အီတလီနိုင်ငံထုတ် Ducati မော်တော်ဆိုင်ကယ် အရောင်းပြခန်း မန္တလေး၌ ဖွင့်လှစ်

အီတလီနိုင်ငံထုတ် Ducati မော်တော်ဆိုင်ကယ်၏ မြန်မာနိုင်ငံအတွက် ပထမဆုံးသော အရောင်းပြခန်းကို မန္တလေးမြို့တွင် ဧပြီ ၂ ရက်နေ့က ဖွင့်လှစ်လိုက်ပြီဖြစ်ကာ မော်တော်ဆိုင်ကယ် မော်ဒယ်မျိုးစုံအား ဝယ်ယူနိုင်မည် ဖြစ်သည်။

“ကမ္ဘာပေါ်ရှိ အကောင်းဆုံး မော်တော်ဆိုင်ကယ် တံဆိပ်များအနက် တစ်ခုဖြစ်သည့် Ducati အား မြန်မာနိုင်ငံတွင် ကိုယ်စားပြုရသည်မှာ အလွန်ပင် ဂုဏ်ယူစရာကောင်းလှပါသည်။ ဝယ်ယူ သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် နောက်ဆုံးပေါ် မော်ဒယ်များနှင့်အတူ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်ဈေးကွက်တွင်း စောဦးစွာ ဝင်ရောက်လာမှုကြောင့် ကျွန်တော်တို့၏ အဆင့်မြင့် မော်တော်ဆိုင်ကယ်များ ဈေးကွက်တွင် နေရာရရှိလာမည့် အခွင့်အလမ်းများစွာ ရှိနေပါသည်” ဟု Yoma Strategic မော်တော်ယာဉ်လုပ်ငန်း၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Michael Rudenmark က ပြောကြားသည်။

Yoma Strategic Holdings Ltd. (Yoma Strategic) ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် SGG Motor Services Ltd (SGG Motor Services) သည် Ducati ၏ မြန်မာနိုင်ငံ ဖြန့်ချိရေး ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ မော်တော်ဆိုင်ကယ်များကို တင်သွင်း ရောင်းချလျက်ရှိသည်။ ယခု ဖွင့်လှစ်လိုက်သည့် အရောင်းပြခန်းသည် မန္တလေးမြို့၊ ၃၅လမ်း (၆၅ လမ်းနှင့် ၆၆ လမ်းကြား) ၌ တည်ရှိပြီး Ducati ၏ တရားဝင် ဝန်ဆောင်မှုစင်တာလည်း ပါရှိမည်ဖြစ်သည်။

Ducati ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ Marco Biondi က “ကျွန်တော်တို့နှင့် SSG Motor Services Ltd တို့၏ ပူးပေါင်းလုပ်ဆောင်မှု ပိုမိုခိုင်မာလာစေသည့် Ducati အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ပြီး အဆင့်မြင့် ရောင်းချမှုနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုများကို ပြုလုပ်နိုင်သည့်အတွက် အလွန် ဝမ်းမြောက်မိပါသည်။ Ducati ၏ အများနှင့်မတူ ထူးခြားသောဒီဇိုင်း၊ အရည်အသွေး ပြည့်ဝမှုနှင့် စွမ်းဆောင်ရည်အပေါ် အထူးအာရုံစိုက်မှုတို့ကြောင့် လူကြိုက်များသော အီတလီအမှတ်တံဆိပ် ဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများနှင့် Ducati ၏ ခံယူချက်တန်ဖိုးများကို မျှဝေနိုင်သည့်အတွက်လည်း အလွန် ဂုဏ်ယူမိပါသည်” ဟု ပြောကြားသည်။ 

အရောင်းပြခန်းတွင် Ducati ၏ အထင်ကရ နာမည်ကြီး မော်ဒယ်များဖြစ်သည့် Monster၊ Panigale V4 နှင့် Ducati Scrambler များကို ရရှိနိုင်မည်ဖြစ်သည်။ မော်တော်ဆိုင်ကယ်များကို ဝယ်ယူခြင်းဖြင့် ထုတ်လုပ်သူမှပေးသည့် နှစ်နှစ်အာမခံချက်နှင့် နှစ်နှစ်စာ လိုင်စင်မှတ်ပုံတင်ထားခြင်းကိုလည်း ရရှိမည်ဟု သိရသည်။ ထို့အပြင် Ducati ၏ တရားဝင်ပစ္စည်းအစစ်အမှန်များနှင့် မော်တော်ဆိုင်ကယ်စီး အသုံးအဆောင်များကို အရောင်းပြခန်းများတွင်သာမက အွန်လိုင်းတွင်ပါ ဝယ်ယူနိုင်မည့် အခွင့်အရေးများကို မကြာမီတွင် ရရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.