မီးခိုးမှိုင်းတိုက် လှည့်ဖြား၍

ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး လှုပ်ရှားသူများသည် ဆေးရွက်ကြီး ထုတ်ကုန်များ အရောင်းမြှင့်တင်မှုကို တားမြစ်ထားသော ၂၀၀၆ ခုနှစ် ဥပဒေကို အစိုးရက ထိရောက်စွာ မကိုင်တွယ်နိုင်မှုနှင့်စပ်လျဉ်း၍ စိတ်ပျက်လျက် ရှိကြသည်။

ဆေးပေါ့လိပ်များနှင့် စီးကရက်များကို မြန်မာနိုင်ငံတွင် လူကြိုက်များသည်။ ဓာတ်ပုံ Maro Verli / Frontier

ဆေးပေါ့လိပ်များနှင့် စီးကရက်များကို မြန်မာနိုင်ငံတွင် လူကြိုက်များသည်။ ဓာတ်ပုံ Maro Verli / Frontier

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

ဓာတ်ပုံ – Maro Verli / Frontier

၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် လန်ဒန်မြို့၏ သွင်ပြင်များဖြင့် အလှဆင်ထားသော နိုက်ကလပ်တစ်ခု၌ သီချင်းသံများ ပျံ့လွင့်နေစဉ် ပရိုဂျက်တာက ဗြိတိသျှနိုင်ငံ မြို့တော်၏ လှုပ်ရှားနေသော ရုပ်ပုံများကို ပြသထားသည်။ အတွန့်အလိပ်များပါသော ပလတ်စတစ် အမိုးများ၊ အနီရောင် နှစ်ထပ်ဘတ်စ်ကားများ၊ ဗြိတိသျှနိုင်ငံရှိ စာတိုက်ပုံးများနှင့် နံရံကိုလည်း ခြယ်သထားသည်။ ဗြိတိသျှနိုင်ငံသား ဒီဂျေတစ်ဦးသည် စင်မြင့်ပေါ်တွင် ရှိနေပြီး ကလပ်အတွင်းမှ စားပွဲတိုင်း၌ လန်ဒန်တံဆိပ် စီးကရက်ဘူးများက နေရာယူထားသည်။

Maro Verli / Frontier

Maro Verli / Frontier

ထိုအချိန်တွင် ယင်းသည် စီးကရက်ကို ပြောင်ပြောင်တင်းတင်း အရောင်းမြှင့်တင်နေခြင်းဟု ကျွန်တော် တွေးနေမိသည်။ ယခုထက်တိုင်လည်း ထိုသို့ ထင်နေဆဲ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လန်ဒန်တံဆိပ် စီးကရက်ကို ထုတ်လုပ်ရောင်းချနေသော ကမ္ဘာ့ဆေးလိပ် ကုမ္ပဏီကြီးမှ သူဌေးတစ်ဦး၏ အဆိုအရမူ ကျွန်တော်ကပင် မှားနေသည့် ပုံစံပေါက်နေသည်။

ဗြိတိသျှ အမေရိကန် ဆေးလိပ်ကုမ္ပဏီ British American Tobacco ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ရီဟန် ဘိတ်Rehan Baig အား ၎င်းတို့၏ ထုတ်ကုန်များကို မည်သို့ ဈေးကွက်ရှာ ကြော်ငြာသနည်းဟု မကြာသေးမီက အင်တာဗျူးတစ်ခုတွင် မေးသည့်အခါ ၎င်းက ကုမ္ပဏီသည် အရောင်းမြင့်တင် ကြော်ငြာခြင်းများ လုံးဝမလုပ်ကြောင်း ဆိုသည်။

ထို့နောက်တွင် သူက သတိပေးပြောကြားသည်။ ကျွန်တော်တို့ အတူထိုင်နေသော စားသောက်ဆိုင်၏ ကောင်တာအနီး ပြထားသော စီးကရက်တောင့်များကို လက်ညှိုးထိုးပြပြီး သူ့ကုမ္ပဏီသည် ရောင်းချချိန်ကျမှ  ကြော်ငြာသည့် အလုပ်ကို တစ်ပြိုင်တည်း လုပ်သည်ဟု ဆိုသည်။

“ဒီလိုပဲ လုပ်ကြတာပါပဲ။ ဘာပဲ ဖြစ်ဖြစ်လေ ခင်ဗျားက စီးကရက်ဘူးထဲမှာလည်း ကြော်ငြာထည့်နိုင်တာပဲ။ Limitted Edition(ကန့်သတ်ထုတ်တဲ့ ပစ္စည်း) လို အထူး ဘူးခွံတွေနဲ့ ထုတ်လို့ရသလို ဘူးထဲမှာလည်း တစ်ခုခု ရေးပေးလို့ ရတာပဲ” ဟု ၎င်းက ဆိုသည်။

၂၀၀၆ ခုနှစ် ဥပဒေတွင် စီးကရက်များကို ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကူပံ့မှုပြု၍ ကြော်ငြာဝင်သည့် စပွန်ဆာပေးခြင်းများကို တားမြစ်ထားသည်။ မစ္စတာ ဘိတ်က လပ်ကီးစထရိုက် Lucky Strike ကိုပါ ထုတ်သော သူ့ကုမ္ပဏီသည် ဥပဒေနှင့် ညီညွတ်စွာ တာဝန်သိသိ လုပ်ဆောင်နေသည်ဟု အခိုင်အမာ ဆိုပါသည်။ ကျန်းမာရေးအတွက် တက်ကြွလှုပ်ရှားသူများကမူ နိုင်ငံအတွင်းရှိ အဓိက ကုမ္ပဏီအားလုံးသည် ဥပဒေကို လက်တစ်လုံးခြား လုပ်နေကြသည်ဟု ဆိုသည်။

“သူတို့က ကြော်ငြာတာ ရောင်းအားမြှင့်တင်တာတွေ လုပ်နေတုန်းပါပဲ” ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း People Health Foundation မှ ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။ မြန်မာနိုင်ငံတွင် ဆေးရွက်ကြီး ထုတ်ကုန် ရောင်းချမှုနှင့် အရောင်းမြှင့်တင်မှုကို စောင့်ကြည့်ရသော သူ့အဖွဲ့က ၎င်းတို့သည် ဥပဒေချိုးဖောက်မှုများကို တွေ့နေရဆဲ ဖြစ်သည်ဟု ဆိုသည်။ ယင်းတို့ထဲတွင် ဘာသာရေးပွဲတော်များ၌  ကြော်ငြာဆိုင်းဘုတ်များ ထောင်ခြင်း၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် နမူနာ ဆေးလိပ်များ ဝေခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

ယင်းတို့ထဲတွင် ဗြိတိသျှ အမေရိကန် ဆေးလိပ်ကုမ္ပဏီနှင့် ဂျပန်တိုဘက်ကိုး Japan Tobacco တို့ ပါဝင်သည်။ ယင်း ကုမ္ပဏီများသည် ကမ္ဘာ့အကြီးဆုံး ဆေးလိပ်ကုမ္ပဏီ ၅ ခုထဲတွင် ပါဝင်သည်။ ယင်းတို့သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စက်ရုံများ လာရောက်ထူထောင်ကာ ရောင်းချခဲ့ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများကို ဖယ်လျှော့ပေးပြီးနောက်မှ ဝင်ရောက်လာသည့် အခြား ဆေးလိပ်ကုမ္ပဏီများနှင့် မတူဘဲ ယင်းကုမ္ပဏီကြီးနှစ်ခုသည် လူမသိ သူမသိ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တိုးပွားလာသော ထိန်းချုပ်မှုများကြောင့် စီးကရက် အရောင်းကျဆင်းလာသဖြင့် ဆေးလိပ်ကုမ္ပဏီများသည် လုပ်ထုံးလုပ်နည်းများ ထိန်းချုပ်မှုများ လျော့ရဲသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို အားထားမှီခိုလာကြသည်။

Maro Verli / Frontier

Maro Verli / Frontier

အားလုံးအဆင်ပြေနေပါက စီးပွားရေးအရ တွက်ချက်လျှင် မြန်မာနိုင်ငံ၏ လူငယ်ထုနှင့် လူလတ်တန်းစားများသည် ဆေးလိပ် ကုမ္ပဏီများ အကျိုးအမြတ်များဖို့ ပစ်မှတ်ကောင်း ဖြစ်နိုင်သည်။ တကမ္ဘာလုံးတွင် ဆေးလိပ် ကုမ္ပဏီများက အသက်မပြည့်သေးသော ကလေးများကို ပစ်မှတ်မထားကြောင်း၊  ဆေးလိပ်မသောက်ဖူးသည့် လူကြီးများကိုပင် ပစ်မှတ်မထားကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည့်တိုင် ကျန်းမာရေး ပညာရှင်များကမူ ယင်းအချက်ကို လက်မခံကြပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization ၏ မြန်မာနိုင်ငံ ရုံးခွဲက ဆေးလိပ်ကုမ္ပဏီများက ကလေးများကို တိုက်ရိုက် ပစ်မှတ်ထားနေသည့် သက်သေအထောက်အထားများ မတွေ့ရှိရကြောင်း ဆိုသည်။ သို့သော် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ထိုသို့ဖြစ်လာနိုင်ခြေများကို သိရှိကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆယ်ကျော်သက်နှင့် လူငယ်ထု၏ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများကို ယင်းဝန်ကြီးဌာနနှင့် ပြန်လည်ဆွေးနွေးနေသည်ဟု ဆိုသည်။

Maro Verli / Frontier

Maro Verli / Frontier

မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးခြင်းကို ဆန့်ကျင်သော လုပ်ထုံးလုပ်နည်း များစွာရှိသည်။ သို့သော် ယင်းတို့ကို ထိရောက်စွာ အသုံးပြုခြင်း မရှိပေ။ မြန်မာနိုင်ငံသည် ၂၀၀၃ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးမူဘောင် ကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control တွင် သဘောတူလက်မှတ် ရေးထိုးထားသည့်နိုင်ငံ ဖြစ်သည်။ အစိုးရ အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်သည့် ဥပဒေများ ရှိသည်။

သို့သော် ထိရောက်သော တားဆီးအရေးယူမှုများကို တွေ့ရခဲလှသည်။ ဆေးလိပ်ငွေ့များသည် လက်ဖက်ရည်ဆိုင်များ၊ အရက်ဘားများ၊ ကလပ်များကို လွှမ်းခြုံနေဆဲ ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထိုတားမြစ်ချက်များသည် တက္ကသိုလ်၊ ကောလိပ်များနှင့် အစိုးရအဆောက်အအုံများတွင်ပင် ထိရောက်မှုမရှိဟု ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဆေးရွက်ကြီးထုတ်ကုန်များ၌ ပုံဆိုးပန်းဆိုး အနာရောဂါ ဖြစ်ပွားပုံများကဲ့သို့ ကျန်းမာရေး သတိပေးချက်များ ထည့်သွင်းပေးရန် လိုအပ်သည်ဟု ဆိုခဲ့သော်လည်း ထိုဥပဒေကို မည်သည့်အချိန် ပြဋ္ဌာန်းမည် ဆိုသည်ကိုမူ မပြောသေးပေ။ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနများမှ ဝန်ထမ်းအတော်များများသည် ယင်းကျန်းမာရေး သတိပေးရုပ်ပုံ အစီအစဉ်နှင့် ပတ်သက်ပြီး Frontier က မေးမြန်းသည့်အခါ ယင်းအကြောင်း ဆွေးနွေးရန် ငြင်းဆိုခဲ့ကြသည်။

ဆေးလိပ်သောက်ရာမှ ရရှိသော ကျန်းမာရေး ဆိုးကျိုးများနှင့် ပတ်သက်ပြီး သိရှိမှုများလည်း နည်းပါးနေဆဲဖြစ်သည်။ ဦးစိုးနိုင်သည် ရန်ကုန်အထွေထွေ ဆေးရုံကြီး၏ အဝင်ဝ ကင်ဆာဌာနနှင့် ကိုက်အနည်းငယ် အကွာ၌ ဆေးလိပ်ရောင်းနေသူ ဖြစ်သည်။ သူသည် လူနာများ၏ မိသားစုများနှင့် မိတ်ဆွေများကို ဆေးလိပ်ရောင်းနေခြင်း ဖြစ်သည်။ သို့သော် ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်ကို  မည်သူကမျှ အရွှန်းဖောက် ပြောကြားလေ့ မရှိကြချေ။

“ကျွန်တော်တို့ ဒီအကြောင်းတွေ မပြောဖြစ်ကြပါဘူး” ဟု ၎င်းက ဆိုသည်။ ကင်ဆာဌာနတွင် လူနာ ၂၀၀ ခန့်ရှိကြောင်း ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် ဆေးလိပ်ကြောင့် ရောဂါရလာခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသော သူနာပြုဆရာမတစ်ဦးက ပြောသည်။ သူသည် မီဒီယာကို ပြောဆိုဖြေကြားခွင့်ရှိသူ မဟုတ်၍ အမည်မဖော်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့ထဲက အများစုက ကျန်းမာရေး အန္တရာယ်နဲ့ ပတ်သက်ပြီး အသိနည်းကြတယ်။ အထူးသဖြင့် ကျေးလက်ဒေသက လူတွေက ပိုဆိုးတယ်” ဟု သူက ဆိုသည်။

ယင်းမှာ အထူးတလည် အံ့သြစရာ မဟုတ်ပေ။ အစိုးရသည် ဆေးရွက်ကြီး ထိန်းချုပ်မှု လုပ်ငန်းများအတွက် တစ်နှစ်လျှင် ကျပ်သိန်း ၅၀ (ဒေါ်လာ ၃,၉၀၀) ခန့်သာ လျာထားပေးထားသည်။ ယင်းလျာထားမှုသည် ဆေးလိပ်ကုမ္ပဏီကြီးများထံမှ ရရှိသော ဒေါ်လာ သန်းချီသည့် အခွန်ငွေများနှင့် နှိုင်းယှဉ်လျှင် လွန်လွန်ကျူးကျူး နည်းပါးလွန်းလှသည်။

ဆေးရွက်ကြီး ထိန်းချုပ်မှုတွင် ရန်ပုံငွေ မလုံမလောက်သာ ချထားပေးသည်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရအောက်တွင် ဆယ်စုနှစ်များစွာကြာအောင် ပစ်စလက်ခတ် လျစ်လျူရှုခံထားရသော မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို တွေ့မြင်နိုင်သည်။ မကြာသေးမီက ဘတ်ဂျက်လျာထားမှုသည် တိုးပွားလာခဲ့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်သည် နိုင်ငံတော် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ၏ ၃ ရာခိုင်နှုန်းသာ ရှိသေးသည်။

ငွေကြေးကဏ္ဍသည် တစ်ခုတည်းသော ပြဿ     နာ မဟုတ်သေးချေ။ ကျန်းမာရေး ဝန်ကြီးဌာနသည် ဆေးရွက်ကြီး အသုံးပြုမှုကို ထိန်းချုပ်ရန် ဆန္ဒရှိပုံရသော်လည်း ယင်းသည် ဆေးလိပ်ကုမ္ပဏီကြီးများထံမှ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်လိုသော ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ထိပ်တိုက်တွေ့လျက် ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ၂၀၁၀ ပြည့်နှစ်တွင် သေဆုံးသော အမျိုးသားများ၏ ၁၃ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်သည်။ အမျိုးသားများ အားလုံး၏ ထက်ဝက်နီးပါးသည် ဆေးလိပ် သောက်သုံးကြပြီး အမျိုးသမီးအားလုံး၏ ခုနစ် ရာခိုင်နှုန်းကျော်သည် ဆေးလိပ် သောက်သုံးနေကြသည်ဟု ဆိုသည်။ သို့ဆိုပါက မြန်မာနိုင်ငံ လူဦးရေ၏ ငါးပုံတစ်ပုံသည် မကြာမကြာ  ဆေးလိပ် သောက်သုံးနေကြပြီး ယင်းတို့ထဲမှ အများစုသည် နေ့စဉ် သောက်သုံးနေကြခြင်း ဖြစ်သည်။

သို့သော် ဖင်စီခံဖြင့် နီကိုတင်း စစ်ထုတ်ထားသော စီးကရက်ဈေးကွက်သည် နည်းပါးလျက်ရှိပြီး ဆေးလိပ် သောက်သုံးသူများ၏ ၈၀ ရာခိုင်နှုန်းသည် စနစ်တကျ ထုတ်လုပ်ရောင်းချသော စီးကရက်များကို သိပ်မသောက်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ထုံးတမ်းစဉ်လာအရ သောက်သုံးလာကြသော လက်လိပ် ဆေးပေါ့လိပ်များကို ပိုမိုနှစ်သက်ကြ၍ ဖြစ်သည်။ ထို့ပြင် ဆေးရွက်ကြီးအခြေခံ ကွမ်းစားဆေးပါသည့် ကွမ်းယာစားခြင်းကို ဆေးလိပ်သောက်ခြင်းထက် ပိုမို လူကြိုက်များသည်။

အစိုးရသည် ဆေးရွက်ကြီး ထိန်းချုပ်မှု လုပ်ငန်းများအတွက် တစ်နှစ်လျှင် ကျပ်သိန်း ၅၀ (ဒေါ်လာ ၃,၉၀၀) ခန့်သာ လျာထားပေးထားသည်။ ယင်းလျာထားမှုသည် ဆေးလိပ်ကုမ္ပဏီကြီးများထံမှ ရရှိသော ဒေါ်လာ သန်းချီသည့် အခွန်ငွေများနှင့် နှိုင်းယှဉ်လျှင် လွန်လွန်ကျူးကျူး နည်းပါးလွန်းလှသည်။

Maro Verli / Frontier

Maro Verli / Frontier

ဆေးလိပ်ကုမ္ပဏီကြီးများသည် ဆေးလိပ်သောက်သုံးသူများအား ထုံးတမ်းစဉ်လာ ဆေးရွက်ကြီး သုံးစွဲမှု မရှိစေရန် ဖင်စီခံပါ စီးကရက်များဖြင့် ဆွဲဆောင်နိုင်သည့် အခွင်အလမ်း တွေ့ရှိထားသည်ဟူသော အချက်ကို မစ္စတာ ဘိတ်က လက်မခံပေ။

၎င်းက ဗြိတိသျှ အမေရိကန် ဆေးလိပ်ကုမ္ပဏီသည် ယင်း၏ ဈေးကွက်ရှယ်ယာကို Red Ruby ကဲ့သို့သော နာမည်ရ ပြည်တွင်းတံဆိပ်များထံမှသာ ချဲ့ထွင်ရယူသွားမည်ဟု ပြောသည်။

“BAT ရော တခြားစီးကရက် ကုမ္ပဏီအားလုံးကပါ ဆေးလိပ်သောက်တတ်ပြီးသား လူကြီးဈေးကွက် တစ်ခုတည်းကိုပဲ ဝိုင်းယှဉ်ပြိုင်နေကြရတာ ဖြစ်ပါတယ်” ဟု မစ္စတာ ဘိတ်က ဆိုသည်။

သို့သော် ကမ္ဘာတစ်ဝန်း ရောင်းချနေသော ဆေးလိပ်ကုမ္ပဏီကြီးများသည် ဆေးလိပ်ထိန်းချုပ်မှု နည်းပါးသော နိုင်ငံများတွင်ပင် ယင်းတို့၏ ဈေးကွက်ရှာဖွေရေး နည်းစနစ်များနှင့်ပတ်သက်ပြီး စိစစ်မှုနှင့် ရင်ဆိုင်နေကြရသည်။

ကျွန်တော် သွားခဲ့သည့် နိုက်ကလပ်က လန်ဒန်မြို့သွင်ပြင် တန်ဆာဆင်ထားခြင်းသည် ဆေးလိပ်ဆန့်ကျင်သူများပြောသော ဈေးကွက်ရှာဖွေခြင်း တစ်မျိုးပင် ဖြစ်နိုင်သည်။ ဆိုင်အတွင်း ပြင်ဆင်ထားသော လန်ဒန်မြို့ရှိ အနီရောင် နှစ်ထပ်ဘတ်စ်ကား၊ စာတိုက်ပုံးများ၊ မြေအောက်ရထားများ စသည်တို့ကို မြင်ရသော ဧည့်သည်များသည် ဆိုင်အတွင်း စားပွဲများပေါ်၌ ချထားသော လန်ဒန်တံဆိပ် စီးကရက်နှင့် ချိတ်ဆက်သဘောပေါက်မိကြမည်သာ ဖြစ်သည်။ ကျွန်တော်တော့ ထိုသို့ အတွေးပေါက်မိသည်။

ထိုလန်ဒန်မြို့သွင်ပြင်ဖြင့် ရောင်းချမှုကို စီစဉ်ခဲ့သော GT-R နိုက်ကလပ်ကို Frontier က ဆက်သွယ်ခဲ့သော်လည်း ပုံနှိပ်သည်အထိ အဆက်အသွယ် မရခဲ့ပေ။ မစ္စတာ ဘိတ်ကမူ ထိုနိုက်ကလပ် ရှိသည်ကို သူ မသိရှိကြောင်း၊ ဆိုင်က လန်ဒန်မြို့သွင်ပြင်ဖြင့် ရောင်းချနေသည်မှာ မှန်သော်လည်း တခြားနေရာများတွင် ရောင်းချသကဲ့သို့သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်ကမူ ကြော်ငြာကိစ္စမှာ လွန်စွာ လွယ်ကူခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဆေးရွက်ကြီး ထိန်းချုပ်ရေး စာချုပ် မချုပ်ဆိုရသေးခင်ကမူ မစ္စတာ ဘိတ်သည် ဗြိတိသျှ အမေရိကန် ဆေးလိပ်ကုမ္ပဏီတွင် ကြော်ငြာတာဝန်ခံဖြစ်ပြီး မြန်မာနိုင်ငံ၌ ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် စိတ်ကြိုက် ကြော်ငြာခွင့် ရရှိခဲ့သည်။

ယခုမူ အသီးအရွက်နှင့် အသားများ ထည့်ထားသော ဟော့ပေါ့အိုးရှေ့မှာ ထိုင်နေသည့်သူ့ခမြာ “ဟိုအရင်က ခေတ်ကောင်းတွေကဖြင့် အတိတ်မှာ ကျန်ခဲ့ပြီပေါ့ဗျာ” ဟု ညည်းတွားရင်း မှိုင်တွေနေရရှာတော့သည်။

သူ့စကား မှန်ကန်ပါစေဟု မျှော်လင့်ချက်ထားရုံသာ ရှိတော့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.