စွမ်းအင်သုံးစွဲမှု လျော့ချပေးမယ့် ပရင်တာ

ဤကြော်ငြာဆောင်းပါးကို Epson M Series InkTank ကစီစဉ်တင်ဆက်ပါသည်။

အခုဆိုရင် ကမ္ဘာမြေကြီးဟာ အပူချိန်မြင့်မားမှု၊ စွန့်ပစ်ပစ္စည်းများပြားမှု စတဲ့ အန္တရာယ်တွေရဲ့ခြိမ်းခြောက်မှုကို တစ်စ တစ်စ ပိုမိုခံစားနေလာရပါပြီ။

ဒီဆိုးကျိုးတွေကို လျော့ပါးစေဖို့အတွက်လည်း လူသားတွေဟာ နည်းလမ်းကောင်းတွေကို တစ်နေ့တစ်ခြား ရှာဖွေ အသုံးချလာကြပါတယ်။

အိမ်တွေနဲ့ ရုံးတွေမှာ မလိုတဲ့ မီးခလုတ်တွေ ပိတ်ထားခြင်း၊ စာရွက် လျော့သုံးခြင်း၊ ရေကို ခြွေတာခြင်းလို နည်းလမ်း အသေးလေးတွေကို တစ်ဦး တစ်ယောက်စီကနေ လိုက်လုပ်ကြခြင်းအားဖြင့်လည်း ပတ်ဝန်းကျင်ကို အတော်အတန် ကာကွယ်ပေးဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ တကယ် လက်တွေ့ နေ့တိုင်း ဆောင်ရွက်ဖို့ကတော့ ပိုလိုအပ်တာပေါ့နော်။

 class=

class=

ကမ္ဘာမြေကြီးကို စွမ်းသလောက် ပိုမိုကယ်တင်ဖို့အတွက် Epson M Series ရဲ့ InkTank ပရင်တာ ကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ဖို့ အသင့်ဖြစ်နေပါပြီ။ စွမ်းအင်ရှားပါးမှုတွေ တစ်နေ့တစ်ခြား ခံစားနေရတဲ့ ကမ္ဘာမြေကြီးတွက် Epson M InkTank ပရင်တာဟာ စွမ်းအင်သုံးစွဲမှု လျော့နည်းစေပါတယ်။

 class=

class=

အကြောင်းကတော့ M Series ပရင်တာတွေ အတွက် လျှပ်စစ် အသုံးပြုမှုဟာ ၁၂ ဝပ် ရှိတဲ့ အချိန်မှာ သာမန် လေဆာပရင်တာတွေအတွက် အသုံးပြုရမယ့် လျှပ်စစ်အားက ဝပ်ပေါင်း ၃၆၀ ရှိလို့ပါပဲ။ Toner ကထွက်တဲ့ အမှုန်တွေကလည်း ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် InkTank ပရင်တာဟာ ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစားပြီး ထုတ်လုပ်ထားပါတယ်။ အမှုန်ထွက်တာ နည်းသွားစေတဲ့အတွက် စွန့်ပစ်ပစ္စည်းထွက်မှုကိုလည်း သက်သာစေပါတယ်။ ဒီနှစ်ချက်နဲ့တင် စွမ်းအင်ခြွေတာမှုအတွက် သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်လို့နေပါပြီ။

ဒါ့အပြင် Epson M Series InkTank ပရင်တာဟာ သာမန် လေဆာပရင်တာတွေထက် စာရွက်ထုတ်မှု ငါးဆပိုမြန်တဲ့အတွက် တစ်မျက်နှာချင်းစီ ကုန်ကျစရိတ်ရော၊ စုစုပေါင်း ကုန်ကျစရိတ်ကိုပါ သက်သာစေပါတယ် (ဥပမာ Epson M ပရင်တာက စာရွက်ရေ ၆၀၀၀ ကို မင်ဘူးတစ်ဘူးတည်းနဲ့ ထုတ်နိုင်တဲ့ အချိန်မှာ သာမန် ပရင်တာ တစ်ခုဟာ စာရွက်ရေ ၆၀၀၀ ရဖို့ Toner ငါးခု အသုံးပြုမှ ဖြစ်မှာပါ) ။

 class=

class=

Refill ဈေးကလည်း အခြား ပရင်တာတွေထက် ဈေးနှစ်ဆ သက်သာပါတယ်။ စာရွက်ထုတ်နိုင်မှုကလည်း တစ်မိနစ်ကို ၃၄ ရွက်ဆိုတော့ အချိန်နဲ့ အမျှ ရုန်းကန် ကြိုးစားနေကြတဲ့ လုပ်ငန်းတွေအတွက်လည်း အရမ်းကို အကျိုးရှိစေမှာပါ။ ပရင့်ထုတ်ခြင်း၊ မိတ္တူဆွဲခြင်းနှင့် စကမ် ဖတ်ခြင်းတို့ကိုလည်း တစ်ပြိုင်တည်း ပြုလုပ်နိုင်တဲ့ အပြင် ကြိုးမဲ့ ချိတ်ဆက်မှုနဲ့ပါ ပရင့်ထုတ်နိုင်ပါသေးတယ် (iPrint app ကို သုံးနိုင်ပါတယ်)။

ဒါကြောင့် သာမန် ပရင်တာတွေထက် သိသာစွာမြန်ဆန်တဲ့ အကျိုးသက်ရောက်မှုကို ရစေမှာ အသေအချာပါပဲ။ အကျိုးဆက်ကတော့ အခြား ပရင်တာတွေသုံးရတဲ့ ကုန်ကျစရိတ်ထက် ပိုမိုသက်သာစေမှာပါ။

 class=

class=

ကွန်ပျူတာတွေနဲ့ ချိတ်ဆက်အသုံးပြုဖို့ကတော့ Windows OS မှာဆိုရင် XP/Vista 7/8/8.1/10 ဗားရှင်းတွေနဲ့ အသုံးပြုနိုင်ပြီး Mac OS 10.5.8 (X) နဲ့ တွဲဖက် အသုံးပြုနိုင်ကြောင်း သတင်းကောင်း ပါးပါရစေဦးနော်။

ရုပ်ထွက် အရည်အသွေး အမြင့်ဆုံး 1440 DPI နဲ့ လေးနှစ်တာအာမခံ (စာရွက်ရေ ၅၀၀၀၀ အထိထုတ်နိုင်) ပါဝင်တဲ့ Epson M Series InkTank ကို အခုပဲ အသုံးပြုပြီး ကမ္ဘာကြီးကို ကယ်တင်မယ့် သူရဲကောင်းများ ဖြစ်လိုက်ကြပါစို့!

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.