အသိအမှတ်ပြုရေး လမ်းကြောင်းဆီသို့

မြန်မာ့ မသန်စွမ်း အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များသည် ၎င်းတို့အား ယခုထက်ပိုကောင်းသော အခွင့်အရေးများ ပေးအပ်မည့် ဥပဒေတစ်ရပ် ဖော်ဆောင်ရေးအတွက် ယမန်နှစ်ကတည်းက စောင့်ဆိုင်းခဲ့ကြရပြီး ဖြစ်သည်။

ဆောင်းပါးနှင့် ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ဦးဇော်လင်းထွန်းသည် မိုးကုတ်စက်ဝိုင်းပေါ်သို့ သူရိန်နေမင်း ပေါ်ထွက်မလာမီ နံနက်စောစောအချိန်တွင် လူများဖြင့် ယောက်ယက်ခတ်နေသော ၎င်းအိမ်အနီးမှ ကားမှတ်တိုင်တွင် ဘတ်စ်ကားစီးရန် စောင့်ဆိုင်းနေခဲ့သည်။ လူများက သူ့အနားမှ ဖြတ်သွားစဉ် ခေတ္တမျှ ရပ်တန့်ကြည့်ရှုသွားခဲ့ကြသေးသည်။

ဘတ်စကား ထိုးရပ်လာသောအခါ ဦးဇော်လင်းထွန်းအား လူစိမ်းနှစ်ဦးက တံတောင်ဆစ်မှမတင်၍ ကားပေါ်သို့ တင်ပေးခဲ့ကြသည်။ ယာဉ်မောင်းက သူ့ကိုနေရာပေးရန် အမျိုးသမီးတစ်ဦးကို လှမ်းပြောလိုက်ချိန်တွင် အခြားခရီးသည်များက သူ့ကို လှည့်ကြည့်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ယာဉ်မောင်းက သူတို့ရောက်ရှိသည့် မှတ်တိုင်များကို စဉ်ဆက်မပြတ် အော်ဟစ်အသိပေးလာခဲ့ပြီးနောက် ဦးဇော်လင်းထွန်း ဆင်းမည့်မှတ်တိုင်သို့ ရောက်သည့်အခါ ၎င်းအား အခြားလူစိမ်းနှစ်ဦးက ဘတ်စ်ကားပေါ်မှ တွဲကူအောက်ချပေးခဲ့ကြသည်။ သို့ဖြင့် ၎င်း၏ခရီးစဉ်ကို အသက်သာဆုံး ဖြတ်သန်းရောက်ရှိခဲ့လေသည်။

ဦးဇော်လင်းထွန်းသည် ၎င်း၏ လမ်းလျှောက်တုတ်ကို အသုံးပြုကာ ခြောက်လမ်းသွား ကားလမ်းကို ခက်ခက်ခဲခဲ ဖြတ်ကူးခြင်းအားဖြင့် ခရီးစဉ်ကို အဆုံးသတ်ခဲ့ရသည်။ ၎င်းအား အထောက်အကူ ဖြစ်စေမည့် လူကူးမျဉ်ကျား၊ သို့မဟုတ် လူကူးမီးပွိုင့်များ မရှိပေ။ ရှိနေလျှင်လည်း ယင်းတို့ကို ဦးဇော်လင်းထွန်း မြင်နိုင်လိမ့်မည် မဟုတ်ပေ။ 

အလုပ်ခွင်သို့ သွားရာတွင် မိမိ မည်သည့်နေရာ ရောက်နေမှန်း မသိနိုင်သဖြင့် ဦးဇော်လင်းထွန်းသည် ယာဉ်မောင်းနှင့် ခရီးဖော်တို့အား ရောက်ရှိနေရာကို မေးကြည့်ရလေ့ရှိသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မေလ်ကို

အလုပ်ခွင်သို့ သွားရာတွင် မိမိ မည်သည့်နေရာ ရောက်နေမှန်း မသိနိုင်သဖြင့် ဦးဇော်လင်းထွန်းသည် ယာဉ်မောင်းနှင့် ခရီးဖော်တို့အား ရောက်ရှိနေရာကို မေးကြည့်ရလေ့ရှိသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မေလ်ကို

အမြင်အာရုံဆုံးရှုံးမှုကို ဖြည်းဖြည်းချင်း ဖြစ်ပေါ်စေသည့် မျိုးရိုးဗီဇရောဂါ တစ်မျိုးဖြစ်သည့် ရက်တီနစ်တစ် ပစ်ဂမန်တိုဆာရောဂါ retinitis pigmentosa ဖြင့် မွေးဖွားလာခဲ့သူ ဦးဇော်လင်းထွန်းမှာ အမှန်တကယ်အားဖြင့် မျက်မမြင်တစ်ဦးပင် ဖြစ်သည်။ ၎င်းသည် ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် လှည့်လည်သွားလာရန် သူ့အကြားအာရုံ၊ လမ်းလျှောက်တုတ်နှင့် သူစိမ်းများ၏ အကူအညီကိုသာ အမှီသဟဲပြုရလေ့ရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဦးဇော်လင်းထွန်းမှာ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် ခန့်မှန်းအားဖြင့် ၂ ဒသမ ၃ သန်းမျှရှိသော မသန်စွမ်းများအနက် တစ်ဦးဖြစ်သည်။ အထူးသဖြင့် မျက်မမြင်များနှင့် ဘီးတပ်ကုလားထိုင် အသုံးပြုရသူများ အပါအဝင် ဤမသန်စွမ်းများမှာ မိသားစုနှင့် စီးပွားရေး အဆင့်အတန်း၊ ၎င်းတို့အတွက် အကူအညီ၊ သို့မဟုတ် ကာကွယ်ပေးမှု တစ်ခုမျှ မရှိသော ဥပဒေများနှင့် ၎င်းတို့၏ဘဝများကို ပိုမိုလွယ်ကူစေမည့် အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံ နည်းပါးခြင်းများကို ရင်ဆိုင်အံ့တု ရပ်တည်နေထိုင်ရလျက်ရှိသည်။

မြန်မာ့ အခြေခံ အဆောက်အအုံများမှာ မသန်စွမ်းများအတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်ဆိုသည်ကို ဦးဇော်လင်းထွန်းက  ကောင်းစွာ နားလည်သဘောပေါက်ထားသည်။

“ပလက်ဖောင်းကလည်း ကျွန်တော့်အတွက် လုံခြုံမှု မရှိပါဘူး။ ခလုတ်တံသင်းတွေ အများကြီး ရှိပါတယ်။ သူတို့ကို ယုံကြည်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။

ဦးဇော်လင်းထွန်း၏ လက်နှင့် ခြေထောက်များမှာ ၎င်း၏ နေ့တဓူဝ ရုန်းကန်လှုပ်ရှားနေရမှုများအတွက် သိသာထင်ရှားသော သက်သေများပင် ဖြစ်သည်။ တက္ကစီများနှင့် တိုက်မိခြင်း၊ လျှောက်လမ်းနှင့် လမ်းမများပေါ်ရှိ အပျက်အစီး အပိုင်းအစများ၊ လျှပ်စစ်ဝိုင်ယာကြိုးများ၊ သတ္တုအပိုင်းအစများနှင့် လောလောလတ်လတ် တိုက်မိထိရှရာများက မထင်မရှား အမာရွတ်ဟောင်းများပေါ်တွင် ထပ်လျက်ရှိနေသည်ကို တွေ့မြင်နေရသည်။

ဆိုက်ကားခ၊ သို့မဟုတ် ဘတ်စကားခ ပေးချေခြင်းကဲ့သို့ ရိုးရှင်းသည်ဟု ထင်ရသော အလုပ်များမှာပင် မယုံချင့် ယုံချင်ဖြင့် အတင်းယုံလိုက်ရသည့် မရေမရာ ကစားပွဲ တစ်ပွဲအသွင် ပြောင်းသွားရတတ်သေးသည်။ ကျပ်ငွေများကို အရွယ်အစားနှင့် ပုံပန်းသဏ္ဍာန်အရ တညီတည်း ထုတ်လုပ်ထားခြင်းဖြင့် ကွဲပြားသည့် ထူးခြားအမှတ်အသား မရှိသောကြောင့် ယင်းတို့ကို သုံးစွဲရာတွင် ငွေကြေးရယူ ပြန်အမ်းသူများ၏ ကရုဏာသက်မှုအပေါ်တွင်သာ ဦးဇော်လင်းထွန်းခမြာ အားထားနေရတော့သည်။

“တစ်ယောက်ယောက်ကို ပိုက်ဆံပေးရင် သူတို့ကို အပြည့်အဝ ပေးမိရဲ့လား၊ ဒါမှမဟုတ် သူတို့က မှန်မှန်ကန်ကန် ပြန်အမ်းပေးရဲ့လားဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။ “အများပြည်သူပိုင်နေရာတွေနဲ့ ကားတွေပေါ်မှာဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်” ဟုလည်း ထပ်လောင်းရှင်းပြသည်။

မီတာ ၁၅၀ (ပေ ၅၀၀) မျှ ကွာဝေးသော ဘတ်စ်ကားမှတ်တိုင်နှင့် ၎င်း၏ရုံးခန်းအကြား ခရီးလမ်း၌ ဦးဇော်လင်းထွန်းမှာ လမ်းမဘေးတွင် ကပြောင်းတိ ကပြောင်းပြန် ရပ်ထားသော ကားခြောက်စီးကို ဖြတ်လျှောက်ခဲ့ရသည်။ ကားမောင်းသမားအချို့မှာ ၎င်းတို့၏ကားကို ဦးဇော်လင်းထွန်းက လက်ဖြင့် တိုက်မိသည့်အခါ စိတ်ဆိုးမာန်ဆိုးကြည့်ခြင်း၊ သို့မဟုတ် အော်ဟစ်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။

အချို့ကမူ ၎င်းဖြတ်သွားစဉ် ခလုတ်တံသင်းဖြင့် တိုက်မိမည်စိုး၍ လမ်းလျှောက်တုတ်ကို ဟိုစမ်းသည်စမ်း လုပ်ရသည်ကို ၎င်းတို့၏ကားပြတင်းများကို ဖွင့်ကာစောင့်ကြည့်လိုက်ကြသေးသည်။ ဦးဇော်လင်းထွန်း၏ ခရီးစဉ်အတွင်းမှ အန္တရာယ် အများဆုံးသော အစိတ်အပိုင်းမှာ မကုန်ဆုံးသေးချေ။ ခြောက်လမ်းသွား လမ်းမကြီးကိုလည်း မဖြစ်မနေ ဖြတ်လျှောက်ရန် ကျန်သေး၍ ဖြစ်သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် Myanmar Federation of Persons with Disabilities ၏ စီမံချက်များဆိုင်ရာ စီမံကိန်းဒါရိုက်တာ တစ်ဦးဖြစ်သူ ဆလိုင်း ဗန်နီ ဘာဝီမှာ ၎င်း၏အချိန်အများစုကို မသန်စွမ်းများအကြောင်း လေ့လာခြင်းနှင့် ၎င်းတို့အတွက် အရေးဆို လှုပ်ရှားဆောင်ရွက်ခြင်းတို့တွင် နှစ်မြုပ်လုပ်ခဲ့နေသူ တစ်ဦး ဖြစ်သည်။ 

ဦးဇော်လင်းထွန်းနှင့် သူ့မိတ်ဆွေဖြစ်သူ မြန်မာနိုင်ငံ မသန်စွမ်း အသင်းချုပ် အဖွဲ့ဝင်တစ်ဦးတို့ကို အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်၌ အတူတွေ့ရှိရစဉ်။ ဓာတ်ပုံ - ဗစ်တိုရီးယား မေလ်ကို

ဦးဇော်လင်းထွန်းနှင့် သူ့မိတ်ဆွေဖြစ်သူ မြန်မာနိုင်ငံ မသန်စွမ်း အသင်းချုပ် အဖွဲ့ဝင်တစ်ဦးတို့ကို အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်၌ အတူတွေ့ရှိရစဉ်။ ဓာတ်ပုံ – ဗစ်တိုရီးယား မေလ်ကို

“ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အကြားအာရုံနဲ့ အမြင်အာရုံဆိုပြီး ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် မသန်စွမ်းအမျိုးအစား လေးမျိုး ရှိပါတယ်” ဟု ဘာဝီက ဆိုသည်။ “အားလုံးက မြန်မာနိုင်ငံမှာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေကြရသူတွေပါ” ဟုလည်း မှတ်ချက်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် လူ့အခွင့်အရေး အခန်းကဏ္ဍ တစ်ရပ်အတွင်း၌ မသန်စွမ်းများနှင့် အားလုံးပါဝင်နိုင်သော ပညာရေး အစီအစဉ်ကို ထည့်သွင်းထားသည့် မသန်စွမ်း အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် မသန်စွမ်း အသိုင်းအဝိုင်းတွင် ယမန်နှစ် နှောင်းပိုင်းကာလအထိ အခြေခံလွတ်မြောက်မှုအတွက် ကာကွယ်စောင့်ရှောက်မှုများပင် မရှိသလောက် နည်းပါးခဲ့ရသည်။ ဥပမာအားဖြင့် မိမိကိစ္စရပ်ကို  မိမိကိုယ်တိုင် မဆောင်ရွက်နိုင်သူများသည် ဘဏ်စာရင်း ဖွင့်ပိုင်ခွင့်မရှိဟု အစိုးရမူဝါဒများတွင် ဖော်ပြထားကြောင်း၊ ဤမူဝါဒနှင့် အကျုံးဝင်နေသူများတွင် ရုပ်ပိုင်းဆိုင်ရာ၊ အကြားအာရုံ သို့မဟုတ် အမြင်အာရုံအရ မသန်စွမ်းဖြစ်နေသူများ ပါဝင်လေ့ရှိသည်ဟု ဘာဝီက ထောက်ပြခဲ့သည်။

“နိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အခွင့်အရေး ဥပဒေသစ်ကို ပြီးခဲ့တဲ့နှစ်ထဲမှာ ပြဋ္ဌာန်းခဲ့ပေမဲ့ လက်တွေ့ဖော်ဆောင်ဖို့အတွက် မူဝါဒတွေနဲ့ ပုံဖော်မယ့် နည်းဥပဒေ၊ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု ဘာဝီက ဆိုသည်။ “ဒီဥပဒေ အသက်ဝင်ဖို့အတွက် ရှေ့နေများစွာလည်း လိုအပ်နေပါသေးတယ်” ဟု ထပ်လောင်းရှင်းပြခဲ့သည်။

ဘာဝီအဆိုအရ မသန်စွမ်းများနှင့် ၎င်းတို့မိသားစုဝင်များမှာ နည်းဥပဒေ မူကြမ်းရေးဆွဲခြင်းနှင့် အတည်ပြု ပြဋ္ဌာန်းခြင်းများကို ဆက်လက်စောင့်ဆိုင်းနေသည်နှင့်အမျှ လူမှု-စီးပွားရေး ဝန်ထုပ်ဝန်ပိုးများကို ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

ဓာတ်ပုံ - ဗစ်တိုရီးယား မေလ်ကို

ဓာတ်ပုံ – ဗစ်တိုရီးယား မေလ်ကို

“မြန်မာယဉ်ကျေးမှုစံအရ မသန်စွမ်းတွေကို သူတို့ရဲ့မိသားစုဝင်တွေက စောင့်ရှောက်လေ့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

“မိသားစုဝင် တစ်ဦးဦးက အဲဒီ့မသန်စွမ်းကို ဂရုစိုက်ရတဲ့အခါမှာ အဲဒီ့လူ့အရင်းအမြစ်က ဝင်ငွေရမယ့်အလုပ်အစား စောင့်ရှောက်ရေးအတွက် အချိန်ကို အသုံးပြုနေရပါတယ်။ မသန်စွမ်း မိသားစုတစ်စုမှာ ရပ်တည်ရေးအတွက် ငွေကြေးအလုံအလောက် မရှိဘူးဆိုရင် ဒီလိုစောင့်ရှောက်ရခြင်းက ကြီးမားတဲ့ အကျိုးသက်ရောက်မှုနဲ့ အခက်အခဲတွေကို ဖြစ်ပေါ်စေပါတယ်” ဟုလည်း ထပ်လောင်းရှင်းပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မသန်စွမ်းများသာမက တက်ကြွလှုပ်ရှားသူများနှင့် ကူညီစောင့်ရှောက်သူများလည်း ပါဝင်ခဲ့သည့် ဘာဝီ ဦးဆောင်သော နှစ်ရက်တာ မွမ်းမံသင်တန်းတစ်ရပ်၌ ပညာရေးကဏ္ဍဆိုင်ရာ စိုးရိမ်ပူပန်မှုများအကြောင်း ပြောကြားခဲ့ကြသည်။

“ကျွန်တော်တို့ အသိုင်းအဝိုင်းအတွင်းက ဆရာတွေက မသန်စွမ်း ကျောင်းသားတွေနဲ့ပတ်သက်ပြီး စိတ်မရှည်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်” ဟု တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။ “သူတို့က ဂရုမစိုက်ကြပါဘူး။ ကျောင်းသားတွေကို လက်လွတ်ခံလိုက်ကြတာပါ” ဟုလည်း ဆိုလိုက်သေးသည်။

မသန်စွမ်းများအတွက် အရင်းအမြစ် ချို့တဲ့မှုကလည်း လူမှုရေးပိုင်း ထိခိုက်မှု ဖြစ်ပေါ်စေကာ မသန်စွမ်းများအား အများပြည်သူများနှင့် ထပ်မံကွာခြားသွားစေပြန်သည်။

ဦးဇော်လင်းထွန်းအဆိုအရ ၎င်း၏ အဖြူရောင် လမ်းလျှောက်တုတ်ဖြင့် လမ်းလျှောက်ပြခြင်းကို အများပြည်သူအကြား ပိုမိုသတိပြုမိလာသည့်တိုင် ၎င်းမှာ မျက်မမြင်တစ်ဦးဆိုသည်ကို လူအတော်များများ သတိမပြုမိသေးကြောင်း သတိပြုမိခဲ့သည်။

“တခါတလေမှာ လူတွေကို ဘယ်လိုသွားရမလဲ ဆိုတာကို မေးလိုက်ရင် ကျွန်တော်ကို တွေ့တွေ့ချင်း မျက်မမြင်ဆိုတာ သူတို့မသိလို့ သူတို့ဖြေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

“ကျွန်တော့်ကို တစ်ယောက်တည်း လျှောက်မသွားဖို့ ပြောကြပေမဲ့ အကူတစ်ဦး ငှားဖို့ဆိုတာ ဈေးအရမ်းကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ လမ်းလျှောက်တုတ်ကိုသုံးပြီး တစ်ယောက်တည်း သွားရတာက များပါတယ်” ဟုလည်း ထပ်လောင်းဖွင့်ဟခဲ့သည်။ 

ဦးဇော်လင်းထွန်းသည် လမ်းဖြတ်ကူးဖို့ သူစိမ်းတစ်ဦး၏ အကူအညီကို ယူရလေ့ရှိသည်။ တခါတရံ သူ့ကို စတွေ့တွေ့ချင်း သူစိမ်းများက မျက်မမြင်တစ်ဦးဟု မသိကြကြောင်း ဆိုသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မေလ်ကို

ဦးဇော်လင်းထွန်းသည် လမ်းဖြတ်ကူးဖို့ သူစိမ်းတစ်ဦး၏ အကူအညီကို ယူရလေ့ရှိသည်။ တခါတရံ သူ့ကို စတွေ့တွေ့ချင်း သူစိမ်းများက မျက်မမြင်တစ်ဦးဟု မသိကြကြောင်း ဆိုသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မေလ်ကို

မသန်စွမ်းများ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးခြင်းနှင့်ပတ်သက်၍ အစိုးရ၏ ယမန်နှစ်က ဆောင်ရွက်ချက်များ တိုးတက်လာခြင်းကို ဘာဝီက ချီးမွမ်းထောပနာ ပြုခဲ့သော်လည်း အခြေခံလူတန်းစားနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ အဆင့်တို့တွင် ဆောင်ရွက်စရာ များစွာရှိသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။

“ကျွန်တော်တို့လူ့ဘောင်က မသန်စွမ်းတွေအပေါ် ဘယ်လိုအမြင်သဘောထားမျိုး ရှိသလဲဆိုတဲ့ အကြောင်းကို လေ့လာဖို့ လိုပါတယ်။ အဲဒီလို ဆောင်ရွက်ပြီးရင်တော့ ဖြစ်ပေါ်နေတဲ့ ပြဿ     နာရပ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်း နားလည်လာနိုင်ပါလိမ့်မယ်။ အောင်မြင်မှု တစ်ခုခုလည်း ရနိုင်ပါလိမ့်မယ်” ဟု ဘာဝီက ဆိုသည်။

ဦးဇော်လင်းထွန်းက ဘတ်စ်ကားမှတ်တိုင်နှင့် ၎င်း၏ရုံးအကြားရှိ ခြောက်လမ်းသွား လမ်းမဘေးတွင် စိုးရိမ်တကြီး ရပ်တန့်နေသည့်အချိန်တွင် ၎င်းအနားသို့ လူစိမ်းတစ်ဦး ရောက်ရှိလာပြီး လက်မောင်းကိုဆွဲကာ ၎င်းသွားမည့်နေရာဆီသို့ လမ်းဖြတ်ကူးရန် ကူညီပေးခဲ့သည်။ ဦးဇော်လင်းထွန်းမှာ ၎င်း၏ နံနက်ခင်းခရီးစဉ် အဆုံးသတ်သွားသည့်အတွက် သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ချက် လင်းလက်သွားခဲ့သည်။

ဦးဇော်လင်းထွန်းက ရှူးဖိနပ်ကို ချွတ်ပြီး လမ်းလျှောက်တုတ်ကို ခေါက်သိမ်းကာ ရုံးခန်းအတွင်းသို့ ဝင်လိုက်ချိန်၌ အခြားမျက်မမြင်တစ်ဦးက လမ်းလျှောက်တုတ်ကို ဟိုထောက်သည်ထောက် လုပ်ကာ ဖြတ်လျှောက်သွားခဲ့သည်။ ထိုမျက်မမြင်သည်လည်း ခြောက်လမ်းသွား လမ်းမဘေးတွင် ရပ်တန့်ကာ လမ်းဖြတ်ကူးဖို့ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် လမ်းဖြတ်ကူးရန် ကူညီမည့် အရိပ်အယောင်ကိုမူ စိုးစဉ်းမျှ မတွေ့ရှိခဲ့ရရှာပေ။

အောင်မင်း ဘာသာပြန်သည်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.