နေပြည်တော်ဒရုန်းအမှု သာမန်ထက်ထူးခြားနေသလား

နိုင်ငံခြားသား သတင်းထောက်များက မြန်မာနိုင်ငံ၌ ဒရုန်းသုံး ဓာတ်ပုံရိုက်ဖူးခဲ့ကြသည့်တိုင် အဖမ်းမခံခဲ့ကြရသော်လည်း စင်ကာပူနိုင်ငံသား၊ မလေးနိုင်ငံသူနှင့် မြန်မာနိုင်ငံသားနှစ်ဦး နေပြည်တော်တွင် ထောင်ဒဏ်ချမှတ်ခံရသည့် ပကတိအကြောင်းရင်းမှန်ကို ထင်မြင်ချက်အမျိုးမျိုး ပေးလျက်ရှိသည်။

စည်သူအောင်မြင့် ရေးသားသည်။

နေပြည်တော်မှာ လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ ဗီဒီယိုရိုက်ကူးဖို့ ကြံစည်လို့ဆိုပြီး ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား သတင်းထောက်နှစ်ယောက်၊ မြန်မာ ဘာသာပြန်တစ်ယောက်နဲ့ ယာဉ်မောင်းတစ်ယောက်ကို ၁၉၃၄ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၀ ရက်မှာ ထောင်ဒဏ် နှစ်လစီ ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် သူတို့ကို နဂိုက တရားစွဲဆိုထားတဲ့ တရားမဝင် ဒရုန်းတင်သွင်းမှု၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ကို ရင်ဆိုင်ဖို့ တရားရုံးကို ရုံးထုတ်လာတဲ့အခါတိုင်း ထောင်ဝတ်စုံဝတ်၊ ခြေထောက်နှစ်ဖက်မှာ သံခြေကျင်းတွေ ခတ်ပြီး ခေါ်ထုတ်လာတာ မြင်ရပါတယ်။ သတင်းရယူဖို့ ကြိုးစားတဲ့ သတင်းသမားတွေအတွက် အတော်လေးကို အကျည်းတန် အရုပ်ဆိုးတဲ့ မြင်ကွင်းမျိုးပါ။ အခုဖြစ်ရပ်ဟာ ဘယ်လိုအဓိပ္ပာယ် ဆောင်ပါသလဲ ဆိုတာ ခုတစ်ပတ် လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။

တကယ်တော့ အရင်အစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲ နိုင်ငံခြားသတင်းထောက်တွေ ဝင်လာတာ အများအပြားပါ။ နိုင်ငံခြား သတင်းဌာန အများအပြားလည်း ပြည်တွင်းမှာ ရုံးခန်းတွေဖွင့် တရားဝင် အခြေစိုက်ခွင့်ရသလို သတင်းတွေလည်း လွတ်လွတ်လပ်လပ် ရယူပေးပို့နေတာ တွေ့ရပါတယ်။

နောက်ပိုင်း မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြား သတင်းထောက် အတော်များများ ဒရုန်းတွေ ယူဆောင်လာပြီး ပြည်တွင်းမှာ ဗီဒီယိုရိုက်ကူးတာမျိူးလည်း အများကြီးရှိပါတယ်။ ပြည်တွင်း သတင်းဌာနတွေကလည်း ဒရုန်းတွေသုံးပြီး သတင်းရယူတာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒရုန်းတင်သွင်းလာလို့၊ ဒရုန်းနဲ့ ရှုခင်းအလှပုံတွေရိုက်လို့ ခုလို ဖမ်းဆီးထောင်ချခံရတယ်ဆိုတာ မကြားမသိရပါဘူး။ အခုဖြစ်စဉ်ကျမှ ဘာကြောင့် ရဲတပ်ဖွဲ့ဟာ ဖမ်းဆီး၊ တရားရုံးတင်၊ ထောင်ချ လုပ်ရတာပါလဲ။ ဒီအမှုမှာ ထူးခြားမှုတွေရှိလို့ဖြစ်ပါတယ်။

တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန စင်ကာပူရုံးခွဲအတွက် အလုပ်လုပ်ပေးနေတဲ့ စင်ကာပူနိုင်ငံသား သတင်းထောက်တစ်ယောက်၊ မလေးရှားနိုင်ငံသူ သတင်းထောက် တစ်ယောက်နဲ့ သူတို့ရဲ့ စကားပြန် မြန်မာနိုင်ငံသား အလွတ်တန်းသတင်းထောက် ကိုအောင်နိုင်စိုးတို့ကို လွှတ်တော်အဆောက်အအုံတွေကို ဒရုန်းနဲ့ ဗီဒီယိုရိုက်ကူးဖို့ ပြင်ဆင်နေတုန်း နေပြည်တော်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အလားတူ တူရကီမီဒီယာတွေကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနဲ့ပတ်သက်ရင် တစ်ဖက်စောင်းနင်း သတင်းတွေ ဖော်ပြလိမ့်မယ်လို့ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က မှတ်ယူထားပုံရပါတယ်။ ဒီအတွက် တူရကီသတင်းဌာန တစ်ခုအတွက် အလုပ်လုပ်ပေးတဲ့ နိုင်ငံခြား သတင်းထောက်တွေကို ခုလိုဖမ်းဆီး ထောင်ချတဲ့အဆင့်ထိ လုပ်လာတာလို့ မှန်းဆနိုင်ပါတယ်။

ဖမ်းဆီးခဲ့စဉ်တုန်းက လွှတ်တော်အဆောက်အအုံနဲ့ပတ်သက်ပြီး ဘာမှရိုက်ကူးတာ မလုပ်ရသေးဘဲ ပြင်ဆင်ချိန်မှာ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးနောက် ဒရုန်းနဲ့ရိုက်ထားတဲ့ တခြားဗီဒီယိုဖိုင်တွေကို ကင်မရာ အက်စ်ဒီကတ် SD card တွေထဲကနေ စစ်ဆေးပါတယ်။ အဲလို စစ်ဆေးရာမှာ တခြားသံသယဖြစ်စရာ ဘာတစ်ခုမှ မတွေ့ရဘဲ ပုဂံဘုရားတွေနဲ့ အလှအပ ရှုကွင်းရှုကွက်တွေလောက်ပဲ ရိုက်ထားတာ တွေ့ကြရပါတယ်။ ပြောရရင် ရဲတပ်ဖွဲ့အနေနဲ့ အဲလိုစစ်ဆေးပြီး ဘာအမှားတစ်ခုမှ လုပ်မထားဘူးဆိုရင် လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ဗီဒီယိုရိုက်ဖို့ တားမြစ်ထားတဲ့အကြောင်း၊ ရိုက်ရင် အရေးယူခံရမယ့်အကြောင်း ပြောဆိုသတိပေးပြီး လွှတ်လိုက်လို့ရပါတယ်။

ရန်ကုန်မှာ ရွှေတိဂုံစေတီကို ဒရုန်းနဲ့ရိုက်ဖို့ကြိုးစားတဲ့ နိုင်ငံခြားသားတွေကို အဲလိုသတိပေးပြီး လွှတ်လိုက်တာ အများကြီး ရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ အဲဒီနိုင်ငံခြားသား သတင်းထောက်တွေရဲ့ လုပ်ရပ်ကို သဘောမတွေ့ဘူးဆိုရင် ဗီဇာလျှောက်ထားစဉ် လိုက်နာရမယ့် စည်းကမ်းချိုးဖောက်မှုနဲ့ ရန်ကုန်ကိုပြန်ပို့၊ ရန်ကုန်ကနေမှ လေဆိပ်ကိုခေါ်သွားပြီး လေယာဉ်ပေါ် တင်ပေးလိုက်ရုံပါပဲ။ အာဏာပိုင်တွေဟာ နိုင်ငံခြားသား သတင်းထောက် တချို့ကို အဲလို အရေးယူဖူးတဲ့သာဓက ရှိခဲ့ပါတယ်။ အခုတော့ အဲလိုမဟုတ်ဘဲ ဖမ်းဆီး၊ ပုဒ်မ တစ်ခုမက တပ်ပြီး အခုနောက်ဆုံး ထောင်တောင် ချလိုက်ပါပြီ။

ဒီပြဿနာနဲ့ပတ်သက်ရင် ဖြစ်နိုင်ခြေ တစ်ခုကတော့ အဲဒီနိုင်ငံခြား သတင်းထောက်တွေဟာ တူရကီအခြေစိုက် TRT သတင်းဌာနအတွက် အလုပ်လုပ်ပေးနေကြလို့ ဖြစ်နိုင်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်တွေ အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အထဲမှာ တူရကီအစိုးရ ခေါင်းဆောင်တွေလည်း ထိပ်ပိုင်းက ပါပါတယ်။

အလားတူ တူရကီမီဒီယာတွေကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနဲ့ပတ်သက်ရင် တစ်ဖက်စောင်းနင်း သတင်းတွေ ဖော်ပြလိမ့်မယ်လို့ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က မှတ်ယူထားပုံရပါတယ်။ ဒီအတွက် တူရကီသတင်းဌာန တစ်ခုအတွက် အလုပ်လုပ်ပေးတဲ့ နိုင်ငံခြား သတင်းထောက်တွေကို ခုလိုဖမ်းဆီး ထောင်ချတဲ့အဆင့်ထိ လုပ်လာတာလို့ မှန်းဆနိုင်ပါတယ်။

နောက်ထပ် ထူးခြားချက် တစ်ခုက စကားပြန်လုပ်ပေးတဲ့ အလွတ်တန်းသတင်းထောက် ကိုအောင်နိုင်စိုးပါ။ သူဟာ အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကလည်း တခြားနိုင်ငံခြား သတင်းဌာနတွေအတွက် စကားပြန် လုပ်ပေးခဲ့ဖူးတဲ့ အတွေ့အကြုံရှိသလို၊ နိုင်ငံခြားသတင်းဌာနတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပြည်တွင်းကနေ ပို့ပေးနေသူလည်း ဖြစ်ပါတယ်။

အခု နေပြည်တော်မှာ ဒရုန်းလွှတ်လို့ဆိုပြီး ဖမ်းဆီးလိုက်တဲ့ကိစ္စကနေ ရဲတပ်ဖွဲ့ဟာ ကိုအောင်နိုင်စိုး နေထိုင်ရာ ရန်ကုန် မင်္ဂလာတောင်ညွန့် နေအိမ်ကို ဝင်ရောက်ရှာဖွေ၊ သူ့ရဲ့ မမ်မိုရီစတစ်တွေ သိမ်းဆည်းတာမျိုးအထိ လုပ်ပါတယ်။ တကယ့်တကယ် ဖြစ်စဉ်အတိုင်းဆိုရင် အဲလိုလုပ်ဖို့ လိုကို မလိုအပ်တဲ့ကိစ္စပါ။ နောက်တစ်ချက်က သူ့ကို ဖမ်းဆီးထားစဉ် တလျှောက်လုံး အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အထိ ၁၅ ရက်လုံးလုံး မိသားစုနဲ့ တွေ့ခွင့်မပေးသလို ရှေ့နေနဲ့လည်း တွေ့ခွင့်မပေးခဲ့ပါဘူး။

အဲဒီကာလ တလျှောက်လုံး သူ့ကို သတင်းထောက် ဘယ်လို စပြီး ဖြစ်လာတာကစ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်နေ့က ဘယ်ကိုသွားတယ်၊ ဘယ်သူတွေကို အင်တာဗျူးလုပ်တယ်၊ ဘယ်တွေကို သတင်းပို့တယ် အစရှိသဖြင့် အသေးစိတ် စစ်ဆေးမှုတွေ တောက်လျှောက်လုပ်ပါတယ်။ ဒီလုပ်ရပ်ကိုကြည့်ရင် ရဲတပ်ဖွဲ့ဟာ လက်ရှိ တရားစွဲဆိုထားတဲ့ ဒရုန်းလွှတ်တင်ဖို့ ကြိုးစားမှုတင်မကဘဲ တခြားအမှု တစ်ခုခုရှာဖွေ၊ နောက်ထပ် ပုဒ်မတပ်ပြီးရုံးတင်၊ တရားစွဲ၊ ထောင်ချဖို့ ကြံစည်နေလေသလား သံသယရှိစရာ ဖြစ်ပါတယ်။

တကယ်တော့ အလွတ်တန်းသတင်းထောက် ကိုအောင်နိုင်စိုးကိစ္စ ခုလိုကောက်ချက်ချတာဟာ ရှေ့မှာ ရဲတပ်ဖွဲ့အနေနဲ့ မူဆလင်လုပ်ငန်းရှင် တစ်ယောက်ပိုင်တဲ့ မွန်းတည့်နေဂျာနယ်ကို အရေးယူခဲ့ဖူးပြီး အမှုနဲ့မပတ်သက်တဲ့ အစ္စလာမ်ဘာသာဝင် ဂျာနယ်တိုက်ပိုင်ရှင်ကို ထောင်ပါ ချခဲ့ဖူးလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုအမှုကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာကို ဖိနှိပ်လိုနေသလား၊  ဘာသာရေးအရ ခွဲခြားဆက်ဆံနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.