နည်းပညာမြင့် ဟင်းသီးဟင်းရွက်များ

အဆင့်မြင့် နည်းပညာဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ မြန်မာပြည်တွင် ခေတ်စားလာပြီး ပြည်တွင်းရှိ အကောင်းဆုံးဟူသည့် စားသောက်ဆိုင်များတွင် စားသုံးရသည့် အတွေ့အကြုံများမှာလည်း ပိုမိုထူးခြားလာနေသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

မချက်ပြုတ်မီ စက္ကန့်ပိုင်းအလိုတွင် ခူးဆွတ်ထားသော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းထက် လတ်ဆတ်သော အရာ မရှိနိုင်ပေ။

ထိုအလေ့အထကို “cut and plate” ချက်ချင်းခူးဆွတ် ချက်ပြုတ်သော နည်းစနစ်ဟု Sharky’s စားသောက်ဆိုင်မှ စားဖိုမှူးက ခေါ်ဝေါ်သည်။ ၎င်းမှာ ဟင်းသီးဟင်းရွက် အညွန့်လေးများကို စိုက်ပျိုးထားသော သေတ္တာများထဲမှ ချက်ချင်း ခူးဆွတ်ပြီး အသုပ်များ၊ ဟမ်ဘာဂါများနှင့် ငါးကင်များတွင် ထည့်သွင်း စားသောက်ခြင်း ဖြစ်သည်။

Sharky’s စားသောက်ဆိုင်သည် ရန်ကုန်နှင့် ပုဂံရှိ ၎င်း၏ စိုက်ခင်းများတွင် အော်ဂင်းနစ် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်။ ဟင်းသီးဟင်းရွက် မျိုးစေ့များကို ရေ၏ pH အဆင့် ထိန်းချုပ်ထားသော မြေကြီးပေါ်တွင် ဂရုတစိုက် စိုက်ပျိုးပြီး မြေကြီးကို တီကောင်ချေးများ၊ အုန်းမြေဆွေးများနှင့် အခြားသော အထူးပြုမြေဩဇာများဖြင့် အာဟာရ ဖြည့်တင်းထားသည်။

ထွက်ရှိလာသော ဟင်းသီးဟင်းရွက်များသည် သာမန်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များထက် ၄ ဆ မှ အဆ ၄၀ ခန့်အထိ အာဟာရဓာတ်များ ပိုမိုပါဝင်သည်ဟု Journal of Agricultural and Food Chemistry က ထုတ်ပြန်သော ၂၀၁၂ ခုနှစ် လေ့လာချက်တွင် ဖော်ပြထားသည်။ ထိုဟင်းသီးဟင်းရွက်များသည် သာမန် ဟင်းသီးဟင်းရွက်များထက် အရသာလည်း ပိုမိုကောင်းမွန်သည်။

ပုဂံရှိ Sharky's စားသောက်ဆိုင်၏နောက်ဖက် မြေကွက်လပ်တွင် စိုက်ပျိုးထားသည့် ဟင်းရွက်ဟင်းရွက်ပင်များကို အလုပ်သမားတစ်ဦးက ပေါင်းသင်နေစဉ်။ ဓာတ်ပုံ- ဂျာရတ် ဒေါင်းနင်း

ပုဂံရှိ Sharky’s စားသောက်ဆိုင်၏နောက်ဖက် မြေကွက်လပ်တွင် စိုက်ပျိုးထားသည့် ဟင်းရွက်ဟင်းရွက်ပင်များကို အလုပ်သမားတစ်ဦးက ပေါင်းသင်နေစဉ်။ ဓာတ်ပုံ- ဂျာရတ် ဒေါင်းနင်း

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ထိုသို့ သေတ္တာငယ်လေးများဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များကို အဆင့်မြင့် စားသောက်ဆိုင်များနှင့် ဟင်းသီးဟင်းရွက် ကုန်စုံဆိုင်များတွင် ရောင်းချနေသည်မှာ ဆယ်စုနှစ် တစ်ခုခန့် ကြာမြင့်ပြီ ဖြစ်သည်။ ခေတ်မီနည်းစနစ်များ အများအပြား ရှိနေသော်လည်း ဂရုတစိုက် စိုက်ပျိုးသော ထို microgreens ဟင်းသီးဟင်းရွက်များသည် မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များတွင် စတင် ခေတ်စားကာစသာ ရှိသေးသည်။

“ကျွန်တော်ရဲ့ ဆိုင်မှာတောင် ဒီ microgreens ဟင်းသီးဟင်းရွက်တွေကို ရောင်းချနိုင်ဖို့ ၂ နှစ်လောက် အချိန်ယူရတယ်” ဟု Sharky’s စားသောက်ဆိုင်ကို ပူးတွဲတည်ထောင်သူ ဦးရဲထွဋ်က ပြောသည်။ “ကျွန်တော်တို့က microgreens ဟင်းသီးဟင်းရွက် အညွန့်လေးတွေကို အသုပ်ထဲ ထည့်ရောင်းတဲ့အခါ ဖောက်သည်တွေက ဘာလို့ အသုပ်ထဲ မြက်တွေ ထည့်ရတာလဲလို့ မေးကြတယ်။ သူတို့ ကျင့်သားရအောင်လို့ သာမန်ဟင်းသီးဟင်းရွက်နဲ့ ရောပြီး ကျွေးရတယ်” ဟု သူကဆိုသည်။

Sharky’s က ရန်ကုန်နှင့် ပုဂံတို့တွင် စားသောက်ဆိုင် ဖွင့်လှစ်ထားသည့်အပြင် အဆင့်မြင့် ဟင်းသီးဟင်းရွက်များကို ရောင်းချသော ကုန်စုံဆိုင်လည်း ဖွင့်လှစ်ထားသည်။ ထို့ပြင် မကြာသေးမီက ကာလအတွင်း microgreens ထုတ်လုပ်ရောင်းချမှုကို လက်ကားရောင်းချနိုင်ရန် တိုးချဲ့လာခဲ့သည်။ ထို့ပြင် စိုက်ပျိုးရေး လုပ်ငန်းအသေးစား လုပ်ကိုင်သူများသည် နည်းပညာမြင့် အဆင့်မြင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလာကြသဖြင့် ရန်ကုန်ရှိ စားသောက်ဆိုင်များ၏ အစားအသောက် ရောင်းချသည့် ပုံစံများ ပြောင်းလဲလာခဲ့သည်။

ပုဂံရှိ Sharky's ၏ စိုက်ခင်းတစ်ခု။ ဓာတ်ပုံ- ဂျာရတ်ဒေါင်းနင်း

ပုဂံရှိ Sharky’s ၏ စိုက်ခင်းတစ်ခု။ ဓာတ်ပုံ- ဂျာရတ်ဒေါင်းနင်း

စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင် Ms Lucia Eppisser နှင့် သူမ၏ ခင်ပွန်းဖြစ်သူ ဆွစ်ဇာလန်လူမျိုး ဆုရစားဖိုမှူး Mr Felix Eppisser တို့ မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ် ရောက်ရှိလာချိန်က ရန်ကုန်တွင် အဆင့်မြင့် ဟင်းသီးဟင်းရွက်များကို ရှာဖွေရသည်မှာ လွန်စွာခဲယဉ်းခဲ့ကြောင်း ပြောကြားသည်။

သူတို့လိုအပ်သော ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးသူထံမှ ရှာဖွေရခြင်းသည် ဒုက္ခတစ်ခုပင်ဖြစ်ကာ တခြား စားသောက်ဆိုင်သို့ မရောင်းချမီ အလုအယက် ဝယ်ယူရသည်ဟု Lucia Eppisser က ဆိုသည်။

“ကျွန်မတို့ ရောက်လာခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်လောက်က အဆင်မပြေခဲ့ဘူး။ ဒါပေမဲ့ အခုတော့ Sharky’s၊ GoGreen နဲ့ Fresco စတဲ့ ရွေးချယ်စရာတွေ ပေါများလာပါပြီ” ဟု သူမကဆိုသည်။

သူတို့ ဇနီးမောင်နှံ၏ စားသောက်ဆိုင်ဖြစ်သော SEEDS တွင် စားသောက်ဖွယ်စာရင်းထဲရှိ ဟင်းပွဲအားလုံးကို အဆင့်မြင့် microgreens ဟင်းသီးဟင်းရွက်များ ထည့်သွင်းချက်ပြုတ်ထားသည်။

“သာမန် ဟင်းသီးဟင်းရွက်နဲ့ ချက်ပြုတ်ထားတဲ့ စားဖွယ်ရာနဲ့ အော်ဂင်းနစ် ဟင်းသီးဟင်းရွက်နဲ့ ချက်ပြုတ်ထားတဲ့ စားဖွယ်ရာတို့ကို ယှဉ်စားကြည့်ရင် ကောင်းကောင်း ခွဲခြား သိရှိနိုင်တယ်” ဟု သူမကဆိုသည်။

“တကယ်တော့ ကွာခြားတာက ထည့်သွင်းချက်ပြုတ်ထားတဲ့ microgreens တွေကြောင့်ပါ။ ဆွစ်ဇာလန်မှာဆိုရင်တော့ Purple Majesty အာလူးနဲ့ ချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာတွေက ဈေးကြီးပါတယ်” ဟု သူမက ဆိုသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Uni Vege စက်ရုံမှ အလုပ်သမားတစ်ဦး။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Uni Vege စက်ရုံမှ အလုပ်သမားတစ်ဦး။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

“မြန်မာနိုင်ငံမှာတော့ Purple Majesty အာလူး မရှိပါဘူး။ ဒါပေမဲ့ ကချင်ပြည်နယ်ကထွက်တဲ့ Pearl အာလူးအချို့ကတော့ ဒီအတိုင်း အရသာ ထွက်နိုင်မှာပါ” ဟုလည်း သူမက ဆိုသည်။

ယခုအခါ လူလတ်တန်းစားများပင်လျှင် စနစ်တကျ ထူးထူးခြားခြား စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို စားသုံးလာကြပြီဖြစ်သည်ဟု ဦးရဲထွဋ်က ပြောသည်။

“ကျွန်တော်က ကျန်းမာရေး လိုက်စားတဲ့လူတွေ၊ အရသာကောင်းကောင်း စားတတ်သူတွေကို ပစ်မှတ်ထားပါတယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မြို့ပြကလူတွေကိုယ်တိုင် လူနေအိမ်မှာ စိုက်ပျိုးလို့ရတဲ့ microgreens ဟင်းသီးဟင်းရွက် သေတ္တာလေးတွေ ရောင်းချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဝရန်တာတစ်ခုပဲ လိုအပ်ပါတယ်။ နောက်ဆုံးမှာ လူတွေက မိမိတို့ကိုယ်တိုင် microgreens တွေကို စိုက်ပျိုးလာနိုင်မယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒါက မြို့ပြစိုက်ပျိုးရေး စနစ်ပါပဲ” ဟု ဦးရဲထွဋ်က ဆိုသည်။

ဂျပန်လူမျိုးပိုင် မြေမဲ့စိုက်ပျိုးရေး စိုက်ခင်းဖြစ်သော Uni Vege သည် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် တည်ရှိပြီး ကျန်းမာရေး လိုက်စားသော ဖောက်သည်များကို ပစ်မှတ်ထား ရောင်းချလျှက်ရှိသည်။ ၎င်းတို့ စိုက်ပျိုးထုတ်လုပ်သည့် ဟင်းရွက်များကို City Mart ဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်ဟု ဆိုသည်။

၎င်းတို့က ထုတ်ကုန်များကို မြေကြီးပေါ်တွင် အများအပြား စိုက်ပျိုးထားခြင်း မရှိပေ။ ဖော့ခွက်များကို တန်းစီချိတ်ဆွဲထားပြီး စိုက်ပျိုးရေး အလုပ်သမားများက သတ်မှတ်ထားသော လျှောက်လမ်းမှ လမ်းလျှောက်ကာ ဟင်းရွက်ပင်များကို ပြုစု ပျိုးထောင်ကြသည်။ ရေမြုပ်များနှင့် ကျောက်စရစ်များ ထည့်ထားကာ အာဟာရည်ကို ရေကန်တစ်ခုမှ စုပ်ယူပြီး အပင်များပေါ် ဖြတ်သန်းစီးဆင်းစေသည်။

“ကျွန်မတို့ရဲ့ စိုက်ခင်းက စက်ရုံတစ်ခုနဲ့ ဆင်တူနိုင်တယ်။ ဂျပန်ပုံစံ စိုက်ပျိုးရေး စနစ်ပါ။ ဒါပေမဲ့ ထွက်ကုန်က အလွန် သန့်ရှင်းပြီး အများအပြား ထွက်ရှိနိုင်ပါတယ်” ဟု Uni Vege ၏ စီမံကိန်း ဆောင်ရွက်သူ မနှင်းဝေဦးက ဆိုသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Uni Vege စက်ရုံတွင် အလုပ်သမားများက ပျိုးပင်များကို ပျိုးထောင်နေကြစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Uni Vege စက်ရုံတွင် အလုပ်သမားများက ပျိုးပင်များကို ပျိုးထောင်နေကြစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

“ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေကို မြန်မာနိုင်ငံမှာ ရှာလို့မရဘူး။ အမေရိကားနဲ့ ဩစတြေးလျက တင်သွင်းတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ရှိတယ်။ အခုတော့ ကျွန်မတို့က ဒီနေ့ ခူးဆွတ်ပြီး မနက်ဖြန် ရောင်းချပြီ” ဟု မနှင်းဝေဦးက ပြောသည်။

Uni Vege က မြေမဲ့နည်းစနစ်ဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များသည် City Mart တွင် ကျပ် ၂၀၀၀ ခန့် ကျသင့်သည်။ ၎င်းသည် သာမန် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များထက် ဈေးကြီးနေသည်။ သို့သော် လူလတ်တန်းစားများပင်လျှင် ဓာတုဓာတ်မြေသြဇာများဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ရှောင်ရှားပါက ရရှိမည့် အကျိုးကျေးဇူးကို သိနေကြပြီဟု မနှင်းဝေဦးက ပြောသည်။ိုသည်။

“ကျွန်မတို့ရဲ့ ဆောင်ပုဒ်က ကျန်းမာရေးနဲ့ ဈေးနှုန်း ဘာကိုရွေးမလဲ ဆိုတာပဲ။ လူတွေက ကျန်းမာရေးကိုပဲ ရွေးမှာပါ” ဟု သူမက ဆိုသည်။

သူမ၏ ပြောကြားချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကိန်းဂဏန်းများက ထောက်ခံနေသည်။ ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးဆိုင်ရာ ဓာတုမြေဩဇာများကြောင့် အစာအဆိပ်သင့်ပြီး သေဆုံးသူ တစ်နှစ်လျှင် ၃၅၅,၀၀၀ ဦးခန့်ရှိပြီး ၎င်းတို့ထဲမှ သုံးပုံနှစ်ပုံခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်ဟု ဆိုသည်။

မြေမဲ့စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များသည် သန့်ရှင်း လတ်ဆတ်ကာ ပို၍ အရည်ရွှမ်းသည်ဟု Lucia Eppisser က ဆိုသည်။

အခြားစားဖိုမှူးများကတော့ သူမ၏ အမြင်ကို လက်ခံချင်မှ လက်ခံမည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ပိုမို၍ ရောင်းချနေရသောကြောင့် မကြာမီတွင် တိုးချဲ့စိုက်ပျိုးရန် စီစဉ်နေသည်။ Uni Vege ထံတွင် ကြိုတင်မှာယူ စောင့်ဆိုင်းနေကြသော စားသောက်ဆိုင်များသည် အသေးစား ဟင်းသီးဟင်းရွက်များကို ဝယ်ယူကြခြင်း ဖြစ်သည်။

ဦးရဲထွဋ်ကလည်း ကျန်းမာရေး၏ အလွန်အရေးပါမှုကို လက်ခံထားသည်။ ၎င်း၏ Sharky’s သည် စက်ဘီးဖြင့် စားသောက်ဖွယ်များ လိုက်လံပို့ဆောင်ပေးသည့် လုပ်ငန်းဖြင့် ချိတ်ဆက်ထားခြင်း မရှိပေ။ ကျန်းမာရေးအတွက် ဘေးကင်းစေရန်နှင့် ပိုးမွှား မဝင်ရောက်စေရန် ဖြစ်သည်။ သူက Eppisser နှင့်မူ အမြင်ချင်းတူညီသည်။ မြေကြီးဖြင့် စိုက်ပျိုးခြင်းကို တခြား မည့်သည့်အရာကမှ မယှဉ်နိုင်ဟူသော အချက်ကိုဖြစ်သည်။ ဂရုတစိုက် ပြင်ဆင်ထားသော မြေအိုးထဲတွင် စိုက်ပျိုးပါက အနံ့အရသာ ပြည့်စုံသော ဟင်းသီးဟင်းရွက်ကို ရနိုင်သည်ဟု ဆိုသည်။

အရေးပါဆုံး အချက်မှာ မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များသည် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဖြင့် ဝန်ဆောင်မှု ပေးလာကြခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က ဆိုသည်။

“ကျွန်တော်တို့က အစားအသောက် နည်းပညာခေတ်ရဲ့ အရေးပါဆုံး အချိန်ကို ရောက်နေတာပါ။ ကမ္ဘာနဲ့ အလှမ်းဝေးလွန်းတဲ့ မြန်မာနိုင်ငံမှာတောင် ကျွန်တော်တို့ ဒါကို လက်မခံရင် နောက်ကျကျန်ခဲ့မှာပဲ” ဟုသူက ဆိုသည်။

ခေါင်းစီးဓာတ်ပုံ- ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Uni Vege စက်ရုံတွင် အလုပ်သမားတစ်ဦးက ပျိုးပင်များကို ပြုစုနေစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.