စတုတ္ထမြောက် တယ်လီကွန်းအော်ပရေတာက ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် တယ်လီကွန်းလိုင်စင်ကို ရရှိခဲ့သည့် ဗီယက်နမ်နိုင်ငံမှ Viettel ကဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

ဗီယက်နပ်စစ်တပ်ပိုင် Viettel နှင့် မြန်မာကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းထားပြီး Myanmar National Tele and Communication (MNTC)ဟု အမည်ပေးထားသည့် အဆိုပါ လုပ်ငန်းစုသည် မြန်မာအစိုးရထံမှ လိုင်စင်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က ရရှိခဲ့သည်။

မူလက ဒေါ်လာ ၁ ဒသမ ၅ သန်းရင်းနှီးမြှုပ်နှံသွားမည်ဟု ပြောကြားထားသော်လည်း ယခုအခါ ရင်းနှီးမြှုပ်နှံမည့်ပမာဏကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု ရိုက်တာက ရေးသားထားသည်။

အဆိုပါ လုပ်ငန်းစုတွင် Viettel က ၄၉ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ Myanmar National Telecom Holding Public နှင့် Star High Public Co တို့က ၂၃ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းစီ ထည့်ဝင်ကြမည်ဖြစ်သည်။

Star High Public Co သည် မြန်မာတပ်မတော်ပိုင် လုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။

ယခုဖက်စပ်လုပ်ငန်းသည် နိုင်ငံနှစ်ခုမှ တပ်မတော်နှစ်ခုက ချုပ်ကိုင်ထားသည့် စီးပွားရေးလုပ်ငန်းများအကြား ထူးခြားသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်ဟု ရိုက်တာက ရေးသားထားသည်။

အခြားမြန်မာလုပ်ငန်းစုဖြစ်သည့် Myanmar National Telecom Holding Public မှာမူ မြန်မာစီးပွားရေးလုပ်ငန်း ၁၁ ခု ပူးပေါင်းထားခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် MyTel အမည်ဖြင့် ဝန်ဆောင်မှုများကို တစ်နှစ်အတွင်း ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ တပ်မတော်ပိုင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုဖြစ်သည့် MecTel ၏ အခြေခံအဆောက်အအုံများကို မ ျှဝေသုံးဆွဲသွားမည်ဟု MNTC ၏ ပြင်ပ ဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။

”MecTel ရဲ့ အခြေအခံအဆောက်အအုံတွေကို မျှဝေသုံးစွဲသွားမှာပါ။ ဒါပေမဲ့ ဝန်ဆောင်မှုကတော့ MecTel က ပုံမှန်အတိုင်းရှိမှာဖြစ်ပြီး Mytel နဲ့ပတ်သက်မှုရှိမှာ မဟုတ်ပါဘူး။ MecTel က စီဒီအမ်အေအနေနဲ့ပဲ ရှိမှာဖြစ်ပြီး Mytel ကတော့ GSM ကွန်ရက်ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ကြောင်း မြန်မာတိုင်း(မ်)က ရေးသားထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် လက်ရှိတွင် MecTel အမည်ဖြင့် စီဒီအမ်အေတယ်လီဖုန်း ဆက်သွယ်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းကာ ဝန်ဆောင်မှုပေးနေသည်။

ကွန်ရက်ကို 2G၊ 3G နှင့် 4G ကို သုံးမျိုးလုံး ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ကာ ဖုန်းနံပါတ်များသည် ဝ၉၆ ဖြင့် စတင်မည်ဖြစ်သည်။

၎င်းတို့အတွက် ဆက်သွယ်ရေးလိုင်စင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နေပြည်တော်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Viettel သည် အာရှ၊ အာဖရိကနှင့် အမေရိကားတိုက်တို့ရှိ နိုင်ငံအချို့တွင်လည်း လုပ်ငန်းများ လုပ်ကိုင်နေသည်။

ဂျပန်လုပ်ငန်းစုများဖြစ်သည့် KDDI နှင့် ဆူမီတိုမိုကော်ပိုရေးရှင်းတို့နှင့် ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းခဲ့သည့် မြန်မာ့ဆက်သွယ်ရေးရေးလုပ်ငန်းပြီးနောက် MNTC သည် မြန်မာနိုင်ငံက ရှယ်ယာအများစုပါဝင်သည့် ဒုတိယမြောက် တယ်လီကွန်းအော်ပရေတာဖြစ်လာသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားမှု အဆုံးသတ်သွားပြီးနောက် ၂၀၁၄ ခုနှစ်တွင် နော်ဝေအခြေစိုက် တယ်လီနောနှင့် ကာတာအခြေစိုက် အူရီဒူးတို့ စတင်ဝင်ရောက်လုပ်ကိုင်လာချိန်မှ စတင်ကာ မိုဘိုင်းဖုန်းဈေးကွက်သည် တရှိန်ထိုး တိုးတက်လာခဲ့သည်။

ဈေးကွက်တွင် အမ်ပီတီက သုံးဆွဲသူ ၂၁ သန်းဖြင့် ဦးဆောင်နေသည်ဟု ရိုက်တာက ပြီးခဲ့သည့်နိုဝင်ဘာလက ရေးသားထားသည်။ တယ်လီနောက သုံးဆွဲသူ ၁၈ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေပြီး အူရီဒူးက သုံးဆွဲသူ ကိုးသန်းရှိနေသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.