သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်လာသလား

အင်န်အယ်လ်ဒီ အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့်ဟာ အရင်အစိုးရလက်ထက်ကထက် ပိုတိုးတက်မလာဘဲ သတင်းခန်းတွေထဲမှာ စိတ်ပျက်စရာတွေ ကြီးကြီးမားမား ပေါ်ပေါက်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတာ တစ်နှစ်နီးပါး ရှိလာပါပြီ။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်အောင် အကောင်အထည်ဖော်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ ဒီမိုကရေစီ စနစ်အတွက် အလွန်အရေးကြီးတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိလာအောင် ဘယ်လောက် စွမ်းဆောင်ပေးခဲ့ပြီလဲဆိုတာ မေးခွန်းထုတ်သူ များလာပါတယ်။

တချို့ သတင်းမီဒီယာသမားတွေနဲ့ လေ့လာစောင့်ကြည့်သူတွေကတော့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကထက်တောင် သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုလို့လျော့ပါးသွားတယ်ဆိုပြီး မှတ်ချက်ချကြတာမျိုးလည်း ရှိနေပါတယ်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့် အကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

ဆူဒိုနင် ခေါ် အတ္တကျော် Atta Kyaw ဟာ မြန်မာနိုင်ငံက ထင်ရှားတဲ့ စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ လူမှုပြုပြင်ရေး ဆောင်းပါးရေးဆရာ တစ်ယောက်ပါ။ အရင် စစ်အာဏာရှင်တွေခေတ်က သူရေးတဲ့ စာတွေကို စာပေကင်ပေတိုင်ရုံးလို့ ခေါ်တဲ့ စာပေစိစစ်ရေးရုံးကနေ ပယ်ချတာ အကြိမ်ကြိမ် ခံခဲ့ရသူပါ။

သမ္မတ ဦးသိန်းစိန် လက်ထက် စာပေလွတ်လပ်ခွင့်တွေ ပေးလာတော့ သူ့စာတွေ လွတ်လွတ်ကင်းကင်း ပုံနှိပ် ထုတ်ဝေခွင့် ရရုံမက အစိုးရပိုင် ကြေးမုံ သတင်းစာလိုမျိုးမှာတောင် ဆောင်းပါး ရေးခွင့် ရလာပါတယ်။ သူ့ဆောင်းပါးတွေမှာ တည်ဆဲအစိုးရကို ဝေဖန်ထောက်ပြတာ အပါအဝင် တခြား အငြင်းပွားစရာတွေ ရှိနေပေမဲ့လည်း ပုံမှန်ဖော်ပြခွင့်ရခဲ့တာပါ။

ဒါပေမဲ့ အင်န်အယ်လ်ဒီ အစိုးရတက်လာ၊ ဒေါက်တာဖေမြင့် ပြန်ကြားရေးဝန်ကြီး ဖြစ်လာပြီးနောက် ကာလတိုလေး အတွင်းမှာပဲ သူ့ဆောင်းပါး ၃ ပုဒ်တိတိ အပယ်ခံရပါတယ်။ ဒီလိုနဲ့ သူဟာ အစိုးရ သတင်းစာတွေမှာ နောက်ထပ် ဆောင်းပါး မရေးတော့ဖို့ ဆုံးဖြတ်လိုက်သူပါ။

အရင် သမ္မတ ဦးသိန်းစိန် အုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးအချိန်ထိ မြန်မာနိုင်ငံမှာ ရုပ်သံမီဒီယာနဲ့ ရေဒီယို ထုတ်လွှင့်ခွင့်တွေ ပုဂ္ဂလိကကို လုံးဝ လုပ်ကိုင်ခွင့် မပေးပါဘူး။ ရုပ်သံလုပ်ငန်းကို စကိုင်းနက်နဲ့ MRTV-4 ထုတ်လွှင့်တဲ့ ဖော်အဲဗားကုမ္ပဏီ နှစ်ခုကိုပဲ အစိုးရနဲ့ ဖက်စပ်သဘော လုပ်ကိုင်ခွင့် ပေးထားတာ ရှိပါတယ်။

ရေဒီယိုကိုတော့ အရင် စစ်အာဏာရှင် လက်ထက်ကတည်းက သူတို့ စိတ်ချရတဲ့ ခရိုနီ တချို့ကို လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ဒါလည်း ဖက်စပ် သဘောပါပဲ။ ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့်ဟာ အင်န်အယ်လ်ဒီ အစိုးရသစ် တက်လာသည်အထိ အဲဒီအတိုင်းပါပဲ။ ဒါနဲ့ပတ်သက်လို့ အရင်အစိုးရ လက်ထက်တုန်းက ရုပ်သံမီဒီယာ ထုတ်လွှင့်ခွင့် ဥပဒေ တစ်ခု အတည်ပြုပြီးခဲ့ပါပြီ။ ဒါပေမဲ့ နည်းဥပဒေ မရှိတဲ့အတွက် ရုပ်သံလုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပေးလို့ မရသေးဘူးဆိုပြီး အကြောင်းပြကြပါတယ်။

ရုပ်သံ၊ ရေဒီယိုနဲ့ပတ်သက်ရင် အင်န်အယ်လ်ဒီ အစိုးရ တက်လာတော့လည်း သဘောထား မပြောင်းမလဲပါပဲ။ ပုဂ္ဂလိကတွေကို လုပ်ခွင့်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ရုပ်သံမီဒီယာ ဥပဒေအတွက် နည်းဥပဒေ ပြဋ္ဌာန်းပေးရပါမယ်။ ဒါပေမဲ့ အစိုးရသစ် တာဝန်ယူပြီးတာ တစ်နှစ်နီးပါး ကြာလာသည်အထိ နည်းဥပဒေ ရေးဆွဲနေတာမျိုးတောင် မကြားမသိကြရပါဘူး။

ဒါပေမဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့ရုပ်မြင်သံကြား MRTV ရဲ့ Digital Free-to-Air Channel ဆိုတဲ့ အခမဲ့ ဒစ်ဂျစ်တယ်ရုပ်သံလိုင်း ၅ ခုအတွက် ပုဂ္ဂလိကတွေကို Content Provider လုပ်ခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်း လုပ်လိုသူ ၅ ယောက်ကို အစိုးရပိုင် ချယ်နယ် ငှားရမ်းပေးမယ် ဆိုတာပါ။ ဒီအတွက် အစိုးရက ရေးဆွဲထားတဲ့ သဘောတူညီချက် စာချုပ်ကို ချုပ်ဆို အလုပ်လုပ်ကြရမှာပါ။

ဒီအတွက် လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်ရှိပေမဲ့ အကြောက်တရားကြောင့် ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းဖော်ပြချက်တွေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အယ်ဒီတာ လွတ်လပ်ခွင့် ဆိုတာလည်း ပျောက်ဆုံးခဲ့ရပါတယ်။

အဲလို ချယ်နယ် ၅ ခုပေးတာကို လွတ်လပ်တဲ့ အကြံပေး ကုမ္ပဏီ ငှားရမ်း ရွေးချယ်စေတာဖြစ်ပြီး ခုဆို ကုမ္ပဏီ ၁၀ ခုကို ပမာဏ ရွေးချယ်ပြီးသွားပါပြီ။ အဲဒီထဲမှာ နာမည်ကြီး မီဒီယာကုမ္ပဏီတွေဖြစ်တဲ့ Eleven, Mizzima နဲ့ DVB တို့လည်း ပါဝင်နေပါတယ်။ တကယ်လို့ ကုမ္ပဏီ ၅ ခုက ရုပ်သံလုပ်ငန်း လုပ်ခွင့်ရခဲ့ရင်တောင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ့် အခြေအနေမျိုး မရှိသေးဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ မူဘောင်အောက်မှာပဲ လုပ်လို့ ရမယ်ဆိုတဲ့ အနေအထားမျိုးပါ။

သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နောက်ထပ် အရေးကြီးတာ တစ်ခုက ပြည်သူတွေ သတင်းသိပိုင်ခွင့်ပါ။ လက်ရှိ အခြေအနေ မြန်မာနိုင်ငံထဲက ဝန်ကြီးဌာနတွေ၊ ဌာနဆိုင်ရာတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေ ထုတ်ပြန်ပေးတဲ့ အလေ့အထ မရှိပါဘူး။ သတင်းဌာနတွေ သတင်းထောက်တွေက မေးမြန်းစုံစမ်းရင်လည်း ဖြေချင် ဖြေလို့ရပြီး မဖြေချင်လည်း ဘာပြဿနာမှ မရှိတဲ့ သဘောပါ။

ဒီအတွက် အရင်အစိုးရ လက်ထက်ကတည်းက ပြန်ကြားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး Right to information law ခေါ်တဲ့ သတင်းသိပိုင်ခွင့် ဥပဒေ တစ်ရပ် ရေးဆွဲပြဋ္ဌာန်းဖို့ လုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီ အစိုးရတက်လာတော့ အဲဒီ ဥပဒေ အကောင်အထည်ပေါ်လာဖို့ တက်တက်ကြွကြွ လုပ်ကိုင်နေတယ်ဆိုတာ မကြားမသိကြရတော့ပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်မှာ သတင်းမီဒီယာတွေဟာ ဝန်ကြီးဌာနလို၊ ဌာနဆိုင်ရာလို၊ ရဲတပ်ဖွဲ့လို နေရာမျိုးကနေ သတင်းရယူရတာ အလွန်ခက်ခဲတဲ့ အခြေအနေ ဖြစ်ပေါ်နေတာ ဒီကနေ့ထက်ထိတိုင်အောင်ပါပဲ။

ရုပ်သံလို၊ ရေဒီယိုလိုမျိုးနဲ့နှှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေက အလွန်လွတ်လပ်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာတော့ ရှိပါတယ်။ အခုနောက်ပိုင်း ပုံနှိပ်သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြပြီးတာတွေကို အွန်လိုင်းပေါ် တင်ကြပါတယ်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ် ထပ်ဆင့်တင်ကြပါတယ်။

ဒီအခါ အဆင်မပြေမှုတွေ ရှိလာရင် နာမည်ကြီး ပုဒ်မ ၆၆(ဃ) လိုမျိုးနဲ့ တရားစွဲတာ ခံရနိုင်တာမို့ အတော်လေးကို စိုးရိမ်ကြောက်လန့်တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေမှာဆိုရင် 7 Days သတင်းစာမှာ ပါတဲ့ သတင်းတစ်ပုဒ်အတွက် တပ်မတော်က တရားစွဲဖို့ ရဲစခန်းကို တိုင်ကြားပါတယ်။ တရားစွဲတဲ့ အဆင့်ရောက်လာရင် ဆဲဗင်းဒေးရဲ့ ပိုင်ရှင်လည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးသောင်းစုငြိမ်းနဲ့ သတင်းထောက် အဖမ်းခံရပြီး ထောင်ထဲကနေ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကံအားလျော်စွာ ဦးသောင်းစုငြိမ်းက သတင်းဖော်ပြခဲ့မှုအတွက် တပ်မတော်ကို လူသိထင်ရှား တောင်းပန်ခဲ့လို့ ဖမ်းဆီး တရားစွဲဆို ခံရခြင်းကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

ပြောရရင် မြန်မာနိုင်ငံမှာ မီဒီယာပိုင်ရှင်တွေဟာ သတင်းမီဒီယာ လုပ်ငန်းရဲ့ စီအီးအို, အယ်ဒီတာချုပ် စသဖြင့် ရာထူးတွေ ရယူထားကြတဲ့အတွက် သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရမှာ၊ တရားစွဲခံရမှာ အလွန်ကြောက်ရွံ့ကြပါတယ်။ ဒီအတွက် လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်ရှိပေမဲ့ အကြောက်တရားကြောင့် ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းဖော်ပြချက်တွေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အယ်ဒီတာ လွတ်လပ်ခွင့် ဆိုတာလည်း ပျောက်ဆုံးခဲ့ရပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့် ထင်သလောက် တိုးတက်မှု ရှိမလာဘူးဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့်တွေကို ရာခိုင်နှုန်းပြည့် ဆက်ပြီးထိန်းချုပ်ထားတာ၊ သတင်းသိပိုင်ခွင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိစ္စ စိတ်မပါ လက်မပါ ဖြစ်နေတာ၊ သတင်းမီဒီယာ ပိုင်ရှင်တွေကြား စိုးရိမ်ကြောက်လန့်မှု ဖြစ်ပေါ်စေပြီး ကိုယ့်မီဒီယာကိုယ် ဆင်ဆာ ဖြတ်နေကြရတာ စတဲ့ ပြဿနာကြီးတွေ ရှိနေဆဲ ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.