အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးကို အထိရောက်ဆုံးအသုံးချခြင်း

ယခင်စစ်အာဏာရှင်တို့က ဗျူရိုကရေစီယန္တရားအဖြစ် အသုံးချခဲ့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးသည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်အနာဂတ်ခရီးတွင် ကြီးစွာအထောက်အကူ ဖြစ်လာနိုင်သည်။

လာ့ခင် မက်ဒေါ်နယ် ရေးသားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန General Administration Department GAD ကို စစ်တပ်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ အရပ်ဘက်အစိုးရလက်အောက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ၂၀၁၈ နှောင်းပိုင်း၌ ပြောင်းရွှေ့နိုင်ခဲ့ခြင်းသည် မြန်မာ့အုပ်ချုပ်မှုကို စစ်ဘက်မှကင်းလွတ်ရေး ရည်မှန်းချက်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရအဖို့လည်း အလွန်ကြီးမားသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအပြောင်းအလဲတွင် အဓိကကျသော၊ အင်အားအကြီးဆုံး လွှမ်းမိုးမှုကိုပေးနိုင်သော၊ ဗဟိုချုပ်ကိုင်မှုမှ ကင်းလွတ်သောအုပ်ချုပ်မှုကို အထောက်အပံ့ဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုဖြစ်လာစေရန် အစိုးရက ရှေ့ဆက်လုပ်ဆောင်ဖွယ်ရာများစွာ ရှိသေးသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် အဓွန့်ရှည်ကြာ တည်တံ့နေခဲ့သော အမျိုးသားအဆင့်အောက် အုပ်ချုပ်ရေးကျောရိုးပင်ဖြစ်သည်။ ပြည်ထောင်စုအဆင့်ဌာနချုပ်မှ တိုင်း၊ ပြည်နယ်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အသီးသီးအထိ ကျယ်ပြန့်သော အုပ်ချုပ်ရေးကွန်ရက် ဖြန့်ကြက်ရှိနေပြီး ဝန်ထမ်းစုစုပေါင်း ၃၆,၀၀၀ နီးပါးဖြင့် ဖွဲ့စည်းထားသည်။

နယ်ချဲ့ဗြိတိသျှတို့ သွတ်သွင်းခဲ့သော နိုင်ငံငြိမ်ဝပ်ပိပြားရေး ခရိုင်အုပ်ချုပ်ရေးအပေါ် အခြေခံ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီ SLORC က ၁၉၈၈ ခုတွင် ယခုလက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကျယ်ပြန့်သော လုပ်ပိုင်ခွင့်အာဏာနှင့်အတူ ထောက်လှမ်းရေးနှင့် နိုင်ငံတော်မူဝါဒ အကောင်အထည်ဖော်ရေးအတွက် နိုင်ငံအစွန်အဖျားဒေသတိုင်အောင် ဗျူရိုကရေစီယန္တရားကို ထိုဌာနအားဖြင့် ဖန်တီးပေးထားသည်။ လူထုအုပ်ချုပ်ရေးတွင် ကာလကြာရှည်စွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဓိကကဏ္ဍမှပါဝင်မှုနှင့် လုပ်ပိုင်ခွင့်အာဏာကို ယနေ့လက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက ဆက်လက်ထိန်းချုပ်ထားသည်။ မြေယာစီမံအုပ်ချုပ်မှု၊ အခွန်ကောက်ခံမှုနှင့် လူထုဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယနေ့အုပ်ချုပ်ရေးအရာရှိများ၏ လက်ထဲတွင် ကိုင်တွယ်ထားသည်။ တကယ်တော့ မြန်မာနိုင်ငံသားများအဖို့ သူတို့အစိုးရနှင့် အဓိက ဆက်သွယ်ရေးလမ်းကြောင်းမှာ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ မှတဆင့်သာလျှင် ဖြစ်ပေသည်။

အစိုးရ၏လှုပ်ရှားလုပ်ဆောင်မှုများကို ဦးဆောင်ကျင်းပခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကသာလျှင် အဓိကတာဝန်ယူလုပ်ဆောင်ရသည်။ အစဉ်အလာအားဖြင့် ကဏ္ဍပေါင်းစုံ အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန်တာဝန်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပေါ်တွင်သာ ကျရောက်နေပေသည်။ မြို့နယ်အဆင့်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် ဌာနအသီးသီးမှ အရာထမ်းများပါဝင်သော ကော်မတီအကြီးအကဲများအကြား ညှိနှိုင်းမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အရာရှိများက ကူညီဆောင်ရွက်ပေးကြရသည်။

အတိအကျအသေအချာ ပြဋ္ဌာန်းတည်ရှိလာခဲ့သော အလွန်အရေးကြီးသည့် နိုင်ငံတော်အာဏာကိရိယာတစ်ခု ဆောင်ရွက်လုပ်ကိုင်မှုမှာ မကြာမီအချိန်အထိ မပီဝိုးတဝါး လျှို့ဝှက်ဖုံးကွယ်ပြီး ရွေးကောက်ခံအစိုးရထံမှ သီးခြားထားရှိခံနေခဲ့ရသည်။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့စဉ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ လုံးဝတာဝန်ခံကြရပြီး အရပ်သားအစိုးရကို တာဝန်ခံစရာမလိုချေ။ စစ်တပ်အုပ်ချုပ်မှုအောက်တွင်ရှိစဉ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်လှမ်းမှုအကြောင်း ကောင်းကောင်းသိရှိနားလည်ထားကြသော အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ရွေးကောက်ခံအရပ်သားအစိုးရနှင့် အဆက်အသွယ်လုံးဝဖြတ်ထားခြင်းကြောင့် ပါတီ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ကြီးစွာသော အဟန့်အတား၊ အခက်အခဲကြီး ဖြစ်နေပုံကို အင်န်အယ်လ်ဒီအမတ်များက ထောက်ပြပြောဆိုခဲ့ကြသည်။

မကြာမီက အရပ်ဘက်လက်အောက်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးဖြစ်သော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တစ်ခုလုံးနှင့် လက်ရှိဝန်ကြီးဌာနအတွင်း၌ပင် စစ်ဘက်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်နေဆဲပင်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ဒုအမြဲတမ်းအတွင်းဝန် သူတို့အားလုံးမှာ စစ်တပ်မှ အငြိမ်းစားအရာရှိများချည်းဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တစ်ခုတည်းမှာပင် ၃၀ ရာခိုင်နှုန်းမှာ စစ်ဘက်နှင့်ဆက်နွယ်နေကြသူများ ဖြစ်သည်။

ထိုအထဲတွင် ပြန်တမ်းဝင်အရာရှိအများစုနှင့် ဌာနအထက်ပိုင်း အရာထမ်းအားလုံးနီးပါး အပါအဝင်ဖြစ်ပေသည်။ မှန်ပါသည်။ မြန်မာနိုင်ငံ၏ အရပ်ဘက်ဝန်ထမ်းဌာနအားလုံးတွင် စစ်ဘက်အရာရှိဟောင်းများကို ရှောင်မလွတ်နိုင်အောင် ပါဝင်လုပ်ဆောင်လျက် ရှိနေကြပါသည်။ သို့ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စစ်ဖက်အရာထမ်းဟောင်းများသည်လည်း ရှေ့ဆက်ရမည့်ခရီးတွင် အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိမှုကို အထောက်အကူ ပြုသွားကြပါလိမ့်မည်။

မည်သို့ပင်ဆိုစေ တာဝန်ခံအစီရင်ခံရမည့် လိုင်းပြောင်းသွားခြင်းသည်ပင်လျှင် ပိုမိုတုန့်ပြန်မှုရှိသော၊ ပိုမို၍ တာဝန်ခံမှုရှိသော အုပ်ချုပ်မှုအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ တည်ဆောက်ဖွဲ့စည်းပုံအရပင် မြန်မာ့ရွေးကောက်ခံအစိုးရအဖွဲ့များသည် ပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒအကောင်အထည်ဖော်ရေးတွင်၎င်း၊ နေ့တဓူဝ လူထုအုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုအပိုင်းတွင်၎င်း ယခင်ကထက် ပိုမိုလက်လှမ်းမီ သက်ရောက်မှုရှိလာတော့မည်ဖြစ်သည်။

မည်သို့ပင်ရှိစေ တကယ်တမ်းအရေးပါသည့်ကိစ္စမှာ အရပ်ဘက်အုပ်ချုပ်မှုလက်အောက် အသစ်တဖန် ရောက်လာခဲ့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်တွေ့တွင် မည်သို့ လုပ်ကြကိုင်ကြမည်ဆိုသည့် အရေးပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ခရိုင်အဆင့်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းတိုင်ပင်၍ ရေးဆွဲပြုစုထားသော ပြုပြင်ပြောင်းလဲမှုမူဘောင်တွင် ဤကိစ္စကို အရိပ်အမြွက်မြင်တွေ့ရသည်။ ပြုပြင်ရေးမူဘောင်တွင် လုပ်ထုံးလုပ်နည်း ဥပဒေများပြင်ဆင်ခြင်း၊ လုပ်ရည်ကိုင်ရည်မြှင့်တင်ပေးခြင်း၊ နိုင်ငံသားများအပေါ် အာရုံထား အလေးပေးသော ဝန်ဆောင်မှုများဆီသို့ ဦးတည်သော မွမ်းမံရေးသင်တန်းများ အဓိကပါဝင်လိမ့်မည်ဟု ကြိုတင်မှန်းဆနိုင်ပါသည်။ ပို၍ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ခံမှုတို့ကိုလည်း အလေးထားဦးစားပေးလိမ့်မည်။ ဤလုပ်ဆောင်မှုများသည် ထိရောက်၍ အရည်အသွေးမြင့်မားသော ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်ပေးပြီး အများပြည်သူတို့၏ ယုံကြည်အားထားမှုကိုလည်း ရရှိလာနိုင်ပါသည်။

ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွင် မူဝါဒအထောက်အပံ့ပြုရေးလုပ်ငန်းများ အားကောင်းလာစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများက အားဖြည့်ပေးရေး ရည်မှန်းချက်လည်းပါဝင်သည်။ မကြာမီကပြုလုပ်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုမှာ မအောင်မမြင်နှင့် အဆုံးသတ်ခဲ့ရာ နောက်ထပ်ပြင်ဆင်ရေး ကြိုးပမ်းမှုများ အချိန်အတန်ကြာ ပြုလုပ်ဦးမည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အိပ်မက် အကောင်အထည်ဖော်ရေးအတွက် လက်ရှိဗဟိုအစိုးရတစ်ဆင့်နိမ့် လက်ရှိအုပ်ချုပ်ရေးသည်သာ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပေသည်။ ၎င်းတို့က နိုင်ငံရေးပြိုင်ဆိုင်မှုပုံစံသစ်နှင့် အားလုံးပါဝင်နိုင်သည့် ပိုမိုကြံ့ခိုင်သော၊ တာဝန်ခံမှုရှိသည့် အစိုးရစနစ်ကို ဖန်တီးပေးသည်။ ထိုစနစ်သည်သာ လူမှုရေးနှင့် စီးပွားရေးအခြေအနေကွာခြားမှုများပြားသော မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်ပေသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ၏ လုပ်ဆောင်နိုင်စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးသည် ဖက်ဒရယ်စနစ်ကို အောက်ခြေမှ တွန်းအားပေးနိုင်မည့်အလားအလာများ ရှိပါသည်။ လက်ရှိဖွဲ့စည်းပုံ မူဘောင်အတွင်းမှပင် ထိုသို့ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပါသည်။

သို့သော် ဤရည်မှန်းချက် အောင်မြင်အောင် လုပ်ဆောင်ရေးတွင် အသေးစိတ်အကြောင်းအရာများ မူဘောင်တွင် ထည့်သွင်းထားခြင်းမရှိပါ။ အထူးသဖြင့် အလွန်အရေးကြီးသော လူသားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ညှိနှိုင်းမှုနှင့် အစီရင်ခံတင်ပြမှုတို့တွင် ဖော်ပြထားခြင်းမရှိပါ။ ဤအချက်သည် တိုင်းနှင့်ပြည်နယ်အစိုးရများ၏ စောင့်ကြည့်ခွင့်၊ ကြီးကြပ်ခွင့်တို့ကို တင်းကျပ်စွာ ချုပ်ကိုင်ထားခြင်းပင်ဖြစ်သည်။

ပြည်ထောင်စုအဆင့်အောက် အစိုးရများထံတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများအတွက် အထူးအခန်းကဏ္ဍရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဤသို့ပြဋ္ဌာန်းထားသည်။ တိုင်းနှင့်ပြည်နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအကဲများသည် ထိုတိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့၏ အမှုဆောင်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဆောင်ရွက်ရမည်။ တိုင်းနှင့်ပြည်နယ်အဆင့် အမြဲတမ်းရုံးအဖွဲ့မရှိလျှင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်း၊ ပြည်နယ်အစိုးရ၏ အမှုဆောင်ရုံးအဖြစ် လုပ်ဆောင်ရမည်။ တိုင်းနှင့်ပြည်နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏လစာကို တိုင်းနှင့်ပြည်နယ် ဘတ်ဂျက်မှပေးရမည်။

တိုင်းနှင့်ပြည်နယ် အစိုးရလုပ်ငန်းများကို ဗဟိုပြုသည်မှန်သော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနGAD များသည် ၎င်း၏ ပြည်ထောင်စုဝန်ကြီးဌာနကို သာလျှင် တာဝန်ခံရပြီး ထိုဌာန၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အုပ်ချုပ်ရေးဦးစီးအရာရှိများ ခန့်ထားရေးဆုံးဖြတ်ရာတွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တရားမဝင် အလွတ်သဘော တိုင်ပင်ဆွေးနွေးမှုရှိသည်မှန်သော်လည်း ထိုဝန်ကြီးချုပ်များ၌ တရားဝင်အခန်းကဏ္ဍမရှိချေ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသည် တိုင်း၊ ပြည်နယ်အမှုဆောင်အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်လေ့ရှိသည် မှန်သော်လည်း နှစ်ဘက်ဆက်ဆံရေးသည် အလွတ်သဘောသာဖြစ်ပြီး တာဝန်ရှိသူများအကြား ပုဂ္ဂိုလ်ရေး ရင်းနှီးဆက်ဆံမှုမျှသာဖြစ်သည်။ တကယ်တမ်းတိုက်တွန်း၍ ပြောခိုင်းလျှင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုဆောင်အရာရှိများက သူတို့မှာ အကြီးအကဲ ၂ ယောက်ရှိကြောင်း၊ အထက်မှအကြီးအကဲမှာ နေပြည်တော်တွင်ရှိပြီး အကြီးအကဲငယ်မှာ တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ကြောင်း ပြောလေ့ရှိကြပါသည်။ ဤသည်ကို ထောက်ချင့်၍ ဝန်ထမ်းသစ္စာခံမှု ဘယ်မှာရှိသည်မှာ ရှင်းပါသည်။

ဒေသတွင်းအဆင့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းသည် တရားဝင်မဟုတ်သော အစီအစဉ်များကြောင့် အဟန့်အတားခံရသည်။ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးသည် အခြားအစိုးရဌာနများအပေါ် တရားဝင်အာဏာမရှိချေ။ သို့ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်ပိုင်ခွင့်သည် စစ်အာဏာရှင်အုပ်ချုပ်ရေးခေတ် ကာလတုန်းက ဘာမှပြောစရာမရှိသော်လည်း ဒီမိုကရေစီခေတ်ကာလတွင် တိုက်စားသွားချေပြီ။ စည်ပင်သာယာအဆင့်တွင် တိုင်းအစိုးရကို တာဝန်ခံရသော မြို့နယ်အုပ်ချုပ်ရေးအရာရှိများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးအရာရှိများအကြား လုပ်ပိုင်ခွင့်အာဏာ ရှင်းလင်းမှုမရှိတော့ချေ။ ဤကိစ္စကြောင့် မကြာမီက ကိုဗစ် ၁၉ ပြဿနာတုန့်ပြန်ဆောင်ရွက်ရာတွင် ရပ်ကွက်၊ လူထု၏ တုန့်ပြန်ဆောင်ရွက်မှု ထိရောက်မှု ကျဆင်းခဲ့ရသဖြင့် ရန်ကုန်ရှိ အကြီးအကဲထံအထိ ရောက်ရှိခဲ့သည်။

ဤပြဿနာများကို မဖြေရှင်းနိုင်လျှင် တိုင်း၊ ပြည်နယ်အဆင့် အုပ်ချုပ်မှုခိုင်မာရေး ရည်မှန်းချက် ထင်သလောက် ခရီးမရောက် ဖြစ်သွားနိုင်ပေသည်။ တိုင်း၊ ပြည်နယ် နိုင်ငံရေးဦးဆောင်မှုတွင် အလွန်အရေးပါသော ညှိနှိုင်းရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများ အတော်အတန်တိုးတက်လာစေရန် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲ သုံးခုက ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မည်။

ပထမအချက်မှာ တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုဆောင်အတွင်းဝန် Excutive Secretary များနှင့် အထက်တန်းအရာရှိ ခန့်ထားရေးတွင်လည်းကောင်း၊ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုကို သုံးသပ်ဆုံးဖြတ်ရာတွင်လည်းကောင်း တရားဝင် ပါဝင်လုပ်ဆောင်ကြရမည်။ တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များသည် မိမိတို့ တိုင်း၊ ပြည်နယ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိများကို နေရာအပြောင်းအရွှေ့ ပြုလုပ်နိုင်သော အခွင့်အာဏာရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထက်ပိုင်း ရာထူးနေရာများခန့်ထားရေး၊ အဆိုပြုရေး၊ ရာထူးတိုးပေးရေး၊ လိုအပ်လာလျှင် တိုင်း၊ ပြည်နယ်ကျော်လွန်၍ နေရာအပြောင်းအရွှေ့ ကိစ္စများတွင် နောက်ဆုံးအဆုံးအဖြတ်အာဏာကို ချုပ်ကိုင်ထားသည်။

သို့သော် နောက်ထပ်လုပ်ပိုင်ခွင့်အာဏာများကိုမူ တိုင်း၊ ပြည်နယ်အစိုးရများထံ အပ်နှင်းထားသည်။ အလားတူပင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များသည် မိမိတို့ ပြည်နယ်နှင့်တိုင်းများအတွင်း လုပ်ကိုင်နေကြသော ပြည်ထောင်စုဝန်ကြီးဋ္ဌာနများမှ အခြားညွှန်ကြားရေးမှူးများအပေါ်တွင် အလားတူအာဏာများ ရှိသင့်ပေသည်။

ဒုတိယအချက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများအား မိမိတို့မြို့နယ်ရှိ ဌာနဆိုင်ရာ အရာရှိများ၏လုပ်ငန်းဆောင်ရွက်မှုကို သုံးသပ်အကဲဖြတ်ခွင့် အာဏာပေးထားသင့်သည်။ ဌာနဆိုင်ရာ မြို့နယ်အဆင့်အရာရှိများ၊ မိမိတို့၏ မိခင်ဝန်ကြီးဌာနထံ တာဝန်ခံရမည့် ထောင်လိုက်တာဝန်ခံမှုအဆင့်ဆင့်ကို မပြောင်းလဲစေဘဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အရာရှိများကို မိမိတို့မြို့နယ်အတွင်း တာဝန်ကျသော ဌာနဆိုင်ရာအရာရှိများ၏ လုပ်ငန်းဆောင်ရွက်ပုံကို အကဲဖြတ်ကြီးကြပ်ခွင့်ပေးထားခြင်းသည် ၂၀၁၀ မတိုင်မီက စိတ်ဓာတ်ကို ပြန်သွားခြင်းဖြစ်သည်။

တတိယအချက်အားဖြင့် သတင်းအချက်အလက်စီးဆင်းမှုကို တရားဝင်အောင်လုပ်ဆောင်ခြင်း – ဥပမာအားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးထောက်ပံ့ခြင်း၊ ဝန်ထမ်းခန့်ထားခြင်း၊ အုပ်ချုပ်ရေးအဆင့်တစ်ခုချင်းတွင် အလျားလိုက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် တိုင်း၊ ပြည်နယ်အစိုးရအဆင့်အထိ ထောင်လိုက်သွားခြင်းဖြစ်သည်။ အထက်ပါ အပြောင်းအလဲ ၂ ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.