဖွဲ့များသည် ဒုက္ခသည်စခန်းများတွင် ယခုအခါ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လှုပ်ရှားလာနေကြသဖြင့် ရဲတပ်ဖွဲ့ဝင်များ များကို တိုးမြှင့်ချထားပေးပါရန် ICG အဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းထားသည်။ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် ရိုဟင်ဂျာခေါင်းဆောင်များမှာ ၎င်းတို့ အသက်အန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့နေကြရသည်။ မကြာခဏ လူသတ်မှုများဖြစ်နေသော်လည်း စစ်ဆေးအရေးယူမှုက မရှိသလောက်ပင်ဖြစ်သည်ဟု ICG က ပြောပြသည်။

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ရဲစခန်း ၇ ခု အသစ်ထပ်မံဖွင့်လှစ်ထားပြီး လက်နက်ကိုင်တပ်ဖွဲ့များ၊ ထောက်လှမ်းရေးများ တိုးချဲ့ထားသဖြင့် လုံခြုံရေး တိုးတက်ကောင်းမွန်လာပါသည်ဟု ပြောကြားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.