မြန်မာနိုင်ငံကို မျှတစွာ ဆက်ဆံရမယ့် အချိန်အခါပါပဲ – မစ္စတာ အဲရစ် ရို့စ်

အမေရိကန်သမ္မတ ဘာရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို အောက်တိုဘာလအတွင်း ပယ်ဖျက်လိုက်သောအခါ ဤကိစ္စမှာ မြန်မာ့စီးပွားရေး အနာဂတ်အတွက် တိုးတက်မှုတစ်ရပ်အဖြစ် လူများစွာက ရှုမြင်ခဲ့ကြသည်။ သို့သော် အရေးယူ ပိတ်ဆို့မှုများကို နှစ်ရှည်လများ ဆန့်ကျင်ဝေဖန်ခဲ့သူ မစ္စတာ အဲရစ် ရို့စ်က ဆက်လက်တည်ရှိနေသော တားမြစ်ကန့်သတ်ချက်များမှာ အခက်အခဲများ ဖြစ်နေသကဲ့သို့ မြန်မာ့အိမ်နီးချင်းနိုင်ငံများစွာ၏ သံသယဖြစ်ဖွယ်ရာ ဒီမိုကရေစီ အရည်အသွေးများအောက်တွင် ကြောင်းကျိုးဆီလျော်သည်ဟု မှတ်ယူရန် ခက်ခဲကြောင်း ငြင်းချက်ထုတ်လျက်ရှိသည်။ အမေရိကန်မှာ ဒေါ်နယ်ထရန့်ခေတ်သို့ ဝင်ရောက်နေချိန်တွင် မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့သည့် ပထမဆုံး အမေရိကန်အခြေစိုက် ဥပဒေရေးရာအဖွဲ့ဖြစ်သည့် ဟာ့ဒ်ဇ်ဖဲ့ ရူဘင် မေယာအင်န် ရို့စ် Herzfeld Rubin Meyer & Rose ၏ ဦးဆောင်ဒါရိုက်တာ မစ္စတာရို့စ်က Frontier ဆောင်းပါးရှင် ပီတာ ဂျင်ဆင် နှင့်အတူ အရေးယူပိတ်ဆို့မှုများအကြောင်း ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအပေါ်မှာ ဘယ်လို အရေးယူပိတ်ဆို့မှုမျိုးတွေ ကျန်နေသေးလဲ။

ပြီးခဲ့တဲ့ မေလအတွင်းမှာ အိုဘားမားအစိုးရက မြန်မာဘဏ်တွေအားလုံးကို အမေရိကန် ဘဏ္ဍာရေး ပိတ်ဆို့မှုကနေ ပယ်ဖျက်ပေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ အမေရိကန် မျိုးချစ်အက်ဥဒေ ပုဒ်မ ၃၁၁ နဲ့ ၃၁၂ တို့မှာ ပါရှိတဲ့ ပြဋ္ဌာန်းချက်တွေကနေ မြန်မာနိုင်ငံကို ပလပ်ပယ်ဖျက်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ ဒီလိုပြဋ္ဌာန်းချက်တွေက ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတာတွေနဲ့သက်ဆိုင်ပြီး မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေအပေါ် သာမန်ထက် တင်းကျပ်တဲ့ သုံးသပ်စိစစ်ရေး စည်းမျဉ်းတွေကို ပြဋ္ဌာန်းထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ပုဒ်မ ၃၁၁ ကနေ ပလပ်ပေးလိုက်ပေမဲ့ ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေအပေါ် သုံးသပ်စိစစ်မှုဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၁၂ ကနေ ပလပ်ပေးတာမျိုး မရှိပါဘူး။ ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ခြွင်းချက်အနည်းအကျဉ်း ရှိပေမဲ့ မြန်မာအပါအဝင် အာဆီယံနိုင်ငံတချို့နဲ့ အကျုံးဝင်နေပါတယ်။

ရလဒ်ကတော့ မြန်မာနိုင်ငံအတွင်းမှာ အမေရိကန်ဘဏ်တွေ လာမဖွင့်တော့ဘူး။ အရောင်းကိုယ်စားလှယ် ရုံးခန်းတောင် မရှိတော့ဘူး။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးအတွက် ငွေကြေးမတည်ပေးတဲ့ အမေရိကန်ဘဏ် မရှိဘူး။ မြန်မာနိုင်ငံအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေကြေးမတည်ပေးတဲ့ အမေရိကန်ဘဏ် မရှိဘူး။ ဘယ်အမေရိကန်ဘဏ်ကမှ မြန်မာနိုင်ငံအတွင်းက အကျိုးအမြတ်တွေကို အမေရိကန် ပြန်ပို့တာမျိုး မရှိတော့ဘူး။

အမေရိကန်မဟုတ်တဲ့ တခြားဘဏ်တွေကကော ပုဒ်မ ၃၁၂ နဲ့ ငြိနိုင်ပါသလား။

အမေရိကန်မှာ ဘဏ်ဖွင့်နေတဲ့ အမေရိကန်မဟုတ်တဲ့ တခြားဘဏ်တွေအတွက်လည်း ဒီစည်းမျဉ်းက အတူတူပါပဲ။ ဒီစည်းမျဉ်းအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အနက်ဖွင့်ဆို ကောက်ယူပုံနဲ့ ပတ်သက်ပြီး သူတို့တွေ အတော်လေး စိုးရိမ်ကြပါတယ်။ အန္တရာယ်က အရမ်းကြီးလွန်းတဲ့အတွက် မြန်မာနိုင်ငံနဲ့၊ ဒါမှမဟုတ် မြန်မာနိုင်ငံထဲမှာ ငွေသွင်းငွေလွှဲကိစ္စတွေ မလုပ်ကြတော့ဘူးလေ။

မြန်မာနိုင်ငံက ဘယ်လိုအကြောင်းမျိုးနဲ့ အထူးသီးသန့် ကန့်သတ်ခံထားရတာလဲခင်ဗျ။

အဟုတ်ပဲ။ (ရလဒ်တွေကို) တပ်မတော်က အသိအမှတ်ပြုခဲ့တဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာ နှစ်ကြိမ်တောင် ရှိနေပြီဖြစ်တဲ့ ဒီနေ့ကာလအထိ ပုဒ်မ ၃၁၂ ရဲ့ သုံးသပ်စိစစ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းထားတဲ့ အရမ်းထူးခြားတဲ့ အခြေအနေက ဘာ့အတွက် ရှိနေသေးတာလဲဆိုတာ ကျွန်တော် သိချင်တဲ့ အရာပါပဲ။ ဒီစည်းမျဉ်းစည်းကမ်းတွေကို ၂၀၀၄ ခုနှစ်မှာ အကြောင်းပြချက်ကောင်းကောင်းနဲ့ ပြဋ္ဌာန်းခဲ့တာပါ။ (မြန်မာနိုင်ငံအတွက်) ရလဒ်ကတော့ ဒီနိုင်ငံရဲ့ ဘဏ်စနစ်က စတင်ခါစ အခြေအနေမျိုးမို့ပါပဲ။

ပြည်တွင်းဘဏ်တွေမှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်ထဲ ဝင်ရောက်ဆောင်ရွက်နိုင်စေမယ့် လုပ်ငန်းအထောက်အကူပြု နည်းစနစ်တွေ မရှိသေးပါဘူး။ ရလဒ်ကတော့ သူတို့မှာ SWIFT နံပါတ် မရှိသေးဘူး။ သူတို့မှာ သူတို့နဲ့ တိုက်ရိုက်စီးပွားရေးလုပ်မယ့်သူ မရှိတဲ့အတွက် ငွေကြေးတိုက်ရိုက် လွှဲပြောင်းနိုင်စွမ်း မရှိသေးဘူး။ ခင်ဗျားအနေနဲ့ ဒါမျိုးတွေကို စင်္ကာပူ၊ ဒါမှမဟုတ် ထိုင်းနိုင်ငံမှာရှိတဲ့ ကိုယ်တိုင်သုံးသပ်စိစစ်မှုတွေ ပြုလုပ်ပေးသွားမယ့် သမဝါယမဘဏ်တစ်ခုကနေ ပြုလုပ်ရပါတယ်။

ကျွန်တော်ပြောချင်တာက ခေတ်အဆက်ဆက် အမေရိကန်အစိုးရတွေဟာ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ကို ဖြည်းဖြည်းချင်း တိုးတက်လာအောင် လုပ်ပေးတာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အပယ်ခံအဖြစ် ဆက်ဆံနေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဒီနေ့အချိန်မှာ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ဘဏ်တွေ ပြန်ဝင်လာခဲ့ပြီးပေမဲ့ မြန်မာဘဏ်တွေက အခုလိုကျန်နေသေးတဲ့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေအောက်မှာ လုပ်ငန်းဆောင်ရွက်နေရဆဲပါ။ ပိုပြီးအရေးကြီးတဲ့အချက်က အမေရိကန်အစိုးရကလွဲပြီး ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက တက်ညီလက်ညီ ရွေ့လျားနိုင်စေဖို့အတွက် ဒီနေရာက ဘဏ်လုပ်ငန်းစနစ်မှာ မွမ်းမံသင်တန်းတွေပေးဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေကြပါပြီ။ ဒါမှလည်း မြန်မာနိုင်ငံက ကမ္ဘာ့စီးပွားရေး အသိုက်အမြုံနဲ့ နောက်တစ်ကြိမ် ပြန်လည်ပေါင်းစည်းနိုင်မှာပါ။

သမ္မတအိုဘားမားက ပုဒ်မ ၃၁၂ ကို ပလပ်ခဲ့ခြင်း မရှိဘူးဆိုရင် ဒေါ်နယ်ထရန့်က ပလပ်ပေးမယ့် အခွင့်အလမ်းတွေ ရှိနိုင်မလား။

ဒါကတော့ ထရန့်အပေါ်မှာ တကယ်မူတည်နေတာပါ။ အိုဘားမားအစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ထပ်တိုးလုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်လို့ပါ။ ဥပမာတစ်ခုလောက် ပြောပြပါရစေ။ နိုင်ငံရပ်ခြား အကျင့်ပျက်ခြစားမှု ကျင့်ထုံးများဆိုင်ရာ အက်ဥပဒေဟာ ယှဉ်ပြိုင်နိုင်စွမ်းကို ဆန့်ကျင်တဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ပယ်ဖျက်သင့်ပါတယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က မိန့်ခွန်းတစ်ခုအတွင်းမှာ ထရန့်က ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။

ခုချိန်မှာတော့ မစ္စတာထရန့်က ဒီအက်ဥပဒေကို ပယ်ဖျက်သွားဖို့ စိတ်ကူးရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါက အရမ်းကို ကြောက်စရာကောင်းတဲ့ အကြံအစည်တစ်ခုပါ။ ဒါပေမဲ့လည်း ပြောထားတဲ့ စကားလည်း ရှိနေတော့ သူ့စကားလုံးတွေအစား ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတရာထူးယူပြီးတဲ့အခါ သူဆောင်ရွက်မဲ့ ကိစ္စရပ်တွေကိုပဲ ကြည့်ကြတာပေါ့။ ဒေါ်နယ်ထရန့်က သူ့ရဲ့အစိုးရဟာ ကမ္ဘာ့တိုးတက်မှုကို အားပေးမြှင့်တင်ဖို့အတွက် လွတ်လပ်တဲ့ စီးပွားရေးလမ်းစဉ်နဲ့ ချီတက်ဖို့ရယ်၊ အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်တွေ ဖန်တီးမယ့် ကြိုးပမ်းမှုတိုင်းကို ဆောင်ရွက်သွားဖို့ဆိုတာရယ် စတာတွေအတွက် စီးပွားရေး အသားပေးတဲ့ အစိုးရတစ်ရပ် ဖြစ်လာမယ်လို့ ယုံကြည်တယ်ဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြဖို့အတွက် မြန်မာနိုင်ငံက အကောင်းဆုံးသော ဥပမာတစ်ရပ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ အမေရိကန် ပိတ်ဆို့အရေးယူမှုတွေ ရှိပါသေးသလား။

ဖယ်ရှားပေးရမယ့် ဥပဒေ၊ အက်ဥပဒေတချို့ရှိသလို ကျောက်စိမ်းအက်ဥပဒေလို သက်ရောက်မှု မရှိတော့တဲ့ အရင်ဥပဒေတွေထဲက လုပ်ထုံးလုပ်နည်း အကြွင်းအကျန်တချို့ ရှိနေပါသေးတယ်။ ဥပမာပြရရင် ဒီလိုလုပ်ထုံးလုပ်နည်းတွေအောက်မှာ မြန်မာနိုင်ငံသားတချို့ဟာ (အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ သီးခြားသတ်မှတ် နိုင်ငံသားများစာရင်းမှာ ပါဝင်နေသူတွေ) အမေရိကန်ဗီဇာ မရဖူးသေးပါဘူး။ ဒါကြောင့် ဒီနိုင်ငံမှာ တချိန်တခါက အခိုက်အတန့်အနေနဲ့ ခရိုနီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖွယ်ရှိတဲ့ လုပ်ငန်းကြီးတွေ ရှိနေသလို (အခုချိန်မှာ) ဒီလိုခရိုနီတွေ သေသွားတာ၊ ဒါမှမဟုတ် သီးခြားသတ်မှတ် နိုင်ငံသားတွေ စာရင်းကနေ ပယ်ဖျက်ခံခဲ့ရတာတွေ ရှိနေပါပြီ။ ဒါပေမဲ့ ခုချိန်ထိ သူတို့မိသားစုဝင်တွေကို လုပ်ငန်းတစ်ခုခုလုပ်ဖို့၊ ဒါမှမဟုတ် လာရောက်လည်ပတ်ဖို့ ဒါမှမဟုတ် ဆွေမျိုးတွေထံ အလည်လာဖို့ အမေရိကန်ကို လာခွင့်မပေးသေးပါဘူး။

စကားမစပ် ပြောချင်တာက ကျွန်တော်တို့ဟာ ဒီလိုလူတွေကို ကိုယ်စားပြုနေတာ မဟုတ်ပါဘူူး။ (ဒါပေမဲ့)  အမေရိကန်ဥပဒေတွေကို မချိုးဖောက်ခဲ့ဖူးတဲ့အပြင် အမေရိကန်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ ဒါမှမဟုတ် အမေရိကန်နဲ့ ကုန်သွယ်လိုသူတွေကို အရောင်းအဝယ်ကိစ္စတွေ ဆောင်ရွက်ဖို့အတွက် အမေရိကန်ကိုတောင်မှ မလာနိုင်တဲ့ အနေအထားမှာ အမေရိကန်နိုင်ငံထဲမှာ ဘယ်လိုဆောင်ရွက်မှုမျိုးတွေက အလုပ်အကိုင်တွေ ဖန်တီးနိုင်လိမ့်မယ်ဆိုတာ ပြောပြဖို့က ကျွန်တော့်အတွက်တော့ ယုတ္တိမရှိသလောက်ပါပဲ။

ဒီကိစ္စတွေကို မစ္စတာထရန့် သိရှိဖို့နဲ့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းသွားဖွယ်ရှိဖို့အတွက် အလားအလာ ဘယ်လောက်ရှိသလဲခင်ဗျ။

ဘုရားသခင်သာ ကျွန်တော့်ကို ကျန်းကျန်းမာမာ နေခွင့်ပြုမယ်ဆိုရင် သူနဲ့ သူ့အုပ်ချုပ်ရေးအဖွဲ့က တစ်ချိန်ချိန်မှာ အချိန်မီ တွေ့ရှိပါလိမ့်မယ်။ ကျွန်တော်နဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းက လိုချင်တာကတော့ မြန်မာနိုင်ငံကို တခြားပတ်ဝန်းကျင်က နိုင်ငံတွေလိုမျိုး အလားတူ ဆက်ဆံဖို့ပါပဲ။ ပိုကောင်းစရာ မလိုသလို ပိုလည်း ဆိုးမသွားစေချင်ပါဘူး။

အတိတ်ကာလက အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကနေ ဘယ်လိုသင်ခန်းစာမျိုးတွေ သင်ယူခဲ့ရသလဲခင်ဗျ။

တရားဥပဒေစိုးမိုးမှုကို ရာစုနှစ်ဝက်လောက် မကြုံတွေ့ဖူးသေးတဲ့ ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံတစ်နိုင်ငံအတွက် တရားဥပဒေစိုးမိုးမှုကို ပြန်လည်ဆောင်ကျဉ်းလာစဉ်မှာ မြန်မာနိုင်ငံရဲ့ အလုပ်ကြိုးစားသူတွေအားလုံးရဲ့ အဆင့်အတန်းကို တိုးမြှင့်ရာမှာ အားပေးဖို့နဲ့ တိုးတက်မှုကို အသားပေးဖို့ရာ မူဝါဒတစ်ရပ် ရှိဖို့ဆိုတာထက် ခင်ဗျားတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပဲ့ကိုင်မယ့် အတွေးအမြင်စနစ် ရှိဖို့ပါပဲ။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.