မောင်တောတိုက်ခိုက်မှုကို သောင်းကျန်းသူအဖွဲ့သစ်က ကြိုးကိုင်ခဲ့ဟု ICG ပြောကြား

မကြာသေးခင်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုများကို မွတ်စလင်သောင်ကျန်းသူ အဖွဲ့သစ်တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်းတင်းမာမာ တုံ့ပြန်မှုက ဆိုးဝါးနေပြီးဖြစ်သော အခြေအနေတစ်ခုကို များစွာပို၍ ဆိုးဝါးသွားစေနိုင်သည့် အန္တရာယ်ရှိနေသည်ဟု အစီရင်ခံစာသစ်တစ်ခုက ဖော်ပြနေသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သစ်သည် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့သည်။ သောင်းကျန်းသူအဖွဲ့သစ်က ၎င်းတို့အဖွဲ့အမည်ကို Harakah al-Yaqin (Faith Movement) ဖြစ်သည် မှည့်ခေါ်ထားကြောင်း International Crisis Group (အိုင်စီဂျီ)က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Myanmar-A New Muslim Insurgency in Rakhine State ဟူသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအဖွဲ့သစ် ဟာရာကားအယ်လ်ယာကင်ကို ဆော်ဒီအာရေးဘီးယားရှိ ရိုဟင်ဂျာ (မြန်မာအစိုးရက ပယ်ချထားသည့်အမည်) လူမျိုး ၂၀ ခန့်က ဦးဆောင်နေကြသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့နှင့် ချိတ်ဆက်မှုရှိသည့်အပြင် အိန္ဒိယနှင့်ပါ ချိတ်ဆက်ဖွယ်ရှိကြောင်း ရခိုင်ပြည်နယ်ရှိ ယင်းအဖွဲ့ဝင် လေးဦး၊ မြန်မာနိုင်ငံပြင်ပမှ နှစ်ဦးတို့နှင့် တွေ့ဆုံမေးမြန်းမှုများအပြင် အခြားအဖွဲ့ဝင်များထံမှ မက်ဆေ့နှင့် ဆက်သွယ်မှုအရ သိရှိရကြောင်း ဖော်ပြသည်။

ရခိုင်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သော အဆိုပါရိုဟင်ဂျာ၂၀ ခန့်သည် ခေတ်သစ် ပျောက်ကြားစစ်ဗျူဟာနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် လေ့ကျင့်သင်တန်းများနှင့် အတွေ့အကြုံတို့ ရရှိထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့၏ သုတေသနပြုလေ့လာမှုက ယင်းအဖွဲ့၏ စည်းရုံး ဖွဲ့စည်းမှုနှင့် ပတ်သက်၍ တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အိုင်စီဂျီက ပြောသည်။

ယင်းအဖွဲ့သစ်က ဆက်တိုက်ထုတ်ပြန်သော ဗီဒီယိုများထဲတွင် အဓိကစကားပြောသူမှာ အတာအူလာ ဆိုသူဖြစ်သည်ဟု သိရပြီး ၎င်းအား အဖွဲ့ထဲတွင် အဘူအမာဂျူနူနီ ဟုလည်း ခေါ်ကြသည်။ ၎င်းကို မြန်မာအစိုးရက ဟာဖစ်တိုဟာဟုလည်း ခေါ်သည်။ ကနဦးတိုက်ခိုက်မှုများအပြီး အစိုးရက ပြောကြားချက်များနှင့် ဆန့်ကျင်နေသည်မှာ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ရာတွင် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(အာအက်စ်အို) ပါဝင်ပတ်သက်သည့် အထောက်အထားမရှိခဲ့ဟု အစီရင်ခံစာက ဆိုသည်။ ထို့အပြင် အာအက်စ်အိုအဖွဲ့မှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကတည်းက ပပျောက်သွားပြီဟုလည်း ထပ်မံဖော်ပြထားသည်။

အတာကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မွေးဖွားခဲ့ပြီး မိသားစုက ဆော်ဒီသို့ ပြောင်းရွှေ့သွားခဲ့ရာမှ မက္ကာမြို့တွင် ကြီးပြင်းခဲ့သူဖြစ်သည်ဟု အိုင်စီဂျီက ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့အကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မကြာမီ ၂၀၁၂ ခုနှစ်တွင် ဆော်ဒီမှ ပျောက်ကွယ်သွားသည်။ ထိုနှစ်က အကြမ်းဖက်မှုတွင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော် အိုးအိမ်ပစ်ကာ ထွက်ပြေးခဲ့ရသည်။

အတာသည် ပါကစ္စတန်တွင် သင်တန်းတက်ခဲ့ပြီး မြေပြင်တွင် စစ်ဆင်ရေးလုပ်နေသည့် အခြားစစ်သွေးကြွများနှင့်အတူရှိနေခဲ့ကာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အပါအဝင် အခြားပဋိပက္ခဖြစ်စဉ်များတွင်လည်း အတွေ့အကြုံများရှိခဲ့သည်ဟု ယူဆရကြောင်း အိုင်စီဂျီက ဆိုသည်။

ဟာရာကာအယ်လ်ယာကင်အဖွဲ့နှင့် နိုင်ငံတကာ ဂျီဟတ်အုပ်စုများကြား ချိတ်ဆက်မှုအချို့ ရှိသော်လည်း ရခိုင်အခြေစိုက် ယင်းအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာဂျီဟတ်က တွန်းအားပေးသော သောင်းကျန်းသူ အဖွဲ့တစ်ခုမဟုတ်ပေ။ သို့သော်လည်း ၎င်းအဖွဲ့သည် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ ခန့်မှန်းခြေ လူဦးရေတစ်သန်းခန့်ရှိသော ရိုဟင်ဂျာများအတွက် အခွင့်အရေးရရှိရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရိုဟင်ဂျာအများစုမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရပြီး ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုဖြစ်ပွားပြီးကတည်းက လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ထိန်းချုပ်ခံထားရသည်။

လမ်းဘေးဗုံးများကဲ့သို့ လက်နက်များအပါအဝင် ဟာရာကာအယ်လ်ယာကင်က အသုံးပြုသော နည်းလမ်းအချို့မှာ အခြားနိုင်ငံများတွင် စစ်ဆင်ရေးများ ပြုလုပ်နေသောအဖွဲ့များနှင့် ချိတ်ဆက်ကာ အတည်ပြု၍ ပြုလုပ်ခဲ့ဟန်ရှိနေသည်။ ထို့အပြင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများကို စစ်ကြောရာမှ တိုက်ခိုက်သူများသည် ယင်းနိုင်ငံနှစ်ခုမှ သင်တန်းများတက်ခဲ့သည်ကို ဖော်ထုတ်ရမိခဲ့သည်ဟု မြန်မာအစိုးရက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုများပြုလုပ်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံအသိုင်းအဝိုင်းထံမှ ထောက်ပံ့မှုအချို့ လိုအပ်မည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

အစွန်းရောက်သည့်သူများ မရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားရခြင်းမှာ နှစ်ပေါင်းများစွာအတွင်း ပေါ်လစီ မအောင်မြင်ခြင်းကို ရောင်ပြန်ဟပ်နေခြင်းဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ရိုဟင်ဂျာတို့မှာ အစ္စလမ်ဘာသာ ရှေးရိုးစွဲပုံစံကို လိုက်နာကြသော်လည်း အများစုက လက်ခံထားသည်မှာ လက်နက်ကိုင်လမ်းစဉ်လိုက်ခြင်းက မြန်မာနိုင်ငံတွင် အခွင့်အရေးများနှင့် အသိအမှတ်ပြုမှုရရှိရေး ၎င်းတို့၏ ရည်မှန်းချက်ကို အထောက်အကူပြုလိမ့်မည်မဟုတ် ဆိုသည့်အချက်ပင်ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သည့်နှစ်ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများကို မဲပေးပိုင်ခွင့်ရုပ်သိမ်းခဲ့ခြင်း၊ အစိုးရသစ်က ၎င်းတို့၏ပြဿနာများကို ဖြေရှင်းပေးရန် စိတ်ဝင်စားမှုမရှိဟု ယူဆနေခြင်းအပြင် ရွှေ့ပြောင်းနေထိုင်သူများအသုံးပြုသော ပင်လယ်လမ်းကြောင်းများကို လွန်ခဲ့သည့်နှစ်တွင် ထိုင်းအာဏာပိုင်များက ပိတ်ဆို့ခဲ့ခြင်းတို့အပါအဝင် အကြောင်းရင်းတချို့ကြောင့် ရိုဟင်ဂျာများကို  စိတ်ပျက်လက်ပျက်ဖြစ်စေပြီး တချို့မှာ လက်နက်ကိုင်လှုပ်ရှားမှုလမ်းစဉ်ကို လိုက်သွားစေခဲ့ခြင်းဖြစ်နိုင်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်နေ့က ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီးတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ အစိုးရက လုံခြုံရေးဆိုင်ရာ နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုကြီးတစ်ခုကို တပ်မတော်က ဆောင်ရွက်နေသည်။ ထိုလှုပ်ရှားမှုကြီးအတွင်း မသင်္ကာသူအနည်းဆုံး ၈၆ ဦးကို သတ်ဖြတ်ခဲ့ကာ ရာပေါင်းများစွာကို ဖမ်းဆီးထားသည်ဟု အစိုးရသတင်းဌာနများက ဖော်ပြခဲ့သည်။

အဆိုပါဒေသသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့ခွင့်နှင့် သတင်းထောက်များ သွားရောက်ခွင့်ကိုလည်း အစိုးရက တားမြစ်ထားပြီး လူပေါင်း ၂၇,၀၀၀ ခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးသွားခဲ့ကြကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မတရား သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှုများနှင့် ကျေးရွာများကို မီးရှို့မှုများ ကျူးလွန်နေကြသည်ဟု စွပ်စွဲမှုများလည်း ပေါ်ထွက်လာသည်။ သို့သော် အစိုးရနှင့် တပ်မတော်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများသည် ၁၉၆၀ ပြည့်နှစ်များတွင် စစ်တပ်က ဖော်ဆောင်ခဲ့သော ဖြတ်လေးဖြတ်ဗျူဟာနှင့် ဆင်တူနေသည်ဟု ICG က ပြောကြားသည်။ ဖြတ်လေးဖြတ်ဗျူဟာမှာ သောင်းကျန်းသူတပ်ဖွဲ့များကို အစားအစာ၊ ငွေကြေး၊ ထောက်လှမ်းရေးသတင်းအချက်အလက်နှင့် လူသစ်စုဆောင်းနိုင်ခြင်းများ မပြုလုပ်နိုင်စေရန် ဖြတ်တောက်ခြင်းဖြစ်သည်။

မတည်မငြိမ်ဖြစ်နေသည့် ပြည်နယ်တွင်းတွင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ပေါ်ပေါက်လာခြင်းသည် အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးမေ ျှာ်မှန်းချက်များအတွက် ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြစ်သည်ဟုလည်း ICG က ပြောကြားသည်။

လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ခြင်းကြောင့် ဒေသခံလူမှုအသိုက်အဝန်းများအကြား စိတ်ဝမ်းကွဲမှုများကို ပိုမိုနက်ရှိုင်းသွားစေနိုင်ပြီး သောင်းကျန်းသူအဖွဲ့အပေါ် ထောက်ခံမှု တိုးပွားလာနိုင်စေကာ အကြမ်းဖက်သံသရာ ပိုမိုဖြစ်ပေါ်လာစေနိုင်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.