ဘာသာခြား ပိုင်နက်တွေမှာ ဘုရားတည်တာ ဘာဆက်ဖြစ်လာနိုင်သလဲ

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း မြန်မာလူမှု အသိုင်းအဝိုင်းထဲမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ သတင်းကတော့ မြိုင်ကြီးငူ ဆရာတော် ကရင်ပြည်နယ် ကျေးရွာတချို့က ခရစ်ယာန် ဘုရားကျောင်းဝင်းထဲနဲ့ မူဆလင် ဗလီဘေးမှာ စေတီငယ်တွေ လိုက်တည်နေတဲ့ သတင်းပါ။

သတင်းဖော်ပြချက်တွေအရ ကရင်ပြည်နယ် အာဏာပိုင်တွေ၊ သာသနာရေးဆိုင်ရာ ဆရာတော်တွေ၊ ကေအင်န်ယူ KNU လို ကရင်လက်နက်ကိုင် အဖွဲ့အစည်းက တာဝန်ရှိသူတွေ မေတ္တာရပ်ခံ တားမြစ်တဲ့ကြားက ခုလို စေတီတွေ တည်ခဲ့တာ လို့ သိရပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံထဲက ခရစ်ယာန်၊ မူဆလင်၊ ဗုဒ္ဓဘာသာဝင် အပါအဝင် ဘာသာပေါင်းစုံ အသိုင်းအဝိုင်းက စိတ်ရှည် သည်းခံခဲ့ကြတဲ့အတွက် ဘာ ကြီးကြီးမားမား ပြဿ     နာမှ မပေါ်ပါဘူး။ ဒါပေမဲ့ မြိုင်ကြီးငူ ဆရာတော်အနေနဲ့ အခုလိုပဲ ဆက်ပြီး ဆောင်ရွက်နေဦးမယ် ဆိုရင်တော့ ဘယ်လို အကျိုးဆက်တွေ ဖြစ်မလဲ ဆိုတာ မပြောနိုင်ဘူး ဆိုပြီး စိုးရိမ်ပူပန်နေသူတွေက ပူပန်နေကြပါပြီ။

မြိုင်ကြီးငူ ဆရာတော် ဆိုတာ ဘယ်လို ဆရာတော်မျိုးလဲ၊ ဘာကြောင့် ခုလို လူနေထူထပ်ရာ ဘာသာခြား ပိုင်နက်ထဲ၊ ပိုင်နက် အနားမှာ စေတီတွေ လိုက်တည်နေရတာလဲ၊ ဒီအတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

မြိုင်ကြီးငူ ဆရာတော်နဲ့ ပတ်သက်ပြီး အများက စပြီး သတိပြုမိကြတာက တောင်တန်းသာသနာပြု ဆရာတော် တစ်ပါး အနေနဲ့ပါ။ ၁၉၉၀ ဝန်းကျင်ကာလက ကရင်ပြည်နယ် အရှေ့ဘက်ခြမ်း ကေအင်န်ယူတပ်ဖွဲ့တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ တပ်စခန်းနဲ့ မဝေးလှတဲ့ တောင်တန်းတွေပေါ်မှာ ဘုရားတည်တာမျိုး လုပ်ပါတယ်။

အဲဒီခေတ် နာမည်ကြီးလှတဲ့ ကေအင်န်ယူရဲ့ မာနယ်ပလော ဗဟိုဌာနချုပ်၊ မယ်သဝေါ စခန်းတွေရဲ့ အနောက်ဘက်နားက တောင်တန်းတွေပေါ်မှာ ဖြစ်ပါတယ်။ စစ်ပွဲဧရိယာထဲမှာ ဘုရားလာတည်တဲ့အတွက် ဒါကို ဘယ်နည်းဘယ်ပုံ ကိုင်တွယ် အရေးယူသင့်သလဲ ဆိုပြီး အဲဒီအချိန်က ကရင်လက်နက်ကိုင် ကေအင်န်ယူ ထိပ်ပိုင်းခေါင်းဆောင်ထဲမှာ အချေအတင် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်း ခရစ်ယာန် ဘာသာဝင်တွေ အများစု ခေါင်းဆောင်မှု နေရာရယူထားတဲ့ ကေအင်န်ယူတပ်ဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းနဲ့ ဗုဒ္ဓဘာသာဝင် တပ်မှူးငယ်တွေအကြား ဘာသာရေးကို အကြောင်းပြုပြီး ပဋိပက္ခဖြစ်ပါတယ်။

အထူးသဖြင့် ကေအင်န်ယူ ဗဟိုဌာနချုပ်ရှိရာ မာနယ်ပလောနဲ့ မယ်သဝေါ စခန်းရှိရာ တပ်မဟာ (၇) ဘက်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ကေအင်န်ယူထဲက ဗုဒ္ဓဘာသာဝင်တွေ ခွဲထွက်လိုက်ကြပြီး မြိုင်ကြီးငူ ဆရာတော်ရဲ့ အရိပ်အောက်မှာ သွား စုစည်းမိစေပါတယ်။ အဲဒီ ဗုဒ္ဓဘာသာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အရင် စစ်အစိုးရခေတ် စစ်ထောက်လှမ်းရေးတွေရဲ့ အနီးကပ် လမ်းညွှန်မှု ခံယူပြီး ဒီကေဘီအေ DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဆိုတာကို ဖွဲ့စည်း တည်ထောင်ခဲ့ကြပါတယ်။

တိုင်းပြည်က လေးစားကြည်ညိုရတဲ့ ဆရာတော်ကြီးတွေနဲ့ မြိုင်ကြီးငူ လုံခြုံရေး ဒီကေဘီအေ တပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ မြန်မာ့တပ်မတော်ဘက်က ကြားဝင်ဆောင်ရွက်ပေးမှသာ ပြေလည်နိုင်မှာ ဖြစ်ပါကြောင်း 

နောက်ပိုင်း အစိုးရတပ်တွေနဲ့ ပူးပေါင်းပြီး ကေအင်န်ယူ တပ်ဖွဲ့တွေကို တန်ပြန် တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။ ကရင်-ကရင် အချင်းချင်း ရက်ရက်စက်စက် တိုက်ခိုက်ကြတဲ့ တိုက်ပွဲမှာ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံ တစ်ဖက်ခြမ်းမှာ ခိုလှုံနေတဲ့ ကေအင်န်ယူ မိသားစုတွေ နေထိုင်ရာ ဒုက္ခသည် စခန်းတွေကိုပါ ဝင်ရောက် ပစ်ခတ် မီးရှို့တာတွေ အထိ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ စစ်ပွဲမှာ ကေအင်န်ယူတပ်ဖွဲ့တွေ အထိနာခဲ့ပြီး စစ်အစိုးရတပ်တွေက ဘယ်တော့မှ တိုက်ခိုက်ချေမှုန်းနိုင်ခြင်း မရှိတဲ့ မာနယ်ပလော ဗဟိုဌာနချုပ်၊ မယ်သဝေါ စခန်းနဲ့ ခံစစ်စခန်း အများအပြား ဆုံးရှုံးခဲ့ရပါတယ်။

ဒီကနေ့အချိန် ဒီကေဘီအေ တပ်ဖွဲ့ အများစု နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းပြီး အစိုးရတပ်နဲ့ ပူးပေါင်းလိုက်ပါပြီ။ ဒါပေမဲ့ မြိုင်ကြီးငူ ဆရာတော် သီတင်းသုံးရာနဲ့ အရင် ဒီကေဘီအေ ခေါင်းဆောင်တွေ နေထိုင်ရာ မြိုင်ကြီးငူဒေသ နဲ့ မယ်သဝေါ ထိုင်းနယ်စပ် စခန်းသွားတဲ့ လမ်းကြောင်း တလျှောက်ကိုတော့ နဂိုမူလ ဒီကေဘီအေ လုံခြုံရေးတပ်က ဆက်ပြီး ထိန်းချုပ်ထားဆဲပါ။ ဒါဟာ အစိုးရတပ်ရဲ့ ခွင့်ပြုချက်နဲ့ လက်နက်ကိုင်ဆောင်ခွင့်၊ မြိုင်ကြီးငူဒေသကို ထိန်းချုပ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

မြိုင်ကြီးငူ ဆရာတော်ကတော့ မြိုင်ကြီးငူနဲ့ မယ်သဝေါ ဧရိယာက တောင်ထိပ်တွေ၊ မြေပြန့်တွေမှာ နေရာမလပ် စေတီငယ်လေးတွေ တည်ပါတယ်။ မယ်သဝေါ စခန်း သောင်ရင်းမြစ် ကမ်းခြေမှာလည်း မြိုင်ကြီးငူ အမှတ်အသား စေတီတစ်ဆူ တည်ထားပါသေးတယ်။ ဒါ့အပြင် မြိုင်ကြီးငူဒေသမှာ မန္တလေး ကုသိုလ်တော် ဘုရားမှာ ပိဋကတ်သုံးပုံကို ကျောက်စာမှာ ရေးထိုး စိုက်ထူထားတာမျိုး ပုံစံတူ တည်ဆောက်နေတာတွေကိုလည်း တွေ့ရပါတယ်။ ပြောရရင် မြိုင်ကြီးငူ ဆရာတော် စေတီတည်တာ အခုမှ မဟုတ်သလို၊ သူ သီတင်းသုံးရာ မြိုင်ကြီးငူ ဧရိယာထဲမှာလည်း ပုံစံတူ စေတီတွေ အမြောက်အမြား တည်ခဲ့၊ တည်နေဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။

နောက်ပြဿ     နာ တစ်ခုက ဘာသာရေး ပြဿ     နာပါ။ ဆရာတော် ဗလီနဘေး စေတီသွားတည်တဲ့ ရွှေဂွန်းမြို့မှာ မူဆလင် ဘာသာဝင် အထိုက်အလျောက် ရှိပါတယ်။ ၁၉၈၂ ခုနှစ် မွန်ပြည်နယ် မော်လမြိုင်နဲ့ ကရင်ပြည်နယ်ဘက်မှာ ဗုဒ္ဓဘာသာ- မူဆလင် အဓိကရုဏ်းကြီး ဖြစ်ခဲ့ဖူးပြီး အဲဒီရွှေဂွန်းနယ်ဘက်မှာလည်း ဖြစ်ပွားပါတယ်။

ပဋိပက္ခ ဘယ်လောက်ကြီးသလဲ ဆိုရင် နောက်ပိုင်း ရွှေဂွန်းနယ်ဘက်နဲ့ မော်လမြိုင်ဘက်က မူဆလင်ဘာသာဝင် တချို့ ကေအင်န်ယူ နယ်မြေဘက် တောခို ကြပါတယ်။ နောက်ပိုင်း မူဆလင် တပ်ဖွဲ့အဖြစ် ကေအင်န်ယူက လက်နက် တပ်ဆင်ပေးပြီး အစိုးရတပ်ကို ပြန်ပြီး တိုက်ခိုက်တဲ့ အဆင့်အထိ ဖြစ်ပွားခဲ့ပါတယ်။

ပြဿ     နာကို ခြုံငုံသုံးသပ်ကြည့်ရင် မြိုင်ကြီးငူ ဆရာတော် ဘုရားတည်တယ် ဆိုတာကတော့ ထူးဆန်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု လူနေထူထပ်ရာ၊ တခြားဘာသာဝင်ပိုင် ဝင်းခြံထဲမှာ၊ အခြားဘာသာဝင် အဆောက်အအုံနားမှာမှ ဘာကြောင့် ဘုရားလာတည်သလဲ ဆိုတာ တွေးရခက်စေပါတယ်။

နောက်တစ်ချက်က မြိုင်ကြီးငူ ဆရာတော်ကို မြိုင်ကြီးငူဒေသ ဒီကေဘီအေ လက်နက်ကိုင် တပ်ဖွဲ့က အစဉ်အမြဲ စောင့်ရှောက်နေတာကြောင့် ဒီ ပြဿ     နာထဲ သာမန် အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့လို အဆင့်မျိုးကနေ ကိုင်တွယ်လို့ မရနိုင်ပါဘူး။

အရင်ကတည်းက သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးတာမို့ ကေအင်န်ယူလို အဖွဲ့မျိုးးကလည်း ကြားဝင်ဆောင်ရွက်လို့ မသင့်တော်ပါဘူး။ အခုပြဿ     နာနဲ့ ပတ်သက်ရင် ဗုဒ္ဓဘာသာ မြန်မာတွေ လေးစားကြည်ညိုတဲ့ အရှင်ဆန္ဒာဓိက က တခြားဘာသာဝင်တွေရဲ့ ပိုင်နက်မှာ ဘုရားတည်ချင်ရင် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင် ခွင့်ပြုချက်ရမှ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ ဆရာတော်က  “တရားဝင်ပိုင်နက်ထဲမှာ ကိုယ်က အတင်းစေတီတည်တယ်ဆိုရင် ဒီအလုပ်ဟာ ကောင်းမြတ်တဲ့အလုပ် ဖြစ်ပေမဲ့ သူတစ်ပါးရဲ့ ပိုင်နက်မှာ အတင်းအဓမ္မ တည်တာဆိုတော့ ယဉ်ကျေးသိမ်မွေ့မှုမရှိတဲ့သဘော၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမနဲ့ မကိုက်ညီတဲ့သဘောတော့ ဖြစ်နေတာပေါ့နော်” လို့ ဘီဘီစီ သတင်းဌာနကို မိန့်ခဲ့ပါတယ်။

နိဂုံးချုပ်လိုက်ရင် မြိုင်ကြီးငူ ဆရာတော် အနေနဲ့ ခုလို ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေမယ် ဆိုရင် မမျှော်လင့်နိုင်တဲ့ ပြဿ     နာနဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီပြဿ     နာ ပြေလည်ဖို့အတွက် တိုင်းပြည်က လေးစားကြည်ညိုရတဲ့ ဆရာတော်ကြီးတွေနဲ့ မြိုင်ကြီးငူ လုံခြုံရေး ဒီကေဘီအေ တပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ မြန်မာ့တပ်မတော်ဘက်က ကြားဝင်ဆောင်ရွက်ပေးမှသာ ပြေလည်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.