သချုႋင်းမြေများမှ ဈေးဝယ်စင်တာများအဖြစ်သို့

ရန်ကုန်မြို့က သုသာန်တွေဟာ စစ်အုပ်ချုပ်ရေးရဲ့ အမိန့်ကြောင့် လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး နေရာပြောင်းခဲ့ရပါတယ်။ အဲဒီနေရာတွေကိုတော့ အကြီးစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ အစားထိုးခဲ့ကြပါတယ်။ 

မြတ်ကျော်သူ ရေးသားသည်။
ဓာတ်ပုံများ – အန်းဝမ်

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အရင်သချုႋင်းမြေနေရာတွေပေါ်မှာ အထပ်မြင့်တိုက်တွေ ဆောက်လာကြပါတယ်။ ဓာတ်ပုံ - အန်းဝမ်

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အရင်သချုႋင်းမြေနေရာတွေပေါ်မှာ အထပ်မြင့်တိုက်တွေ ဆောက်လာကြပါတယ်။ ဓာတ်ပုံ – အန်းဝမ်

ရှုပ်ရှက်ခတ်နေတဲ့ ရန်ကုန်လမ်းဆုံ တစ်ခုနားက အိုးရှင်းစူပါမားကက်နဲ့ ကားတွေ ပိတ်နေတဲ့ လမ်းတွေနောက်မှာရှိတဲ့ ကုန်းမြင့်ထောင့်နား လေထုထဲမှာ ကျိုးပေါက်နေတဲ့ ရေပိုက်ကနေ ထုတ်လွှတ်လိုက်တဲ့ မြောင်းပုပ်နံ့ဟာ တထောင်းထောင်း ထနေပါတယ်။

ဖြတ်သွားဖြတ်လာတွေဟာ နှစ် ၁၀၀ နီးပါးသက်တမ်းရှိတဲ့ တာမွေ မွတ်ဆလင်သချုႋင်း ပတ်ပတ်လည်ကို ကာရံထားတဲ့ နံရံမြင့်မြင့်ကြီးရဲ့နောက်မှာ ဘာရှိလဲဆိုတာ သိချင်ကြတယ်။ ဒီသုသာန်ဟာ စစ်အုပ်ချုပ်ရေး ကာလအတွင်း မြို့တွင်းကနေ မြို့ပြင်ကို နေရာရွှေ့ခိုင်းလို့ ရွှေ့ပေးလိုက်ရတဲ့ ရန်ကုန်မြို့ရဲ့ သုသာန်တွေထဲက မြို့တွင်းမှာ ကျန်ရစ်တဲ့ ရှားရှားပါးပါး သုသာန်အနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။

ထာဝရအိပ်စက်နေသူတွေဟာ မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့ စတေးခံခဲ့ရပြီး သချုႋင်းဟောင်းတွေကလည်း အခုဆို စူပါမားကတ်တွေ၊ ဈေးဝယ်စင်တာကြီးတွေနဲ့ ကွန်ဒိုတိုက်တာကြီးတွေ ဖြစ်လာခဲ့ပါတယ်။

၁၉၈၈ ကနေ ၁၉၉၇ ခုနှစ်အထိ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရယ်လို့ သူတို့ကိုယ် သူတို့ အမည်ပေးခဲ့တဲ့ စစ်အစိုးရဟာ ရန်ကုန်မြို့အတွင်းက သုသာန်တွေ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီးက ရေဝေးသုသာန်ထဲက တရုတ်သချိုႋင်းဂူ တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီးက ရေဝေးသုသာန်ထဲက တရုတ်သချိုႋင်းဂူ တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်ကြည်လင်းဟာ ခုခါမှာ တာမွေမြို့နယ် ဗညားဒလလမ်းပေါ်က နား၊ နှာခေါင်းနဲ့ လည်ချောင်းဆေးရုံဝင်း ဖြစ်နေတဲ့ ရွှေ့ပြောင်းခံ သုသာန်မြေအနီးမှာ နေလာခဲ့တာ နှစ် ၂၀ ရှိပြီလို့ သိရပါတယ်။

“အစိုးရက အုတ်ဂူတွေ သုသာန်မြေပုံတွေ မရွှေ့ခင် သတင်းစာထဲကနေ တကယ်လို့ ဆွေမျိုးတွေက သူတို့သားချင်းတွေရဲ့ ရုပ်အလောင်းတွေကို အထူးတောင်းဆိုချက် တင်ပြပြီး ရွှေ့ပြောင်းနိုင်တယ်လို့ တစ်ပတ်အချိန်ပေး ကြိုတင်ကြေညာခဲ့ပါတယ်”လို့ ဦးအောင်ကြည်လင်းက Frontier ကို ပြောပါတယ်။

၁၉၉၂ က သုသာန်မြေနေရာ ပြောင်းရွှေ့မှုမှာ  မိသားစုတချို့က မြှုပ်နှံထားတဲ့ ဆွေမျိုးတွေရဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်ပြီး ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က ရေဝေးသုသာန်မှာ ပြန်လည် သြင်္ဂိုဟ်ခဲ့တယ်လို့ သူက မှတ်မိသမျှ ပြန်ပြောပြပါတယ်။

“ဗညားဒလလမ်းက သုသာန်ရှေ့မှာ ဒေါ့ဂျစ်ကား အစီး ၂၀ လောက် တန်းစီနေခဲ့တာ မှတ်မိသေးတယ်”လို့ ဦးအောင်ကြည်လင်းက ပြောပါတယ်။ ဒီလို ရုပ်အလောင်းတွေကို ပြန်လည်သယ်ယူသူ အများစုက တရုတ်လူမျိုးတွေ ဖြစ်ပြီး ဒါဟာ ဂူသွင်းသြင်္ဂိုဟ်ခြင်းကို ရိုးရာမပျက်  မဖြစ်မနေ လုပ်ဆောင်လိုတာကြောင့် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဒီလိုမျိုး သုသာန်မြေနေရာ ပြောင်းရွှေ့မှုက လက်ခံနိုင်တဲ့ အနေအထား ဖြစ်ခဲ့တယ်။

အသက် ၇၁ နှစ်အရွယ်ရှိ ဦးထွန်းအောင်မြင့်ကတော့ သူ့အဖိုး အုတ်ဂူကို တာမွေသုသာန်ကနေ ရေဝေးသုသာန်ကို ရွှေ့ပြောင်းရာမှာ ဘာမှ မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။

“အစိုးရရဲ့ ကြေညာချက်ကို ကြားကြားချင်းမှာတော့ ကျွန်တော့်အဖေနဲ့ အမေက အဲဒီကိစ္စကို တရေးတယူ ပြောကြသေးပေမဲ့ နောက်ပိုင်းတော့ မေ့သွားကြပါတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်တော့်အဖိုး အုတ်ဂူနဲ့ပတ်သက်လို့ မှတ်မိတာ အဲဒါအကုန်ပါပဲ” လို့ သူက ထပ်ပြောခဲ့ပါသေးတယ်။

ရေဝေးသုသာန်ထဲက တရုတ်သချိုႋင်းထဲမှ ဖြတ်လျှောက်လာသူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရေဝေးသုသာန်ထဲက တရုတ်သချိုႋင်းထဲမှ ဖြတ်လျှောက်လာသူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

သုသာန်အများစုဟာ ယုံကြည်မှုဘာသာအလိုက် ရှိကြပေမယ့် ဗညားဒလလမ်းပေါ်က သုသာန်ဟာ ဘာသာပေါင်းစုံ မြှုပ်နှံထားတဲ့ သုသာန်တစ်ခု ဖြစ်ပါတယ်။ အဲဒီသုသာန်ထဲမှာ မွတ်ဆလင်အတွက် နှစ်နေရာနဲ့ တရုတ်လူမျိုးတွေအတွက် နှစ်နေရာ သတ်မှတ်ပေးထားပြီး ရန်ကုန်မြို့မှာတော့ အကြီးဆုံး တရုတ်သချုႋင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။

သချိုႋင်းဂူပေါ်များ၌ မိသားစုဝင်များ ချထားသည့် ပန်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

သချိုႋင်းဂူပေါ်များ၌ မိသားစုဝင်များ ချထားသည့် ပန်းများကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

အခုဆိုရင်တော့ သုသာန်မြေနေရာ လေးခုစလုံးကို အဆောက်အအုံတွေနဲ့ ပြန်လည် အစားထိုး တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။

တာမွေသုသာန်ထဲက အရှေ့မြင်းပြိုင်ကွင်းလမ်းဘက်မှာရှိတဲ့ မွတ်ဆလင် သုသာန်ကို စစ်အစိုးရက အမျိုးသား စာကြည့်တိုက် ဆောက်လုပ်ဖို့ နေရာယူခဲ့ပေမယ့် အစိုးရရုံးစိုက်တဲ့မြို့အဖြစ် နေပြည်တော်ကို ပြောင်းရွှေ့လိုက်ပြီးတဲ့နောက် အဲဒီစီမံကိန်းကို ဆက်လက်အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အဲဒါအစား အခုဆိုရင် Luxury Polo Club ကွန်ဒိုစီမံကိန်းကို ဆောက်လုပ်နေပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူလမ်းနားမှာရှိတဲ့ ကန်တော်လေး မွတ်ဆလင် သုသာန်ဟာ အခုဆိုရင် 21 Century စူပါမားကတ် ဖြစ်နေပါပြီ။ ကမာရွတ်မြို့နယ်မှာရှိတဲ့ ကြံတောသုသာန်ဟာ ရန်ကုန် မူးယစ်ဆေးဝါးပြတိုက် မြေနေရာအတွက် အုတ်ဂူတွေ မဖယ်ရှားသေးခင် ၁၉၉၆-၁၉၉၇ အထိတော့ ရန်ကုန်မြို့ရဲ့ အကြီးဆုံး သုသာန်တစ်ခု ဖြစ်ခဲ့တယ်။ အခုဆိုရင် အဲဒီနေရာက Junction Square ဈေးဝယ်စင်တာကြီး ဖြစ်နေပြီး ကိုးမိုင်မှာ ရှိတဲ့ တရုတ်သချုႋင်းနေရာက အိုးရှင်း စူပါမားကက် ဖြစ်နေပါပြီ။

အသက် ၇၀ အရွယ်ရှိ ဦးရှောင်မင်းရဲ့ မိဘတွေကို ရန်ကုန်မြို့တရုတ်သချုႋင်း လေးခုထဲက တစ်ခုဖြစ်တဲ့ ၉ မိုင် သုသာန်မှာ မြုပ်နှံထားခဲ့ပြီး ရုပ်အလောင်းတွေ ရွှေ့ပြောင်းခဲ့ရတာကို မိသားစုတွေ ဝမ်းနည်းခဲ့ကြတယ်လို့ ဆိုပါတယ်။

“အစိုးရရဲ့ ကြေညာချက်ကိုကြားပြီးတဲ့နောက်မှာ ကျွန်တော်တို့ တော်တော် ဝမ်းနည်းစိတ်ပျက်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က မြန်မာနိုင်ငံမှာနေတဲ့ လူမျိုးခြားဖြစ်နေတဲ့ အခြေအနေကို သဘောပေါက်ခဲ့ကြပါတယ်”လို့ မြန်မာနိုင်ငံမှာ မွေးဖွားပြီး တစ်ချိန်က ရန်ကုန်မြို့ရဲ့ အကြီးဆုံး တရုတ်ဘုံကျောင်း ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဦးရှောင်မင်းက ဆိုပါတယ်။

“တရုတ်လူမျိုးတွေအတွက် သုသာန်နေရာပြောင်းတာ၊ ဒါမှမဟုတ် ရှိနှင့်ပြီးသား အုတ်ဂူတွေ နေရာပြောင်းတာ တော်တော်ဆိုးတဲ့ အခြေအနေဖြစ်ပါတယ်။ တချို့ဘာသာတွေရဲ့ သုသာန်ကို ဖျက်ဆီးတယ်ဆိုတာ သူတို့ရဲ့ သမိုင်းကို ဖျက်ဆီးတာနဲ့ အတူတူပါပဲ”လို့ သူက ဆိုပါတယ်။

တရုတ်လူမျိုးတွေအနေနဲ့ မိဘမျိုးရိုးတွေရဲ့ အုတ်ဂူတွေနေရာ ရွှေ့ပြောင်းလို့ မရအောင် သုသာန်ကို ဆက်ထိန်းဖို့ ဝိုင်းဝန်းတွန်းအားပေးသင့်ပေမဲ့ အဲဒီအချိန်က ဘယ်လိုပဲကြိုးစား ကြိုးစား သုသာန်မြေနေရာ ပြောင်းရွှေ့တဲ့ ဆုံးဖြတ်ချက်ကို မပြင်ဆင်နိုင်ဘူးဆိုတာကိုလည်း သိနေခဲ့ကြတယ်လို့  ဦးရှောင်မင်းက ပြောပါတယ်။

ရေဝေးသုသာန်ထဲက ခရစ်ယာန်သချိုႋင်းဂူများကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရေဝေးသုသာန်ထဲက ခရစ်ယာန်သချိုႋင်းဂူများကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

၁၉၉၀ ပြည့်နှစ် သုသာန်မြေနေရာ ပြောင်းရွှေ့ခြင်း အမိန့်ကြောင့် ပြောင်းရွှေ့ခဲ့ရပြီး အခု စူပါမားကက်တွေရှိတဲ့ တာမွေ မွတ်ဆလင် သုသာန်ဟာ သုသာန်မြေနေရာ စိတ်ချရရေးအတွက် မေးခွန်းထုတ်ခံနေရပါတယ်။

သုသာန်မြေနေရာမှာ အဆောက်အအုံ ဆောက်လုပ်ထားတဲ့အတွက် တချို့ပြဿ     နာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အစောင့်တစ်ဦးက ဆိုပါတယ်။

၁၉၉၇ ခုနှစ်က ဈေးဝယ်စင်တာကြီးတစ်ခု ဆောက်ဖို့ လျာထားခံခဲ့ရတဲ့ ရန်ကုန်မြို့တွင်း ၉၁ လမ်းရှိ ဂျူးသုသာန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

၁၉၉၇ ခုနှစ်က ဈေးဝယ်စင်တာကြီးတစ်ခု ဆောက်ဖို့ လျာထားခံခဲ့ရတဲ့ ရန်ကုန်မြို့တွင်း ၉၁ လမ်းရှိ ဂျူးသုသာန်ကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

“ကျွန်တော်တို့ လူမျိုးအတွက်တော့ ဒီသုသာန်က အဖိုးမဖြတ်နိုင်ပါဘူး”လို့ အသက် ၇၅ နှစ်အရွယ်ရှိ အဲဒီအစောင့်က ဆိုပါတယ်။ မွတ်ဆလင်သုသာန်ဟာ ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း အရေးပါတဲ့ ဖြစ်ရပ်တွေနဲ့လည်း ဆက်နွယ်နေပါတယ်။

ဒီနေရာဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ က ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင် နှစ်ဦးရဲ့ နောက်ဆုံး ခေါင်းချရာ နေရာလည်း ဖြစ်ပါတယ်။ သူတို့ကတော့ ဝန်ကြီးဦးရာဇတ် (Abdul Razak) နဲ့ ကိုယ်ရံတော် ကိုထွေးတို့ပဲ ဖြစ်ကြပါတယ်။

မြန်မာ ဗုဒ္ဓဘာသာလူမျိုးများရဲ့ အသုဘ အခမ်းအနားများ

မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသုဘတွေဟာ မိသားစုရဲ့ ဆန္ဒပေါ်မူတည်ပြီး တစ်ပတ်ခန့် ကြာတတ်ပါတယ်။ အသုဘအခမ်းအနား မတိုင်ခင် ကွယ်လွန်ပြီး ၃ ရက်၊ ဒါမှမဟုတ် ၅ ရက်မြောက်မှာ ရုပ်အလောင်းကို ပြင်ဆင်ပါတယ်။ အလောင်းကို ဝတ်ကောင်းစားလှ ဝတ်ဆင်ပေးထားပြီး ကူးတို့ခ တစ်မတ်ကိုလည်း ပါးစပ်ထဲ ထည့်ပေးထားပါတယ်။

ကူးတို့ခကတော့ နောက်ဘဝ ကူးပြောင်းဖို့အတွက် အဖိုးအခအနေနဲ့ ထည့်ပေးလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။

အသုဘအခမ်းအနား မတိုင်ခင်မှာ ရဟန်းသံဃာတော်တွေက သေဆုံးသူရဲ့ ဘေးနားမှာ သီတင်းသုံးကာ သရဏဂုံတင်ပေးပြီး တရားတော်များ ရွတ်ပွားကြပါတယ်။ ဒီတရားတော်က သေဆုံးသူ ဘဝကူးကောင်းစေဖို့ ရည်ရွယ် ရွတ်ဆိုကြတာ ဖြစ်ပါတယ်။  

ဒီ ၇ ရက်အတွင်းမှာ မိသားစုတွေဟာ သေဆုံးသူဝိညာဉ် လွတ်လပ်စွာ သွားလာနိုင်ဖို့ အိမ်တံခါးပေါက်တွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ပေးထားပါတယ်။

ဂူသွင်းသဂြုႋဟ်ခြင်းဟာ အသုဘအခမ်းအနားအတွက် သမားရိုးကျဖြစ်ပေမဲ့ တချို့နေရာတွေမှာတော့ မီးသဂြုႋဟ်လေ့ရှိကြပါတယ်။ အသုဘအခမ်းအနားကို လာရောက်သူတွေဟာ အနက်ရောင်ဝတ်စုံ ဆင်မြန်းကာ မမြဲခြင်းအနိစ္စကို ဖော်ညွှန်းတဲ့ တရားစာများ ရွတ်ဖတ်ကြပါတယ်။

သရဏဂုံတင်တာကိုတော့ မီးသဂြုႋဟ်ဖို့ ရုပ်ကလာပ်ကို ပြင်ဆင်ထားချိန်မှာ သံဃာတော်တွေက ရွတ်ဖတ်သရဇ္ဈာယ်ကြပါတယ်။ အသုဘအခမ်းအနား ပြီးဆုံးချိန်မှာတော့ အသုဘကို လာရောက်သူတွေဟာ သေဆုံးသူရဲ့ မိသားစုကို လက်ဆောင်များ ပေးလေ့ရှိပါတယ်။ ရိုးရာအရ ဒီလက်ဆောင်တွေဟာ ပန်းတွေ၊ ဒါမှမဟုတ် အစားအသောက်တွေ ဖြစ်ကြပေမဲ့ တချို့နေရာတွေမှာတော့ သေဆုံးသူမိသားစုအတွက် အသုဘစရိတ်၊ ဒါမှမဟုတ် အလှူငွေ၊ ကူငွေတွေ ပေးလေ့ရှိပါတယ်။

အသုဘအခမ်းအနား ပြီးဆုံးပြီး ရက်လည်ချိန်၊ သေဆုံးပြီးတစ်ပတ်အကြာမှာတော့ သေဆုံးသူရဲ့ မိသားစုဟာ သူတို့ပြုသမျှ ကောင်းမှုကုသိုလ်အစုစုကို အမျှပေးဝေဖို့အတွက် သံဃာတော်များကို ရက်လည်ဆွမ်းကပ်ကြပါတယ်။

မြန်မာနိုင်ငံအတွင်းက အသုဘအခမ်းအနားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအိုနဲ့ သီရီလင်္ကာနိုင်ငံတွေက အသုဘ အခမ်းအနားတွေနဲ့ အလားသဏ္ဍာန် တူပါတယ်။ ဒါပေမဲ့လည်း အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာ အသုဘအခမ်းအနား ယဉ်ကျေးမှုစာအုပ်ထဲမှာ ဆိုရင်တော့ မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ အသုဘအခမ်းအနားက ဒေသတွင်းနိုင်ငံများထက် ပိုမိုအချိန်လျော့နည်းကာ အကျဉ်းရုံး ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.