ကျောက်စိမ်းမြေမှ အမျိုးသမီးများ

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ငန်းကို အမျိုးသားများကသာ ကြီးစိုးထားခဲ့သည်။ သို့သော် မူးယစ်ဆေးစွဲသည့် အမျိုးသားလုပ်သားများကြောင့် ကျောက်စိမ်းတွင်းများရှိ အန္တရာယ်များလှသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်ရသည့် အမျိုးသမီးဦးရေ ပိုလို့ပိုလို့သာများပြားလာခဲ့သည်။

ဓာတ်ပုံနှင့်စကားလုံး- ငြိမ်းဆုဝေကျော်စိုး

“ကျွန်မနဲ့ ကျွန်မတို့မိသားစုဘဝကိုပြောင်းလဲသွားစေနိုင်မယ့် ကျောက်စိမ်းတုံးတစ်တုံးကို ရှာနေတာ” ဟု မျက်နှာတွင် သနပ်ခါးလိမ်းထားပြီး ချွေးသံရွှဲရွှဲနှင့်ရှိနေသည့် မမြင့်မြင့်ထွေးက ပြောဆိုခဲ့သည်။ မမြင့်မြင့်ထွေးသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မြေစာပုံတွင် အမျိုးသားဒါဇင်ပေါင်းများစွာနှင့်အတူ ရေမဆေးကျောက်ရှာသည့် အလုပ်ကို လုပ်ကိုင်နေသည်။
အသက် ၃၈ နှစ်အရွယ် မြင့်မြင့်ထွေးသည် စစ်ကိုင်းတိုင်းဒေသကြီး ကံ့ဘလူမြို့ဇာတိဖြစ်သော်လည်း ဖားကန့်ရှိ ဝှေခါကျောက်စိမ်းတွင်းတွင် နေထိုင်နေသည်မှာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်သည်။

Ma Myint Myint Htwe, a freelance jade picker at the Hwekha mines in Hpakant, Kachin State. (Nyein Su Wai Kyaw Soe | Frontier)

Ma Myint Myint Htwe, a freelance jade picker at the Hwekha mines in Hpakant, Kachin State. (Nyein Su Wai Kyaw Soe | Frontier)

ခင်ပွန်းဖြစ်သူ ဟီးရိုးအင်းစွဲပြီး အလုပ်လုပ်နိုင်ခြင်းမရှိတော့ပြီးနောက် လွန်ခဲ့သော လအနည်းငယ်တွင် မမြင့်မြင့်ထွေးသည် ရေမဆေးသမားအဖြစ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ကလေးနှစ်ယောက်ကို ကျွေးရမွေးရမည့် တာဝန်လည်းရှိနေသေးသည်။
ဖားကန့်မှ ထွက်သောကျောက်သည် အရည်အသွေး ပြည့်သောကြောင့် ကောင်းကင်ဘုံမှ ကျောက်တုံးဟု တရုတ်တို့က တင်စားကြသည်။ သို့သော် ဖားကန့်မှ လူအများအပြားသည် မူးယစ်ဆေးဝါးစွဲသည့် ဒုက္ခနှင့်ကြုံတွေ့နေရသည်။
မူးယစ်ဆေးစွဲသည့် ပြဿနာအပြင် ကျောက်စိမ်းတွင်းများရှိ အလုပ်အကိုင်အခြေအနေများသည်လည်း အန္တရာယ်များလှသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။ အင်မတန်ကိုမြင့်မားသည့် မြေစာပုံများ ပြိုကျပါက ရေမဆေးသမားများအတွက် အသက်အန္တရာယ်ရှိနေသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

Nyein Su Wai Kyaw Soe | Frontier

Nyein Su Wai Kyaw Soe | Frontier

လွန်ခဲ့သော လေးနှစ်အတွင်း ဖားကန့်ရှိ မြေပြိုမှုများကြောင့် လူ ၅၀၀ ခန့်သေဆုံးခဲ့ကြောင်း မြစ်ကြီးနားအခြေစိုက် Humanity Institute နှင့် Kachin National Social Development တို့က ၂၀၁၈ ခုနှစ်တွင် ခန့်မှန်းပြောဆိုခဲ့သည်။ ကုမ္ပဏီများက စွန့်ပစ်ပစ္စည်းများကို တရားမဝင်စွန့်ပစ်ထားခဲ့ပြီး မိုးရေများဖြင့် ပြည့်နေသည့် ကျင်းများကလည်း အန္တရာယ်တစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ် ဧပြီတွင် တောင်စောင်းတစ်ခုရှိ နွံကန်တစ်ခုကျိုးပေါက်မှုကြောင့် ရေမဆေးသမား ၅၄ ဦး ရေနစ်သေဆုံးခဲ့သည်။
“ဒီအမျိုးသားတွေကြားမှာ မလုပ်လို့မှ မရတာ။ မိသားစုအတွက် ကံစမ်းကြည့်တဲ့သဘောပဲ” ဟု မမြင့်မြင့်ထွေးကပြောသည်။မမြင့်မြင့်ထွေးသည် ဖားကန့်ရှိ မြေစာပုံများထဲတွင် ဆင်းရဲခြင်းမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်မည့် ကျောက်စိမ်းတုံးကိုရလိုရငြားရှာဖွေနေသည့် အမျိုးသားထောင်ပေါင်းများစွာနှင့်အတူ လုပ်ကိုင်နေရသည့် ရှားတောင့်ရှားပါး အမျိုးသမီးတစ်ဦးဖြစ်သည်။

Women and men search for valuable stones in mining waste at the Hwekha jade mines in Hpakant. (Nyein Su Wai Kyaw Soe | Frontier)

Women and men search for valuable stones in mining waste at the Hwekha jade mines in Hpakant. (Nyein Su Wai Kyaw Soe | Frontier)

အခြားအမျိုးသမီးတစ်ဦးမှာ မြင့်မြင့်ထွေး၏သူငယ်ချင်း မရှယ်ပိုင်ခေါ် မချင်းမဖြစ်သည်။ အသက် ၄၀ နှစ်အရွယ် မချင်းမသည် ချင်းပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဇာတိဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်ကတည်းက သူသည် ခင်ပွန်းဖြစ်သူနှင့်အတူ ရေမဆေးသမားအဖြစ်လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။ သူတို့တွင် သားသမီးသုံးဦးရှိနေသည်။
“အစပိုင်းမှာတော့ တချို့က စကြတယ်။ ကျွန်မအမျိုးသားကလည်း တခြားလူတွေက နင့်ကို အထင်သေးကြလိမ့်မယ်။ ငါက မူးယစ်ဆေးစွဲနေလို့ ဒီလိုလာရှာတယ် ထင်ကြမှာ၊ ငါနဲ့လိုက်မလာနဲ့လို့ ပြောတယ်။ ဒါပေမယ့် ကျွန်မက သူတို့ဘာထင်ထင်ဂရုမစိုက်ဘူး၊ ကျောက်စိမ်းရှာချင်တာပဲသိတယ်”ဟု သူကပြောသည်။
ပထမဆုံးနှစ်မှာပင် မချင်းမသည် တန်ဖိုးရှိသော ကျောက်စိမ်းတုံးတစ်တုံးကိုတွေ့ရှိခဲ့သည်။ တွေ့ရှိသော ကျောက်စိမ်းတုံးကို ခင်ပွန်းဖြစ်သူအား ပြသခဲ့ရာ ခင်ပွန်းက ကျောက်ကို နေရောင်တွင်ထောင်ကြည့်ပြီးနောက် “ဒီကျောက်ကိုတော့ ရောင်းလို့ရပြီ အချစ်ရေ” လို့ပြောခဲ့သည်။

Ma Sheh Paing, a freelance jade picker in Hwekha, Hpakant. (Nyein Su Wai Kyaw Soe | Frontier)

Ma Sheh Paing, a freelance jade picker in Hwekha, Hpakant. (Nyein Su Wai Kyaw Soe | Frontier)

“ကျွန်မအတော်လေးကိုပျော်သွားတာ၊ ဒါကို ၁၀ သိန်းခွဲနဲ့ရောင်းလိုက်တယ်၊ ပြီးတော့ မိဘတွေကို ငွေနည်းနည်းပေးလိုက်တယ်” ဟု မချင်းမကပြောဆိုခဲ့သည်။ ထို့ပြင် အမျိုးသမီးရေမဆေးသမားများ
ရင်ဆိုင်ရသည့် ခွဲခြားဆက်ဆံမှုအကြောင်းများကိုလည်း ပြောပြခဲ့သေးသည်။
“ကျောက်ရှာတယ်ဆိုတာက ကံနဲ့ပဲဆိုင်တယ်၊ ယောကျာၤးလေးလည်း ကံအားကိုးပြီး ရှာရတာ၊ မိန်းကလေးလည်း ကံအားကိုးပြီး ရှာရတာဘဲ။ သူ့ကံ၊ ကိုယ့်ကံ ဆိုတာ မြင်နိုင်တဲ့ အရာမဟုတ်ဘူး။ဒီမှာက အမျိုးသားတွေဘဲ ကျောက်ရှာရတာ၊ အမျိုးသမီးတွေဆို မီးဖိုချောင်မှာဘဲ လုပ် ဆိုတာမျိုးကျွန်မသဘောမကျဘူး။ သူတို့မှာလည်း ခြေနှစ်ဖက် လက်နှစ်ဖက်၊ ကျွန်မတို့မှာလည်း ခြေနှစ်ဖက် လက်နှစ်ဖက်ပါတာပဲ..။ ကျွန်မတို့လည်း ရှာလို့ရ ရမှာပေါ့” ဟု သူကပြောသည်။

Freelance jade pickers sift through mining waste in Hwekha. (Nyein Su Wai Kyaw Soe | Frontier)

Freelance jade pickers sift through mining waste in Hwekha. (Nyein Su Wai Kyaw Soe | Frontier)

ကမ္ဘာပေါ်ရှိ ကျောက်စိမ်းများ၏ ၉၀ ရာခိုင်နှုန်းကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ တူးဖော်ရရှိနေသည်။ ရာပေါင်းများစွာသော ကုမ္ပဏီများအနက် ပုဂ္ဂလိကနှင့် နိုင်ငံပိုင် မြန်မာကျောက်မျက်ရတနာလုပ်ငန်းများရှိသကဲ့သို့ ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများလည်းရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ လူထောင်သောင်းများစွာသည် ကျောက်စိမ်းတွင်းများတွင် ရေမဆေးသမားများအဖြစ် လုပ်ကိုင်ရန် ကချင်ပြည်နယ်ရှိ ဖားကန့်နှင့်အခြားနေရာများသို့ ရောက်လာကြသည်။ သို့သော် အလွယ်တကူ ရရှိနိုင်သော မူးယစ်ဆေးဝါး၏ ဝါးမြိုခြင်းကို ခံလိုက်ရသူက များသည်။
၂၀၁၇ ခုနှစ် အကုန်ပိုင်းတွင် ဖားကန့်တောင်ပိုင်း မိုးညှင်းမြို့နယ် နမ့်ရှီးကျောက်စိမ်းတွင်းများ၌ လုပ်ကိုင်နေသည့် ကုမ္ပဏီငါးခုသည် မူးယစ်ဆေးစွဲသည့် အမျိုးသားဦးရေများလာသည့်အတွက် သူတို့နေရာတွင် အမျိုးသမီးများကို အစားထိုးခိုင်းစေလာခဲ့သည်။

Nyein Su Wai Kyaw Soe | Frontier

Nyein Su Wai Kyaw Soe | Frontier

“မူးယစ်ဆေးဝါးသုံးပြီးရင် ခိုးဘို့က ဝန်မလေးတော့ဘူး။ ကုမ္ပဏီကလည်း ခံရတာများတော့ နည်းလမ်းရှာတော့တာပေါ့။ ဒါကြောင့် ပိုလည်းယုံကြည်စိတ်ချရတဲ့ အမျိုးသမီးတွေကို ခန့်ထားလိုက်တယ်။” ဟု နမ်ရှီး၌ ကျောက်စိမ်းတွင်းမန်နေဂျာအဖြစ် ယခင်ကလုပ်ကိုင်ခဲ့ပြီး ယခုအချိန်တွင် ကျောက်စိမ်းကုန်သည်အဖြစ် လုပ်ကိုင်နေသည့် ကိုဟန်းရွှေကပြောသည်။
ထိုဆုံးဖြတ်ချက်ကြောင့် ကျောက်စိမ်းအကြောင်း စိတ်ဝင်စားသည့် အမျိုးသမီးများစွာ အလုပ်လာလျှောက်ခဲ့ကြသည်။ ကုမ္ပဏီက ကျောက်စိမ်းအမျိုးအစားခွဲတတ်စေရန် သူတို့ကိုသင်ကြားပေးသည်။ စိတ်ဝင်စားစွာ မှတ်သားသောကြောင့် ကျောက်အကြောင်းနားလည်လာကြကြောင်း ကိုဟန်းရွှေကပြောသည်။ သူတို့၏အခြေခံလစာသည် နေစားငြိမ်းဖြင့် တစ်လလျှင် ၁၂၀,၀၀၀ ကျပ်ဖြစ်သည်။ ထို့ပြင် သူတို့ရှာတွေ့သည် ကျောက်စိမ်းများအတွက်လည်း ကော်မရှင်ခရကြသည်။

Nyein Su Wai Kyaw Soe | Frontier

Nyein Su Wai Kyaw Soe | Frontier

အလုပ်ကြိုးစားပြီး ခိုးယူမှုမရှိစေရန်အတွက် လတိုင်း တန်ဖိုးအကြီးဆုံး ကျောက်စိမ်းရှာတွေ့သည့် အလုပ်သမားများကိုလည်း ကုမ္ပဏီက လစဉ်ဆုကြေးပေးလေ့ရှိကြောင်း ကိုဟန်းရွှေကပြောသည်။ သူလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအမည်ကိုတော့ သူက မပြောဆိုခဲ့ချေ။
အမျိုးသမီးလုပ်သားများရသည့် လစာသည် မိုးညှင်းမြို့နယ်ရှိ ကျောက်စိမ်းလုပ်ငန်းပြင်ပတွင် လုပ်ကိုင်နေသည့် အခြားအလုပ်သမားရသည့် အခြေခံလစာထက် ပိုမိုများပြားသည်။

Raw jade is sold at a night market in Hwekha. (Nyein Su Wai Kyaw Soe | Frontier)

Raw jade is sold at a night market in Hwekha. (Nyein Su Wai Kyaw Soe | Frontier)

မိုးညှင်းရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက သူ့အလုပ်ရှိ လူငယ်အမျိုးသမီးဝန်ထမ်းနှစ်ဦးကို တစ်လလျှင် ကျပ် ၇၅၀၀၀ သာပေးနိုင်ကြောင်း ပြောပြခဲ့သည်။ ယင်းအမျိုးသမီးနှစ်ဦးရရှိသည့် လစာသည် အစိုးရကသတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ်ထက်ပင်နည်းနေသေးသည်။ သို့သော် တစ်လ ကျပ် ၇၅၀၀၀ သည် မြို့တွင်းရှိ ဈေးဆိုင်ဝန်ထမ်းများကို ပုံမှန်ပေးနေသည့် လစာသာဖြစ်ကြောင်း မြို့ခံများကပြောသည်။
အခြေအနေသာပေးမည်ဆိုပါက ဈေးဆိုင်ဝန်ထမ်းများသည်လည်း ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် ဝင်လုပ်မည်မှာ သေချာကြောင်း ဈေးဆိုင်ပိုင်ရှင်ကပြောခဲ့သည်။

The women who mine jade – Words & photos by NYEIN SU WAI KYAW SOE ကို
သက်အေးငြိမ် မြန်မာဘာသာသို့ ပြန်ဆိုသည်။

ခေါင်းစီးဓာတ်ပုံ-ဖားကန့်ရှိ ဝှေခါကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံ၌ အမျိုးသားများနှင့်အတူ ရေမဆေးကျောက်ရှာဖွေနေသည့်အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.