လက်ပံတောင်း၊ ဒေါ်ခင်ဝင်းနှင့် အပြစ်မှ လွတ်မြောက်နေခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများသည် ဆန္ဒပြသူတစ်ဦး၏ သေဆုံးမှုဆိုင်ရာ မေးခွန်းများ အပါအဝင် နစ်နာချက်များကို ဆွေးနွေးရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သူများနှင့် တွေ့ဆုံလျက်ရှိသည်။ 

ဗာနီ စာသီဆန် ရေးသားသည်။

 “ဒေါ်ခင်ဝင်း အသတ်ခံရတဲ့နေ့မှာ အသုံးပြုခဲ့တဲ့ အထဲမှာ ရာဘာကျည်စေ့တွေအပြင် တကယ့်ကျည်ဆန်တွေနဲ့ ပြောင်းချော ကျည်ခွန်တစ်ခုက ဒီမှာပါ။ ဒါတွေကို သက်သေအထောက်အထားအဖြစ် သိမ်းထားခဲ့တာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ကို လူစုခွဲဖို့အတွက် ဘာကြောင့်များ ကျည်ဆန်အစစ်ကို သုံးခဲ့ရတာလဲ”

အနီးအနားရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ လူ့အခွင့်အရေး အကျိုးသက်ရောက်မှုများကို လာရောက်စောင့်ကြည့်ရန် မကြာသေးမီကာလအတွင်း မုံရွာသို့ ရောက်ရှိလာခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် International Commission of Jurists(ICJ) ၏ ကိုယ်စားလှယ်များအား ဒေါ်ခင်ဝင်း၏ ဆွေမျိုးတစ်ဦးက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ထိုဒေသခံက ထုတ်ပြခဲ့သော သေနတ်ကျည်ဆန်ကို ဒေါ်ခင်ဝင်း သေဆုံးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် သေစေနိုင်လောက်သော ပစ်ခတ်မှုများ၌ အသုံးပြုခဲ့သည်။ စီမံကိန်း အနီးအနားရှိ ကျေးရွာပေါင်း ၃၅ ရွာမှ မြေသိမ်းဆည်းမှုများကို ဆန့်ကျင်ခဲ့သည့် ဒေါ်ခင်ဝင်း သေဆုံးခဲ့ရသော ဆန္ဒပြမှုတွင်  အခြားရွာသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြသည်။

ဆန္ဒပြသမားများအား အကြမ်းဖက်လူစုခွဲခဲ့သည့် ထိုနေ့က ဝမ်ပေါင်အလုပ်သမားများသည် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့သည်ဟူသော ကျေးရွာသူ၊ ကျေးရွာသားများ၏ ထုတ်ဖော်ပြောဆိုချက်ကို ခိုင်လုံသော စုံစမ်းစစ်ဆေးမှုများ ရှိ၊ မရှိဆိုသည့်အကြောင်းနှင့်ပတ်သက်၍မူ ပွင့်လင်းမြင်သာမှု မရှိသေးပေ။

တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီ နိုရင်ကို၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်ပြီး ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် အကျိုးတူဆောင်ရွက်နေသော ဝမ်ပေါင်မှာ မေလတွင် ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။ ဧပြီလတွင်မူ ယင်း၌ လုပ်ငန်းလည်ပတ်ရန် “လူမှုရေး လိုင်စင်” ရှိထားကြောင်း ပြသရန် “အရုဏ်ဦး” ဟု ခေါ်ဆိုသည့် ထိရောက်မှုရှိလှသော ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန်ခံမှု ဗီဒီယိုတစ်ခုကို ဝမ်ပေါင်က ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် အကျိုးသက်ရောက်ခံ လူမှုအသိုင်းအဝိုင်းများနှင့် ပြုလုပ်ခဲ့သည့် ICJ ၏ ဆွေးနွေးမှုများတွင် ဤစီမံချက်အနီးရှိ ကျေးရွာများ၏ သဘောထားနှင့် ခြားနားနေသည်ကို တွေ့ရှိရသည်။ ဒေသခံအသိုင်းအဝိုင်း၏ နစ်နာချက်များတွင် မြေယာ အသိမ်းဆည်းခံရမူ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရံှုးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ ပါဝင်သည်။

ဒေသအတွင်းရှိ ရှေ့နေများကလည်း “လျော်ကြေး အလေ့အထ” ပြဿနာအကြောင်း မှတ်ချက်ပြုကြသည်။ ရွာသားများသည် ရံဖန်ရံခါ ၎င်းတို့မြေယာများအတွက် လက်ခံရရှိပြီး “လျော်ကြေးငွေ” ကို အကုန်အစင် သုံးပစ်ပြီးနောက် ကုမ္ပဏီများထံမှ လျော်ကြေးငွေ ရယူရန် တရားမျှတမှု မရှိသော သို့မဟုတ် တာဝန်မဲ့သော စွပ်စွဲပြောဆိုမှုများကို တင်ပြကြသည်။

ဤသည်မှာ အတွေ့ရများသော လုပ်ထုံးလုပ်နည်းတစ်ရပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဝမ်ပေါင်ဘက်က မျှတပြီး ပွင့်လင်းမြင်သာသည့် လျော်ကြေးပေးချေမှုဆိုင်ရာ စစ်မှန်သော လူမှုအကြံပြု ဆွေးနွေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်မှာ ရှင်းလင်းလှပေသည်။

letpadaung_2.jpg

ဒေါ်ခင်ဝင်း၏ဆွေမျိုးတစ်ဦးက ICJ မှ ကိုယ်စားလှယ်များအား ပြသခဲ့သည့် ကျည်ခွံကို တွေ့ရစဉ်။ ဓာတ်ပုံ – ပံ့ပိုး

ဝမ်ပေါင်သည် “ဒေသခံတို့က လုံလောက်သော လျော်ကြေးကို လက်ခံရန်၊ သို့မဟုတ် ပြောင်းရွှေ့ပေးရန် သဘောတူမထားသေးသည်ကို သိထားသည့်တိုင် ၎င်းတို့ယာမြေများပေါ်တွင် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းအားဖြင့် အင်အားသုံး နှင်ထုတ်ခြင်းများကို တိုက်ရိုက် ဆောင်ရွက်ခဲ့ကြောင်း” ယမန်နှစ်က ထုတ်ပြန်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဖျက်ဆီးခံထားရသော စိုက်ခင်းများနှင့် ကောက်ပဲသီးနှံများကိုသာမက ချင်းတွင်းမြစ်နှင့် ကပ်လျက်မှ သတ္တုတူးဖော်ရာအနီး၌ ညစ်ညမ်းသော ရေမြောင်းများကိုလည်း ICJ ကိုယ်စားလှယ်များက တွေ့ရှိခဲ့သည်။

လက်ပံတောင်းစီမံကိန်းမှာ စကတည်းက ဇွဲနပဲကြီးစွာသော ဆန့်ကျင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် သတ္တုတူးဖော်သောနေရာ၌ စခန်းချထားသည့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ ရာပေါင်းများစွာကို လူစုခွဲရန် ရဲတပ်ဖွဲ့ဝင်များက အဖြူရောင် ဖော့စ်ဖရပ်စ်သုံး မျက်ရည်ယိုဗုံးများကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။

ရဟန်းတော်များစွာ အပါအဝင် ဒါဇင်ချီသော လူများမှာ ပြင်းထန်သည့် ဓာတုအဆိပ်သင့်မှုများကို ခံစားခဲ့ရသည်။ အဖြူရောင် ဖော့စ်ဖရပ်စ်အသုံးပြုမှုကို အရပ်သားများအပေါ်သာမက လက်နက်ကိုင်တိုက်ပွဲများမှာပင် အသုံးမပြုရန် ၁၉၈၀ ပြည့်နှစ် ဂျီနီဗာ ညီလာခံတွင် ပိတ်ပင်တားမြစ်ခဲ့ပြီး ဖြစ်သည်။

ဦးသိန်းစိန်အစိုးရက ထိုဖြစ်ရပ်အပေါ် ခံပြင်းဒေါသထွက်နေသည်များကို တုံ့ပြန်သောအားဖြင့် သတ္တုတူးဖော်ရေးကို ရပ်တန့်ကာ ထိုစဉ်က အတိုက်အခံ ခေါင်းဆောင်ဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်အား စုံစမ်းစစ်ဆေးရေး  ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖြေရှင်းခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်အစီရင်ခံစာ၌ ဝမ်ပေါင်မှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုအကျိုးဆက်ဆိုင်ရာ ဆန်းစစ်အကဲဖြတ်ချက်များကို မပြုလုပ်ခဲ့သော်လည်း ဤစီမံကိန်းကို ပယ်ဖျက်ခြင်းသည် အလုပ်အကိုင် ဖန်တီးမှုနှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်သည့်အပြင် အဓိက ပြည်ပရင်းနှီးမြုပ်နှံသူလည်းဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် ထိခိုက်နိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပြုထားသည်။ ဤကော်မရှင်၏ အစီရင်ခံစာကို ကြိုဆိုပါကြောင်း ဝမ်ပေါင်ကုမ္ပဏီက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

လူမှုအသိုင်းအဝိုင်း၏ မကျေမနပ်ဒေါသထွက်မှုကို ဖြေရှင်းရန် ကြိုးပမ်းမှုအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ယခင် အစိုးရဟောင်းနှင့် သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို ပြန်လည်သုံးသပ် ပြင်ဆင်ဆောင်ရွက်ရန် စတင်ကြိုးပမ်းခဲ့သည်။ ဝမ်ပေါင်၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှု ဆန်းစစ်ချက်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး ယင်းကို သြစတြေးလျ အကျိုးဆောင်အကြံပေးလုပ်ငန်း နိုက် ပိုင်းဇိုး Knight Piesold က ဆောင်ရွက်ပေးခဲ့သည်။ ယင်းဆန်းစစ်ချက်သည် “နိုင်ငံတကာ ငွေကြေး ကော်ပိုရေးများ၏ နိုင်ငံတကာ စံညွှန်းများအပါအဝင် နိုင်ငံတကာစံညွှန်းများနှင့် ဖီလာဆန့်ကျင်သောစံများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်” ဟု တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မြန်မာစင်တာက မှတ်ချက်ပြုခဲ့သည်။ မည်သို့ဆိုစေ ဝမ်ပေါင်၏ ESIA အစီရင်ခံစာတွင် အများပြည်သူ အကြံပြုဆွေးနွေးမှုများ အားနည်းခဲ့သည်။

စက်တင်ဘာလ အစောပိုင်းတွင်မူ စစ်ကိုင်းတိုင်းဒေသကြီး၏ ဝန်ကြီးများသည် ကြေးနီစီမံကိန်းကို ဆန့်ကျင်သော လူမှုအသိုင်းအဝိုင်းများနှင့် တွေ့ဆုံခဲ့သည့်။ ၎င်းတို့၏ နှစ်ရှည်လများ နစ်နာချက်များကို အစိုးရက ဖြေရှင်းပေးရန် ဆောင်ရွက်သည့် ပထမဆုံးကြိုးပမ်းချက်ပင် ဖြစ်သည်။

ဝမ်ပေါင်၏ စီမံကိန်းလုပ်ငန်းကြောင့် ဒုက္ခရောက်ရသူများ၏ လူအခွင့်အရေးကို ပိုမိုကောင်းမွန်စွာ မည်သို့ ကာကွယ်ပေးနေသည်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ဝမ်ပေါင်သို့ ICJ မှ စာရေးသားမေးမြန်းရာ “မြန်မာဝမ်ပေါင်ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် CSR  လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ အလေ့အကျင့်ကောင်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လိုက်နာကြောင်း၊ စီမံကိန်းလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချရန်နှင့် စီမံကိန်းလုပ်ငန်းစဉ် အဆင့်ဆင့်၏ ဘေးထွက်အပျက်အစီး အစအနများကို လျှော့ချရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း” ပြန်ကြားခဲ့သည်။

ယင်းဖြေကြားချက်တွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ရည်ညွှန်းပြောဆိုထားခြင်း မရှိပေ။

၁၉၄၅ ခုနှစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အက်ဥပဒေတွင် ရဲတပ်ဖွဲ့ဝင်များအား အများပြည်သူ စုရုံးမှုများနှင့် စီတန်းလှည့်လှည် ဆန္ဒပြုမှုများကို ထိန်းသိမ်းရန် အာဏာအပ်နှင်းထားသော်လည်း တရားမဝင်သည့် အလွန်အကျွံ အင်အားသုံးမှုအတွက် ချင့်တွက်ရှင်းပြချက်တစ်စုံတစ်ရာကိုမူ ဖော်ပြမထားပေ။ နိုင်ငံတကာ ဥပဒေများနှင့် စံချိန်စံညွှန်းများ၌မူ အင်အားသုံးခြင်းအပေါ် ထိန်းချုပ်စီမံထားသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အာဏာပိုင်များ၏ လက်နက်များနှင့် အင်အားအသုံးပြုမှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အခြေခံမူများတွင် ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းရေးကို ထိန်းသိမ်းရန် အခက်အခဲရှိသော အခြေအနေအချို့တွင် အင်အားသုံးရန် လိုအပ်လာမည် ဖြစ်သည့်အပြင် အင်အားသုံးနိုင်ကြောင်း အသိအမှတ်ပြုထားသော်လည်း ထိုသို့ ဆောင်ရွက်မှုကို နိုင်ငံတကာ လူ့အခွင့်အရေးများနှင့်အညီ သင့်လျော်စွာ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ အာဏာပိုင်များအား လူသတ်လိုင်စင်၊ သို့မဟုတ် အရေးယူခံရမှုမှ ကင်းလွတ်ခွင့် ပေးအပ်ထားခြင်းအဖြစ် မည်သည့်အခါမှ ရှုမြင်ခြင်း မရှိစေရကြောင်း ဖော်ပြထားသည်။

တရားစီရင်ရေးမဏ္ဍိုင်ကလည်း တရားမျှတမှုကို ဖော်ဆောင်ပေးရေးအတွက် ဆောင်ရွက်နိုင်ခြင်း၊ သို့မဟုတ် ဆောင်ရွက်လိုခြင်းမရှိကြောင်း ပြသထားပြီးဖြစ်သည်။ တကယ်တမ်းမှာ တရားစီရင်ရေးမဏ္ဍိုင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို နှိပ်ကွပ်ရန်နှင့် စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ငြိမ်းချမ်းစွာ ဆန္ဒပြသောသူများအား အာဏာရှင်ဆန်ဆန် ထောင်သွင်းအကျဉ်းချရန်တို့တွင် အသုံးချခဲ့သည်။

ICJ သည် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် တက်ကြွလှုပ်ရှားသူများ၏ အမှုများကို စောင့်ကြည့်လေ့လာခဲ့သည့်အပြင် ဒေါ်ခင်ဝင်းသေဆုံးမှုအတွက်လည်း ဘက်မလိုက်သည့် အချိန်မဆွဲသော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဆောင်ရွက်ရန် မြန်မာအာဏာပိုင်များအား တောင်းဆိုထားသည်။

စက်တင်ဘာလ အစောပိုင်းတွင်မူ စစ်ကိုင်းတိုင်းဒေသကြီး၏ ဝန်ကြီးများသည် ကြေးနီစီမံကိန်းကို ဆန့်ကျင်သော လူမှုအသိုင်းအဝိုင်းများနှင့် တွေ့ဆုံခဲ့သည့်။ ၎င်းတို့၏ နှစ်ရှည်လများ နစ်နာချက်များကို အစိုးရက ဖြေရှင်းပေးရန် ဆောင်ရွက်သည့် ပထမဆုံးကြိုးပမ်းချက်ပင် ဖြစ်သည်။

ပြည်ထောင်စုအစိုးရသည် ဝမ်ပေါင်ကဲ့သို့သော ကော်ပိုရေးရှင်းများက ယင်းတို့၏ စီးပွားရေး ဆောင်ရွက်မှုများတွင် လူ့အခွင့်အရေးကို လိုက်နာရန်နှင့် ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် တာဝန်ယူရေးတို့ကို သေချာအောင် ကြပ်မတ်ပေးခြင်းအားဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကာအကွယ်ပေးမှုကို မဖြစ်မနေ တိုးမြှင့်ရပေမည်။ ထိုသို့သောအချိန်ကို မရောက်ရှိမီအချိန်အထိ ဒေါ်ခင်ဝင်း၏ သေဆုံးမှုအတွက် တာဝန်ရှိသူများ လွတ်မြောက်နေပေဦးမည် ဖြစ်သည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.