The chief economist for the World Bank for East Asia and the Pacific, speaks at an event in Yangon in 2016. The World Bank would later be criticised for trying to address the human rights crisis in Rakhine via economic development (Supplied)

စီးပွားရေး တိုးတက်မှုကို ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ် – ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင် အကြီးအကဲအဖြစ် ကမ္ဘာ့ဘဏ် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောရန် လွန်ခဲ့သည့်လက ရန်ကုန်သို့ ပြန်ရောက်လာသော မစ္စတာ ဆူဒီယာ ရှက်တီသည် အသွင်ပြောင်းနေသော မြန်မာနိုင်ငံကို မြင်လိုက်ရသည်။ မစ္စတာရှက်တီသည် လွန်ခဲ့သော နှစ် ၂၀ က ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း နိုင်ငံ့ရေးရာ စီးပွားရေးပညာရှင် ဖြစ်ခဲ့ဖူးသည်။ ၎င်းအား Frontier Myanmar မှ ကျော်ဖုန်းကျော်က တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ဧပြီလက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က သူ့ရဲ့ ကမ္ဘာ့စီးပွားရေးအမြင်မှာ ခန့်မှန်းသွားတာက မြန်မာရဲ့ ဂျီဒီပီ (စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး) ဟာ ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိလာမယ်လို့ ဆိုပါတယ်။ ဒါက ကမ္ဘာမှာ အမြန်ဆုံးပါ။ ဒါပေမဲ့လည်း တချို့ကတော့ ဒါဟာ အထင်ကြီးလောက်စရာ မဟုတ်သေးပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက တခြားနိုင်ငံတွေဟာ ဂဏန်းနှစ်လုံး (အနည်းဆုံး ၁၀ ကျော်) တိုးတက်မှု ရရှိခဲ့လို့ပါ။ သာဓကအနေနဲ့ တရုတ်လို နိုင်ငံပေါ့။ ဒီလို ဂဏန်းနှစ်လုံး တိုးတက်မှု ရရှိဖို့ မြန်မာက ဘာတွေလုပ်ဖို့ လိုနေပါသလဲ။

ဖြေ။   ။ မကြာသေးခင်က မြန်မာနိုင်ငံရဲ့ တိုးတက်မြင့်မားရေး ဆောင်ရွက်ချက်က အထင်ကြီးလောက်ဖွယ် မရှိဘူးဆိုတာကိုတော့ ကျနော် သဘောမတူပါဘူး။ မြန်မာဟာ ဂဏန်းနှစ်လုံး တိုးတက်ဖို့အထိ အလားအလာ ရှိနိုင်ပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက် လုပ်ဆောင်ပြီးချိန် ၇ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်း တိုးတက်ရင်ပဲ တော်တော်ကလေး အထင်ကြီးလောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာသေးတဲ့ အတိတ်က ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုရှိခဲ့တဲ့ ပြင်ပအနေအထားနဲ့ ရင်ဆိုင်ခဲ့ရလို့ပါ။

အားကောင်းပြီး ကျယ်ပြန့်တဲ့ စီးပွားရေး တိုးတက်မှုကို စဉ်ဆက်မပြတ် ထိန်းထားနိုင်ရေးက အရေးကြီးတယ် ထင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငြိမ်မှုကို ရှောင်ရှားရေးက တကယ့်ကို အရေးကြီးပါတယ်။ မတည်ငြိမ်မှုက သိပ်ကို မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာရင် သူ့နောက်က အကျပ်အတည်းက လိုက်ပါလာပြီး ဖွံ့ဖြိုးမှုကလည်း အနုတ်လက္ခဏာ ပြပါလိမ့်မယ်။ နောက်ပြီး ဖွံ့ဖြိုးတိုးတက်မှုက ကျယ်ပြန့်ဖို့လိုပါတယ်။ ဒါမှသာ လူတန်းစားအားလုံး အကျိုးခံစားကြရမယ်။

ဒီအတွက် မြန်မာဟာ ကာလတို မက်ခရို စီးပွားရေး တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဆိုလိုတာက လက်ရှိအနေအထားမှာ လုပ်ရမှာ သုံးခုရှိပါတယ်။ တစ်ခုကတော့ ငွေဖောင်းပွတာကို ဆွဲချဖို့ပါ။ ဒီငွေကြေးဖောင်းပွမှုဟာ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပြီ။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေထက် တော်တော်ကလေးကို မြင့်နေတယ်။

ဒုတိယအချက်ကတော့ ဘတ်ဂျက်ဆိုင်ရာ လိမ္မာပါးနပ်စွာ စီမံခန့်ခွဲမှုပါပဲ။ အဲဒီထဲမှာ အစိုးရကြွေးမြီ မြင့်မားလာတာကို စီမံခန့်ခွဲမှုသာမက ဒီအကြွေးရဲ့ပေါင်းစပ်ပါဝင်နေမှုကို ထိထိရောက်ရောက် စီမံခန့်ခွဲရေးလည်း ပါဝင်ပါတယ်။ ဒါမှသာ ဖွံ့ဖြိုးရေးအတွက် ရေတို ငွေကြေးထောက်ပံ့မှုကနေ ရေရှည်ထောက်ပံ့မှု လုပ်လာနိုင်မှာပါ။

တတိယအချက်အနေနဲ့ ဘဏ္ဍာရေးစနစ် တည်ငြိမ်ဖို့နဲ့ ဘဏ္ဍာရေးကဏ္ဍ အကျပ်အတည်းမဖြစ်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ အကြွေးပမာဏ မြန်မြန်ဆန်ဆန် မြင့်မားလာတဲ့ နိုင်ငံတွေမှာ အကျပ်အတည်း ဖြစ်လေ့ရှိလို့ပါ။ ဆိုလိုတာက သင့်လျော်တဲ့ စည်းမျဉ်းထားရှိရေး လိုဟာမျိုးတွေ ရှိဖို့လိုပါတယ်။ ဒါ့ကြောင့် ရေတိုကာလအတွက် ဦးစားပေးလုပ်ငန်းတွေ ရှိရပါမယ်။

ကာလလတ်အတွင်းမှာတော့ အခွန်တွေ ကောက်ခံဖို့ သဘာဝရင်းမြစ်အခွန်တွေက တက်လိုက်ကျလိုက်နဲ့ မတည်မငြိမ် ဖြစ်နေတာကို လုံလုံလောက်လောက် စီမံခန့်ခွဲဖို့အရေး ဦးတည်ပြီး ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံတော် စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို သေသေချာချာ ချမှတ်ရပါမယ်။

ဒီလို အရေးယူဆောင်ရွက်မှုတွေလုပ်ရင် စီးပွားရေးရုတ်ချည်း ထိခိုက်တဲ့ ရှော့ခ်ဖြစ်မှုဒဏ်ကို မြန်မာက ခံနိုင်ရည် ရှိလာပါလိမ့်မယ်။ နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ဆက်လက်ဖွင့်လှစ်နေချိန်မှာ ပိုပြီးတော့လည်း အကာအကွယ်မဲ့နေမှာပါ။ ဒီလို အရေးယူဆောင်ရွက်မှုတွေဟာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ အစိုးရက ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဟာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ အားကောင်းတဲ့ လုပ်သားအင်အားစုအတွက် အဓိကကျပါတယ်။

ကာလတိုနဲ့ ကာလလတ်နှစ်ခုစလုံးမှာ စီးပွားရေး တိုးတက်မှုကနေ ပြည်သူတွေ အမှန်တကယ် အကျိုးခံစားရတယ်ဆိုတာ သေချာအောင်လည်း အလေးအနက်ထား ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီအတွက်ကတော့ ဦးစားပေးနေရာ သုံးခုရှိတယ်လို့ ကျနော်ထင်ပါတယ်။

ပထမကတော့ စွမ်းအင်ကို ပြည်သူတွေ ရယူသုံးစွဲနိုင်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စီးပွားရေး လုပ်ငန်းတွေပေါ်မှာသာမက မြန်မာနိုင်ငံက သာမန်ပြည်သူတွေရဲ့ ဘဝအရည်အသွေးပေါ်မှာလည်း ကြီးမားတဲ့ အကန့်အသတ်တစ်ခု ဖြစ်နေလို့ပါ။

ဒုတိယကတော့ ဘဏ္ဍာငွေ သုံးစွဲနိုင်မှုပိုင်းမှာ တိုးတက်ဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူတွေဟာ စုဆောင်းနိုင်၊ ချေးယူနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာမှာပါ။ တတိယက ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်း အခြေအနေ တစ်ရပ်ရှိတယ်ဆိုတာ သေချာအောင်လုပ်ရင်း အလုပ်အကိုင်တွေ ဖန်တီးဖော်ထုတ်ပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဟာ အဲဒီ အခြေအနေကို အရောက်သွားနိုင်တဲ့ ခြေလှမ်းတစ်လှမ်းပါ။ ဒါပေမဲ့ ကိုင်တွယ်ဖို့လိုတဲ့ တခြားကန့်သတ်ချက်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဒါဟာ ဦးစားပေးရမယ့် အရာတွေပဲလို့ သတ်မှတ်တဲ့ ကျနော်ရဲ့ အကြမ်းဖျင်းနည်းလမ်းပါ။

မေး။   ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဘက် လှည့်ရအောင်ပါ။ ရလဒ်တစ်ခုအနေနဲ့ စီးပွားရေး အခင်းအကျင်းမှာ အဓိက ပြောင်းလဲမှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ။   ။ဒီဆုံးဖြတ်ချက်က ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီးဆင်းတာတွေအပေါ် ထူးခြားကောင်းမွန်တဲ့ ကာလတို ရိုက်ခတ်မှုတစ်ခု၊ ဒါမှမဟုတ် အဓိကကျတဲ့ အင်စတီကျူးရှင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရရှိဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးပါတဲ့ ယုံကြည်မှု မဲတစ်ပြားတော့ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါနဲ့ ပတ်သက်လို့ပြောရရင် ကောင်းတဲ့အရာတစ်ခု ဖြစ်ပါလိမ့်မယ်။

အထောက်အကူ ဖြစ်နိုင်တဲ့ ကဏ္ဍတစ်ခုကတော့ ဘဏ္ဍာရေးကဏ္ဍပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်လိုက်တာဟာ မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်နဲ့ ပေါင်းစည်းနိုင်အောင် အထောက်အကူ ပေးပါလိမ့်မယ်။ အမေရိကန်က ဆင်းရဲတဲ့နိုင်ငံတွေကို အခွင့်အရေးပေးတဲ့ ကုန်သွယ်မှုစနစ် the Generalized System of Preferences အရ အခွင့်အရေးသစ်တွေ ပွင့်လာဖို့လည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြင့်မားလာအောင်လည်း အားပေးလာနိုင်ပါတယ်။

ရန်ကုန်မြို့စွန်တစ်နေရာရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

ရန်ကုန်မြို့စွန်တစ်နေရာရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

မေး။   ။ အရင်စစ်အစိုးရလက်ထက်နဲ့ စစ်အစိုးရပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထင်ရှားလာတဲ့ ခရိုနီတွေကပဲ စီးပွားရေးကို ဆက်ပြီး ကြီးစိုးမှာပဲဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေကို ရှောင်ရှားဖို့ အစိုးရက ဘာတွေလုပ်နိုင်ပါသလဲ။

အရင်းခံအားဖြင့် မြန်မာနဲ့ ပတ်သက်ပြီး ကျနော် အလုပ်မလုပ်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျနော့် လုပ်ဖော်ကိုင်ဖက်တချို့လောက် မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး အသေးစိတ် မသိပါဘူး။ ဒါပေမဲ့ ယေဘုယျပြောရရင် ဘယ်အစိုးရမဆို ဆောင်ရွက်ဖို့ ကျနော်တို့ အကြံပေးတာက စီးပွားရေးသမားတွေ ပြောလေ့ရှိတဲ့ နယ်ပယ်အားလုံးမှာ အောင်မြင်ဖို့ မျှတတူညီတဲ့ အခွင့်အလမ်း တစ်ခုရှိနေတယ်ဆိုတာ သေချာစေဖို့ပါပဲ။

ခင်ဗျားက ဘယ်သူကိုမှ အထူးတလည် အခွင့်အရေး မပေးချင်ဘူး ဆိုပါတော့။ အဲဒါတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကိုလား၊ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေကိုလား၊ စီးပွားရေး လုပ်ငန်းသစ်တွေကိုလား၊ လက်ရှိ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကိုလား ဆိုတာကိုတော့ ခင်ဗျား သေချာအောင် လုပ်ရမယ်။ လူတိုင်းက အလားတူ စည်းမျဉ်းတွေကို လိုက်နာကြရမယ်။

အဲဒါက အရေးကြီးဆုံးပဲ။ ပြီးတော့ ဒါက ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ တကယ်ကောင်းတဲ့ အချက်တစ်ခုအဖြစ် ပါနေတယ်လို့ ကျနော်ထင်တယ်။

နောက်ပြီး ဥပဒေအတွက် လုပ်ထုံးလုပ်နည်းတွေ ဖော်ထုတ်တဲ့အခါ အစိုးရအနေနဲ့ ဘယ်သူ့ကိုမဆို အခွင့်အရေး ပိုပြီးမပေးဘူးဆိုတာ သေချာအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒီမှာ စီးပွားရေးလုပ်တာ ကြာနေတဲ့သူဖြစ်ဖြစ်၊ ဈေးကွက်ကို စပြီးဝင်မယ့် ရင်းနှီးမြှုပ်နှံသူအသစ်ပဲဖြစ်ဖြစ်ပေါ့။

မေး။   ။ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်မှာ အရေးပါတဲ့ ပြောင်းလဲမှုတချို့ ရှိပါတယ်။ အကြီးမားဆုံးတစ်ခုက ဦးစားပေး စီးပွားရေးကဏ္ဍတွေနဲ့ ချင်း၊ ရခိုင်တို့လို နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်မက်လုံးပါပဲ။ အဲဒီနေရာတွေမှာက ဖွံ့ဖြိုးမှု အရမ်းလိုအပ်နေပါတယ်။ လျှပ်စစ်မီးရော၊ လမ်းတွေရော ညံ့ဖျင်းပါတယ်။ အခြေခံအဆောက်အအုံ မရှိမှုက ရင်းနှီးမြှုပ်နှံမှုကို တားဆီးနေတာလား။

ဖြေ။   ။ အခွန်မက်လုံးသက်သက်ချည်းကတော့ ဝေးလံခေါင်သီတဲ့ နေရာတွေ၊ ဒါမှမဟုတ် အထူးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ရရှိဖို့ မထိရောက်ပါဘူး။ အကြောင်းကတော့ ခင်ဗျားပြောသလိုပဲ တခြားအဆီးအတားတွေလည်း ရှိပါတယ်။ အခြေခံအဆောက်အအုံ မရှိတာ၊ ပညာရေးလို ညံ့ဖျင်းတဲ့ လူထုဝန်ဆောင်မှု လုပ်ငန်းတွေလိုဟာမျိုးပေါ့။

ခါတိုင်းလိုပဲ ကျွန်တော်တို့ အဆိုပြု ထောက်ခံတာက အစိုးရတွေ အဲဒီလို ခေါင်တဲ့နေရာတွေမှာ အာရုံစိုက်သင့်တာကတော့ ပညာရေးနဲ့ ကျန်းမာရေးလို လူမှုဝန်ဆောင်လုပ်ငန်းတွေပါ။ အဲဒီလို လုပ်ငန်းတွေက အဲဒီဒေသတွေကို ဆွဲတင်ဖို့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခဏဆိုသလို အစိုးရတွေက စီးပွားရေးလုပ်ငန်းတွေကို အဲဒီဒေသတွေဆီ ရွှေ့ချင်တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ လုပ်ငန်းတော်တော်များများက ထိထိရောက်ရောက် မလုပ်နိုင်ကြပါဘူး။

စီးပွားရေးလုပ်ငန်းတွေက ရန်ကုန်လို မန္တလေးလို နေရာတွေမှာ စီးပွားရေးလုပ်ငန်းတွေ ရှိတတ်တာ အကြောင်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတွေမှာ တခြားစီးပွားရေးလုပ်ငန်းတွေလည်း ရှိပါတယ်။ လုပ်ငန်းအတွက် လွယ်ကူချောမောအောင် အထောက်အကူ ပေးနိုင်တဲ့အရာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကုန်ကျစရိတ် ပိုမိုလျော့ကျပြီး ဝယ်လိုအားက ပိုမြင့်ပါတယ်။ ဒါက တခြားနေရာက အတွေ့အကြုံတွေက ကျွန်တော်တို့ကို သင်ပြသွားတာပါ။

မေး။   ။ စီးပွားရေးကို မြှင့်တင်ဖို့ မြန်မာနိုင်ငံက ဘာတွေလုပ်ဖို့ လိုအပ်နေပါသလဲ။

ဖြေ။   ။ လုပ်ဆောင်နေတာတွေထဲက အများအပြားကတော့ မှန်ကန်တဲ့အရာတွေလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ပြောနေတာပါ။ ဒါက မှန်ကန်တဲ့ဘက်ကို ဦးတည်သွားတဲ့ ခြေလှမ်းတစ်ခုပါ။

ကျွန်တော် ထင်တယ်ဗျ။ အဓိကကတော့ အစိုးရက သူ ဘယ်ကိုသွားချင်တယ်။ ဘယ်လိုစီးပွားရေးမျိုး လုပ်ချင်တယ်ဆိုတဲ့ အမြင်ကိုတော့ ခင်းကျင်းပြဖို့လိုတယ်။ နောက် ဒုတိယအချက်က အလွန်တိကျတဲ့ ပေါ်လစီတချို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့လိုတယ်။

သာဓကအနေနဲ့ ပြောရရင် မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံဟာ ပြဿနာ တစ်ခုဆိုတာ ကျွန်တော်တို့ သိထားတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့  စွမ်းအင်ပြဿနာတွေကို ကိုင်တွယ်ဖို့ လာမယ့်ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ်အတွင်းမှာ ဘယ်လိုလုပ်ဖို့ ရည်ရွယ်တယ်၊ သယ်ယူပို့ဆောင်ရေး ပြဿနာတွေ ကိုင်တွယ်ဖို့ ဘယ်လိုရည်ရွယ်ထားတယ်၊ ဆည်မြောင်းပြဿနာကို ကိုင်တွယ်ဖို့ ဘယ်လိုရည်ရွယ်ထားတယ် ဆိုတာတွေကို ပြောဖို့လိုအပ်လာပါတယ်။

ဒီလိုမျိုး အစိုးရမှာ ကာလရှည်အမြင် ရှိနေတယ်၊ နောက်ပြီး တိကျတဲ့ အသေးစိတ် အချက်အလက်တွေလည်း ပေးမယ်၊ လက်တွေ့အကောင်အထည်ဖော်တာမှာလည်း မပြောင်းလဲဘူး၊  ဒါဆို လုပ်ငန်းတွေက နှစ်လတစ်ခါ သုံးလတစ်ခါ အပြောင်းအလဲဆိုတာမျိုးလည်း ရှိမှာ မဟုတ်တော့ပါဘူး။

ဒါ့ကြောင့် တကယ်လို့ ဒီဟာက ကျွန်တော်တို့ လိုလားတဲ့ အခွန်စနစ်လို့ အစိုးရကပြောရင် ဒါကို လိပ်ပတ်လည်အောင် ရှင်းပြဖို့လိုမယ်။ လနည်းနည်းကြာတိုင်း ပြောင်းလဲနေတာထက် စွဲမြဲနေဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒါက အစိုးရလုပ်နိုင်တဲ့ အကောင်းဆုံးအရာလို့ ကျွန်တော်ထင်တယ်။

မေး။   ။ ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်အောင် မြန်မာနိုင်ငံက ဘာတွေလုပ်ဖို့ လိုပါသလဲ။

ဖြေ။   ။ ဗဟိုဘဏ်က ဘဏ္ဍာရေးကဏ္ဍကို ကြီးကြပ်ဖို့ ဥပဒေအရ တာဝန်ယူမှုနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီနှစ်ခုကို စူးစိုက်လုပ်ဆောင်ဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်။ ဒီနှစ်အစောပိုင်းက ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို ချမှတ်ကျင့်သုံးမှုက တိုးတက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဆူဒီယာ ရှက်တီ(ဝဲ)၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင် အကြီးအကဲက အောက်တိုဘာလက ရန်ကုန်၌ ကျင်းပသည့် ကမ္ဘာ့ဘဏ် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ – ပံ့ပိုး  

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.