မြို့ပြအမွေအနှစ် ဗိသုကာလက်ရာများကို ထိန်းသိမ်းနေတဲ့ ဒို့အိမ်

တီထွင်ဆန်းသစ်သော လူမှုလုပ်ငန်းတစ်ခုဖြစ်သည့် ဒို့အိမ်သည် ရန်ကုန်မြို့လယ်ခေါင်မှ ရှေးဟောင်း မြို့ပြအမွေအနှစ် လူနေအိမ်များ၏ အနာဂတ် ဆက်လက်တည်တံ့နိုင်စေရန်အတွက် အိမ်ပိုင်ရှင်များနှင့် ပူးပေါင်းလုပ်ဆောင်နေသည်

Sing Lee ရေးသားသည်။

ဓာတ်ပုံများ – သိမ့်မွန်စိုး (J)

“အုတ်နံရံက အထူကြီး၊ အမိုးကလည်း ၄ စင်တီမီတာ ၊ ၅ စင်တီမီတာလောက် ထူတယ်။ အခုထိ မိုးတစ်စက်မှ မယိုဘူး။ ဟိုတုန်းက အဆောက်အဦး တည်ဆောက်ပုံ အရည်အသွေးက အခုထက်သာတယ်” ဟု ရန်ကုန်မြို့လယ် ၄၇ လမ်းပေါ်မှ ၂ ထပ်တိုက်ပိုင်ရှင် ဦးသိန်းအောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သူတို့မိသားစု အစဉ်အဆက် ထိုအိမ်၌ နေလာခဲ့ကြသည်မှာ နှစ်ပေါင်း ၉၀ ရှိခဲ့ပြီဖြစ်သည်။

သစ်သားအား အုတ်ညှပ်ဆောက်ထားသော တိုက်၏ အထပ်တိုင်းတွင် အခန်း ၂ ခန်း ခွဲထားပြီး အလယ်တွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစေရန် ကွက်လပ်ချန်ထားသည်။ ထိုသို့သော ဒီဇိုင်းမှာ သူ့ခေတ် သူ့အခါတုန်းကတော့ အသစ်အဆန်းပင် ဖြစ်သည်ဟု ဦးသိန်းအောင် ပြောသည်။ လွန်ခဲ့သော အနှစ် ၁၀၀ ကျော်က ဆောက်လုပ်ခဲ့သော ထိုအိမ်ကို ယခုမှ ပထမဆုံးအကြိမ် အကြီးစား ပြင်ဆင်မွမ်းမံမှု ပြုလုပ်ခြင်း ဖြစ်သည်။

ထိုအိမ်ကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဦးသိန်းအောင်၏ အဘိုးဖြစ်သူက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ “ဒီအိမ်ကြီးကို မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် အမွေဆက်ခံသွားကြလိမ့်မယ်လို့ မျှော်လင့်တာပဲ” ဟု ထိုအိမ်ကြီးမှာပင် မွေးဖွားခဲ့ပြီး ယခု အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဦးသိန်းအောင်က ပြောသည်။

jtms-heritage-01.jpg

ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူတို့ကို ရန်ကုန်မြို့၊ ၄၇ လမ်းရှိ နေအိမ်၌ တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဦးသိန်းအောင်၏ အဘိုးသည် ထိုစဉ်က ဗြိတိသျှကိုလိုနီဖြစ်သည့် မြန်မာနိုင်ငံသို့ တရုတ်ပြည်မကြီးမှ သင်္ဘောဖြင့် ၁၉  ရာစုနှောင်းပိုင်းတွင် ပြောင်းရွှေ့လိုက်ပါလာခဲ့သည်။ ကန်တုံနယ်၊ ဟွိုင်ဆန် (ယခု Taishan, Guangdong) တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော သူ့အဘိုးက ဘဝအတွက် အခွင့်အလမ်းများရှိသည်ဟု သူထင်မြင်ယူဆသော မြန်မာနိုင်ငံတွင် အခြေချနေထိုင်ရန် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းအောင်သည် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ယခု ရန်ကုန်တက္ကသိုလ်) မှ ဘွဲ့ရပြီးနောက် အစိုးရဝန်ထမ်း အဖြစ် ဦးစွာ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လက်ထပ်ပြီးချိန်တွင် သူ့ဇနီး ပိုင်ဆိုင်သော စားသောက်ဆိုင်လုပ်ငန်းကို ကူးပြောင်းလုပ်ကိုင်ခဲ့သည်။ သူ့ဇနီးမှာလည်း ကန်တုံမှ ပြောင်းရွှေ့လာသူများ၏ တတိယမျိုးဆက်တစ်ဦးပင် ဖြစ်သည်။ သူတို့၏ သားသမီး ၄ ယောက်လုံးမှာ ၄၇ လမ်းရှိ နေအိမ်တွင်ပင် ကြီးပြင်းခဲ့ကြခြင်း ဖြစ်သည်။

jtms-heritage-24.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ယခုအခါ သူတို့၏အိမ်ကို “ဒို့အိမ်” က ပြန်လည်ပြင်ဆင်ပေးနေသည်။ ဒို့အိမ်သည် မြို့တော်ဟောင်း ရန်ကုန်ရှိ ရှေးဟောင်း မြို့ပြအမွေအနှစ် အဆောက်အဦးဟောင်းများနှင့် အိမ်နောက်ဖေးလမ်းကြားများကို ပြန်လည်မွမ်းမံ ထိန်းသိမ်းပေးနေသည့် လူမှုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

ရာစုနှစ်ချီ၍ သက်တမ်းရှည်ခဲ့ပြီဖြစ်သော အဆောက်အဦးဟောင်းများကို ယခင်ရှေးကအတိုင်း လှပတင့်တယ်စေရန် ထိုသို့ ပူးပေါင်းလုပ်ဆောင်မှုက ကူညီလုပ်ဆောင်ပေးလျှက်ရှိသည်။ ထိုသို့ အသစ်ပြင်ဆင် မွမ်းမံပြီး အငှားချထားခြင်းဖြင့် ရရှိလာသော အိမ်ငှားခကို အိမ်ရှင်ဦးသိန်းအောင်နှင့် ဒို့အိမ် အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတို့က အချိုးကျ ခွဲဝေရရှိကြသည်။

jtms-heritage-13.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဦးသိန်းအောင် ကိုယ်တိုင်ကမူ ခေတ်ပေါ်တိုက်ခန်းလေးတစ်ခုတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသော်လည်း သူ့အိမ်ကိုတော့ လွမ်းမိသည်ဟု ပြောသည်။ သို့သော် ယခုလို ပြုပြင်မွမ်းမံလိုက်သဖြင့် ထိုလမ်းပတ်ဝန်းကျင်ကိုပါ အလှကျက်သရေ တိုးသွားစေသဖြင့် ဝမ်းသာဂုဏ်ယူမိသည်ဟုလည်း သူက ဆိုသည်။ နောင်မျိုးဆက်သစ်များကလည်း ဒီအိမ်ကြီးကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြစေရန် မျှော်လင့်ကြောင်းလည်း သူက ထပ်တလဲလဲ  ပြောကြားသည်။

သူ့အိမ်အကြောင်း ဆောင်းပါးပါသည့် Frontier မဂ္ဂဇင်းတစ်စောင်ကိုလည်း သူ့သားသမီးများတွေကို ပြသချင်၍ လက်ဆောင်ပေးပါဟု ဦးသိန်းအောင်က တောင်းဆိုခဲ့ပါသည်။

သင်္ဘောသားတစ်ယောက်ရဲ့ နေအိမ်

ဦးဂူလမ်လှတင်သည် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် သူ ၁၀ တန်းအောင်ပြီးနောက် ကမ္ဘာအနှံ့ ခရီးဆန့်ကြည့်ချင်သည်ဟုဆိုကာ သင်္ဘောသားလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ “ကျွန်တော် ကမ္ဘာအနှံ့ သွားကြည့်ချင်တယ်” ဟု သူက Frontier ကို ပြောသည်။

၁၉၈၈ ခုနှစ်တွင် စတင်အလုပ်ဝင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရေကြောင်းပြအရာရှိအဖြစ်မှ အနားယူခဲ့သည်။ ပထမဦးစွာ ကုန်တင်သင်္ဘောတွင် သင်္ဘောသားအဖြစ် ၄ နှစ်ကြာ လုပ်ကိုင်ခဲ့စဉ်အတွင်း ဟောင်ကောင်နှင့် မကာအိုတို့တွင် ခဏတဖြုတ် နားနေခဲ့သည်မှလွဲ၍ ပင်လယ်ပြင်တွင်သာ အချိန်ကုန်ခဲ့ရသည်။

သူအိမ်ထောင်မပြုမီ တစ်နှစ်အလို ၁၉၉၉ ခုနှစ်တွင် ဘိုကလေးဈေးလမ်းပေါ်၌ သူ့မိဘများက ၁၉၆၈ ခုနှစ်တွင် ဝယ်ယူခဲ့သော တိုက်ခန်းနှင့် ဘေးချင်းကပ်အခန်းကို ဝယ်ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း သူ့ဖခင်၏ မိသားစု အိန္ဒိယသို့ စစ်ပြေးသွားခဲ့ကြသည်။ သူ၏ ဖခင်နှင့် မိခင်တို့မှာ  အိန္ဒိယမှာပင်  တွေ့ဆုံအကြောင်းပါခဲ့ကြရာ စစ်ကြီးအပြီး ၁၉၄၈ ခုနှစ်တွင် မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် သူတို့ မြန်မာပြည်ထဲ ပြန်ဝင်လာခဲ့ကြသည်။

jtms-heritage-30.jpg

ဦးဂူအမ်လှတင်၏ မိခင်ကြီးအား ဘိုကလေးဈေးလမ်းရှိ ၎င်းတို့နေအိမ် ဧည့်ခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ကျွန်တော့် စိတ်ကူးက ကျွန်တော် လက်ထပ်ပြီးရင် ကိုယ်ပိုင်အိမ်တစ်လုံးနဲ့ ကားတစ်စီး ရှိရမယ်။ ကျွန်တော် သင်္ဘောတက်သွားတော့လည်း ကျွန်တော့ ဇနီးကို အခန်းချင်းကပ်နေတဲ့ ကျွန်တော့်မိခင်က စောင့်ရှောက်ထားတယ်” ဟု ဦးဂူလမ်လှတင်က ပြောသည်။ သူ့သား ၂ ယောက်လုံးကိုလည်း ဘိုကလေးဈေးလမ်း တိုက်ခန်းတွင်ပင် မွေးဖွား ကြီးပြင်းခဲ့ကြသည်။

သင်္ဘောသားဘဝမှ အနားယူချိန်တွင် ဦးဂူလမ်လှတင် တက္ကစီ မောင်းခဲ့ပြန်သည်။ ၂၀၁၄ ခုနှစ်တွင် သူ့တက္ကစီအား ပုံမှန်စီးသည့် ဖောက်သည်တစ်ဦးဖြစ်သော Ms. Emilie Roell နှင့် စတင်သိကျွမ်းခဲ့သည်။ Ms. Emilie သည် ဒတ်ချ် အမျိုးသမီးဖြစ်ပြီး ရန်ကုန်တွင် ၂၀၁၃ ခုနှစ်ကတည်းက နေထိုင်လာခဲ့သူ ဖြစ်သည်။ သူမသည် ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ဒို့အိမ်ကို စတင်တည်ထောင်ခဲ့သည်။

ဦးဂူလမ်လှတင်နှင့် Roell တို့ မိတ်ဆွေဖြစ်သွားခဲ့ကြသည်။ သူတို့နှစ်ဦး အမှတ်မထင် တွေ့ဆုံသိကျွမ်းခဲ့ရာမှ ဦးဂူလမ်လှတင်၏ တိုက်ခန်းသည် Roell ၏ ဒို့အိမ် ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် ပထမဆုံးစီမံကိန်း ဖြစ်လာတော့သည်။

jtms-heritage-15_0.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Roell က သူ့တိုက်ခန်းကို လာကြည့်စဉ် မျက်နှာကျက်မြင့်မြင့် ပေါ်လာစေရန်အတွက် ထပ်ခိုးကို ဖျက်ပစ်ရန် အကြံပြုခဲ့သည်။

အစပိုင်းတွင် ဦးဂူလမ်လှတင်က အပြောင်းအလဲများ ပြုလုပ်မှုကို မကြိုက်လှသော်လည်း နံနက်ပိုင်းတွင် အခန်းတွင်း၌ နေရောင်ခြည်နှင့် အလင်းရောင်ရနေသည်ကိုတော့ သူသဘောကျလာသည်။ ထို့အတူ သူ့မိခင်ကလည်း  ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးချိန်တွင် သဘောကျသွားခဲ့သည်။

“အမေက တစ်ဖက်အခန်းကလာပြီး ဂူလမ် မင်းဘာတွေ လုပ်နေတာလဲလို့ မေးတယ်။ ကျွန်တော်က အမေ တစ်လလောက် လာမကြည့်နဲ့ဦး။ အားလုံးပြီးမှ လာကြည့်လို့ ပြောရတယ်” ဟု သူကပြန်ပြောင်း ပြောပြသည်။

တိုက်ခန်းပြီးစီးသွားသောအခါ ဦးဂူလမ်လှတင်ကိုယ်တိုင် ဒို့အိမ်၏ လုပ်ငန်းမန်နေဂျာ ဖြစ်လာတော့သည်။ ထိုအချိန်တွင် ဒို့အိမ်က ၇ ခုမြောက် စီမံကိန်းကို လုပ်ဆောင်လျှက်ရှိနေပြီး ဝန်ထမ်းအင်အား ၈ ယောက်အထိ ရှိနေပြီဖြစ်သည်။

jtms-heritage-27.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဦးဂူလမ်လှတင်၏ ပြုပြင်မွမ်းမံပြီး တိုက်ခန်းသည် တည်းခိုခန်း ဖြစ်သွားပြီး Airbnb တွင် ကြော်ငြာထားသည်ကို တွေ့ရသည်။ တည်းခိုခန်းမှ ရရှိသော ဝင်ငွေသည် အခန်းပြင်ဆင်မွမ်းမံခ ကုန်ကျစရိတ် ကျေရုံမက ဦးဂူလမ်လှတင်၏ မိသားစုကိုပင် ထောက်ပံ့ပေးလျှက်ရှိသည်။

“အခန်းမှာ တည်းခိုသူတွေနဲ့ ကျွန်တော်တို့ မိတ်ဆွေဖြစ်နေကြပြီ။ ကျွန်တော်တို့က ဟိုဘက်ခန်းမှာ နေတာဆိုတော့ စနေလိုနေ့တွေမှာ သူတို့ကို နေ့လယ်စာ ချက်ကျွေးတယ်။ ဒေသခံ ရိုးရာထမင်းဟင်းတွေပေါ့” ဟု ဦးဂူလမ်လှတင်က ပြောသည်။

ဆရာနှင့် သူ့အဖွဲ့

ဒို့အိမ်လုပ်ငန်း၏ ပြင်ဆင်မွမ်းမံရေးနှင့် ဒီဇိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ ဘာစီလိုနာမြို့ဇာတိ Mr. Albert Company Olmo သည် အဆောက်အဦး အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်တော်ဆေးခန်းတွင် မြန်မာဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ၇ နှစ်ကြာ အတူအလုပ်လုပ်ခဲ့သူ ဖြစ်သည်။

မဲဆောက်ရှိ မယ်တော်ဆေးခန်းဆောက်လုပ်ရေးတွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကျောင်းတွင်လည်း ဆောက်လုပ်ရေးအတတ်ပညာများ သင်ကြားပေးခဲ့သူလည်း ဖြစ်သည်။

jtms-heritage-38.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မဲဆောက်အခြေစိုက် ဗိသုကာအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ပြီး တာဝန်ယူမှုရှိသော ဒီဇိုင်းဖြင့် ကြာရှည်တည်တံ့မည့် ဆောက်လုပ်ရေးနည်းပညာ ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေသူ ဖြစ်သည်။

Angora Architects တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သော Company Olmo သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး ပညာများကို သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည့် မြန်မာကျောင်းသားတစ်ချို့ကို မြန်မာနိုင်ငံသို့ ပြန်ခေါ်ပြီး ဒို့အိမ်တွင် အလုပ်ပေးထားသည်။

ထိုအလုပ်သမားများသည် လွန်ခဲ့သော တစ်လကျော်ကမှ ရန်ကုန်သို့ ပြန်ရောက်လာပြီး ၄၇ လမ်းရှိ ဦးသိန်းအောင်၏ အိမ်ကို ပြုပြင်မွမ်းမံရေးတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။ ထိုအလုပ်သည် သူတို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ အကြောင်းမှာ ထိုင်းနယ်စပ်တလျှောက် သူတို့ လုပ်ကိုင်ခဲ့ဖူးသော အလုပ်များနှင့် လွန်စွာ ကွဲပြား ခြားနားသောကြောင့်ဖြစ်သည်ဟု Company Olmo က ပြောသည်။

jtms-heritage-37.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အကုန်အကျ နည်းနည်းဖြင့် ရရာပစ္စည်းများဖြစ်သည့် ဝါးကဲ့သို့ ပစ္စည်းများဖြင့်သာ ဆောက်လုပ်ခဲ့ဖူးသည့် အလုပ်သမားအဖွဲ့အနေဖြင့် မကြုံဖူးသေးသည့် ဆောက်လုပ်ရေး နည်းပညာနှင့် အတွေးအခေါ်များကို နေသားကျအောင် ပြောင်းလဲခဲ့ကြရသည်။

“ဘာလို့ အုတ်တွေကို ကွန်ကရစ် မဖုံးဘဲ ဖေါ်ထားရသလဲ၊ အိုဟောင်းနေပုံ ပေါ်နေတာ ကြည့်ကောင်းပါ့မလား၊  စသည်ဖြင့် ယူဆနေကြတယ်။ သူတို့ကို အတွေးအခေါ်သစ်တွေ သိမြင်လာအောင် လေ့ကျင့်ပေးခဲ့ရတယ်” ဟု Company Olmo က Frontier ကို ပြောသည်။

“ကျွန်တော်တို့က အိမ်ပိုင်ရှင်ရဲ့ အတွေးအမြင်အတိုင်းပဲ လိုက်လုပ်ပါတယ်။ အိမ်ကို စစ်ဆေးပြီး ပျက်စီးနေတဲ့ အစိတ်အပိုင်းကို ပြင်ဆင်ဖို့ အရင်စီစဉ်တယ်။ ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေး လုပ်ပြီးတော့မှ အလှတရားကို ရှာဖွေတယ်။ ဒီအိမ်ရဲ့ ထူးခြားတဲ့ လက္ခဏာက ဘာလဲ၊ ဒီအိမ်ကို ထူးခြားနေစေတဲ့ အခြေခံ အကြောင်းတရားတွေက ဘာလဲဆိုတာပေါ့” ဟု ၎င်းကပြောသည်။

jtms-heritage-29.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“အိမ်မှာ နဂိုကတည်းက ရှိနေတဲ့ ပစ္စည်း၊ ဥပမာ သစ်သားပရိဘောဂတွေလို ပစ္စည်းတွေကို တတ်နိုင်သလောက် ပြန်လည်အသုံးပြုတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ဆောက်လုပ်ရေးအဖွဲ့ကို Company Olmo က ရန်ကုန်သို့ ခေါ်လာပြီး ဒို့အိမ် စီမံကိန်းကို စတင်ခဲ့သည်။ ဗိသုကာပညာရပ်အဟောင်းနှင့် အသစ်များကို ပေါင်းစပ်ပေးရသည့်အတွက် စီမံကိန်းက “သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်” ဟု သူကဆိုသည်။

“တစ်ချို့က မြန်မာပြည်ကို မရောက်ဖူးသေးဘူး။ တစ်ချို့က မြို့ကြီးပြကြီးမှာတောင် မနေဖူးကြဘူး။ အစတော့ သူတို့ စိတ်မရဲကြဘူး။ ခုတော့ သူတို့ သိပ်တက်ကြွနေကြပါပြီ” ဟု ခေါင်းဆောင်လုပ်သူ Company Olmo က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.