ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမှ အဝတ်အထည် ယူရို တစ်ဘီလျံကျော်ဖိုး ဥရောပသမဂ္ဂ တင်သွင်း

၂၀၁၇ ခုနှစ်အတွင်း ယူရို ၁ ဒသမ ၁ ဘီလျံ တန်ဖိုးရှိ အဝတ်အထည်များကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည်ဟု ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောကြားသည်။

“ဥရောပသမဂ္ဂဟာဆိုရင်လည်း မြန်မာ့ အထည်အလိပ်တွေအတွက် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ဆုံးနဲ့ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ကြီးတစ်ခု ဖြစ်လို့နေပါပြီ” ဟု သံအမတ်ကြီး Mr.KristianSchmidt က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း တင်သွင်းမှုသည် ထိုမတိုင်မီနှစ်ကထက် ၆၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်ဟုလည်း မေ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar Buyers’ Forum ၌ ၎င်းက ပြောကြားသည်။

“တချို့အလုပ်အကိုင်ပေါင်း ၄၀၀,၀၀၀ ဟာ ဥရောပသမဂ္ဂကို အဝတ်အထည် တင်ပို့နေတဲ့ မြန်မာနိုင်ငံ စက်ရုံအလုပ်ရုံ လုပ်ငန်းနယ်ပယ်မှာ ဖန်တီးပေးနိုင်ခဲ့တာပါ။ အခုပြောခဲ့တဲ့ ကိန်းဂဏန်းတွေဟာ တကယ်ဆို တိုးပြီးရင်းတိုးလာနေတာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အားကျ အထင်ကြီးဖွယ်ရာ တွေ့မြင်နေရတဲ့ တိုးတက်မှုများနဲ့ အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးနိုင်ခြင်းတို့အတွက် အထည်အလိပ်လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ကဏ္ဍတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါပြီ” ဟု သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ အဝတ်အထည်စက်ရုံ၊ အထည်အလိပ်စက်ရုံနှင့် ဖိနပ်စက်ရုံများအတွက် ပထမဆုံးအကြိမ် ကျင်းပသည့် အဆိုပါ ဖိုရမ်သို့ ဧည့်သည် ၁၄၀ ကျော်တက်ရောက်၍ ထုတ်ကုန်ဆိုင်နှင့် ဝန်ဆောင်မှုအရင်းအမြစ်များအား ရယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အတူ ကုန်ပစ္စည်း ထုတ်လုပ်မှုဖြစ်စဉ် ကွင်းဆက်များအကြောင်းကိုသာမက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကိုပါ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တက်ရောက်လာသူများထဲတွင် ဥရောပအပါအဝင် နိုင်ငံတကာရှိ လက်လီရောင်းချရေး နာမည်ကြီးကုန်အမှတ်တံဆိပ် ၁၇ ခုမှ ကိုယ်စားလှယ် ၃၀ ဦးအပြင် မြန်မာနိုင်ငံ အဝတ်အထည်လုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ် ၁၀၀ ဦးလည်း ပါဝင်သည်။ လက်လီရောင်းချရေးများနှင့် နာမည်ကြီး ကုန်အမှတ်တံဆိပ်များတွင် ဆွီဒင်ကုမ္ပဏီ H&M နှင့် Lindex တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ H&M နှင့် Lindex တို့သည် ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံမှ အဝတ်အထည်တို့ကို စတင်ဝယ်ယူ တင်သွင်းခဲ့သည့် နိုင်ငံတကာ နာမည်ကြီးအမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်တွင် ပါဝင်သည်။

“အခုပွဲကို ကျင်းပရတာ လက်လီရောင်းချရေး၊ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို ရန်ကုန်မှာ တွေ့နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖော်ဆောင်ပေးချင်တဲ့အတွက်ပါ၊ အထူးသဖြင့် ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အပြင်ကနေ ရယူတဲ့အခါ လိုက်နာရမယ့် တာဝန်တွေနဲ့အတူ ကုန်ပစ္စည်းထုတ်လုပ ်ပေးသွင်းမှုကွင်းဆက်နဲ့ပတ်သက်လို့ လုပ်ရည်ကိုင်ရည် မြှင့်တင်တဲ့ကိစ္စရပ်တွေမှာ ပိုမိုပြီးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ” ဟု SMART Myanmar အဖွဲ့ခေါင်းဆောင် Mr.JacobClere ကပြောကြားသည်။

“အထည်အလိပ် လုပ်ငန်းနယ်ပယ်ရဲ့ လူမှုရေးအပိုင်းနဲ့ လုပ်ငန်းခွင်ဘေးကင်းရှင်းရေးအပိုင်းတွေမှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပေမယ့် ဆေးဆိုးပန်းရိုက်ကိစ္စနဲ့ လေထုညစ်ညမ်းမှုလျှော့ချရေးတို့လို ပတ်ဝန်းကျင်အရေးတွေမှာတော့ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။ ဒါ့အပြင် ဒေသခံတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာ ကုန်ပစ္စည်းထုတ်လုပ် ပေးသွင်းမှု ကွင်းဆက်တွေမှာ အခုထက်ပို များများပါဝင်လာဖို့ လိုအပ်နေပါသေးတယ်။ ဒါမှသာ ဒေသခံ လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းကြီးထွားလာမှုရဲ့ အသီးအပွင့်ကို ခံစားကြရမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဝတ်အထည်နှင့် ဖိနပ် ကုန်ပစ္စည်းနှစ်ခုပေါင်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် လေးနှစ်အတွင်း ပို့ကုန်တင်ပို့မှု၊ စက်ရုံအလုပ်ရုံ ထူထောင်မှုတို့နှင့် ပတ်သက်၍ ပျမ်းမျှအားဖြင့် နှစ်စဉ် ၂၅ ရာခိုင်နှုန်း တိုးတက်နေခြင်းလည်း ဖြစ်သည်ဟု SMART Myanmar က ပြောကြားသည်။

SMART Myanmar ကို ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့ထားပြီး ဂျာမနီအစိုးရကလည်း ၂၀၁၉ ခုနှစ်အထိ ငွေကြေး ပူးတွဲ ထောက်ပံ့ထားသည် ။ sequa gGmbh က ဦးဆောင်သော SMART Myanmar ၏ ဒေသခံ လက်တွဲဖော်မှာ မြန်မာအထည်ချုပ် လုပ်ငန်းရှင်များ အသင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် ဖိနပ်ချုပ်လုပ်ငန်းတို့တွင် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး တိုးတက်စေရန်၊ လုပ်ငန်းခွင် စီမံခန့်ခွဲရေးစနစ်များ တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော အလေ့အထများ ပေါ်ပေါက်စေရန်အတွက် SMART Myanmar မှ စက်ရုံ အကြံပေးလုပ်ငန်းများ၊ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ လုပ်ဆောင်နေပေးနေသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.