ဘုံမြေပေါ်မှ ‘ငြိမ်းချမ်းရေးစံအိမ်’

ကချင်ပြည်နယ် ရှေ့တန်းတနေရာမှ သက်ကယ်တဲလေးပေါ်တွင် ကေအိုင်အေတပ်သားတစ်စုနှင့် မြန်မာ့တပ်မတော်သားတစ်စုတို့သည် ဆယ်စုနှစ်များစွာက အမုန်းတရားများနှင့် သူတို့အထက်အရာရှိများ၏ အမိန့်ကို ဘေးချိတ်ကာ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ စားသောက်နေထိုင်ကြလျက်ရှိသည်။

စာသား – ရဲမွန်၊ ဓာတ်ပုံ – ခွန်လတ်

မြင့်မားသော ကချင်ပြည်နယ်တောင်တန်းများပေါ်တွင် ကေအိုင်အေတပ်နှင့် မြန်မာ့တပ်မတော်မှ ရှေ့တန်းစစ်စခန်းများမှာ တစ်ခုနှင့်တစ်ခု မီတာ ၂၀ ခန့်သာ ကွာဝေးသည်။ ထိုစစ်စခန်း နှစ်ခုအကြားတွင် ဖြစ်သလိုဆောက်ထားသော သက်ကယ်တဲလေး တစ်တဲရှိသည်။

တဖက်နှင့်တဖက် စစ်ပြုနေကြသော စစ်တပ်နှစ်ခုမှ စစ်သားများသည် ထိုတဲလေးသို့လာကာ သူငယ်ချင်းအပေါင်းအသင်းများသဖွယ် စကားစမြည် ပြောလေ့ရှိကြသည်။

တောင်ရိုးတစ်ခုပေါ်မှ ဤသက်ကယ်တဲလေးသည် နှစ်ဖက်စစ်စခန်း၏ အလယ်တွင်ရှိရာ ရှည်ကြာလှစွာသော ပြည်တွင်းစစ်မှ ဆန့်ကျင်တိုက်ခိုက်နေကြသည့် စစ်သားများအတွက် ချစ်ခင်နွေးထွေးသော ကွန်းခိုရာဖြစ်နေပေသည်။ ထိုတောင်တန်းပေါ်မှ လူများကတော့ ယင်းသက်ကယ်တဲလေးကို “ငြိမ်းချမ်းရေးစံအိမ်” ဟု ခေါ်ဝေါ်သမုတ်ထားကြသည်။

“ကျွန်တော်တို့ သေနတ်ပစ်လိုက်ရင် ပြောင်းဝက ကျည်ဆန်တွေ ထွက်လာတာ မမြင်ချင်ပါဘူး။ ကျည်ဆန်တွေအစား အဖြူရောင်နှင်းဆီတွေ ထွက်လာတာပဲ မြင်ချင်ပါတယ်” ဟု ကေအိုင်အေဗိုလ်ကြီး လာခမ်းက တဲလေးထဲကနေပြီး တစ်ဖက်က တပ်မတော်စစ်စခန်းကို လှမ်းမျှော်ကြည့်ရင်း နားလည်ရခက်သည့် စကားကို ပြောပါသည်။

“သူတို့ (တပ်မတော်သားများ) က ပြောတယ်၊ အဖြူရောင်နှင်းဆီတွေဟာ ငြိမ်းချမ်းရေးလက္ခဏာပါတဲ့” ဟု ဗိုလ်ကြီးလာခမ်းက ဝေးကွာလှမ်းသည့် တောင်ပေါ်စစ်စခန်းလေးတစ်ခုမှာ ပြောပြနေပါသည်။

ဤနေရာလေးမှာ မြစ်ကြီးနား၏ အရှေ့မြောက် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ချီဖွေမြို့နယ်ထဲမှာတည်ရှိကာ တရုတ်ပြည်နယ်နိမိတ်နှင့် နီးကပ်စွာရှိပါသည်။ တဘက်စစ်စခန်းရှိ တပ်မတော်သားများသည် ဗမာလူမျိုးအများစုဖြစ်ရာ သူတို့အိမ်နှင့် မိသားစုမှာ အလွန်ဝေးကွာသည့်နေရာတွင် ရှိနေကြပါသည်။

“တခါတလေ သူတို့မိသားစုတွေအကြောင်း ပြောပြကြတယ်။ သူတို့ဇနီး၊ သားသမီးတွေကို လွမ်းကြောင်းလည်း ပြောပြတယ်။ သူတို့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ဗိုလ်ကြီးလာခမ်းက ဇွန်လ ၁၃ ရက်က Frontier ကို ပြောပြသည်။

ကေအိုင်အေနှင့် တပ်မတော်ရဲဘော် နှစ်ဦး ငြိမ်းချမ်းရေးစံအိမ်ထဲ၌ထိုင်နေကြစဉ်(အပေါ်ဆုံးပုံ)။ ကေအိုင်အေစခန်းရှိ မှန်ပြောင်းမှတဆင့် တပ်မတော်သားများအား တွေ့ရစဉ်(အောက် ဝဲ)။ ပြီးခဲ့သည့်ဆောင်းတွင်းက မောင့်ဇိအုန်ပေါ်၌ ဖုန်းကင်မရာဖြင့်မှတ်တမ်းတင်ထားသော ကေအိုင်အေနှင့် တ

ကေအိုင်အေနှင့် တပ်မတော်ရဲဘော် နှစ်ဦး ငြိမ်းချမ်းရေးစံအိမ်ထဲ၌ထိုင်နေကြစဉ်(အပေါ်ဆုံးပုံ)။ ကေအိုင်အေစခန်းရှိ မှန်ပြောင်းမှတဆင့် တပ်မတော်သားများအား တွေ့ရစဉ်(အောက် ဝဲ)။ ပြီးခဲ့သည့်ဆောင်းတွင်းက မောင့်ဇိအုန်ပေါ်၌ ဖုန်းကင်မရာဖြင့်မှတ်တမ်းတင်ထားသော ကေအိုင်အေနှင့် တ

တောင်ထိပ်ပေါ်က ဒီတောင်ကုန်းကို သမ္မာကျမ်းစာထဲက တောင်နာမည်ကိုယူပြီး ‘မောင့်ဇိအုန်’ Mt Zion ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် Kachin Baptist Convention က ၂၀၁၂ ခုနှစ်တွင် နာမည်ပေးခဲ့သည်။ ဤတောင်ထိပ်ပေါ်၌ ရန်သူတော် နှစ်ဖက်တပ်ဖွဲ့မှ စစ်သားများ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြသည်ကို မြင်တွေ့ရသည်မှာ ကိုယ့်မျက်စိကိုပင် ယုံနိုင်စရာ မရှိပေ။ သူတို့နှစ်ဖွဲ့ အတူစားကြသည်။ အတူသောက်ကြသည်။ တခါတရံ အပြာရုပ်ရှင်တွေကို အတူကြည့်ကြသည်။

မောင့်ဇိအုန်ရှေ့တန်းစခန်းသည် ကေအိုင်အေ တပ်မဟာ (၇) ၏ထိန်းချုပ်နယ်မြေထဲတွင်ရှိပြီး ကေအိုင်အေ တပ်မဟာဌာနချုပ်မှာ ထိုစခန်းမှ နှစ်နာရီခန့် တောင်ကြောအတိုင်း လျှောက်သွားရသည်။ ယင်းဌာနချုပ်မှ နာရီဝက်ခန့် ကားမောင်းသွားရသည့်နေရာ၌ အပြာရောင်အမိုးများ မိုးထားသော တဲများရှိရာ စစ်ရှောင်စခန်းရှိသည်။

၁၉၉၄ ခုနှစ်က ရရှိထားခဲ့သော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီး နောက်တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြသော အရပ်သား စစ်ပြေးဒုက္ခသည် ၉၀၀ ခန့်ကိုထားရှိရာ စစ်ရှောင်စခန်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အပစ်ရပ်ရေး ပျက်ပြားသွားသောအခါ ဤဒေသမှာ တပ်မတော်နှင့် မဟာမိတ် နယ်ခြားစောင့်တပ် လက်အောက်သို့ ကျရောက်သွားသည်။ ထိုတပ်ကို ယခင်က ကချင် ဒီမိုကရေစီသစ်တပ်ဖွဲ့ New Democratic Army-Kachin (NDA-K) ဟု ခေါ်သည်။ ၂၀၁၃ ခုနှစ်တွင် ကေအိုင်အေက NDA-K ကို ထိုဒေသမှ မောင်းထုတ်လိုက်ရာ NDA-K သည် ချီဖွေ၏ မြို့နယ်ခွဲတစ်ခုဖြစ်သော ပန်ဝါနယ်ထဲသို့ ဆုတ်ခွာသွားသည်။

မောင့်ဇိအုန်ကို ကေအိုင်အေသိမ်းပိုက်ပြီးနောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ခါလမ်ဆမ်ဆန် Reverend Hkalam Samson သည် မောင့်ဇိအုန်သို့သွားကာ စစ်သားများနှင့်အတူ ဝတ်ပြုဆုတောင်းခဲ့သည်။ ထိုအချိန်မှစ၍ မောင့်ဇိအုန်၌ တိုက်ခိုက်မှုများ မမြင်တွေ့ရတော့ပေ။

ကေအိုင်အေ တပ်မဟာ (၇) ၏ ပမာဏကို ကေအိုင်အေအရာရှိများက Frontier ကို ထုတ်မပြောသော်လည်း တပ်မဟာ (၇) သည် ကေအိုင်အေတပ်ဖွဲ့များတွင် အသေးငယ်ဆုံးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပုံရပြီး တပ်မဟာ (၁) နှင့် (၂) တို့မှ တပ်သား ၁၀၀ စီ အလှည့်ကျ အားဖြည့်ပေးနေရသည်။ မောင့်ဇိအုန်ပေါ်သို့ Frontier သွားရောက်လည်ပတ်စဉ်က တပ်မဟာ (၁) မှ တပ်သား ၅၀ က မောင့်ဇိအုန်ရှေ့တန်းစခန်းကို တာဝန်ယူလျက်ရှိသည်။ ပုံမှန်အားဖြင့် တပ်မဟာ (၁) သည် ဝေးလံသော ကချင်မြောက်ပိုင်း ပူတာအိုတွင် တပ်စွဲထားသော တပ်ဖြစ်သည်။

တပ်မတော်သားများက ကေအိုင်အေရဲဘော်များအား လက်ဆောင်ပေးသည့်အစားအစာများ(ပေါ် ဝဲ)။ ကေအိုင်ရဲဘော် ဆံပင်ညှပ်နေစဉ်(လယ် ဝဲ)။ ကေအိုင်အေရဲဘော် တစ်ဦးက သူ့ရိုင်ဖယ်ကို တိုက်ချွတ်သန့်စင်နေစဉ်(ယာ)။ ကေအိုင်အေဗိုလ်ချုပ်နော်မိုင်းက တပ်မတော်သားများအား အစည်းအဝေးတက်ရန်လှမ်းခေါ်ေ

တပ်မတော်သားများက ကေအိုင်အေရဲဘော်များအား လက်ဆောင်ပေးသည့်အစားအစာများ(ပေါ် ဝဲ)။ ကေအိုင်ရဲဘော် ဆံပင်ညှပ်နေစဉ်(လယ် ဝဲ)။ ကေအိုင်အေရဲဘော် တစ်ဦးက သူ့ရိုင်ဖယ်ကို တိုက်ချွတ်သန့်စင်နေစဉ်(ယာ)။ ကေအိုင်အေဗိုလ်ချုပ်နော်မိုင်းက တပ်မတော်သားများအား အစည်းအဝေးတက်ရန်လှမ်းခေါ်ေ

Frontier ရောက်ရှိနေစဉ်မှာပင် တပ်မတော်မှ ဗမာစစ်သားများသည် ကေအိုင်အေတပ်သားများထံမှ အရက်ကို တရုတ်ပိုက်ဆံ ငွေစက္ကူဖြင့် ဝယ်နေကြသည်ကို မြင်တွေ့ရသည်။ ကေအိုင်အေတပ်မဟာ (၁)မှ အတွင်းရေးမှူး ဗိုလ်မှူးမင်ဇိုင်းဇီခေါင် Major Minzai Ze Hkawng က တပ်မတော်သို့ ရောင်းလိုက်သောအရက်နှင့် အစားအသောက်များကို တောင်အောက်ရှိဈေးဆိုင်မှ ဝယ်ယူလာခဲ့ခြင်းဖြစ်သည်ဟု Frontier ကိုပြောပြသည်။ ယခုရောင်းနေသည်ကို မျက်မြင်ဖြစ်သည့်တိုင် ဝေမျှစားသောက်ကြသည်သာများကြောင်း ကချင် ကေအိုင်အေဗိုလ်မှူးက ပြောပြပါသည်။

“ကျွန်တော်တို့က မြန်မာစစ်သားတွေကို အရက်နဲ့ အစားအစာတွေ ဝေမျှပေးကြရတယ်၊ သူတို့ဆီပို့တဲ့ ထောက်ပံ့ရေးတွေက အမြဲနောက်ကျနေတတ်တယ်” ဟု ပြောပါသည်။ ကေအိုင်အေဗိုလ်မှူးက သူတို့ မြန်မာစစ်သားများနှင့် ဝေမျှလဲလှယ် စားသောက်နေသည်ကို ကေအိုင်အေအထက်အရာရှိများက သိရှိကြသော်လည်း မြန်မာစစ်သားများနှင့် အဆက်အဆံမလုပ်ရန် ခင်ခင်မင်မင်မနေကြရန် ဘယ်တုန်းကမျှ အမိန့်မပေးဖူးကြောင်း ပြောသည်။

အစားအစာ ဝေမျှစားကြသည်ကတော့ အပြန်အလှန်ပင်ဖြစ်ပုံရပါသည်။ မောင့်ဇိအုန်၌ Frontier ရှိနေစဉ် တပ်မတော်မှ ထောက်ပံ့ရေးရာရှင် ရောက်လာချိန်နှင့် တိုက်ဆိုင်နေပါသည်။ တပ်မတော်သားတို့က သူတို့ရရှိသော စားစရာများကို ကေအိုင်အေတပ်သားတို့ထံ ဝေမျှပေးနေသည်ကို မြင်တွေ့ရပါသည်။ တပ်မတော်ပိုင်စက်ရုံထုတ် အသင့်ဖျော်လက်ဖက်ရည်ထုပ်တို့ကိုလည်း ကေအိုင်အေတပ်သားများအား ဝေမျှပေးကြပါသည်။

တပ်မတော်သားများက ကေအိုင်အေတို့အား ကျည်ဆန် ၁၀ တောင့်ပေးလိုက်ပါသည်။ တောကောင် အမဲလိုက်ရန်ဖြစ်ပြီး ရလာသောသားကောင်ကိုလည်း သူတို့အား မျှဝေပေးရန်ဟု နားလည်ရပါသည်။

အင်န်စီအေလက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် လက်ပွန်းတတီး ဆက်ဆံခြင်းကို တပ်မတော်က ယင်း၏တပ်ဖွဲ့ဝင်များအား ခွင့်ပြုမထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၄ ရက်က Frontier ကို ဖုန်းဖြင့်ပြောကြားခဲ့သည်။ ထို့အပြင် ကျည်ဆန်များမျှဝေသုံးစွဲခြင်းကိုလည်း တားမြစ်ထားသည်ဟု ၎င်းကထပ်မံပြောကြားသည်။

ကေအိုင်အေရဲဘော်များအား စစ်သားများက လက်ဆောင်ပေးသည့် တီးမစ်ထုပ်များ(ပေါ် ဝဲ)။ ကေအိုင်အေရဲဘော်များ ပစ်လာပြီး တပ်မတော်သားများအား ကျပ် ၁၀,၀၀၀ ဖြင့်ရောင်းလိုက်သည့် လင်းနို့ကြီး(ပေါ် ဝဲ)။ ဓာတ်ပုံ - ခွန်လတ်

ကေအိုင်အေရဲဘော်များအား စစ်သားများက လက်ဆောင်ပေးသည့် တီးမစ်ထုပ်များ(ပေါ် ဝဲ)။ ကေအိုင်အေရဲဘော်များ ပစ်လာပြီး တပ်မတော်သားများအား ကျပ် ၁၀,၀၀၀ ဖြင့်ရောင်းလိုက်သည့် လင်းနို့ကြီး(ပေါ် ဝဲ)။ ဓာတ်ပုံ – ခွန်လတ်

လွန်ခဲ့သည့်နှစ်က တပ်မတော်၏ထိုးစစ်များကြောင့် အင်န်စီအေလက်မှတ်မထိုးရသေးသည့် ကေအိုင်အေသည် ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း စစ်တိုင်းများ၌ တဘက်သတ်အပစ်ရပ်ကြောင်း ကျေညာပြီးကတည်းက တိုက်ခိုက်မှုများ ငြိမ်သက်နေသည်။ ကေအိုင်အေက အင်န်စီအေတွင် လက်မှတ်ရေးထိုးရေး စေ့စပ်ညိနှိုင်းမှုများကို အထောက်အကူပြုနိုင်စေရန် အကြောင်းပြုလျက် အပစ်ရပ်စဲမှုကို သြဂုတ်လ ၃၁ ရက်ထိ သက်တမ်းတိုးခဲ့သည်။

“ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တချို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူရှိတာ ကျွန်တော်တို့ သိပါတယ်။ ဒါက စည်းကမ်းနဲ့တော့ မညီပါဘူး။ ဒီလိုမလုပ်ဖို့တော့ ကျွန်တော်တို့ သူတို့ကို မပြောပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဇိအုန်တောင်ပေါ်သို့ ပို့ခံထားရသည့် တပ်မတော်စစ်သားများကို ယင်းတောင်ပေါ်ရှိ ကေအိုင်အေက ကူညီခဲ့ခြင်းမှာ ၎င်းတို့အား ရန်သူအဖြစ် မမှတ်ယူခြင်းကြောင့်ဖြစ်ကြောင်း ကေအိုင်အေဗိုလ်ကြီးလာခမ်းက ပြောသည်။

ကူညီမှုများတွင် ဆောင်းလများ၌ ခိုက်ခိုက်တုန်အောင်ချမ်းသော ဇိအုန်တောင်ပေါ်တွင် ရာသီဥတုနှင့် ပိုမိုကိုက်ညီသော  ကေအိုင်အေယူနီဖောင်းများ ဖြည့်ဆည်းပေးရန် တပ်မတော်မှ မေတ္တာရပ်ခံမှုများ ပါဝင်သည်ဟု ၎င်းကပြောသည်။

သို့သော်လည်း ရန်သူအား ယူနီဖောင်းများပေးခြင်းကို ၎င်း၏တပ်ဖွဲ့ဝင်များအား တားမြစ်ပိတ်ပင်ထားပြီး ယင်းကိစ္စကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက Frontier ကို ဇွန် ၂၄ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေအတွက် တိကျတဲ့စည်းမျဉ်း ထုတ်မထားပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးလုပ်တာကိုတော့ ခွင့်မပြုပါဘူး” ဟု၎င်းကဆိုသည်။

တနေ့နေ့တွင် တိုက်ခိုက်မှုပြန်စရန် ကေအိုင်အေဌာနချုပ်က အမိန့်ပေးလာမည်ကို ဇိအုန်တောင်ရှိ တပ်စခန်းမှ ကေအိုင်အေတပ်ဖွဲ့ဝင်များ စိုးရိမ်လျက်ရှိသည်။ ယင်းသို့အမိန့်ပေးပါက ယင်းတပ်ဖွဲ့ဝင်များက လေထဲသို့သာ ပစ်ခတ်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရခြင်းမှာ နောက်ထပ်ပဋိပက္ခဖြစ်မှာကို မလိုလား၍ဖြစ်ကြောင်း ဗိုလ်ကြီးလာခမ်းက ပြောသည်။ သို့ရာတွင် တပ်မတော်ဘက်ကစ၍ တိုက်ခိုက်လာပါကမူ ပြန်လည်ပစ်ခတ်မည်ဖြစ်ကြောင်း ၎င်းကအလေးအနက်ပြောသည်။

“မြန်မာစစ်တပ်ဘက်က စပစ်ရင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ စခန်းကို ကာကွယ်မှာပါ” ဟု ၎င်းကဆိုသည်။ တပ်မတော်က စပစ်ပါက အထက်အမိန့်ကို စောင့်စရာမလိုဘဲ ပြန်လည်ပစ်ခတ်နိုင်သည်ဟု ကေအိုင်အေဌာနချုပ်က အမိန့်ထုတ်ထားပြီးဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းတပ်စခန်းအတွက် ကေအိုင်အေတပ်ဖွဲ့ဝင်များစွာ အသက်ပေးထားပြီးဖြစ်သောကြောင့်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဇိအုန်တောင်ပေါ်မှ ကေအိုင်အေရဲဘော်က မီတာ ၂၀ သာဝေးသော တပ်မတော်စစ်စခန်းကို မှန်ပြောင်းဖြင့် ထောက်လှမ်းနေစဉ်(ပေါ်)။ ရေခဲနေသော ချောင်းထဲမှရေကိုခပ်ယူလာသည့် ကေအိုင်အေရဲဘော်တစ်ဦး(အောက် ဝဲ)။ မောင့်ဇိအုန်ပေါ်သို့ ထင်းသယ်လာစဉ်(အောက် ယာ)။ ဓာတ်ပုံ - ခွန်လတ်

ဇိအုန်တောင်ပေါ်မှ ကေအိုင်အေရဲဘော်က မီတာ ၂၀ သာဝေးသော တပ်မတော်စစ်စခန်းကို မှန်ပြောင်းဖြင့် ထောက်လှမ်းနေစဉ်(ပေါ်)။ ရေခဲနေသော ချောင်းထဲမှရေကိုခပ်ယူလာသည့် ကေအိုင်အေရဲဘော်တစ်ဦး(အောက် ဝဲ)။ မောင့်ဇိအုန်ပေါ်သို့ ထင်းသယ်လာစဉ်(အောက် ယာ)။ ဓာတ်ပုံ – ခွန်လတ်

ဇိအုန်တောင်ပေါ်တွင် စစ်သားများအတွက် နေထိုင်ရသည့်အခြေအနေမှာ လွန်စွာခက်ခဲကြမ်းတမ်းလှသည်။ ယင်းနေရာ၌ လျှပ်စစ်မီးမရှိသလို မိုဘိုင်းဖုန်းကွန်ရက်လည်းမမိပေ။ စစ်သားများမှာ မိုးရာသီတွင် ပုံမှန်မိုးသည်းထန်မှုနှင့် ဆောင်းရာသီတွင် နှင်းများအလွန်အမင်းကျသည့်ဒဏ်ကို ကြံ့ကြံ့ခံနေရသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များသည်လည်း ရာသီဥတုလည်းမပြင်းထန်၊ မိုဘိုင်းဖုန်းလည်းမိသော ပူတာအိုကို လွမ်းကြောင်း ဇိအုန်တောင်ပေါ်၌ တပ်စွဲထားသော ကေအိုင်အေ တပ်မဟာ (၁) တပ်ဖွဲ့ဝင်များက Frontier ကို ပြောသည်။

“ကျွန်တော်တို့ရဲ့ တပ်မဟာအခြေစိုက်စခန်းကို ပြန်ချင်တယ်။ ဒီမှာက ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ် မရဘူး။ အထီးကျန်တယ်” ဟု အမည်မဖော်လိုသည့် တပ်မဟာ (၁)မှ စစ်သားတစ်ဦးက ပြောသည်။

အသက် ၂၃ နှစ်အရွယ် ကေအိုင်အေတပ်သား မိုင်းမိုင်ကလည်း ရည်းစားဖြစ်သူနှင့် တွေ့ချင်လှသဖြင့် ပူတာအိုကိုပြန်နိုင်ရန် မျှော်လင့်နေကြောင်း ဇိအုန်တောင်၌ ခြောက်လကြာတာဝန်ကို စတင်ထမ်းဆောင်နေသည့် ၎င်းကပြောသည်။

“ကျွန်တော် သူ့ကိုအရမ်းလွမ်းပါတယ်။ အခု သူက တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ စာတွေကျက်နေပါတယ်” ဟု ၎င်းကပြောသည်။

ကေအိုင်အေတပ်မဟာ ၇ တွင် အခြားတပ်မဟာများမှ အင်အားဖြည့်တင်းရန်လိုအပ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းထိန်းချုပ်မှုဧရိယာအတွင်း ဖရဲရွာတစ်ရွာသာရှိပြီး လုံလောက်သည့် တပ်သားသစ်စုဆောင်းရန် ခက်ခဲသောကြောင့်ဖြစ်ကြောင်း ဗိုလ်မှူးမင်ဇိုင်းဇီခေါင်က ပြောသည်။

ပဋိပက္ခကြောင့် ဖရဲရွာတွင် နေထိုင်သူအားလုံးမှာ ၂၀၁၂ ကပင် ထွက်ပြေးခဲ့ကြပြီး တပ်မဟာဌာနချုပ်များနှင့် နီးသော စစ်ရှောင်စခန်းများတွင် နေထိုင်နေခဲ့ကြသည်။ သို့သော်လည်း တပ်မဟာ (၇) သည် ထိုစခန်းများတွင် လူသစ်စုဆောင်းရန် ရည်ရွယ်ချက်မရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းသို့ပြုလုပ်ခြင်းမှာ တရားမျှတမှုမရှိသောကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဓာတ်ပုံ - ခွန်လတ်

ဓာတ်ပုံ – ခွန်လတ်

မိတ်ဖက်ဆက်ဆံရေးများကြောင့် ကေအိုင်အေနှင့် တပ်မတော်သည် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို အရေးယူမည်မဟုတ်ဟု မျှော်လင့်ကြောင်း ကချင်လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုလွမ်ဇောင်ကပြောသည်။

“ရှေ့တန်းက တပ်ဖွဲ့ဝင်တွေက မတိုက်ချင်ကြပါဘူး။ တခြားနေရာတွေမှာလည်း နောက်ထပ်ချစ်ကြည်ရေး လိုလားမှုကိုပြသခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမှာပါ” ဟုလည်း ၎င်းကပြောသည်။

တပ်မတော်၏ တဘက်သတ် အပစ်ရပ်လုပ်ငန်းစဉ်ကို ၂၀၁၉ ထိတိုင်ဆောင်ရွက်လာခဲ့သော်လည်း ၂၀၁၆ က အာဏာရလာခဲ့သည့် အင်န်အယ်လ်ဒီအစိုးရလက်ထက် တန့်နေခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် များစွာမျှော်လင့်နိုင်သည့်နေရာဟူ၍ မတွေ့ရသေးပေ။

သို့တစေ ဇိအုန်တောင်ပေါ်၌မူကား ဆယ်စုနှစ်များစွာ စစ်ဖြစ်နေခဲ့သည့် ဘက်အသီးသီးမှ တိုက်ခိုက်ရေးသမားများသည် ၂၀၁၃ နောက်ပိုင်း ငြိမ်းချမ်းမှုရသကို ခံစားနေရပြီဖြစ်သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တပ်မတော်သား(ယာ) နှင့် ကေအိုင်အေရဲဘော်တို့ နှစ်ဦးသည် ဇိအုန်တောင်ပေါ်၌ သူတို့နှစ်ဖွဲ့ အတူဆောက်ထားသည့် ငြိမ်းချမ်းရေးစံအိမ်ဆိုသောတဲငယ်ထဲဝယ် ဇန်နဝါရီ ၂၄ ရက်က သီချင်းဗီဒီယို နားဆင်နေကြစဉ်။ ဓာတ်ပုံ – ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.