တနင်္သာရီမြစ်ပေါ် ရေကာတာမဆောက်ရန် အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

နော်ဘတ်တီဟန်

ဒေသခံသုံးသောင်းကျော်ကို ထိခိုက်စေနိုင်သည့် တနင်္သာရီမြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းများအားရပ်ဆိုင်းပေးရန် ကရင်အရပ်ဘက်အဖွဲ့အစည်းသုံးခုက အစီရင်ခံစာတစ်စောင်ထုတ်ပြန်ပြီးတောင်းဆိုခဲ့သည်။

နားလည်မှုစာချွန်လွှာ (၁၈) ခုအထိရှိနေခဲ့သော်လည်းစီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့်နေရာ၊အရွယ်အစားနှင့်အခြေအနေများကိုပင်ဒေသခံများမှာသတင်းအချက်အလက်မရရှိခဲ့ကြောင်းအစီရင်ခံစာကဆိုသည်။

ရေကာတာများသည် မြစ်၏ ဂေဟစနစ်နှင့် သစ်တောများကိုသာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ အန္တရာယ်ဖြစ်စေနိုင်ကြောင်း၎င်းတို့ကထောက်ပြသည်။ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရက ဒေသခံလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများအား ဆည်နှင့်ပတ်သက်သော အချက်အလက်များကို အသိပေးရန် တိုက်တွန်းထားသည်။

“အသက်သွေးကြောကို တားဆီး ပိတ်ဆို့ခြင်း-တနင်္သာရီမြစ်ပေါ်တွင် ရေကာတာကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေရမှု” (Blocking a bloodline: Indigenous communities along Taninthayi River fear the impact of large-scaledams)ဟူသောအစီရင်ခံစာကို ပနဲတာကပေါအဖွဲ့၊တောင်ပိုင်းလူငယ်အဖွဲ့နှင့် တာကပေါလူငယ်အဖွဲ့တို့က“အပြည်ပြည်ဆိုင်ရာ ဋ္ဌာနေတိုင်းရင်းသားများနေ့” အထိမ်းအမှတ်အဖြစ် သြဂုတ်လ (၉) ရက်တွင်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်းတွင်အကြီးဆုံးမြစ်တစ်စင်းဖြစ်သည့်တနင်္သာရီမြစ်သည်ဘန်းချောင်းနှင့်ကမောင်းသွယ်မြစ်တို့ ထားဝယ်ခရိုင်တွင်ပေါင်းဆုံပြီး စီးဆင်းကာ မြိတ်မြို့အနီးတွင်ကပ္ပလီပင်လယ်အတွင်း စီးဝင်သည်။

တနင်္သာရီမြစ်သည်၎င်းကိုအမှီပြုနေရသည့် မြစ်ကြောင်းတလျှောက်ရှိ အိမ်ထောင်စု (၆၁၁၈) ခုမှ လူဦးရေ (၃၂,၀၀၀)၏စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ သယ်ယူပို့ဆောင်ရေးတို့အတွက် အားထားရာ အသက်သွေးကြောသဖွယ်ဖြစ်သည်။ ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Greater Mekong sub-region Power Public Co Ltd သည် ၁,၀၄၀မဂ္ဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းကို တနင်္သာရီမြစ်ပေါ်တွင်တည်ဆောက်ရန်အဆိုပြုထားခြင်းဖြစ်သည်။ သို့သော် စီမံကိန်းနှင့်ပတ်သက်၍ ရရှိထားသည့် သတင်းများမှာ ကွဲပြားမှုရှိသည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ကမူ ၆၀၀ မဂ္ဂါဝပ်ထွက်ရှိမည့်စီမံကိန်းဟုဖော်ပြသည်။

အဆိုပါရေကာတာတည်ဆောက်မှုကြောင့် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU )တို့အကြား ကြိုးပမ်းလုပ်ဆောင်နေသော ထိရှလွယ်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဖိအားထပ်ဖြစ်မည်ကို ဒေသခံများကစိတ်ပူပြီးတိုက်ပွဲများတစ်ကျော့ပြန်လာမည်ကို အထူးစိုးရိမ်ကြောင်း အစီရင်ခံစာက ဆိုသည်။

မြစ်တလျှောက် ကျေးရွာပေါင်း (၇၆) ရွာရှိရာတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည့် ပြည်တွင်းစစ်ဒဏ် မခံရသည့်ရွာဆို၍ (၄)ရွာသာ ရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ရေကာတာဆောက်လိုက်ပါက တနင်္သာရီမြစ်ညာပိုင်းတလျှောက်ရှိ ရွာပေါင်း(၃၂)ရွာမှ လူဦးရေ (၇,၀၀၀)ခန့်အားနေရာရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း ပနဲတာကပေါအဖွဲ့မှ ညှိနှိုင်းရေးမှူး ‘နော်ဖောဆေးဝါး’ က ရန်ကုန်မြို့၌ပြုလုပ်သောအစီရင်ခံစာထုတ်ပြန်ပွဲတွင် ပြောသည်။

ထို့အပြင် မြေဧက ၁၄၄,၅၅၇ (၅၈,၅၀၀ ဟက်တာ) ခန့် ရေအောက်ရောက်သွားမည်ဖြစ်ပြီး ရေကာတာအောက်ပိုင်းတွင် နေထိုင်သူ ၂၃,၀၀၀ကျော်၏ သက်မွေးဝမ်းကျောင်းကို ဆိုးဝါးစွာ ထိခိုက်စေမည်ဖြစ်ကြောင်း သူမကပြောသည်။

တနင်္သာရီမြစ်ကြောင်းတလျှောက်တွင်နေထိုင်သော လူ (၁,၂၀၀)ကျော်ကိုမေးမြန်းပြီးထုတ်ပြန်သည့်အစီရင်ခံစာသည် ဒေသခံလူထုအတွက် တနင်္သာရီမြစ်၏ အရေးပါပုံကို မီးမောင်းထိုးပြသည်။

“ဒီမြစ်မရှိတော့ရင် ကျွန်တော်တို့လည်း အသက်ရှင်မနေနိုင်ပါဘူး” ဟု ‘သာရဘွေ အရှေ့ရွာ’ မှ စောသန်းနိုင်က ပြောပါသည်။

ဒေသခံများက ၎င်းတို့၏လူနေမှုဘဝနှင့်ပတ်ဝန်းကျင်ပါ ပျက်စီးမည့် စီမံကိန်းကို  ရပ်တန့်ပေးရန် အစိုးရ၊ KNU အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ထံ တောင်းဆိုတိုက်တွန်းထားသည်။

အစီရင်ခံစာက ပြည်ထောင်စုအစိုးရအား နိုင်ငံသားတို့၏လိုအပ်ချက်၊ ဘဝနှင့် အခွင့်အရေးတို့ကို ဗဟိုပြု၍ စွမ်းအင်မူဝါဒသစ်ကို ချမှတ်ရန်၊ မြန်မာနိုင်ငံတွင် အကြီးစားရေကာတာစီမံကိန်းများဆောက်မည့် အစီအစဉ်များကို စွန့်လွှတ်ရန်တိုက်တွန်းသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ မူဝါဒများကို လက်ကိုင်ပြု၍ အပစ်ရပ်ဒေသများတွင် KNU ၏ အပြည့်အ၀ ပူးပေါင်းညှိနှိုင်းမှုမပါဘဲ စီမံကိန်းများကို ရှေ့ဆက်မဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။ တနင်္သာရီတိုင်းအစိုးရအား အကြံပြုရာတွင် အခြားအစားထိုး ဖွံ့ဖြိုးရေးလမ်းကြောင်းများကို လုပ်ဆောင်ရန် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုကိုအခြေခံပြီး စီမံကိန်းအချက်အလက်အပြည့်အစုံကို ပေးရန် တိုက်တွန်းထားသည်။

KNU ကိုလည်း စီးပွားရေးဆောင်ရွက်မှုအားလုံးတွင် တာဝန်ခံမှု ပွင့်လင်းမြင်သာရှိမှု၊ အခြေခံမူကို ကိုင်စွဲရနနှင့် ဒေသခံလူထု၏ အကျိုးစီးပွားကို ဗဟိုပြုဆုံးဖြတ်လုပ်ကိုင်ရန် တိုက်တွန်းသည်။

GMS ကုမ္ပဏီနှင့် အခြားရင်းနှီးမြှုပ်နှံသူအားလုံးကိုလည်း မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာနှင့်ပတ်သက်သော အချက်အလက်အားလုံးကိုဒေသခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများအား အသိပေးရန် အစီရင်ခံစာက တိုက်တွန်းထားသည်။ စီမံကိန်းမလုပ်မီ ဒေသခံ ကာယကံရှင်များ၏ လွတ်လပ်သော၊ ကြိုတင်သော၊ အသိပေးသော၊ သဘောတူခွင့်ပြုချက် ရပိုင်ခွင့် (FPIC) ကို ရေကာတာတည်ဆောက်မည့်သူများကလေးစားရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

 ‘တနင်္သာရီမြစ်နှင့် တိုင်းရင်းသား လူထုကွန်ရက်’ ၏ စီမံကိန်းညှိနှိုင်းရေးမှူး စောအဲလ်ဘတ်က ဒေသခံလူထုသည် သဘာဝအရင်းအမြစ် စီမံကိုင်တွယ်လုပ်ဆောင်ရာတွင် ကျွမ်းကျင်ကြပြီး ဒေသ၏ ဇီဝကွဲပြားမှုကို နက်နဲစွာသိရှိ ကျွမ်းဝင်ကြသူများဖြစ်ကြောင်း ပြောသည်။

“ဒေသခံတွေက FPIC လုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ အဆင်သင့်ရှိနေကြပါတယ်၊ FPIC ကို ဒေသခံလူထုတွေ ရွာသူရွာသားတွေနဲ့အတူ အကောင်အထည်ဖော်သင့်ပါတယ်”ဟု`၎င်းကပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.