ထောက်လှမ်းရေးဟောင်းတစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဦးကိုနီ လုပ်ကြံခံရမှု လမ်းဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ငွေကြေးထောက်ပံ့သူဟု ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည့် ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးကို နောက်ဆုံး ဖမ်းဆီးလိုက်ခြင်းဖြင့် အမှုမှာ လတ်တလော အဆုံးသတ်သွားပြီ ဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရပြီး တလနီးပါးအကြာဖြစ်သည့် ယနေ့တွင် ရန်ကုန်မြို့၊ မူးယစ်ပြတိုက်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ရဲချုပ်ဇော်ဝင်းတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နောက်ဆုံးရ အခြေအနေများကို ရှင်းလင်းခဲ့သည်။

အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးဖမ်းဆီးထားသည့် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်းဖြစ်ပြီး ယခင် ဗဟိုထောက်လှမ်းရေးတပ် (ဗထလ) ဟု ခေါ်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် သတင်းစုဆောင်းရေး အတတ်သင်ကျောင်းဟု နာမည်ပြောင်းခဲ့သည့် ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။

ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာတွင် အငြိမ်းစားပေးခံခဲ့ရပြီး 38 Group ဟု နာမည်ရသည့် ကုမ္ပဏီ အပါအဝင် ကုမ္ပဏီပေါင်းလေးခု တည်ထောင်ထားသူဖြစ်သည်။

၎င်းသည် ဦးကိုနီကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်သူ၊ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မှ နုတ်ထွက်ထားသည့် အောင်ဝင်းခိုင်နှင့်အတူ ကုမ္ပဏီတခုကိုလည်း ၂၀၁၆ ခုနှစ်က ပူးပေါင်းတည်ထောင်ထားပြီး ဇေယျာဖြိုး၏ အမျိုးသမီးဖြစ်သူလည်း ပါဝင်ခဲ့သည်။

ထို့နောက်သည် ရန်ကင်း၊ ကျောက်ကုန်းရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ရဟန်းဝတ်ဖြင့် တိမ်းရှောင်နေခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယခုလ ၈ ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ တဦးတည်းနာမည်ဖြင့် မှတ်ပုံတင် လေးခု တွေ့ရှိရပြီး စကားပြောစက်နှင့်အတူ ဆက်စပ်ပစ္စည်းများလည်း တွေ့ရှိခဲ့ရသည်ဟု ပြည်ထဲရေးက ဆိုသည်။

ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်များအရ လက်ရှိဖမ်းဆီးမိထားသည့် အောင်ဝင်းဇော်ကို စစ်ဆေး မေးမြန်းချက်များမှတဆင့် စတင်ခိုင်းစေသူ ဇေယျာဖြိုးကို သိရှိခဲ့ခြင်းဖြစ်ကာ ယခုလ ၃ ရက်နေ့က ရန်ကင်းတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစွန်းရောက် မျိုးချစ်စိတ်၊ လူငယ်သဘာဝနှင့် ပုဂ္ဂိုလ်ရေးအရ သတ်ခဲ့ခြင်းဟုဆို

ဦးကိုနီလုပ်ကြံခံခဲ့ရခြင်းသည် “အစွန်းရောက် မျိုးချစ်စိတ်ကြောင့်” ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ပြည်ထဲရေးဝန်ကြီး ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

“တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ ဘယ်လိုခေါ်မလဲ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ …………. လုပ်ကြံလိုက်တယ်လို့ အစ်ကိုတို့ ဖော်ထုတ်လို့ရတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ထို့ပြင် ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်သည် “လူမှုကွန်ရက်မှာ တွေ့ရသည့် ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ချက်များအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကြေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှ ကောင်းမယ်” ဟု ပြောဆိုခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။

ဦးကိုနီ၏ နောက်ကွယ်မှ အသိုင်းအဝိုင်းကို ပြည်ထဲရေးဝန်ကြီး ထည့်ပြော

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ဦးကိုနီ လုပ်ကြံခံရမှုနောက်ကွယ်တွင် “[ဦးကိုနီကိုယ်တိုင်]၏ နောက်ကွယ် အသိုင်းအဝိုင်းက” လုပ်ကြံခဲ့သလားဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမတိုင်ခင်က ဦးကိုနီဘာတွေ ပြောခဲ့သလဲ။ အဲဒီပြောခဲ့တဲ့အတိုင်း ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အင်န်အယ်ဒီဟာ အာဏာရသွားတယ်။ အဲ့အချိန်မှာ ဦးကိုနီဟာ သူလုပ်နိုင်မယ့်၊ ရမယ့် အတိုင်းအတာ လုပ်နိုင်လား၊ မလုပ်နိုင်တဲ့အတွက် သူ့ရဲ့ နောက်ကွယ်က အသိုင်းအဝိုင်းတွေက လုပ်ကြံလားဆိုတာလည်း အစ်ကိုတို့ စဉ်းစားရမယ်။ အမျိုးမျိုး… ချိန်ဆရမယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

အောင်ဝင်းခိုင်၏ ထွက်ဆိုချက်ကို စောင့်ရန်သာရှိ

ပြည်ထဲရေး၏ ပြောကြားချက်များကို အချုပ်ဆိုရပါက “အောင်ဝင်းခိုင်ကို ဖမ်းမိမှသာလျှင်” ထပ်မံတွေ့ရှိချက်များနှင့် အခြား ပူးပေါင်းပါဝင်သူများ ထပ်ရှိနိုင်သေးလားဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ “ဆက်လုပ်သွားမှာပေါ့” ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

ယခုအခါ ကြည်လင်းကို ပုဒ်မ ၃၀၁၊ လက်နက်ပုဒ်မ ၁၉ (စ)၊ လဝကဥပဒေ ၁၃ (၁) အရလည်းကောင်း၊ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၁၊ လက်နက်ပုဒ်မ ၁၉ (စ)အရ လည်းကောင်း၊ ဇေယျာဖြိုးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နှင့် ၄၆၈ အရ လည်းကောင်း၊ အောင်ဝင်းခိုင်ကို ပုဒ်မ ၃၀၂ အရလည်းကောင်း အရေးယူ အမှုဖွင့်ထားသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.