ကိုဗစ်-၁၉ ကာကွယ်ရေး ရှေ့တန်းက Fever Clinic များ

ဆေးရုံများ ဝန်မပိစေရန်အတွက် Fever Clinic ခေါ် အဖျားရှိမရှိ၊ COVID-19 ကူးစက်ခံထားရသည့် ကနဦးလက္ခဏာများမရှိမရှိ စစ်ဆေးရေးစခန်းငယ်များကို မြန်မာနိုင်ငံတစ်ဝန်းတွင်ဖွင့်လှစ်ခဲ့သော်လည်း စာသင်ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်ရာ ကျောင်းဝင်းများတွင်း ဖွင့်လှစ်ထားသည့် Fever Clinic များကို အခြားနေရာများတွင် ရွှေ့ပြောင်းဖွင့်လှစ်ခြင်းနှင့် ဖွင့်လှစ်ရန်နေရာမရှိပါက ပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ရတော့မည်ဖြစ်သည်။

ကျော်ရဲလင်း

ဧပြီအစောပိုင်းတွင် ဆေးတက္ကသိုလ်(၂) ရန်ကုန်ရှိ ဆေးပညာဌာနမှ ဒေါက်တာ မာမာကြည်သည် စေတနာ့ဝန်ထမ်းကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးသည့် အစီအစဉ်ကို ဦးဆောင်ခဲ့သည်။ သင်တန်းပြီးနောက် ပထမဆုံး Fever Clinic ကိုဖွင့်လှစ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၌ COVID-19 တုံ့ပြန်ရာတွင် လူသိအနည်းဆုံးများထဲ၌ ပါဝင်သည့် Fever Clinic များကို ယင်းနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ခဲ့သည်။
Fever Clinic များ၏တာဝန်မှာ လာရောက်ပြသသူများတွင် COVID-19 ရောဂါလက္ခဏာရှိမရှိ ဦးဆုံးစစ်ဆေးရပြီး လိုအပ်ပါက နောက်ထပ်စစ်ဆေးမှုခံယူရန် အနီးဆုံးဆေးရုံများသို့ ဆက်လက်ညွှန်ကြားရန်ဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းဦးရေနည်းပါးပြီး အရင်းအမြစ်မလုံလောက်ကာ COVID-19 ကူးစက်မှု အတော်အသင့်ရှိလာလျှင် ကုပေးနိုင်ရေးအတွက်ပင် အသည်းအသန်ကြိုးပမ်းရမည့် ကျန်းမာရေးစနစ်အပေါ်ပိလာသည့် ဝန်ကို လျှော့ချနိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုအဖြစ် Fever Clinic များကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Volunteer-run fever clinics help to reduce the burden on the under-resourced state system and avoid crucial health staff being quarantined. (Thuya Zaw | Frontier)

Volunteer-run fever clinics help to reduce the burden on the under-resourced state system and avoid crucial health staff being quarantined. (Thuya Zaw | Frontier)

Fever Clinic များသည် COVID-19 ကူးစက်ခံထားရသည့် ရောဂါလက္ခဏာပြသူများ စစ်ဆေးမှုခံယူရန် ဆေးရုံသို့တိုက်ရိုက်သွားရောက်ပါက ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တိုက်ရိုက်ထိတွေ့ပြီး လာရောက်ပြသသူသည် COVID-19 ကူးစက်ခံထားရကြောင်း နောက်ပိုင်းတွင် အတည်ပြုစစ်ဆေးတွေ့ရှိပါက ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို သီးခြားထားရှိစောင့်ကြည့်ရမည့် အခြေအနေမှ ကာကွယ်ပေးသည့် နေရာများဖြစ်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၇ ခုတို့တွင် Fever Clinic များအား ရပ်ကွက်ကျေးရွာအဖွဲ့အစည်းများနှင့် အလှူရှင်များ၏ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း Fever Clinic များအတွက် ပြောခွင့်ရှိသူ ဒေါက်တာ နေမင်းထက်ကပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ Fever Clinic များကို သက်ဆိုင်ရာမြို့နယ်များက တာဝန်ယူဖွင့်လှစ်ထားသောကြောင့် တစ်နိုင်ငံလုံး၌ Fever Clinic မည်မျှရှိမည်ကို မပြောနိုင်ကြောင်း သူကဆိုသည်။
“ဥပမာပေးရမယ်ဆိုရင် မန္တလေးက Fever Clinic တစ်ခုကို မြန်မာနိုင်ငံဆရာဝန်အသင်း(အထက်မြန်မာနိုင်ငံ) ကဖွင့်လှစ်ပေးထားပေမယ့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်က တာဝန်ရှိသူတစ်ဦးက အဲ့လို Fever Clinic တစ်ခုဖွင့်လှစ်ချင်တဲ့အတွက် ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး အကြံတောင်းတာမျိုးလည်းရှိခဲ့ပါတယ်” ဟု ၎င်းက Frontier အား မေ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။

A sign in the Hlaing Tharyar fever clinic requests patients to

A sign in the Hlaing Tharyar fever clinic requests patients to

ရန်ကုန်ရှိ Fever Clinic များတွင် လုပ်ကိုင်နေသည့် ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများသည် ပထမဆုံးရက်သတ္တပတ်အနည်းငယ်အတွင်း နေအိမ်သို့မပြန်ကြချေ။
COVID-19 လူနာများကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ၎င်း၏နေရပ်ရှိ လူများက ဝိုင်းဝန်းရှောင်ကြည်ခဲ့ကြပြီးနောက် Fever Clinic များတွင် လုပ်ကိုင်နေသည့် ဆရာဝန်များနှင့် စေတနာဝန်ထမ်းများသည်လည်း နားလည်မှုလွဲခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့မရှိစေရန်အတွက် အိမ်မပြန် ခဲ့ကြခြင်းဖြစ်သည်။
ပထမဆုံးဖွင့်လှစ်သည့် Fever Clinic များအနက် တစ်ခုမှာ ရန်ကုန်အနောက်ပိုင်း စက်မှုလုပ်ငန်းများရှိရာ လှိုင်သာယာမြို့နယ်တွင်ရှိသည်။ Fever Clinic စဖွင့်သည့် ဧပြီ ဒုတိယအပတ်ကတည်းက နေအိမ်မပြန်ခဲ့ကြောင်း လှိုင်သာယာရှိ Fever Clinic ကို တာဝန်ယူထားသည့် ဒေါက်တာ နိုင်မင်းထွဋ်ကပြောသည်။
“ကျွန်တော်တို့ စေတနာ့ဝန်ထမ်းတွေက ဒီနားက အိမ်တစ်လုံးမှာ နေကြတယ်” ဟု ၎င်းက Frontier သို့ပြောသည်။

The Hlaing Tharyar fever clinic treated a large number of patients in late April after a translator at a factory in a nearby industrial zone tested positive for COVID-19. (Thuya Zaw | Frontier)

The Hlaing Tharyar fever clinic treated a large number of patients in late April after a translator at a factory in a nearby industrial zone tested positive for COVID-19. (Thuya Zaw | Frontier)

Frontier က လှိုင်သာယာရှိ Fever Clinic သို့ ဧပြီ ၂၇ ရက်တွင် သွားရောက်သည့်အခါ လူနာများစွာရှိနေကြောင်း တွေ့ရှိခဲ့သည်။
Fever Clinic ၌ ကနဦးတွင် တစ်ရက်လျှင် လူနာ ၃၅ ဦးခန့်သာရှိခဲ့သော်လည်း ဧပြီအကုန်ပိုင်းမှစ၍ လူနာဦးရေသည် တစ်ရက်လျှင် ၁၀၀ ခန့်ရှိလာခဲ့ကြောင်း ဒေါက်တာ နိုင်မင်းထွဋ်ကပြောသည်။
“လူနာအများစုက ဖျားတာနာတာမရှိပါဘူး၊ ဒေသဆိုင်ရာအာဏာပိုင်တွေက သွားဖို့ ပြောဖို့ လာကြတာပါ” ဟု ၎င်းကပြောဆိုခဲ့သည်။ မကြာသေးမီတွင် လာရောက်ပြသသည့် လူနာအများစုသည် ဝန်ထမ်း ၈၀၀၀ ခန့်ရှိသည့် ချန်းယီ ဖိနပ်စက်ရုံမှဖြစ်ကြကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
တရုတ်စက်ပြင်ဆရာတစ်ဦး၏ စကားပြန်ဖြစ်သူ COVID-19 ကူးစက်ခံထားရကြောင်း ဧပြီ ၂၆ ရက်တွင် စစ်ဆေးတွေ့ရှိပြီးနောက် ဝန်ထမ်းများအား Fever Clinic တွင် စစ်ဆေးမှုခံယူရန် တိုက်တွန်းမှုများရှိလာခဲ့သည်။ အိမ်နီးနားချင်းများကလည်း ဝန်ထမ်းများမှတစ်ဆင့် COVID-19 ကူးစက်မည်ကို စိုးရိမ်ကြပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတစ်ဦးက Fever Clinic သို့သွားရောက်ပြီး စစ်ဆေးမှုခံယူကာ COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်း သက်သေခံလက်မှတ်ပါ ထုတ်ယူရန် တိုက်တွန်းခဲ့သည်။ သို့သော် Fever Clinic များသည် COVID-19 ရှိမရှိစစ်ဆေးနေခြင်းမဟုတ်သလို ကူးစက်ခံထားရသူတချို့သည်လည်း ရောဂါလက္ခဏာမပြသဖြင့် တောင်းဆိုမှုကို ဖြည့်ဆည်းရန်မဖြစ်နိုင်ချေ။
“ကျန်းမာရေးအခြေအနေအတွက် သက်သေခံလက်မှတ်ထုတ်ပေးဖို့မဖြစ်နိုင်ဘူးဆိုတာကို ဝန်ထမ်းတွေကို ပြောပြရတယ်” ဟု ဒေါက်တာ နိုင်မင်းထွဋ်ကပြောဆိုခဲ့သည်။

Ministry of Health and Sports guidelines for fever clinics specify procedures for screening patients that mean volunteers will not have to be quarantined if a patient is later confirmed as having COVID-19. (Thuya Zaw | Frontier)

Ministry of Health and Sports guidelines for fever clinics specify procedures for screening patients that mean volunteers will not have to be quarantined if a patient is later confirmed as having COVID-19. (Thuya Zaw | Frontier)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စေတနာ့ဝန်ထမ်းများအတွက် သင်တန်းပေးမည်ဖြစ်သောကြောင့် Fever Clinic အားလုံးကို ဧပြီ ၁၇ နှင့် ၁၈ ရက်တွင် ခေတ္တပိတ်သိမ်းထားခဲ့ရသည်။ Fever Clinic များကို လက်ထောက်ဆရာဝန်သို့မဟုတ် အထူးကုဆရာဝန်တစ်ဦးက ကြီးကြပ်ရမည်ဖြစ်ပြီး လက်ထောက်ဆရာဝန်တစ်ဦး၊ သူနာပြုနှစ်ဦးနှင့် အကူအညီပေးသည့် ဝန်ထမ်းနှစ်ဦးမှ လေးဦးရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်များကို ထုတ်ပြီးနောက် Fever Clinic များကို ဧပြီ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ထို့ပြင် လမ်းညွှန်ချက်များတွင် Fever Clinic တစ်ခု၌ ရှိရမည့် ကိရိယာစာရင်းနှင့် လူနာများ၌ COVID-19 ကူးစက်ခံထားရသည့် လက္ခဏာများရှိမရှိ စစ်ဆေးကာ လက္ခဏာများပြပါက ဆေးရုံသို့ပို့ဆောင်ကာ သီးခြားထားရှိရန်တု့ိအတွက် လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားသည်။ Fever Clinic ၌ လုပ်ကိုင်နေသူများ COVID-19 ကူးစက်နိုင်ခြေနည်းအောင် လုပ်ဆောင်ရန် အရေးကြီးပါသည်။
လမ်းညွှန်ချက်များကို ထုတ်ပြန်ခြင်းကို ဒေါက်တာနိုင်မင်းထွဋ်က ကြိုဆိုခဲ့သည်။ “လမ်းညွှန်ချက်တွေမရှိဘူးဆိုရင် Fever Clinic တစ်ခုကို လာပြတဲ့ လူနာတစ်ဦးမှာ နောက်ပိုင်း COVID-19 ကူးစက်ခံထားရတယ်လို့ အတည်ပြုခံရရင် စေတနာ့ဝန်ထမ်းနဲ့ ဆရာဝန်တွေကို သီးခြားထားရှိစောင့်ကြည့်သင့်တယ်လို့ လူတွေက တွေးကြမှာ” ဟု ၎င်းကပြောဆိုခဲ့သည်။
“ကျွန်တော်တို့က လမ်းညွှန်ချက်တွေကို အတတ်နိုင်ဆုံးလိုက်နာပါတယ်၊ လူနာတွေကိုလည်း မထိမိအောင် နေနေပါတယ်” ဟု ဒေါက်တာနိုင်မင်းထွဋ်ကပြောဆိုခဲ့သည်။
ထို့ပြင် Fever Clinic သည် ကျန်းမာရေးစစ်ဆေးမှုအတွက် ၁၅ မိနစ်ထက်ပိုမကြာအောင် လုပ်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောသည်။

A sign explains how to use a disinfectant chamber. (Thuya Zaw | Frontier)

A sign explains how to use a disinfectant chamber. (Thuya Zaw | Frontier)

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ကြောင့် Fever Clinic များအတွက် အခက်အခဲရှိလာနိုင်ကြောင်း ဒေါက်တာ နေမင်းထက်ကပြောဆိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ Fever Clinic ၁၇ ခုအနက် ခုနစ်ခုသည် အစိုးရစာသင်ကျောင်းဝင်းများထဲတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် ရပ်ကွက်ကျေးရွာအခြေစိုက် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများအဖြစ် အသုံးပြုထားသည့် စာသင်ကျောင်းများကို ဇွန် ၁၅ ရက်နောက်ဆုံးထားပြီး ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွဲှပြောင်းပေးရမည်ဖြစ်ကြောင်း ဗဟိုအစိုးရက ညွှန်ကြားခဲ့ပြီးဖြစ်သောကြောင့် ပညာသင်နှစ်ကို ပုံမှန်ထက် နောက်ကျပြီး ဇူလိုင်တွင် ပြန်လည်စတင်ရမည်ဟု မျှော်လင့်ထားသည်။
အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းများစွာ နေရပ်ပြန်လာသည့် မတ်မှစ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းထောင်ပေါင်းများစွာတို့တွင် ယာယီသီးခြားထားရှိစောင့်ကြည့်ရေးစခန်းများကို ဖွင့်လှစ်ခဲ့သည်။
အခြေခံပညာဦးစီးဌာနလက်အောက်ရှိ စာသင်ကျောင်း ၆၀၂၁ ခုတို့ရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများသို့ နောက်ထပ်လူများစေလွှတ်ခြင်းမပြုရန် ပြည်ထောင်စုအစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့အား မေ ၁၃ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
စာသင်ကျောင်းများတွင် ထားရှိမည့်အစား နောက်ထပ်သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများကို အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ကောလိပ်နှင့် တက္ကသိုလ်များတွင်ဖွင့်လှစ်ရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

The Hlaing Tharyar fever clinic is in a community hall but almost half of the clinics in Yangon Region are in schools, which means they may soon have to move or close. (Thuya Zaw | Frontier)

The Hlaing Tharyar fever clinic is in a community hall but almost half of the clinics in Yangon Region are in schools, which means they may soon have to move or close. (Thuya Zaw | Frontier)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်မည်ကို ထောက်ခံကြောင်း၊ COVID-19 ကြောင့် စာသင်ကျောင်းများကို အမြဲတမ်းပိတ်ထားရန် မဖြစ်နိုင်ကြောင်း မေ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။
ဇွန်လလယ်တွင် စာသင်ကျောင်းများအား ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ညွှန်ကြားချက်ကို ရန်ကုန်ရှိ Fever Clinic များက သိရှိထားသော်လည်း ယခုအချိန်အထိ တရားဝင်အကြောင်းကြားမှုမရှိသေးကြောင်း ဒေါက်တာ နေမင်းထက်ကပြောဆိုခဲ့သည်။
“ဒါက စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ပထမအဆင့်ဆိုရင် ကျွန်တော်တို့ Fever Clinic တွေဖွင့်ဖို့ တခြားနေရာတွေ ရှာဖို့လိုပါမယ်” ဟု ၎င်းကပြောဆိုခဲ့သည်။

သက်အေး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ-လှိုင်သာယာမြို့နယ်ရှိ Fever Clinic ၌ ဧပြီ ၂၇ ရက်တွင် စေတနာ့ဝန်ထမ်းဆရာဝန်တစ်ဦးက လူနာတစ်ဦးကို စစ်ဆေးခဲ့စဉ်။ ဓာတ်ပုံ- သူရဇော်/Frontier

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.