၂၅ နှစ် အရစ်ကျချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ယာစီမံကိန်းသစ် သန်လျှင်၌ တည်ဆောက်မည်

ဈေးနှုန်း ကျပ်သိန်း ၄၂၀ မှ သိန်း ၁,၆၀၀ အထိ တန်ကြေးရှိသည့် တိုက်ခန်းများ ပါဝင်သော အိမ်ယာစီမံကိန်းသစ်တစ်ခု၏ အသေးစိတ်အချက်အလက်များကို Yoma Land က ယနေ့ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကြေညာလိုက်ပြီး ၂၅ နှစ် အရစ်ကျအိမ်ယာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်မည်ဟု ပြောကြားသည်။ 

City Loft (City Loft @ Star City) ဟု အမည်ပေးထားသည့် အိမ်ယာစီမံကိန်းကို ရန်ကုန်မြို့၊ သန်လျှင်မြို့နယ်တွင် တည်ရှိသည့် Star City အိမ်ရာဝင်းအတွင်းရှိ ၂၂ ဧက ကျယ်ဝန်းသော မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်သည်။

“City Loft ကို မိတ်ဆက်လိုက်ခြင်းသည် Yoma Land အတွက်သာမက မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍအတွက်ပါ အရေးကြီးသော မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ခြင်းပင်ဖြစ်သည်” ဟု Yoma Strategic နှင့် FMI ၏ ဥက္ကဌ ဦးသိမ်းဝေ (ခေါ်) Serge Pun က ပြောကြားသည်။

“မကြာသေးမီအချိန်အထိ ပြည်တွင်းဘဏ်တွေက အိမ်ရာချေးငွေအတွက် အချိန် ငါးနှစ်အထိသာ ကန့်သတ်ထားရှိခဲ့ပါတယ်။ ဘဏ္ဍာရေးချို့တဲ့မှုနှင့် အိမ်ဈေးမြင့်မားမှုကြောင့် လူအများစုအတွက် အိမ်ပိုင်ဆိုင်နိုင်ရန် ခက်ခဲခဲ့ပါတယ်။ ဤအချက်ကို ကျွန်တော်တို့၏ ပိုမိုကောင်းမွန်သော ငွေချေးမှုနှင့် စရန်ငွေ ပေးသွင်းမှု အစီအစဉ်များက ပြောင်းလဲနိုင်မည်ဖြစ်သည့်အတွက် အလုပ်လုပ်နေသည့် လူငယ်များ အနေဖြင့် အိမ်ခြံမြေများကို ဝယ်ယူပြီး လုံခြုံစိတ်ချရသော အနာဂတ်ကို ပိုင်ဆိုင်နိုင်လာပါမည်” ဟု ၎င်းကပြောသည်။

စီမံကိန်းကို အဆင့်လိုက် တည်ဆောက်သွားမည်ဖြစ်ရာ ပထမအဆင့်တွင် အိမ်ခန်း ဝယ်ယူသူများထံ ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်မှစတင်၍ အပ်နှံသွားမည်ဖြစ်သည်။ StarCity ရှိ အရောင်းပြခန်းမတွင် နမူနာအိမ်ခန်း ပုံစံများပြသကာ ဇန်နဝါရီလမှ စတင် ရောင်းချသွားမည်ဖြစ်သည်။ 

“City Loft @ Star City အတွက် ပင်မစီမံချက်ရေးဆွဲရာမှာ လူ့အဖွဲ့အစည်းကို အဓိကမဏ္ဍိုင်အဖြစ် ထားရှိပါတယ်။ ခေတ်မီနေထိုင်မှုပုံစံကိုရရှိစေဖို့နဲ့ လူ့အဖွဲ့အစည်း ရှင်သန်ကြီးထွားစေရန်အတွက်ကိုပါ ဂရုတစိုက် ထည့်သွင်း ရေးဆွဲထားတယ်ဆိုတာ  လုပ်ငန်းသုံး၊ အများသုံးနှင့် အပန်းဖြေရန်အတွက် စသည်ဖြင့် သီးသန့်နေရာပေးပြီး သတ်မှတ်ပေးခြင်းက သက်သေပြနေပါတယ်” ဟု ဦးသိမ်းဝေက ဆက်လက်ပြောကြားသည်။

ထိုစီမံကိန်းတွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် စတူဒီယို အိမ်ခန်းများ ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်ပြီး၊ အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်းပါဝင်မည့် အိမ်ခန်းများ ပါရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထးသည်။ နေထိုင်သူများအတွက် ရေကူးကန်၊ အားကစားရုံ၊ ပန်းခြံနှင့် ဈေးဝယ်ပလာဇာတို့အပြင် YBS ဘတ်စ်ကား ရပ်နားစခန်းလည်း ပါရှိမည်ဖြစ်သည်။

ဝယ်ယူသူများအနေဖြင့် စရံငွေ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ၂၅ နှစ်အတွင်း ပေးသွင်းနိုင်သည်ဟု သိရသည်။

Yoma Land သည် Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်း မှတ်ပုံတင်ထားသည့်  Yoma Strategic Holdings Ltd. နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment Co. Ltd. တို့ကို အိမ်ခြံမြေလုပ်ငန်းအတွက် စုပေါင်းထားသည့် အမှတ်တံဆိပ်ဖြစ်သည်။ Yoma Land က လက်ရှိတွင် Star City နှင့် ပန်းလှိုင်အိမ်ရာတို့၌ ဆောင်ရွက် လျက်ရှိသော လူနေအိမ်ရာ စီမံကိန်းကြီးနှစ်ခုနှင့် ဘက်စုံသုံး စီမံကိန်းကြီးတစ်ခုဖြစ်သည့်  Yoma Central နှင့် The Peninsular Yangon ဆောက်လုပ်ရေးများကို လုပ်ကိုင်နေသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.