ဖန်တီးရာ၏ ဒုတိယမြောက် Accelerator အစီအစဉ်အတွက် Startup ၇ ခု ရွေးချယ်

မြန်မာနိုင်ငံ၏ ပထမဆုံး နည်းပညာ Accelerator ဖြစ်သော ဖန်တီးရာ Accelerator ၏ ဒုတိယအကြိမ်မြောက် Accelerator အစီအစဉ်ကို ယခုလအတွင်း စတင်မည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့မှ  Startup ၇ ခု ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ နည်းပညာနှင့် Startup အသိုင်းအဝန်းကို အရှိန်မြှင့်တင်ပေးရန် ရည်ရွယ်ထားသည့် ဒုတိယမြောက် Accelerator သည် အောင်မြင်စွာ ပြီးစီးခဲ့သည့် Accelerator အမှတ်စဉ် ၁ ၏ အောင်မြင်မှုကို ဆက်ခံမည်ဖြစ်သည်ဟု ဖန်တီးရာက အောက်တိုဘာ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် တိုးတက်ပြောင်းလဲမှုကို အကူအညီ အထောက်အပံ့ပေးနိုင်တဲ့ လုပ်ငန်းတွေမှာ ဖန်တီးရာက အမြဲတန်း ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပါတယ်။ အမှတ်စဉ် ၂ မှာ startup တွေ သူတို့ စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်စေဖို့ လိုအပ်တဲ့ ငွေကြေး၊ ကျွမ်းကျင်မှုနဲ့ ချိတ်ဆက်မှုအပိုင်းတွေမှာ ကူညီပေးမှာ ဖြစ်ပါတယ်။ ဖန်တီးရာ Accerator က မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှှု နယ်ပယ်မှာ ရင်းနှီးမြုပ်နှံမှု အကောင်းဆုံး ဖြစ်ပါတယ်လို့ ဂုဏ်ယူစွာနဲ့ ပြောနိုင်ပါတယ်” ဟု ဖန်တီးရာ၏ အမှုဆောင်အရာရှိချုပ် Mr. Jes Kaliebe Petersen က ပြောကြားသည်။

Accelerator အမှတ်စဉ် ၂ သည် ဖန်တီးရာ Accelerator အတွက် အရေးပါသော မှတ်တိုင်သစ်တစ်ခု ဖြစ်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်နှစ်က ပြုလုပ်ခဲ့သည့် Accelerator နည်းတူ ဖန်တီးရာ Accelerator သည် မြန်မာနိုင်ငံရှိ အလားအလာ အကောင်းဆုံး Startup များကို ငွေကြေး ဒေါ်လာ ၂၅,၀၀၀ ၊ ပူးပေါင်းပါဝင်ထားသည့် လုပ်ငန်းများထံမှ ဒေါ်လာ ၂၀၀,၀၀၀ ကျော်တန်ဖိုးရှိမည့် ဝန်ဆောင်မှုများ၊ ဖန်တီးရာတွင် ရုံးခန်းအတွက်နေရာ၊ ပြည်တွင်းပြည်ပ Mentor ပေါင်း ၄၀ ကျော်က ခြောက်လကြာ နည်းပြပေးမည့်အစီအစဉ်အပြင် ရင်းနှီးမြုပ်နှံသူများနှင့် တွေ့ဆုံခွင့်ရရှိမည့် အခွင့်အရေးများလည်း ပါဝင်သည်ဟုဆိုသည်။

ယခင်နှစ်က အမှတ်စဉ် ၁ တွင် Chate Sat (chatesat.com)၊ White Merak (whitemerakcomics.com) ၊ EzStay (ezstay.com.mm) နှင့် GoP (goptour.com) တို့ ပါဝင်ခဲ့ပြီး နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများနှင့် အသိအမှတ်ပြုခြင်းများ ခံရသည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်ဟု ဖန်တီးရာက ပြောကြားသည်။

“ဒီနှစ်မှာ အရင်နှစ်ထက် နှစ်ဆပိုများတဲ့ Startup အရေအတွက်တွေ ရင်းနှီးမြပ်နှံနိုင်ခဲ့ပါတယ်။ Startup ပေါင်း ၇ ခု ရှိတဲ့ထဲမှာ မန္တလေးမြို့က Startup ၂ ခုနဲ့ ရန်ကုန်က Startup ၅ ခု ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ နည်းပညာ Startup တွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြဖို့ ပြည်တွင်းကော၊ ပြည်ပကလူတွေပါ စိတ်ပါဝင်စားနေကြပါတယ်။ မြန်မာနိုင်ငံမှာ Startup တစ်ခု စတင်လုပ်ကိုင်ဖို့ အကောင်းဆုံးအချိန် ရောက်နေပါပြီ”ဟု Mr. Jes Kaliebe Petersen က ဆက်လက်ပြောကြားသည်။

ယခုနှစ်တွင် ကုန်စည်ပို့ဆောင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ ဖျော်ဖြေရေးနှင့် စွန့်ပြစ်ပစ္စည်းများအား ပြန်လည်သန့်စင်သည့် လုပ်ငန်များပါဝင်သည်။ တည်ထောင်သူအားလုံးသည် မြန်မာနိုင်ငံမှ ဖြစ်ကြပြီး ၄ ခုတွင် အမျိုးသမီးများက CEO များအဖြစ် ဦးဆောင်ကြမည်ဖြစ်သည်။

မန္တလေးမြို့တွင် အခြေစိုက်သော Startup ၂ ခုသည် ဖန်တီးရာ Accelerator တွင်ပါဝင်ရန် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းမည်ဖြစ်သည်။

“နည်းပညာ Startup တွေကို ကြိုဆိုပြီး သူတို့နဲ့အတူတူ လက်တွဲလုပ်ကိုင်ဖို့ အင်မတန်မှ စိတ်အားထက်သန် နေပါတယ်။ အခုအမှတ်စဉ် ၂ မှာ ပါဝင်တဲ့ အသင်းတွေရဲ့ ထူးချွန်ထက်မြက်မှုတွေနဲ့ သူတို့ရဲ့ ကြိုးစားမှုတွေပေါ်မှာ ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု ဖန်တီးရာ၏ Accelerator Director ဖြစ်သူ Mr. João Dutra က ပြောကြားသည်။

Accelerator အမှတ်စဉ် ၂ အတွက်  ပဏာမရွေးချယ်ထားသော နည်းပညာလုပ်ငန်းပေါင်း ၄၈ ခု ထဲမှ Startup ၇ ခုကို အကဲဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

အကဲဖြတ်အဖွဲ့တွင် တစ်ဦးအဖြစ်ပါဝင်သည့် 500 Startups ၏ General Partner ဖြစ်သူ Vishal Harnal က “ဖန်တီးရာ  Accelerator မှာ ရှိတဲ့ Startup တွေက မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် တိုးတက်ပြောင်းလဲမှုကို ကူညီပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။  အဲတာတွေကြောင့် သူတို့တွေအပေါ်မှာ ရင်းနှီးမြုပ်နှံလိုသူတွေ သတိထားမိလာကြတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး” ဟု ပြောကြားသည်။

Startup များသည်  ရန်ကုန်မြို့လယ်ခေါင်တွင် တည်ရှိသည့် ဖန်တီးရာ နေရာအသစ်တွင် ၎င်းတို့၏ လုပ်ငန်းများကို လုပ်ကိုင်ကြမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို အောက်တိုဘာလမှ မတ်လအထိ ပြုလုပ်မည့်ဖြစ်ပြီး နောက်ဆုံးတွင် Startup နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြုပ်နှံသူများ ကို တင်ဆက်ပြသမည့်  Demo Day ကို ကျင်းပမည်ဖြစ်ပါသည်။

ယခုနှစ်အတွက် ရွေးချယ်ခံခဲ့ရသည့် Startup ၇ ခု

Amazing Express

Amazing Express သည် ပစ္စည်းပို့ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး  အားလပ်ချိန်များတွင် ဝင်ငွေအသစ် ရရှိရန် ပစ္စည်းများကို သယ်ဆောင်လိုသည့် လူများနှင့် ပစ္စည်းများကို ပို့ဆောင်လိုသည့် ဆိုင်များနှင့် ကုမ္ပဏီများကို ချိတ်ဆက်ပေးသည့် လုပ်ငန်းဖြစ်သည်။

တည်ထောင်သူများ – ချိုနွယ်ဇင်၊ အောင်ပြည့်ဖြိုး၊ ခိုင်လင်း၊ ထွန်းထွန်းဝင်း

Kone Si

Kone Si သည် မြန်မာနိုင်ငံရဲ့ကုန်စည်ပို့ဆောင်မှုလုပ်ငန်းတွင် ကုန်ပို့လိုသူနှင့် ကုန်ကားရှိသူတို့ကြား ချိတ်ဆက်ပေးမည့် နည်းပညာဝန်ဆောင်မှုဖြစ်သည်။ 

တည်ထောင်သူများ – ဇာဖြူတင့်လွင်၊ စိုးပြည့်အောင်၊ လဲ့လဲ့ဖြိုးအိ

MMTutor

MMTutor သည် O2O (online to offline) လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားများ၊ မိဘများအနေဖြင့် တီထွင်ဆန်းသစ်ထားသည့် Digital Review စနစ်ဖြင့် အရည်အချင်းပြည့်မှီသည့် သင်ထောက်ကူ ဆရာ၊ ဆရာမ (Tutor) များကို ရှာဖွေပေးသည့် လုပ်ငန်းဖြစ်ပါသည်။

တည်ထောင်သူများ- ဖူးပွင့်အိမ်၊ ဖြိုးဝေယံဝင်းရွှေ၊ ဝေဖြိုးအောင်

Beluva

Beluva သည် တေးသီချင်းများကို Stream လုပ်ပေးသည့် လုပ်ငန်းဖြစ်ပြီး ပဉ္စသိခကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပါသည်။ လစဉ်ကြေးပေးသွင်းရုံဖြင့် မြန်မာသီချင်းများကို နေရာအချိန်မရွေးပဲ နားထောင်နိုင်အောင်   ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

တည်ထောင်သူများ- နေဝင်းမြင့်၊ ထွန်းဝင်းနိုင်၊ ဒူဝံအောင်

RecyGlo

RecyGlo  သည် လူမှု စီးပွား သဘာဝ ပတ်ဝန်းကျင်အား အကျိုးပြုသော အမှိုက်စွန့်ပစ်သည့် စနစ်အား အကောင်အထည်ဖော် တည်ဆောက်ရန်  ရည်ရွယ်ဖွဲ့စည်းထားသော နည်းပညာသုံး ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပါသည်။

တည်ထောင်သူများ- ရွှေယမင်းဦး၊ ဥက္ကာဖြိုးမောင်၊ စည်သူဝင်း၊ စိုင်းစိုးမိုးအောင်

Shwe Bite

မန္တလေးတွင် အခြေစိုက်သည့် ရွှေဗိုက်သည် မရိုးအီနိုင်သော အိမ်ချက်ထမင်းထုပ်များကို စားသုံးသူများထံ အရောက်ပို့ပေးမည့် နည်းပညာသုံးစနစ်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အမျိုးသမီး/အိမ်ထောင်ရှင်မများ အိမ်မှာနေရင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ ဦးဆောင်စီမံခန့်ခွဲမှုအလေ့အထဖြင့်   အနာဂတ်ဘဝကိုအကျိုးရှိစေရန် ရည်ရွယ်သည်။ ထို့အပြင်စားသုံးမည့်သူများကို ထိုက်တန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးနိုင်ရန် ရည်ရွယ်ပါသည်။

တည်ထောင်သူများ- မိုးထက်ကျော်၊ ပိုင်ပြည့်စုံ၊ ကျော်မျိုးထွန်း

My HMS Tools

မန္တလေးတွင် အခြေစိုက်သည့် My HMS သည် Cloud Computing နည်းပညာအသုံးပြု၍ ဆေးရုံ၊ ဆေးခန်းနှင့် ဓါတ်ခွဲခန်းများမှ လူနာများ၏ ဆေးကုသမှု မှတ်တမ်းများကို သိမ်းဆည်းပေးခြင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဓါတ်ခွဲခန်းများ၏ လူနာ စစ်ဆေးကုသမှု မှတ်တမ်းများကို သိမ်းဆည်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သော ဆော့ဖ်ဝဲလ်နှင့် အိုင်တီနည်းပညာများ ပံ့ပိုးမှုပေးခြင်းတို့ကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။

တည်ထောင်သူ- သီဟဇော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.