တူရကီစစ်သုံ့ပန်းများ၏ ကိုလိုနီခေတ်စစ်သချုႋင်း

ဒုတိယကမ္ဘာစစ်အတွင်းက မိတ္တိလာနှင့် သရက်မြို့တို့သည် ဗြိတိသျှတို့က အရှေ့အလယ်ပိုင်းဒေသတွင် ဖမ်းဆီးရမိပြီးနောက် မြန်မာနိုင်ငံသို့ စေလွှတ်သော အော်တိုမင်အင်ပိုင်ယာတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို မြှုပ်နှံရာဒေသများ ဖြစ်လာလိမ့်မည်ဟု တွေးမိကြလိမ့်မည်မဟုတ်ပေ။

ဂျိမ်းစ် တီ ဒေဗီးစ် ရေးသားသည်။

ဗြိတိသျှတို့သည် ပထမကမ္ဘာစစ်အတွင်းက တူရကီစစ်သုံ့ပန်း ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံအတွင်း ချုပ်နှောင်ထားခဲ့သည့်အကြောင်းနှင့် အော်တိုမန်အင်ပါယာမှ ယင်းနိုင်ငံသားများသည် ၁၉၂၃ ခုနှစ်တွင် တူရကီသမ္မတနိုင်ငံ ထူထောင်သောအခါ ထိုနိုင်ငံသို့ပြန်မသွားတော့သည့်အကြောင်းတို့ကို သိသူနည်းလှသည်။

၎င်းတို့ကို နောက်ဆုံးမြှုပ်နှံသြင်္ဂိုဟ်သည့်နေရာမှာ ၁၉၁၄ ခုနှစ်က ပထမကမ္ဘာစစ် စတင်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် ဖမ်းမိသောသုံ့ပန်းများကို ချုပ်နှောင်ထားသော စခန်းများအနီးရှိ စစ်သင်္ချိုင်းနှစ်ခုအနက်မှ တစ်ခုပင်ဖြစ်သည်။

၂၀၁၃ မတ်လက မြန်မာနိုင်ငံအလယ်ပိုင်း ဈေးကွက်အချက်အချာမြို့ဖြစ်သော မိတ္ထိလာမြို့ကို တုန်လှုပ်ချောက်ချားစေခဲ့သည့် လူမျိုးရေးအကြမ်းဖက်မှုအကြောင်း မိတ္ထိလာမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးနှင့် လက်ဖက်ရည်သောက်ရင်း ကျွန်တော်တို့ဆွေးနွေးကြစဉ် စစ်သင်္ချိုင်းများအကြောင်းကို ဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ပျက်စီးနေသော သချုႋင်းကိုပြန်လည်ပြင်ဆင်ပြီး သချုႋင်းနေရာတွင် ဗလီတစ်ခုတည်ဆောက်မည်ဟူသော ကောလာဟလသတင်းများသည် မန္တလေးတိုင်းဒေသကြီး၏ မြို့တစ်မြို့ဖြစ်သော မိတ္ထိလာ၌ အကြမ်းဖက်မှု မဖြစ်ပွားမီက ပျံ့နှံ့ခဲ့ဖူးကြောင်း သူကပြောသည်။

သချုႋင်းကို ကျွန်တော်ကြည့်ချင်စိတ် ပြင်းပြသည့်အတွက် မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို မော်တော်ဆိုင်ကယ်ဖြင့် ပို့ပေးသည်။ ဌာနေများ၏ ပြောစကားအရ တပ်ပိုင်မြေပေါ်ရှိ စစ်သချုႋင်းမှာ မြို့လယ်ပိုင်းနှင့် မဝေးလှဘဲ မိတ္ထိလာကန်နှင့် ကပ်လျက်ရှိသည်။

သချုႋင်းမှာ ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီး မည်သည့်နေရာကစ၍ မည်သည့်နေရာ၌ ဆုံးသည်ကို အပြောရခက်သည်။ သို့ရာတွင် နောက်ဆုံး၌ သချုႋင်းကမ္ဗည်းကျောက်စာတိုင် အကျိုးအပျက်အချို့ကို တွေ့ရသည်။ ကျွန်တော်တို့ လာရောက်သည်ကို အခြားသူများ သံသယဝင်မည်ကို မိတ်ဆွေက စိုးရိမ်မှု လွန်ကဲနေသည့်အတွက် ကျွန်တော်တို့ ကြာကြာမနေခဲ့ရပေ။

အခြားတူရကီ စစ်သချုႋင်းတစ်ခုမှာ မကွေးတိုင်း၊ သရက်မြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးတွင်ရှိသည်။

၁၉၁၇ ခုနှစ်က စစ်အကျဉ်းသား ၃,၅၀၀ ထားရှိခဲ့သည့် သရက်စခန်းမှာ ထိုစဉ်က အိန္ဒိယနှင့် မြန်မာတွင် အကြီးဆုံးဖြစ်သည်။ ဓာတ်ပုံ - ဂျိမ်းစ် တီ ဒေးဗီးစ်

၁၉၁၇ ခုနှစ်က စစ်အကျဉ်းသား ၃,၅၀၀ ထားရှိခဲ့သည့် သရက်စခန်းမှာ ထိုစဉ်က အိန္ဒိယနှင့် မြန်မာတွင် အကြီးဆုံးဖြစ်သည်။ ဓာတ်ပုံ – ဂျိမ်းစ် တီ ဒေးဗီးစ်

ပထမကမ္ဘာစစ်ကာလက အိန္ဒိယနှင့် မြန်မာနိုင်ငံတဝှမ်း ဗြိတိသျှတို့ တည်ထောင်ထားသော အကျဉ်းစခန်းများ၌ စစ်သုံ့ပန်းဦးရေ အနည်းဆုံး ၁၂,၀၀၀ ရှိသည်။ ၁၉၃၇  ခုနှစ်ထိ ဗြိတိသျှအိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိနေခဲ့သော မြန်မာနိုင်ငံတွင် ချုပ်နှောင်ထားသည့် အကျဉ်းသား အားလုံးနီးပါးမှာ အော်တိုမန်တူရကီလူမျိုးများဖြစ်သည်။ ရောဂါဘယနှင့် အခြားအကြောင်းများကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် ရှိခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၌ တူရကီနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးကောင်းမွန်လာခဲ့ပြီးနောက် ကောလာဟလ ထွက်ပေါ်နေသော သတင်းများအတိုင်းပင် မိတ္ထိလာနှင့် သရက်မြို့တို့ရှိ စစ်သချုႋင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည်။ သို့သော်လည်း  စစ်သချုႋင်းများတွင် ဗလီတစ်ခုစီ တည်ဆောက်မည့် အစီအစဉ်မှာမူ မပါဝင်ခဲ့ပေ။

သရက်မြို့ရှိ စစ်သချုႋင်း ပြန်လည်ထိန်းသိမ်းရေးမှာ အပြီးသတ် အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း မိတ္ထိလာရှိလုပ်ငန်းများမှာ သိသိသာသာ ကြန့်ကြာနေသည်။ အဆင့်တိုးမြှင့်ရေးလုပ်ငန်းများကို တူရကီအစိုးရက ငွေကြေးထောက်ပံ့ပေးသည်ဟုဆိုသည်။ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် ရန်ကုန်မြို့ရှိ တူရကီသံရုံးက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ကြောင်း ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ မီဒီယာများတွင် ဖော်ပြသည်။ ယင်းသတင်းနှင့်ပတ်သက်၍ တူရကီသံရုံးက တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

မိတ္ထိလာနှင့်သရက်မြို့များအပြင် ရန်ကုန်နှင့် မန္တလေးမြို့မြောက်ဘက် ၁၁၂ ကီလိုမီတာအကွာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုတို့၌လည်း အသေးစား အကျဉ်းစခန်းများ ရှိသည်။

ရန်ကုန်စခန်းသည် ရောက်ရှိလာသော အကျဉ်းသားများအား ရောဂါကာကွယ်ရေး အစီအစဉ်များကို ဆောင်ရွက်ပေးရာ နေရာဖြစ်သည်။ အများစုမှာ အီရတ်နိုင်ငံ၊ ဘတ်စရာမြို့တော်မှ ခရီးဝေးကွာလှသော အကျဉ်းစခန်းများသို့ လာရောက်သူများဖြစ်သည်။ ကရာချိ၊ သို့မဟုတ် ဘုံဘေသို့ လှေဖြင့်လည်းကောင်း၊ ထိုမှတဆင့် ကာလကတ္တားသို့ မီးရထားဖြင့်လည်းကောင်း ရောက်ရှိသည်။ ထိုမှတစ်ဖန် သုံးရက်ကြာ ရေကြောင်းခရီးဖြင့် ရန်ကုန်သို့ရောက်ရှိသည်။ သရက်မြို့သို့ ပို့မည့်စစ်သုံ့ပန်းများကို ဧရာဝတီဖလုတ်တီလာ ကုမ္ပဏီ၏ ရေယာဉ်များဖြင့်ဆွဲသော ဝမ်းပြားတွဲများဖြင့် ဧရာဝတီမြစ်ကြောင်ကိုဆန်၍ ပို့ပေးသည်။ မိတ္ထိလာသို့ ပို့မည့်သူများကို ရထားဖြင့် ပို့ပေးသည်။

ဖျားနာနေသော သုံ့ပန်းများကို ခြောက်သွေ့သောရာသီဥတုရှိသည့် ရွှေဘိုစခန်းသို့ ပို့ပေးသည်။ ယင်းစခန်းမှာ မြန်မာနိုင်ငံတွင် “အကောင်းဆုံးစခန်းတစ်ခု” ဖြစ်ကြောင်း ၁၉၁၇ ခုနှစ်က ကြက်ခြေနီအစီရင်ခံစာ၌ ဖော်ပြသည်။ ယင်းအစီရင်ခံစာမှာ သုံ့ပန်းစခန်းများနှင့်ပတ်သက်၍ ရရှိထားသော ရှားရှားပါးပါး သတင်းရင်းမြစ် တစ်ခုဖြစ်သည်။

မိတ္ထိလာမှပြန်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကျွန်တော် သရက်မြို့သို့ ခရီးထွက်ခဲ့သည်။ သချုႋင်းရှိရာ မြောက်ဘက်သို့သွားသောလမ်းမှာ ဧရာဝတီမြစ်ကမ်းနံဘေးတွင်ရှိပြီး သရက်မြို့အမည် ဖြစ်လာအောင် ခေါ်ဆိုသောသရက်ပင်များက လမ်းဘေးတလျှောက် အစီအရီရှိနေသည်။

ပြုပြင်ထိန်းသိမ်းထားသည့် သင်္ချိုင်းမြေမှာ သပ်သပ်ရပ်ရပ်ရှိလှသည်။ သို့ရာတွင် အဝင်တံခါးကိုမူ သော့ခတ်ထားသည်။ နိုင်ငံခြားသားများအား ဝင်ခွင့်ပေးခွင့်မှာ သူတို့တွင်မရှိကြောင်း အစောင့်များက ပြောသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဘေးမှသာ လှည့်ပတ်ကြည့်ခဲ့ရသည်။

ဂုဏ်ပြုထိုက်သူတို့၏အမည်ကို ရေးသားထားသည့် စကျင်ကျောက်အုတ်ဂူများ တည်ရှိနေပြီး သပ်ရပ်စွာပြုပြင်ထားသော မြက်ခင်းပြင်ကျယ်ကို မြင့်မားသောခြံစည်းရိုးက ဝိုင်းပတ်ထားသည်။ တူရကီနိုင်ငံမှ ဂုဏ်သရေရှိလူကြီးများသည် လယ်သမားများ၏တဲများနှင့် ကျွဲနွားစားကျက်များ၏ အလယ်ရှိသချုႋင်းသို့ မကြာခဏ လာရောက်တတ်သည်။ မကြာသေးမီက ပြန်ဖောက်ထားသော လမ်းကလေးက သချုႋင်းဆီသို့ သွယ်တန်းလျက်ရှိသည်။

သရက်မြို့စခန်းတွင် ၁၉၁၇ ခုနှစ်က အကျဉ်းသား ၃,၅၀၀ ကို ချုပ်နှောင်ထားရှိရာ ထိုအချိန်က အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ပထမကမ္ဘာစစ် သုံ့ပန်းအကျဉ်းစခန်းများအနက် အကြီးမားဆုံး ဖြစ်သည်။

သူတို့ကို ကောင်းမွန်စွာဆက်ဆံကြောင်း၊ သို့ရာတွင် မိသားစုများနှင့် ခွဲခွာနေရပြီး လွတ်လပ်မှုနှင့် လူမှုဘဝများကို ဆုံးရှုံးနေရကြောင်းနှင့် ငြီးငွေ့ဖွယ် ဘဝအခြေအနေဖြစ်ကြောင်း သရက်မြို့ရှိ အကျဉ်းသားများက ကြက်ခြေနီအဖွဲ့ကို ပြောသည်။ သူတို့ဘဝအခြေအနေနှင့်ပတ်သက်၍ အကျဉ်းသားများ၏ ယေဘုယျ ခံယူချက်သဘောထားကို “အရှေ့တိုင်း၏ ကံကြမ္မာသာ ပဓာနဝါဒ” Oriental fatalism အဖြစ် ကြက်ခြေနီအဖွဲ့က သတ်မှတ်ခဲ့သည်။

လွန်ခဲ့သောနှစ် ၁၀၀ ခန့်က စစ်သုံ့ပန်းစခန်းတစ်ခုကို ယခုကဲ့သို့ ကျေးလက်ဒေသတွင် ထားခဲ့သည်မှာ ဤလူများကို ကမ္ဘာ့အခြားဒေသများနှင့် အဆက်ဖြတ်ထားလို၍ ဆောင်ရွက်ခြင်းဟုတ်မဟုတ်ကိုမူ အစဉ်းစားရခက်လှသည်။

သရက်မြို့ရှိအကျဉ်းသားများသည် ကြက်မွေးမြူခြင်း၊ ဖဲကစားခြင်း၊ သို့မဟုတ် ကျားထိုးခြင်းနှင့် ကိုယ်ကာယကြံ့ခိုင် ကျန်းမာစေရန် အားကစားပွဲများ ကျင်းပခြင်းတို့ဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ ကျန်ရစ်သူမိသားစုများထံ စာရေးသားခြင်းများဖြင့် မအားလပ်နိုင်အောင်ရှိတတ်ကြရာ တစ်လလျှင် စောင်ရေ  ၁၀,၀၀၀ အထိရှိတတ်ကြောင်း ကြက်ခြေနီအစီရင်ခံစာတွင် တွေ့ရသည်။

အရာရှိများအတွက် မြစ်ကမ်းနဖူးတွင် အရာရှိစားရိပ်သာရှိပြီး တေးဂီတနားထောင်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် ဘိလိယက်ကစားခြင်းများ ဆောင်ရွက်နိုင်သည်။ သူတို့အားလုံး သရက်သီးများကို တဝကြီး စားသုံးနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။

မိတ္ထိလာမြို့ရှိ မပြုမပြင် ထားရှိသော သချုႋင်းမြေမှ ကျိုးပဲ့ပျက်စီးနေသည့် အုတ်ဂူမှတ်တိုင်။ ဓာတ်ပုံ - ဂျိမ်းစ် တီ ဒေးဗီးစ်

မိတ္ထိလာမြို့ရှိ မပြုမပြင် ထားရှိသော သချုႋင်းမြေမှ ကျိုးပဲ့ပျက်စီးနေသည့် အုတ်ဂူမှတ်တိုင်။ ဓာတ်ပုံ – ဂျိမ်းစ် တီ ဒေးဗီးစ်

အကျဉ်းသားများသည် သတင်းလွှာတစ်စောင် ထုတ်ဝေသည်။ သို့သော် သူတို့သည် တူရကီဘာသာ စာအုပ်များကို ဖတ်လိုကြသည်။ ယင်းစခန်းမှလူတချို့ကို ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ် တည်ဆောက်ရာတွင် အကူအညီပေးရန် ယခုပြင်ဦးလွင်ဟုခေါ်သော မေမြို့သို့ စေလွှတ်ခဲ့ဖူးကြောင်း သတင်းရပ်ကွက်အချို့က ဆိုသည်။ သို့ရာတွင် အတည်ပြုချက်မရှိပေ။

သရက်မြို့ရှိ ဗလီတစ်ခုတွင်ဝတ်ပြုရန် စစ်သုံ့ပန်းများ၏ တောင်းဆိုမှုကို ဘာသာရေးအရ တင်းမာမှုများ ရှိလာမည်ကို စိုးရိမ်သည့်အတွက် ဗြိတိသျှတို့က ငြင်းပယ်ခဲ့ကြောင်း ကြက်ခြေနီအဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြသည်။

အစီရင်ခံစာကို ဖတ်ရသောအခါ  ၂၀၁၃ ခုနှစ်က မိတ္ထိလာတွင်ဖြစ်ပွားသော လူမျိုးရေးအကြမ်းဖက်မှုနှင့် ထိုကိစ္စမဖြစ်ပွားမီ ပေါ်ပေါက်ခဲ့သော စစ်သချုႋင်းပြန်လည်ထိန်းသိမ်းရေး ကောလာဟလများအကြောင်း ဇာတ်ရည်လည်အောင် ကျွန်တော် သိခဲ့ရသည်။

စစ်သချုႋင်းဆိုင်ရာ သတင်းများမှာ နားလည်မှုလွဲခြင်းဖြစ်ကြောင်း ကျွန်တော်တွေ့ဆုံ စကားပြောခဲ့သူများက ဆိုသည်။ ယင်းသတင်းကြောင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် လက်စရှိထားပြီးဖြစ်သော မြို့တွင်းရှိ ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားနေသော တင်းမာမှုကို ပိုမိုပြင်းထန်စေခဲ့သည်။

ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ကြီးထွားနေချိန်တွင် လူမျိုးစုဆက်ဆံရေးနှင့် မသက်ဆိုင်သော ပြဿနာများကို လူမျိုးရေးပြဿနာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။

“မိတ္ထိလာမှာ တူရကီမွတ်စလင် မရှိပါဘူး။ ဒါပေမဲ့ စစ်သချုႋင်းကို ပြန်လည်ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် ကျွန်တော်တို့စိုးရိမ်နေရပါတယ်” ဟု အမည်မဖော်လိုသူ မွတ်စလင်ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ ယင်းကောလာဟလများ မထွက်ပေါ်မီက သချုႋင်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဘာမျှမသိခဲ့ကြောင်း သူကပြောသည်။

အကျဉ်းစခန်း၏ သမိုင်းကြောင်းနှင့် အကျဉ်းချခံထားရစဉ် ကွယ်လွန်ခဲ့ကြသူများအကြောင်းမှာ ပိုမိုအလေးထားထိုက်သော ကိစ္စဖြစ်ပြီး ပြန်လည်ထိန်းသိမ်းရေးမှာ အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်။ သရက်မြို့ရှိအုတ်ဂူအများစုကို “အညတြ သူရဲကောင်းများ” ဟုသာ ကမ္ဗည်းထိုးထားရာ အချို့သမိုင်းကြောင်းမှာ ပျောက်ကွယ်ကုန်ပြီဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီး ဓာတ်ပုံ – မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် မကြာသေးမီက ပြုပြင်ထိန်းသိမ်းထားသည့်အုတ်ဂူ ကမ္ဗည်းကျောက်စာတိုင်များ။ ဓာတ်ပုံ – ဂျိမ်းစ် တီ ဒေးဗီးစ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.