ဦးဝီရသူ၊ ဗိုလ်ချုပ်မှူးကြီးနဲ့ သူရဦးအောင်ကို

နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးအပြီး သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ဗုဒ္ဓတရားတော်နဲ့အညီ မနေထိုင် မကျင့်ကြံ၊ ဥပဒေကိုလည်း ချိုးဖောက်နေကြတဲ့ သံဃာများကို အရေးယူတော့မယ်ဆိုတဲ့သဘော ပြောဆိုလာပေမဲ့ ဒါကို တပ်မတော်အကြီးအကဲက လက်ခံမယ့်အနေအထား သိပ်မရှိလှပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်တုန်းက ရန်ကုန်မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အစည်းအဝေးကြီး ကျင်းပပါတယ်။ ဂိုဏ်းပေါင်းစုံက နာယက ဆရာတော် ၄၇ ပါး ပါဝင်တဲ့ အဲဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။

အခုအစည်းအဝေးမှာ ဆရာတော်ကြီးတွေဟာ ဗုဒ္ဓသာသနာနဲ့ပတ်သက်လို့ အရေးကြီးတဲ့ လမ်းညွှန်မူဝါဒတွေ ချမှတ်ခဲ့သလို နောက်ဆက်တွဲအနေနဲ့ အဲဒီလမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်မယ့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကိုလည်း ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးပြီးနောက်ပိုင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက သာသနာထဲက ဗုဒ္ဓတရားတော်နဲ့အညီ မနေထိုင် မကျင့်ကြံတဲ့၊ ဥပဒေကိုလည်း ချိုးဖောက်နေကြတဲ့ သံဃာတွေကို အရေးယူတော့မယ်ဆိုတဲ့သဘော ပြောဆိုလာတာမို့ ဗုဒ္ဓဘာသာ အစွန်းရောက် တချို့ကို အရေးယူနိုင်တော့မလားဆိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

၄၇ ပါးစုံညီ အစည်းအဝေးမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးက “အခုအခါမှာ ရဟန်းရှင်လူအများဟာ ကျင့်သုံးရမယ့် သီလ၊ သမာဓိ၊ ပညာဆိုတဲ့  သိက္ခာသုံးပါး ကိုယ်ကျင့်တရားကို ရိုသေလေးစားမှု နည်းပါးလာကြကြောင်း၊ ရဟန်းသာမဏေအချို့ဟာ မကြည်ညိုသေးသောပုဂ္ဂိုလ်တွေ ကြည်ညိုအောင်၊ ကြည်ညိုပြီးတဲ့ပုဂ္ဂိုလ်တွေ ပိုပြီးကြည်ညိုအောင် မပြုကျင့်ဘဲ ကြည်ညိုပြီးတဲ့ပုဂ္ဂိုလ်တွေ အကြည်ညိုပျက်အောင်၊ မကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေ ပိုပြီးမကြည်ညိုအောင် ရှင်ရဟန်းတို့နဲ့မလျော်တဲ့၊  သာသနာ့ဂုဏ်သိန် ညှိုးမှိန်စေမယ့် အလုပ်တွေကို ပြုလုပ်နေကြတာကို တွေ့မြင်နေရတာကြောင့် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတွေ စည်းကမ်းကျင့်ဝတ်တွေကို လိုက်နာအောင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုအပ်ကြောင်း” ဆိုပြီး မိန့်ကြားခဲ့ပါတယ်။

သိပ်မကြာသေးခင်တုန်းကလည်း အင်န်အယ်လ်ဒီ ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကြည်လင်းရဲ့ လုပ်ရပ်ကို ထောက်ခံတယ်၊ သူဟာ ကြည်လင်း ဆရာတော် ဖြစ်တယ်ဆိုပြီး အတိအလင်း ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား၊ အဲဒီအစည်းအဝေးမှာပဲ သာသနာရေးဝန်ကြီး သူရဦးအောင်ကို လျှောက်ထားချက်ထဲမှာလည်း အဲဒီအချက် ပါဝင်နေတာ တွေ့ရပါတယ်။ သူရဦးအောင်ကိုက “ရဟန်းသာမဏေတွေထဲမှာ  ရဟန်းသိက္ခာ၊ သာမဏေသိက္ခာတို့ကို စောင့်စည်းပြီး ပရိယတ္တိ၊ ပဋိပတ္တိသာသနာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်နေတဲ့ ရဟန်းသာမဏေတွေ အများအပြားရှိပေမဲ့ ရဟန်းသာမဏေအချို့ဟာ သာသနာတော်ရဲ့ ကျေးဇူးဂုဏ်ကိုမစောင့်၊ နောင်ရေးကိုလည်းသတိမရောက်ဘဲ သာသနာတော်တစ်ရပ်လုံးကို မထီမဲ့မြင် ပြုမူနေပြီး သာသနာ့ဝန်ထမ်း ရဟန်းအချင်းချင်းကိုလည်း မငဲ့၊ ဒါယကာ၊ ဒါယိကာမတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးကာ သမဏသာရုပ္ပ မဖြစ်တဲ့  ကာယကံ၊ ဝစီကံမှုတွေကို ကျူးလွန်နေကြပါကြောင်း၊ အဲဒါလိုကျူးလွန်နေတာကြောင့် တခြားရဟန်းသံဃာတွေရဲ့ အကျင့်သိက္ခာကို မှေးမှိန်ရာရောက်စေတဲ့အပြင် သာသနာတော် အဓွန့်ရှည်မှုကိုလည်း အန္တရာယ်ပြုရာရောက်နေတာကြောင့် ကြပ်မတ်ကွပ်ကဲနိုင်ရေး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သို့ ညွှန်ကြားပေးဖို့” ဆိုပြီး လျှောက်ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် သင်္ကန်းဝတ်ထားပါလျက် ရဟန်းလို မကျင့်ကြံတဲ့ သံဃာတချို့ကို ပြေးမြင်မိကြမှာဖြစ်ပြီး ဥပမာအဖြစ် မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူနဲ့ ဆက်စပ် စဉ်းစားမိစေမယ် ဖြစ်ပါတယ်။ ဦးဝီရသူဟာ အရင်ကာလကြာရှည်ကတည်းက ဘာသာတစ်ခုနဲ့ တစ်ခုအကြား အမုန်းပွားအောင် ဟောပြောနေသူ ဖြစ်လို့ သံဃာ့အဖွဲ့အစည်းကြီးကတောင် တရားဟောခွင့် ပိတ်ပင်ထားရသူပါ။

သိပ်မကြာသေးခင်တုန်းကလည်း အင်န်အယ်လ်ဒီ ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကြည်လင်းရဲ့ လုပ်ရပ်ကို ထောက်ခံတယ်၊ သူဟာ ကြည်လင်း ဆရာတော် ဖြစ်တယ်ဆိုပြီး အတိအလင်း ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။ ဒါတင်မက အရင် မဘသ အဖွဲ့ဟောင်းရဲ့ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်ကြီးရဲ့မွေးနေ့ ရဟန်းရှင်လူတွေရဲ့ အလယ်မှာ လူသတ်သမား ကြည်လင်းကနေ ရှေ့နေတွေ၊ သတင်းထောက်တွေကို ခြိမ်းခြောက်ခဲ့တဲ့ စကားလုံးဖြစ်တဲ့ ထမင်းဝအောင် စားထားကြ စကားလုံးကို တွင်တွင်သုံးပြီး တရားဟောခဲ့သူလည်း ဖြစ်ပါတယ်။ အခု သံဃာ့အစည်းအဝေးကြီး ပြီးသွားရင်တော့ ရဟန်းကျင့်ဝတ်ကိုရော၊ တည်ဆဲဥပဒေတွေကိုပါ ချိုးဖောက်နေတဲ့ ဦးဝီရသူနဲ့ အလားတူ သံဃာတချို့ကို သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် အရေးယူတာမျိုး မြင်တွေ့ရနိုင်တယ်လို့ မျှော်လင့်စရာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ လွယ်ကူပါ့မလားဆိုပြီး မေးခွန်းထုတ်ရမယ့် အခြေအနေ တချို့လည်း ပေါ်ပေါက်လာပြန်ပါတယ်။

အဲဒါကတော့ မတ်လ ၂ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် မြိတ်မြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ ဆက်စပ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးက “ မိမိတို့တပ်မတော်၏ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန် ဆိုသည်မှာ စစ်ရေးတစ်ခုတည်းသာမဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်စသဖြင့် အားလုံးကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း” ဆိုပြီးဖြစ်ပါတယ်။

နောက်ပိုင်း မိန့်ခွန်းမှာ အများကြီး ပြောသွားပေမဲ့ ဘာသာသာသနာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာကိုလည်း ကာကွယ်စောင့်ရှောက်မယ့်ကိစ္စ အကျယ်တဝင့် ရှင်းပြသွားတာတော့ မတွေ့ကြရပါဘူး။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ လူသတ်သမားကြည်လင်းနဲ့ တခြား ပါဝင်ပတ်သက်သူတွေဟာ တပ်မတော် အရာရှိဟောင်းတွေ ဖြစ်နေကြပါတယ်။ ဦးဝီရသူက လူသတ်သမား ကြည်လင်းကို ထောက်ခံပြီး အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဝေဖန်ဆန့်ကျင်သူ ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာတော့ ဦးဝီရသူနဲ့ သံဃာတချို့ဟာ တပ်မတော်ကို ထောက်ခံပါတယ်ဆိုပြီး ကြွေးကြော်နေကြသူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် အစွန်းရောက်တွေကို အရေးယူပြီး သာသနာတော် သန့်ရှင်းအောင် ဆောင်ရွက်မယ့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဘာသာသာသနာကိုပါ ကာကွယ်စောင့်ရှောက်မယ်လို့ အတိအလင်း ကြွေးကြော်လာတဲ့ အခြေအနေအောက်မှာ သူ့လုပ်ငန်းတွေကို ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ အလွန်ကောင်းနေကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.