TECNO အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်

အာဖရိက၏ ထိပ်တန်း ထိပ်တန်းမိုဘိုင်းဖုန်း အမှတ်တံဆိပ်သုံးခုထဲတွင် ပါဝင်သည်ဆိုသည့် TECNO အမှတ်တံဆိပ် မိုဘိုင်းဖုန်းများအား ပြည်တွင်းဈေးကွက်တွင် စတင်မိတ်ဆက်လိုက်သည်။

Transsion Holdings ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Techno Mobile က ၎င်း၏ နောက်ဆုံးထုတ် စမတ်ဖုန်းများဖြစ်သည့် CAMON CM နှင့် SPARK CM တို့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel တွင် မိတ်ဆက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

TECNO Mobile ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Stephen HA က “TECNO Mobile အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် နည်းပညာပိုင်း၊ စွမ်းဆောင်ရည်ပိုင်းနှင့် ဓာတ်ပုံရိုက်ကူးမှု အပိုင်းများတွင် တစ်မူထူးခြားသည့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပြီး ဆန်းသစ်သည့် အတွေ့အကြုံများကို ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

“ကင်မရာအသာပေး စမတ်ဖုန်းများဖက်ကို ဦးတည်နေကြတဲ့ ခေတ်ရေစီးကြောင်းနှင့် သုံးစွဲသူတွေ အကြိုက်နဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး စွမ်းရည်မြင့် ကင်မရာများ တပ်ဆင်ပေးထားတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်ပါသည်။ Think Globally, Act Locally ဆိုတဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ ဆောင်ပုဒ်အတိုင်း သုံးစွဲသူတွေအကြိုက်ကို နားလည် သဘောပေါက်ထားပြီး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိအောင် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်” ဟု လည်း ၎င်းက ပြောသည်။

TECNO Mobile အနေဖြင့် CAMON CM နှင့် SPARK CM စမတ်ဖုန်းနှစ်မျိုးလုံးကို မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်လဆန်းမှ စတင်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်သည်။ CAMON CM အား ကျပ် ၁၉၉,၀၀၀ နှင့် SPARK CM အား ကျပ် ၁၆၉,၀၀၀ အသီးသီးဖြင့် ရောင်းချသွားမည် ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

TECNO သည် Transsion R&D လက်အောက်တွင် ထုတ်လုပ်ဖြန့်ဖြူးနေပြီး ကမ္ဘာတစ်ဝန်းတွင် စက်ရုံပေါင်း ငါးခုဖြင့် တစ်နေ့လျှင် ဟန်းဆက် အလုံးပေါင်း ၃၀၀,၀၀၀ ကျော် ထုတ်လုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ၎င်းတို့၏ စမတ်ဖုန်း၊ တက်ဘလက်နှင့် Feature Phones များကို နိုင်ငံပေါင်း ၄၀ ကျော်တွင် ဖြန့်ဖြူးရောင်းချနေသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.