“နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်” အလုပ်ဖြစ်မလား

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က UPDJC လို့ခေါ်တဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ”က သမ္မတဆီကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပမယ့် “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်” တစ်ရပ်ကို တင်ပြလိုက်ပါပြီ။

သမ္မတက အတည်ပြုပြီးရင် လာမယ့် ၂၀၁၆ ဇန်နဝါရီ လလယ်ရောက်တာနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ရပ် ခေါ်ယူပြီး နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ စတင်ပါတော့မယ်။

ဒါပေမဲ့ ဒါနဲ့ ပတ်သက်ပြီး လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ အရင် စစ်အစိုးရက ကျင်းပခဲ့ဖူးတဲ့ ညောင်နှစ်ပင် ညီလာခံ အသေးစားလေး ဖြစ်သွားနိုင်တယ်ဆိုပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ KIA ကချင်ပြည် လွတ်လပ်ရေး တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် တို့က ဝေဖန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဝင်းထိန်ကလည်း အင်န်အယ်လ်ဒီ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားလို့ အခု ကျင်းပနေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လေ့လာသူအနေနဲ့ ပါဝင်နေတာ ဖြစ်တယ်၊ နောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမှာ ဖြစ်ပြီး လက်ရှိ အစိုးရနဲ့ MPC ငြိမ်းချမ်းရေးစင်တာက လုပ်ကိုင်ခဲ့တာတွေကိုလည်း ပြန်လည် သုံးသပ်သွားမယ်ဆိုပြီး ပြောလာပါတယ်။

သမ္မတဆီ တင်လိုက်တဲ့ “နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်” မှာ ဘာအချက်တွေ ပါဝင်သလဲ၊ အဲဒီ အစီအစဉ်တိုင်းသွားရင် တကယ် အလုပ်ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာမှာလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးသုံးသပ်သွားပါ့မယ်။

“နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်” မှာ နိဒါန်းနဲ့ အခန်း ၉ ခန်း ပါဝင်ပါတယ်။ ဒီသဘောတူညီချက် ရေးဆွဲရာမှာ အင်န်အယ်လ်ဒီ က အပြည့်အဝ ပါဝင်ပူးပေါင်းတာမျိုး မဟုတ်ဘဲ လေ့လာသူအနေနဲ့ တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက်ထဲမှာ အဓိက ထူးခြားချက် သုံးချက် ပါဝင်ပါတယ်။ နောင် မူဘောင် သဘောတူညီချက်အရ ဖွဲ့စည်းမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးမှာ အဖွဲ့ဝင် စုစုပေါင်း အယောက် ၇၀၀ လောက် ပါဝင်မှာဖြစ်ပြီး လူဦးရေ အရေအတွက် များပြား ဖောင်းပွနေခြင်းပါ။

နောက်တစ်ချက်ကတော့ ဆွေးနွေးပွဲတွေ အားလုံးကို အဓိက မူဝါဒ ချမှတ် မောင်းနှင်သွားမယ့် အဖွဲ့အစည်းပြဿနာပါ။ အဲဒီ အဖွဲ့အစည်းဟာ လက်ရှိ ဖွဲ့စည်းထားပြီဖြစ်တဲ့ UPDJC လို့ခေါ်တဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ” ဖြစ်နေပါတယ်။

နောက် ထူးခြားချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အလွန်ကြာမြင့်နိုင်တယ်ဆိုပြီး နိမိတ်ဖတ်ထားတာပါ။ သဘောတူညီချက်ထဲ အပိုဒ် ၁၄-၃ မှာ “ ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်အလက်များကို အစိုးရတစ်ရပ်၏ သက်တမ်းအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက နောင်ဆက်ခံသော

အစိုးရအဆက်ဆက်က ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဆိုပြီး အတိအလင်း ထည့်သွင်းထားပါတယ်။

ပထမ ထူးခြားချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်မယ့် အစုအဖွဲ့တွေနဲ့ အချိုးအစား ပြဿ     နာပါ။ အစိုးရ ၇၅ ယောက်၊ လွှတ်တော် ၇၅၊ တပ်မတော် ၁၅၀ ၊ လက်နက်ကိုင် တိုင်းရင်းသား ၁၅၀ ၊ မှတ်ပုံတင် နိုင်ငံရေးပါတီ ၁၅၀၊ တိုင်းရင်းသား ၅၀ နဲ့ တခြား ဖိတ်ကြားသင့်သူ ၅၀၊ စုစုပေါင်း အယောက် ၇၀၀ နဲ့ ကျင်းပမယ်လို့ ဆိုထားပါတယ်။

အစုအဖွဲ့တွေ များ၊ လူဦးရေ များလွန်းနေတာပါ။ တကယ့်တကယ် ဆန်းစစ်ကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုစုတာ၊ ပြုပြင်တာက အစ၊ တိုင်းပြည်ရဲ့ အရေးအရာကိစ္စ မှန်သမျှ လုပ်နိုင် ကိုင်နိုင်တာဟာ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးချယ်ခံ အမတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အပြည့်အဝ ရတဲ့ နိုင်ငံ မဟုတ်သေးပါဘူး။ ဒါကြောင့် အနာဂတ် နိုင်ငံရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးရာမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကို ထည့်သွင်း ဆွေးနွေးရပါလိမ့်မယ်။ ရွေးချယ်ခံ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေနဲ့သာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရမှာ ဖြစ်ပါတယ်။

အခု အစိုးရနဲ့ MPC က စီစဉ်လိုက်ပုံဟာ အစုအဖွဲ့ပေါင်းစုံက လူပေါင်း ၇၀၀ လောက်နဲ့ ဆွေးနွေးပွဲ ကျင်းပမယ်လို့ ဆိုလိုက်တဲ့အတွက် မပြေးသော်ကန်ရာရှိ လူ ၁၀၀၀ ကျော်နဲ့ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ညောင်နှစ်ပင် ညီလာခံနဲ့ သွားပြီး ဆင်တူသလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် လူများပြီး ပွဲမစည် ဖြစ်စေမှာပါ။

နောက်ပြဿ     နာ တစ်ခုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပမယ့် ကာလ တစ်လျှောက်လုံး စီစဉ်ကျင်းပမယ့် အဖွဲ့အစည်းဟာ လက်ရှိ UPDJC ဖြစ်ပြီး အဲဒီအဖွဲ့အောက်မှာ အတွင်းရေးမှူးအဖွဲ့၊ ညွှန်ကြားရေးမှူ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့တွေနဲ့ တည်ဆောက်မယ်လို့ ဆိုထားလို့ပါပဲ။

တကယ်တော့ လက်ရှိ UPDJC ကို အင်န်အယ်လ်ဒီ က သဘောမတူပါဘူး။ အဲဒီအဖွဲ့ကို အစိုးရနဲ့တပ်၊ လက်နက်ကိုင်တိုင်းရင်းသား၊ နိုင်ငံရေးပါတီ အစုအဖွဲ့ သုံးဖွဲ့က အရေအတွက်တူ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ရာမှာတော့ ရွေးကောက်ပွဲ ရလဒ်ကို အခြေမခံဘဲ နိုင်ငံရေးပါတီ ၉၀ ကျော်ကို တစ်တန်းထဲထား၊ ရွေးချယ်ခဲ့တာကြောင့် အင်န်အယ်လ်ဒီက သဘောမတူတာ ဖြစ်ပါတယ်။ ဒါဟာ နောင်လာမယ့် ကာလမှာ ပြဿ     နာ ဆက် ဖြစ်စေနိုင်ပါတယ်။

နောက်ဆုံးပြဿ     နာ တစ်ခုက အချိန်ပြဿနာပါ။ မူဘောင်ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆိုတာကို ဖွဲ့စည်းပြီး ၄လ တစ်ကြိမ် ကျင်းပရမယ်လို့ ဆိုထားပါတယ်။ အစိုးရ တစ်ဆက် မပြီးရင် အစိုးရအဆက်ဆက် ဆက်လက်ကျင်းပရမယ် ဆိုပြီး ရေးထားတာပါ။ အဖွဲ့ဝင် ဦးရေတွေကများ၊ ကိုယ်စားပြုသူတွေက မမှန်လို့ ဆွေးနွေးပွဲကို ဒီလောက်ကြာကြာ ကျင်းပရမယ်လို့ မှန်းဆ ထားတာပါ။

တကယ်တမ်း ရွေးကောက်ခံ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ သုံးပွင့်ဆိုင် ကျစ်ကျစ်လျစ်လျစ် ဆွေးနွေးခဲ့ရင် ဒီလောက် အချိန်မကြာနိုင်ပါဘူး။ အဲလို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်း ဆွေးနွေးခဲ့လို့ပဲ NCA ခေါ် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်မူကြမ်းတစ်ခုကို ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရအနေနဲ့ နောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ရာမှာ NCA ကိစ္စ ဆွေးနွေးတုန်းကလို မလုပ်ဘဲ ညောင်နှစ်ပင် ပုံစံမျိုး လုပ်ခဲ့တယ် ဆိုရင်ဖြင့် နောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အခက်အခဲ အများကြီး ကြုံရနိုင်ဖွယ် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.