အီးယူက လက်နက်တင်ပို့မှု ပိတ်ပင်ထားသော်လည်း တပ်မတော်က ဥရောပလေယာဉ်များ ဝယ်ယူ

ရခိုင်ပြည်နယ်တွင် ရက်စက်မှုများကျူးလွန်ခဲ့သည့်ဆိုသည့် စွပ်စွဲမှုများကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုများကို တင်းကျပ်စွာပိတ်ပင်ထားသော်လည်း ဥရောပကုမ္ပဏီများ ထုတ်လုပ်သည့် အရပ်ဘက်သုံးလေယာဉ်များကို တပ်မတော်က ဝယ်ယူရရှိနေသည်။

သောမတ်စ်ကင်း ရေးသားသည်။

တပ်မတော်(လေ) ၏ ၇၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လေတပ်အတွက် လေယာဉ်ခြောက်စီးနှင့် ရဟတ်ယာဉ်တစ်စီးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်တော်ဝင်ပေးခဲ့သည်။ အဆိုပါလေယာဉ်များတွင် ပြင်သစ်၏ အဲဘတ်စ်နှင့် အီတလီ၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးတို့ ပါဝင်သည်။

လေယာဉ်သစ်များက လေတပ်၏ ပျံသန်းမှုစွမ်းအားနှင့် တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်ကို မြင့်တင်ပေးနိုင်သည့်အတွက် တပ်မတော်အတွက် ထူးခြားသည့် နေ့ရက်တစ်ရက်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုများ ပြုလုပ်ခြင်းကို တင်းကျပ်ရန် အနောက်နိုင်ငံအစိုးရများက အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေသည်။ ထို့ကြောင့် ဥရောပကုမ္ပဏီများက တပ်မတော်၏ အကိုင်းအခက်များအတွင်း ဝင်ရောက်ရန် မည်ကဲ့သို့ လမ်းရှာနေပါသလဲ။

တပ်တော်ဝင်ခဲ့သည့် ATR 72-500 နှင့် AS365 နှစ်မျိုးလုံးမှာ အရပ်ဘက်သုံးများဖြစ်သော်လည်း ဥရောပကုမ္ပဏီတစ်ခုက ၎င်းလေယာဉ်များကို တပ်မတော်သို့ ရောင်းချမှုမှာ ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်ရာရောက်နိုင်သည်။

ကျယ်ပြန့်၍ စနစ်ကျသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်တပ်က ဆက်လက်ကျူးလွန်နေသည့်အတွက် အရေးယူသည့်အနေဖြင့် အီးယူက လက်နက်တင်ပို့မှုကို တိုးချဲ့ပိတ်ပင်ရာတွင် စစ်ဘက်နှင့် အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများ ပါဝင်သည်။

စစ်ဘက်အရပ်ဘက်သုံး၊ သို့မဟုတ် နယ်ခြားစောင့်ရဲတပ်ဖွဲ့အတွက်သုံးနိုင်သော ပစ္စည်းများတင်ပို့မှုကိုလည်း ပိတ်ဆို့ဒဏ်ခတ်မှုများက တားမြစ်ထားကြောင်း မြန်မာနိုင်ငံရှိ အီးယူကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

ပိတ်ပင်မှုကို အကောင်အထည်ဖော်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် တာဝန်ရှိသည်။ သို့သော်လည်း အီးယူကိုယ်စားလှယ်အဖွဲ့၏ အဆိုအရ ၎င်းတို့အနေဖြင့် နောက်ဆုံးအသုံးပြုသူသည် စစ်တပ်၊ သို့မဟုတ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ သို့မဟုတ် ကုန်ပစ္စည်းများကို စစ်တပ်က အသုံးပြုနိုင်ဖွယ်ရှိသည်ဟု ယုံကြည်ရန် အကြောင်းရှိလျင် မြန်မာနိုင်ငံရှိ လူတစ်ဦးတစ်ယောက်၊ သို့မဟုတ် ကုမ္ပဏီတစ်ခု၊ သို့မဟုတ် မြန်မာနိုင်ငံတွင် အသုံးပြုရန်အတွက် တင်ပို့ကုန်များကို ၎င်းတို့အနေဖြင့် တရားဝင်ခွင့်ပြုနိုင်ခြင်းမရှိဟု ဆိုသည်။

တပ်မတော်အတွက် လေယာဉ်များ၊ သို့မဟုတ် ရဟတ်ယာဉ်များကို တင်ပို့မှုအတွက် ပြင်သစ်က မည်သည့် တရားဝင်ခွင့်ပြုချက်မျှ ထုတ်ပေးမှုမရှိကြောင်း ရန်ကုန်ရှိ ပြင်သစ်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ “စစ်သုံးအရပ်သုံး နှစ်မျိုးသုံး၊ သို့မဟုတ် နယ်ခြားစောင့်ရဲတပ်ဖွဲ့သုံးအတွက် စစ်လက်နက်ကိရိယာတင်ပို့မှုကို တားမြစ်ထားတဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန်ပစ္စည်းတင်ပို့မှု ပြဋ္ဌာန်းချက်တွေကို ပြင်သစ်က တိတိကျကျ လိုက်နာပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အလားတူ Airbus Helicopters ကလည်း မြန်မာစစ်တပ်သို့ ရဟတ်ယာဉ်များရောင်းချမှုတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ဟု ဆိုသည်။ သုံးသပ်ချက်ပေးရန် ATR သို့ မေတ္တာရပ်ခံခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။ အီးယူ၏အဆိုအရ အဖွဲ့ဝင်နိုင်ငံများသည် ဒဏ်ခတ်မှုများအား ချိုးဖောက်မှု ဖြစ်နိုင်ဖွယ်ရှိမှုကို စုံစမ်းစစ်ဆေးရန်နှင့် ပြစ်ဒဏ်များချမှတ်ရန် တာဝန်ရှိကြသည်။ စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက်ရှိမရှိနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး အတွင်းရေးနှင့် လျှို့ဝှက်ကိစ္စဖြစ်ကြောင်းသာ ပြောကြားသည်။

အဖြစ်နိုင်ဆုံးမှာ လေယာဉ်များက အသစ်မဟုတ်ဘဲ ၎င်းတို့ကို ဒေသတွင်းမှ ဝယ်ယူခြင်းဖြစ်သည်။ ပိုမိုကျယ်ပြန့်သည့် ကုလဒဏ်ခတ်မှုများ စနစ်တကျမဖြစ်မချင်း အီးယူပြင်ပ တတိယအဖွဲ့အစည်းများအပေါ်တွင် ကန့်သတ်ချက်များ၏ သက်ရောက်မှု ရှိရန် မဖြစ်နိုင်ပေ။ ATR-72 နှင့် AS365 တို့ ထုတ်လုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အများအပြားဝယ်ယူရရှိခဲ့သည်။

mah_eurocopter.jpg

တပ်တော်ဝင်ခဲ့သည့် Airbus ထုတ် ရဟတ်ယာဉ်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမွှေးနံ့သာများ ပက်ဖြန်းပေးနေစဉ်။ ဓာတ်ပုံ-တပ်မတော်(လေ)

မြန်မာလေတပ်တွင် အများအားဖြင့် တရုတ်နှင့် ရုရှားတို့မှ တိုက်လေယာဉ်များကို အသုံးပြုသော်လည်း ၂ဝ၁၃ ခုနှစ်တွင် အီးယူ၏ ဒဏ်ခတ်မှု ရုပ်သိမ်းချိန်ကတည်းက စတင်ကာ ဥရောပလုပ် လေယာဉ်အုပ်စုငယ်လေးတစ်ခုကို တည်ထောင်ထားသည်။

အထူးသဖြင့် ဂျာမနီနိုင်ငံက မြန်မာတပ်မတော်နှင့် နီးကပ်သည့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းခဲ့သည်။ Grob G120TP လေ့ကျင့်ရေး လေယာဉ် ၁၂ စင်းကို မြန်မာလေတပ်က ဝယ်ယူထားပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် Grob စက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ဥရောပနိုင်ငံများသည် စစ်တပ်နှင့် စီးပွားရေးလုပ်သော ၎င်းတို့၏ ကုမ္ပဏီများနှင့် ပတ်သက်၍ ခြားနားသည့် ရပ်တည်ချက်များကို ယခင်က ကျင့်သုံးခဲ့ကြောင်း Burma Campaign UK ၏ဒါရိုက်တာ မစ္စတာ မာ့ခ်ဖာမနာက ပြောသည်။ သို့သော်လည်း ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လက ရခိုင်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးကတည်းက တပ်မတော်နှင့် ဆက်ဆံလိုမှု များစွာမရှိတော့ပေ။ ဂျာမနီက အရာရာကို တင်းကျပ်လိုက်ပြီဟု ဖာမနာက ဆိုသည်။ ထို့ကြောင့် Grob ကဲ့သို့ ကုမ္ပဏီတစ်ခုက နောက်ထပ်ရောင်းချမှုများ ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။

“ခံယူချက်တွေက နောက်ဆုံးတော့ ပြောင်းလဲနေပါပြီ” ဟု ၎င်းကဆိုသည်။ “ဂုဏ်သတင်းထိခိုက်နိုင်တဲ့ အန္တရာယ်ကို ပိုမိုသိမြင်လာမှုနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အီးယူဒဏ်ခတ်မှုတွေကို ပိုပြီးတိကျတဲ့ ဖွင့်ဆိုချက်က စစ်တပ်ကို လက်နက်ကိရိယာတွေ ရောင်းချမှု လျော့ကျလာပါလိမ့်မယ်” ဟုလည်း ၎င်းကပြောကြားသည်။

တပ်မတော်နှင့် စီးပွားရေး ပြုလုပ်မှုလုံးဝဖြတ်တောက်ရန်ကိုမူ အီးယူအဖွဲ့ဝင်နိုင်ငံများက မစတင်လိုကြသေးပေ။ လက်နက်တင်ပို့မှု ပိတ်ပင်ရေး တင်းကျပ်ခြင်းထက် စစ်တပ်သို့ မည်သည့် တပ်ဆင်ကိရိယာမျှ အီးယူက မရောင်းရန် Burma Campaign UK ကအဆိုပြုခဲ့ပြီး၊ ရွေးချယ်စရာတစ်ခုအဖြစ် ဆွေးနွေးခဲ့သော်လည်း အီးယူက ၎င်းအဆိုပြုချက်ကို ပယ်ချခဲ့သည်ကမူ ထူးခြားနေသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း JF-17 တိုက်လေယာဉ်လေးစီးကို ပါကစ္စတန်နှင့် စာချုပ်တစ်ခုအရ မြန်မာစစ်တပ်က ဝယ်ယူရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သည့် ရက်စက်မှုများကြောင့် စာချုပ်ကို ပါကစ္စတန်ဘက်က ဖျက်သိမ်းလိုက်ပြီဟု ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းတွင် ပါကစ္စတန်မီဒီယာများက အစီရင်ခံကြသော်လည်း တရားဝင် အတည်မပြုနိုင်သေးပေ။ ဒီဇင်ဘာ ၁၅ ရက်က လေယာဉ်များကို ထုတ်ဖော်ပြသလိုက်ခြင်းကြောင့် လေယာဉ် ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်ကို ပါကစ္စတန်က ဆက်လက်အကောင်အထည်ဖော်မည့်သဘော ရှိနေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ရန်ကုန်ရှိ ပါကစ္စတန်သံရုံးတို့က သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

ခေါင်းစီးဓာတ်ပုံ- ပါကစ္စတန်နှင့် သဘောတူညီဖြင့် ဝယ်ယူထားသည့် JF-17 တိုက်လေယာဉ်တစ်ဦးအား လေ့လာကြည့်ရှုနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.