Yoma Fleet ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဂျပန်မှ Tokyo Century ဝယ်ယူ

မော်တော်ယာဉ်ငှားရမ်းသည့်လုပ်ငန်းကို အဓိက လုပ်ဆောင်နေသည့် Yoma Fleet ၏ ရှယ်ယာအသစ် ၂၀ ရာခိုင်နှုန်းကို ကမ္ဘာပေါ်ရှိ အကြီးဆုံး ငှားရမ်းကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Tokyo Century Corporation က အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် ဝယ်ယူလိုက်သည်။

ထိုသို့ ပူးပေါင်းလိုက်ပြီးနောက် Yoma Fleet အနေဖြင့် မြန်မာနိုင်ငံတွင် ယာဉ်ငှားရမ်းမှုလုပ်ငန်းကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု Yoma Fleet က ပြောကြားသည်။ Tokyo Century က ရှယ်ယာအသစ်၏ ၂၀ ရာခိုင်နှုန်းကို ရရှိပြီးနောက် Yoma Strategic က Yoma Fleet ၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာမည်ဖြစ်သည်ဟု ဧပြီ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Tokyo Century ၏ နိုင်ငံတကာရှိ ဘဏ်လုပ်ငန်းမဟုတ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနှင့် ယာဉ်ငှားရမ်းမှုကဏ္ဍဆိုင်ရာ အတွေ့အကြုံများဖြင့် Yoma Fleet ပိုမိုတိုးတက်လာအောင် ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Yoma Strategic ၏ အမှုဆောင်အရာရှိဖြစ်သူ Mr. Melvyn Pun က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အသုံးပြုမှု နိမ့်ကျနေသေးသည့်အတွက် မော်တော်ယာဉ်နှင့် အကြီးစား စက်ပစ္စည်းငှားရမ်းမှုအတွက် Yoma Fleet တွင် အခွင့်အလမ်းများစွာရှိနေသည်ဟု ယုံကြည်ထားသည်ဟုလည်း ၎င်းက ပြောသည်။ “ယခုလိုလက်တွဲလုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံတွင် ဘဏ်ဝန်ဆောင်မှုကို လက်လှမ်းမမှီနိုင်သေးသည့် လူထုအတွက် ဘဏ္ဍာရေးဝန်ဆောင်မှု အခွင့်အလမ်းများကို ရရှိစေမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Tokyo Century သည် ငှားရမ်းခြင်း၊ အရစ်ကျရောင်းချခြင်းနှင့် အခြားဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံဒေသပေါင်း ၃၇ နေရာတွင် လုပ်ကိုင်နေသည်ဟု သိရသည်။ Tokyo Stock Exchange တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Tokyo Century သည် ဈေးကွက်အရင်းအနှီး ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရှိပြိး စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာ ၃၅ ဒသမ ၉ ဘီလျံရှိသည်။

“အလားအလာကောင်းသည့် မြန်မာနိုင်ငံဈေးကွက်တွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးလက်တွဲဖော်ဖြစ်သည့် Yoma Strategic နှင့်အတူ ဝင်ရောက်လုပ်ကိုင်ရမည်ကို ကြေညာရသည့်အတွက် အလွန် ဝမ်းမြောက်မိပါတယ်” ဟု Tokyo Century ၏ အကြီးတန်း စီမံခန့်ခွဲ အလုပ်အမှုဆောင် အရာရှိ Mr. Yasushi Yoshino က ပြောကြားသည်။

Yoma Fleet ကို ၂၀၁၄ ခုနှစ်အစပိုင်းတွင် ယာဉ်ငှားရမ်းခြင်းနှင့် စတင်ခဲ့ပြီး ကုမ္ပဏီများ၏ အငှားအော်ပရေတာအဖြစ် လုပ်ငန်းလည်ပတ်ခြင်းနှင့် လုပ်ငန်းဖြေရှင်းခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Yoma Fleet သည် အသေးစားနှင့် အလယ်စား စီးပွားရေးလုပ်ငန်းများနှင့် လက်လီဖောက်သည်များအတွက် Yoma Car Share ကို ထပ်မံဖြည့်စွက်ခဲ့သည်။ ထိုလုပ်ငန်းသည် မြို့ပေါင်း ၁၁ မြို့တွင် ဆိုင်ခွဲပေါင်း ၁၆ ခုဖြင့် နေ့စဉ် မော်တော်ယာဉ်ငှားရမ်းသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

ထိုနှစ်ထဲမှာပင် Yoma Fleet သည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေးနှင့် စိုက်ပျိုးရေးကုမ္ပဏီများအတွက် လိုအပ်သည့် အကြီးစားစက်ပစ္စည်းများ  ဖြည့်ဆည်းပေးနိုင်ရန် MSP CAT2 နှင့် မိတ်ဖက်ပူးပေါင်းကြောင်း ကြေညာခဲ့သည်။

ယခုအခါ Yoma Fleet တွင် မော်တော်ယာဉ် ၁,၁၀၀ စီးနှင့် စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာသန်း ၄၀ ဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံး မော်တော်ယာဉ်ငှားရမ်းမှု  အော်ပရေတာများအနက် တစ်ခုဖြစ်သည်။

လာမည့် ၂၀၁၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာသန်း ၂၀၀ ကျော်အထိရှိလာရန် မျှော်မှန်းထားသည်ဟု Yoma Fleet က ထုတ်ပြန်ထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.