သနပ်ခါးခဲ လုပ်ငန်းရှင်

မြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ပါးပြင်မှာ မြင်ရတဲ့ အဝါရောင် လိမ်းကျံစရာဟာ ရိုးရာ သဘာဝအလှကုန်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မန္တလေးမှာရှိတဲ့ စက်ရုံတစ်ရုံရဲ့ပိုင်ရှင်ကတော့ ဒါကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်အောင် ပြောင်းလဲနေပါတယ်။

ဓာတ်ပုံနှင့် စာသား – ဗစ်တိုးရီယား မီလ်ကို

“သူတို့လိမ်းထားတဲ့ ဝါဖျော့ဖျော့ ခြယ်သမှုက ဘာလဲ”

မြန်မာနိုင်ငံကို အခုမှ ရောက်လာသူတိုင်းနီးပါး ဒီမေးခွန်းကို မေးမိ ဖြေမိကြပါလိမ့်မယ်။ ဒီလိုမေးမိ ဖြေမိဖြစ်နိုင်တာက ဗိုလ်ချုပ်ဈေးရဲ့ လူစည်ကားနေတဲ့ ဆိုင်ခန်းတွေကို ဖြတ်လျှောက်ရင်း၊ ဒါမှမဟုတ် လူမှုမီဒီယာမှာ တင်ထားတဲ့ နောက်ဆုံးဓာတ်ပုံတွေကို ကြည့်ပြီး မိသားစုဝင်တွေရဲ့ စူးစမ်းစိတ်နဲ့မေးတဲ့ မှတ်ချက်တွေ ကြားမိရင်းကပေါ့။

သနပ်ခါး

လမ်းလျှောက်သွားသူတွေရဲ့ပါးမှာ လိမ်းထားတဲ့ သနပ်ခါးကို မမြင်ရဘဲနဲ့ မြန်မာနိုင်ငံက လမ်းတစ်လမ်းပေါ်မှာ လျှောက်သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ရိုးရာအစဉ်အလာအရ သနပ်ခါးတုံးကို ကျောက်ပြင်မှာ ရေနဲ့သွေးပြီး လိမ်းစရာတစ်ခု ရအောင်လုပ်ရပါတယ်။ ဒီလိုသွေးထားထားတဲ့ သနပ်ခါးကို နေပူဒဏ် ကာကွယ်ဖို့အတွက်ဖြစ်ဖြစ်၊ အလှအပအတွက်ဖြစ်ဖြစ် လိမ်းကျံနိုင်ပါတယ်။

ဒါပေမဲ့ လက်နဲ့ သွေးယူပြီး လိမ်းစရာ သနပ်ခါး ဖြစ်အောင်လုပ်ရတဲ့ လုပ်ငန်းစဉ်က အချိန်အတော်ကုန်ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေက အသင့်ပြုလုပ်ထားတဲ့ အလှကုန်တွေက မြန်မာနိုင်ငံမှာ ပိုပြီးပျံ့နှံ့ တွင်ကျယ်လာမှုနဲ့အတူ သနပ်ခါးကလည်း ပိုမိုခေတ်မီတဲ့ သွေးထားပြီးသားပုံစံနဲ့ စလုပ်လာပါပြီ။ 

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

အသက် ၇၀ ရှိ ဦးဖိလစ်ဆူးက အသင့်သုံးသနပ်ခါးကို အမြောက်အမြား ရောစပ်ထုတ်လုပ်ကာ နိုင်ငံတဝန်းရှိ အလှကုန်ဆိုင်တွေကို တင်ပို့နေတဲ့ ကုမ္ပဏီတချို့ထဲက တစ်ခုရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းက ရှမ်းပြည်နယ် ဇာတိကျောက်မဲမြို့မှာ အလှကုန်ဆိုင် ဖွင့်ခဲ့တဲ့ ဦးဖီလစ်ဆူးက သနပ်ခါးလုပ်ငန်းထဲ စတင်ဝင်ရောက်မှုနဲ့စပ်လျဉ်းပြီး သူ့ဇနီးဖြစ်သူကို အမွှန်းတင်ပြောဆိုပါတယ်။                        

“ဆိုင်ကို ကျွန်တော့်ဇနီးက စီမံခန့်ခွဲနေခဲ့တာပါ။ တစ်နေ့တော့ သူက ကျွန်တော့်ကို ပြောတယ်။ ရှင်သနပ်ခါး လုပ်ကြည့်ပါလားတဲ့” ဟု ဦးဖီလစ်ဆူးက ရယ်မောပြီးပြောပါတယ်။ “ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ ဘာလို့ မလုပ်ရမှာလဲပေါ့”

အဲဒီနောက် သူဟာ ရှမ်းပြည်နယ်ကနေ မန္တလေးသွားပြီး အသင့်သုံး သနပ်ခါးအတွက် အထဲမှာ ထည့်ရမယ့်ပစ္စည်းတွေ ဝယ်လာပြီး ရိုးရိုးရှင်းရှင်း သနပ်ခါးခရင်မ် နည်းနည်းကို လက်နဲ့ပဲ ပြုလုပ်ပြီး တာရှည်ခံပစ္စည်းတွေ ပေါင်းထည့်ခဲ့တယ်လို့ သူကပြောပါတယ်။

“သုံးနှစ်လောက်ကြာတော့ ဒါက ငွေရှာဖို့ကောင်းတဲ့ လုပ်ငန်းတစ်ခု မဟုတ်မှန်း ကျွန်တော် သိလာခဲ့တယ်။ ဒါပေမဲ့ ဒါကို ဘယ်လိုဖန်တီးထုတ်လုပ်ပြီး ပြည့်စုံကောင်းမွန်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကဏ္ဍတွေကို ကျွန်တော် တကယ်ပဲ စိတ်ဝင်စားလာခဲ့တယ်” လို့လည်း သူက ပြောပါတယ်။

အဲဒီတုန်းက မန္တလေးမှာ အိမ်လေးတစ်လုံး ငှားရမ်းနေထိုင်ခဲ့တဲ့ ဦးဖီးလစ်ဆူးဟာ လုပ်ငန်းချဲ့ထွင်ဖို့ ဆုံးဖြတ်ပြီး စက်ရုံတစ်ရုံ ဆောက်ဖို့ အစိုးရဆီကမြေကို စတင်ငှားရမ်းခဲ့ပါတယ်။ ဒီကနေ့ အဲဒီနေရာမှာပဲ သူ့စီးပွားရေးလုပ်ငန်း လည်ပတ်နေပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

အစဉ်အလာကို ထိန်းသိမ်းထားတဲ့ ဦးဖီးလစ်ဆူးရဲ့သနပ်ခါးထုတ်လုပ်နည်းပုံစံက ရိုးရှင်းပါတယ်။ အနီးဝန်းကျင်စိုက်ခင်းတွေက သနပ်ခါးကိုင်းတွေ၊ အခေါက်တွေကို ဝယ်ယူဖြည့်တင်းပါတယ်။

အိတ်ကြီးတွေနဲ့ ရောက်လာတဲ့ သနပ်ခါးတွေကို အရည်အသွေး ထိန်းသိမ်းဖို့နဲ့ မလိုလားအပ်တဲ့ အစအနတွေကို ဖယ်ရှားပစ်ဖို့ လက်နဲ့ပဲ ရွေးသန့်ပြီး လွှင့်ပစ်ရပါတယ်။ နို့မဟုတ်ရင်တော့ နောင် ပစ္စည်းရွေးသန့်တဲ့အခါ နမူနာအဖြစ်ကြည့်ဖို့ သိမ်းထားရပါတယ်။

သနပ်ခါးတုံးတွေ အခေါက်တွေ ရွေးပြီးတာနဲ့ ဆေးကြောသန့်စင်စက်တွေဆီကို ပို့ပါတယ်။ အင်းဆက်ပိုးတွေ၊ သဲတွေနဲ့ တခြားမလိုလားအပ်တဲ့ အစအနတွေကို ဖယ်ရှားပစ်နိုင်ဖို့ ဖြစ်ပါတယ်။

ဦးဖီးလစ်ဆူးရဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ ရေစစ်စနစ်ဟာ ချီးကျူးဖို့ကောင်းလှပါတယ်။ ကျောက်ရယ်၊ သဲရယ်၊ မြေသားရယ် အလွှာထပ်ထားတဲ့ မြေအောက်ရေအောင်းလွှာက ရေကိုစုပ်တင်ပြီး အက်စစ်နဲ့ အယ်ကာလီအဆင့် မဖြစ်အောင် ပီအိပ်ချ်ထိန်းညှိမှုအဆင့် pH balance ကို ပြုပြင်ပေးတဲ့ နှစ်မျိုးပေါင်း ရေစစ် စနစ်နဲ့ ရေကိုသန့်စင်ပါတယ်။

အဲဒီစနစ်ရဲ့ဝန်းကျင်က အပင်တွေကလည်း နောက်ထပ် ပီအိပ်ချ်အဆင့်ကို စောင့်ကြည့်ပြင်ပေးသလို ဖြစ်နေပါတယ်။ အဲဒီစက်ရုံကို ရောက်သွားရင် ဦးဖီးလစ်ဆူးက သင့်ကို ရေတစ်ဖန်ခွက်သောက်ဖို့ တိုက်တွန်းပါလိမ့်မယ်။ ရေအရည်အသွေး သိပ်ကိုကောင်းကြောင်း သိစေလိုလို့ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

စေ့စေ့စပ်စပ် ဆေးကြောသန့်စင်ပြီးတဲ့နောက် သနပ်ခါးကို ရေနွေးငွေ့နဲ့ပေါင်းပြီး ကြိတ်စက်ဆီကို ပို့ပါတယ်။ အဲဒီမှာ ကြိတ်သမျှ သနပ်ခါးအများဆုံးရအောင် ကျောက်တုံးကြီးတွေ ထပ်တပ်ပြီး ဖိအားများများ ရအောင်လုပ်ယူပါတယ်။ ကြိတ်ထားတဲ့ သနပ်ခါးကို နောက်ထပ်သဲနဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ တစ်ခုနဲ့ တစ်ခု မတူတဲ့ စစ်ထုတ်သန့်စင်စနစ် သုံးမျိုးကို ထပ်ပြီးဖြတ်သန်းစေပြန်ပါတယ်။

အဲဒီနောက် စစ်ထားတဲ့ သနပ်ခါးရည်ကို ဖိအားပေးပြီး ရေသွေ့သွားစေကာ အုတ်ခဲတုံးပုံစံ သန့်စင်တဲ့ သနပ်ခါးခဲကို ထုတ်လုပ်ယူပါတယ်။

ဒီလိုလုပ်ထားတဲ့ သနပ်ခါးကို လေအေးပေးခန်းထဲမှာထားပြီး တာရှည်ခံလုပ်ငန်းစဉ်အတွက် သုံးတဲ့ လီမွန်နံ့ ထည့်သွင်းပေးပါတယ်။ ဒီ့နောက်မှာတော့ အလုပ်သမားတွေက လှလှပပ သေသေသပ်သပ် ဖြတ်ပေးတဲ့ စက်ထဲကို သနပ်ခါးတုံး ထည့်လိုက်ပါတယ်။ တာရှည်ခံဆေးနဲ့ မွှေးရနံ့တွေကို လက်နဲ့ပဲ ထည့်ပေးပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

ခုနေမှာ ရောစပ်ပြီး အသင့်လူးနိုင်တဲ့ သနပ်ခါးကို ထုတ်ပိုးတဲ့အခန်းထဲ ပို့ပါတယ်။ အဲဒီမှာ အလုပ်သမားတွေက လက်နဲ့ထုတ်ပိုးပြီး အဝကျယ် ပလတ်စတစ်ဘူးလေးတွေထဲ ထည့်လိုက်ပါတယ်။ နောက်တော့ ကတ်ထူစက္ကူပုံးတွေထဲ ဆက်ထည့်ပါတယ်။ နောက်ဆုံးတော့ စက်ရုံကနေ ထုတ်တဲ့ လက်ရာတစ်ခုက တစ်နိုင်ငံလုံးကို တင်ပို့ဖို့ ပလတ်စတစ်ဘူးလေးတစ်ခုထဲကနေ စောင့်နေပါတော့တယ်။

စပ်စုတတ်သောစိတ်

စက်ရုံခန်းတွေထဲ ဖြတ်လျှောက်ကြည့်ပြီးတဲ့နောက် ဦးဖီးလစ်ဆူးက ဓာတ်ခွဲခန်းလို့ သူခေါ်တဲ့အခန်းထဲကို ဝင်သွားပါတယ်။ အဲဒီအခန်းထဲ ဝင်သွားမိမှ ဦးဖီးလစ်ဆူးဟာ ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ စမ်းသပ်ချင်စိတ် ပြင်းပြသူဖြစ်ကြောင်း ရှင်းသွားပါတော့တယ်။

ရောင်စုံအရည်တွေ ထည့်ထားတဲ့ ဖန်ပုလင်းငယ်တွေ၊ ပုလင်းတွေနဲ့ နှုတ်သီးပါဖန်ဘူးတွေကို နေရာအနှံ့ စီရရီတွေ့ရပြီး  ခပ်ကျပ်ကျပ်ပိတ်ထားတဲ့ အိတ်တွေထဲထည့်ထားတဲ့ သနပ်ခါးတုံးတွေကိုလည်း တွေ့ရပါတယ်။ နံရံပေါ်မှာ နှစ်အနည်းငယ်ကြာက ဖုန်တက်နေတဲ့ ပြက္ခဒိန်ဟောင်းမှာ ရထားစက်ခေါင်း တစ်ခုပုံ ပါပါတယ်။

“အဲဒီမှာ ရထားစက်ခေါင်း မြင်လား။ ကျွန်တော်က ရထားစက်ခေါင်းဆို သိပ်သဘောကျတာဗျ”  ဟု ဦးဖီးလစ်ဆူးက ပြက္ခဒိန်ကို ညွှန်ပြရင်း ပြောပါတယ်။ “အရာဝတ္တုတွေ ဘယ်လိုအလုပ်လုပ်တယ်။ ဘာ့ကြောင့်လုပ်တယ်။ အဲဒါကို သဘောကျတာ။ တွေ့ဖို့ခက်ခဲနေရင်တောင်ပေါ့” လို့ သူကပြောပါတယ်။

သနပ်ခါးလုပ်ငန်းကို အောင်မြင်အောင်လုပ်ရာမှာ စက်ခေါင်းတွေက ပိုမိုခက်ခဲတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တာကို သက်သေပြခဲ့တယ်လို့ သူက ပြောပါတယ်။

“တခြားနိုင်ငံတွေကလို သင့်လျော်တဲ့ စက်တွေ အခုထိ ကျွန်တော်တို့မှာ မရှိသေးပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့မှာ လက်နဲ့ပဲ အများကြီး လုပ်နေရသေးတယ်” လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

သူ့သနပ်ခါးလုပ်ငန်း စတင်တော့ တာရှည်ခံဆေးတွေ သုံးစွဲရတာက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်တယ်လို့လည်း သူက ထပ်ပြောပါတယ်။

“သနပ်ခါးကို အစားအစာတစ်ခုလို စဉ်းစားကြည့်ပါ။ အများအားဖြင့် ကာဘိုဟိုက်ဒရိတ်နဲ့ လုပ်ထားတဲ့ အစားအစာတွေပေါ့။ အလွယ်တကူ ပုပ်သိုးပျက်စီးသွားနိုင်တယ်။ နိုင်ငံက တံခါးပိတ်ထားတုန်းဆိုတော့ တာရှည်ခံဆေးတွေလည်း ရှာမသုံးနိုင်ဘူး။ ကိုယ်နည်းကိုယ့်ဟန်နဲ့ပဲ ကြိုးစားလုပ်ခဲ့တာ။ အဲဒါက လုပ်ငန်းကို အတော် အခက်အခဲတွေ့စေခဲ့တာပါ” လို့လည်း သူကဆိုပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

အနီးရှိ စားပွဲတစ်ခုပေါ် တင်ထားတဲ့ အမည်းစက်ပါ သနပ်ခါးအိတ်တွေက ပြီးပြည့်စုံတဲ့ တာရှည်ခံဆေးများ ပေါင်းစည်းမှုက သိမ်မွေ့နက်နဲကြောင်း သက်သေပြနေနိုင်သေးပါတယ်။

“ကျွန်တော်ကတော့ အမြဲတမ်း စမ်းသပ်ပြီး ပြီးပြည့်စုံတဲ့ ဖော်စပ်နည်းတွေ့ဖို့ အမြဲတစေ ကြိုးပမ်းနေတာပဲ။ လုပ်ငန်းရှင်သန်နေဖို့ ဒီလိုပဲ လုပ်ရမှာပဲလေ” လို့ သူက ဆိုပါတယ်။.

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

သနပ်ခါး ထုတ်လုပ်မှုလုပ်ငန်းစဉ်ရဲ့ နောက်ထပ်အဓိကရင်းမြစ်က ဘာပါလဲ။ အဓိက ပါဝင်တဲ့ သနပ်ခါးပင်ကတော့ နေ့ချင်းညချင်း ဖြစ်မလာပါဘူး။

“သနပ်ခါးတစ်ပင်စိုက်ရင် သုံးလို့ရဖို့၊ ခုတ်လို့ရဖို့က ၁၅ နှစ်၊ နှစ်၂၀ လောက် စောင့်ရပါတယ်။ ကောင်းကောင်းမွန်မွန် ပေါက်ရောက်အောင် အချိန်နဲ့ နည်းပညာလည်း လိုပါသေးတယ်။ ဒါတောင် ပကတိ ပြီးပြည့်စုံအောင် ဖြစ်ထွန်းမယ်လို့ အာမမခံနိုင်ပါဘူး” လို့ ဦးဖီးလစ်ဆူးက ပြောပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

ခုလိုပြဿနာမျိုးကို လျော့ပါးသက်သာစေဖို့ သနပ်ခါး ထုတ်လုပ်သူတွေက တခါတလေမှာ တခြားအပင်အမျိုးအစားတွေ သုံးလာကြပါတယ်။ အထူးသဖြင့် ပြန်ပြီးသုံးနိုင်တဲ့ သစ်ပင်တွေ ပါဝင်ပါတယ်။

“သစ်ပင်တစ်မျိုးက စိုက်ပျိုးသူတွေအနေနဲ့ အခေါက်ပဲ သုံးမှာဖြစ်ပြီး အပင်ကို ခုတ်မပစ်ပါဘူး။ ဒါပေမဲ့  ညကျတော့ လူတွေလာပြီး အပင်တွေ ခုတ်လှဲပစ်ကြတယ်။ ပင်စည်ကို ထင်းလုပ်ရောင်းစားပစ်ကြတာပေါ့” လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ - ဗစ်တိုးရီယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီယား မီလ်ကို

ဒါပေမဲ့ သနပ်ခါးလုပ်ငန်းမှာ ရှိနေတဲ့ မတည်တံ့ဆုံးအရာက မြန်မာနိုင်ငံမှာ အကြိုက်ပြောင်းလဲနေခြင်းပဲလို့ သူက ဝန်ခံပြောပြပါတယ်။

“အမျိုးသမီးတွေက အခု နေ့ခင်းဘက်မှာ အလှကုန်ပစ္စည်း မိတ်ကပ်တွေကို လိမ်းနေကြပြီး သနပ်ခါးလိမ်းတာ နည်းသွားတယ်”ဟု ဦးဖီးလစ်ဆူးက ပြောပါတယ်။

“ဒါပေမဲ့ ပြည်သူတွေက သနပ်ခါး လိမ်းတဲ့အချိန်မှာ ထူးကဲတဲ့ ခံစားမှုတစ်ခုကို နှစ်သက်နေဆဲပါ။ အချိန်တွေ ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ သနပ်ခါးကို ချစ်တဲ့စိတ်ကတော့ မပြောင်းသေးပါဘူး” လို့ သူက ဆိုပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.