မနောပွဲနှင့် ထိုင်းဘုရင်၏ လက်ဆောင်မွန်

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကချင်ရွာလေးတစ်ရွာ၌ ထိုင်းဘုရင်က ၎င်းအား လက်ဆောင်ပေးသော မြေပေါ်တွင် ကချင်ရိုးရာ မနောပွဲကို ကျင်းပခဲ့ကြသည်။

ဗစ်တိုးရီးယားမီလ်ကို ရေးသားသည်။

ကချင်ရိုးရာ အိုးစည်သံများ ထွက်ပေါ်လာချိန်တွင် ကချင်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ လမ်းဘေးတွင် တန်းစီနေကြသော ကချင်အမျိုးသားနှင့် အမျိုးသမီးများက စည်းချက်ကို လိုက်၍ ယိမ်းထိုးကနေကြသည်။

‘က’ နေသော အမျိုးသမီးများ အတန်းနှစ်တန်းကြားမှ တိုးဝင်လာသော အမျိုးသမီးတစ်ဦးက “ဒီလို က ဖို့ ကျွန်မ နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတာ၊ ဒီအကဟာ ဒီပွဲရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုပဲရှင့်” ဟု ပြောသည်။

ခဏအကြာတွင် ထိုင်းစစ်တပ်မှ အရာရှိတစ်ဦးက တန်းစီ၍ ‘က’ နေသူများထံ လျှောက်သွားပြီး ‘က’ နေသူများကို လက်ဆွဲနှုတ်ဆက်လိုက်၊ တွဲလျက် ဓာတ်ပုံအရိုက်ခံလိုက်လုပ်ရင်း ရိုးရာမနောတိုင်အောက် ရောက်ရှိလာသည်။ သူ့နောက်တွင် ‘က’ နေသူများနှင့် ပုလွေမှုတ်နေသူများ လိုက်ပါလာကြသည်။ သူက မိန့်ခွန်းချွေပြီးနောက် လက်ခုပ်သံများ စဲသွားသောအခါ ပွဲတော်စတင်လေတော့သည်။ ကချင်လူမျိုးအများစုမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသည်မှာ မှန်သော်လည်း တရုတ်ပြည်နှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း ကချင်လူမျိုးစုအချို့ နေထိုင်နေကြသည်။ ကချင်လူမျိုး စုစုပေါင်း နှစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ “ဘန်မိုင်းဆာမာကီ” သည် ထိုင်းနိုင်ငံအတွင်းရှိ တစ်ခုတည်းသော ကချင်ရွာလေးဖြစ်ပြီး ချင်းမိုင်ခရိုင်တွင် ရှိသည်။ မြန်မာပြည်နယ်စပ်မှ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသည်။ အေးချမ်းငြိမ်သက်လှသော တောင်ကြားတွင် တည်ရှိနေသော ထိုကချင်ရွာလေးတွင် လှိုင်းတံပိုး ပြင်းထန်လှသော သမိုင်းကြောင်းလည်း ရှိခဲ့သည်။

ရွာကို တည်ထောင်ခဲ့သူ ဘိုးဘွားတို့မှာ ပြင်းထန်သော ပဋိပက္ခမှ ထွက်ပြေးလာခဲ့ကြရသူများဖြစ်သည်။ ၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်မှ မလွတ်မြောက်မီ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်၊ ရှမ်း၊ ချင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ ထိုစာချုပ်တွင် နယ်စပ်ဒေသများအား အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မူအားဖြင့် သဘောတူညီခဲ့ကြသည်။

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

လွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်သော အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး ဒီမိုကရေစီရရှိခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ ကရင်လူမျိုးများနှင့် ကွန်မြူနစ်တို့၏ လက်နက်ကိုင် တော်လှန်ပုန်ကန်မှု ပေါ်ပေါက်လာခဲ့သည်။ အစိုးရအပေါ် မကျေနပ်မှု မုန်းတီးမှုများမှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလူမျိုးစုများကြားတွင် တငွေ့ငွေ့နှင့် တောက်လောင်နေခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့က လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ရာမှ ဖြစ်ပွားလာခဲ့သော တိုက်ခိုက်မှုများသည် ၁၉၉၄ ခုတွင် တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုအပစ်ရပ်စဲရေးမှာ ၂ဝ၁၁ ခုနှစ်၊ ဇွန်လတွင် ပြိုပျက်သွားခဲ့ပြန်ရာ ပြန်လည်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများကြောင့် လူတစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ကချင်တော်လှန်ရေး စောစောပိုင်းနှစ်များတွင် အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ရှိခဲ့ရာ တစ်ခါတစ်ရံ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများပင် ရှိခဲ့သည်။

“ကျွန်တော့်မှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ သူတို့နဲ့ မဟာမိတ်အုပ်စုတွေရန်က ထွက်ပြေးခဲ့ရတယ်” ဟု ခေါင်ဟောင်းက ပြောသည်။ ခေါင်ဟောင်းသည် ဘန်မိုင်းဆာမာကီရွာကိုတည်ထောင်သူ (ရွာတည်သူ) များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ ဘန်မိုင်းဆာမာကီကို သဟဇာတရွာသစ်ဟု အနီးစပ်ဆုံး ဘာသာပြန်၍ရနိုင်သည်။

KIO အဖွဲ့ကို ၁၉၆၁ ခုတွင် တည်ထောင်ခဲ့သော ဇော်ဆိုင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ အခြေစိုက်စခန်းတစ်ခုတွင် အခြား KIO အဖွဲ့ဝင်တစ်ဦး၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။ KIO မှာ ကွန်မြူနစ်ဆန့်ကျင်သူများဖြစ်သည်။ သို့သော် ဇော်ဆိုင်းအသတ်ခံလိုက်ရပြီးနောက်ပိုင်းတွင် KIO မှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မဟာမိတ်ဖြစ်သွားခဲ့သည်။ ခေါင်ဟောင်အပါအဝင် ဇော်ဆိုင်းကို ထောက်ခံသူများမှာ မြန်မာပြည်ပြန်သွားလျှင် အသတ်ခံရမည်စိုးသောကြောင့် ထိုင်းဖက်ခြမ်းမှာပင် နေထိုင်ခဲ့ကြတော့သည်။

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

တောတောင်ထဲတွင် ကချင်လူမျိုးစု အသိုက်အဝန်း တည်ထောင်၍နေခဲ့ကြပြီးနောက် ၁၉၈၂ ခုတွင် သူတို့၏ အခြေအနေကို ထိုင်းအစိုးရထံတင်ပြခဲ့သည်။ ထို့နောက် ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်က မြေဧက ၆၄ဝ,ဝဝဝ (ဟက်တာ ၂၆ဝ,ဝဝဝ) ကို သူတို့အား ပေးအပ်ခဲ့သည့်အတွက် ဘန်မိုင်းဆာမာကီရွာလေးမှာ တရားဝင်ရွာတစ်ရွာဖြစ်လာခဲ့လေသည်။

သိပ်မကြာမီမှာပင် ထိုင်းဘုရင့်မိသားစု၏ ထောက်ခံအားပေးမှုဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်သော ထိုင်းအရာရှိများ ကချင်ရွာသို့ရောက်ရှိလာပြီး မည်သည့် အကူအညီလိုအပ်သည်ကို စုံစမ်းမေးမြန်းကြသည်။

“ကချင်လူ့အဖွဲ့အစည်းမှာ လူသိအများဆုံးနဲ့ အရေးအပါဆုံး ယဉ်ကျေးမှုက ဘာလဲလို့ သူတို့က ကျွန်တော့်ကို မေးကြတယ်၊ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးကတော့ မနောပွဲပါပဲလို့ ကျွန်တော်ဖြေခဲ့ပါတယ်” ဟု ခေါင်ဟောင်းက ပြောသည်။

ယခုအခါ ကချင်အများစုမှာ ခရစ်ယာန်ဘာသာကိုးကွယ်နေပြီဖြစ်သော်လည်း နတ်ကိုးကွယ်မှုအမွေအနှစ်မှာလည်း အမြစ်တွယ်နေပြီဖြစ်သည်။ မနောအကကို သီးနှံရိပ်သိမ်းအပြီး၊ သို့မဟုတ် တိုက်ပွဲတစ်ခုအောင်မြင်မှုအထိမ်းအမှတ်ကဲ့သို့ အောင်ပွဲကျင်းပသည့် အခါများတွင် ကပြဖျော်ဖြေလေ့ရှိသည်။

နော်ရှောင်ဟု ခေါ်သည့် အကအဖွဲ့ခေါင်းဆောင်က ဦးဆောင်သည့် စီတန်းနေသည့် အကသမားများသည် မနောတိုင်များကို ရစ်ပတ်ကာ အလယ်ရှိ ရိုးရာဗုံများ၏ စည်းချက်နှင့်အညီ ကပြကြသည်။

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

ခေါင်ဟောင်၏ မေတ္တာရပ်ခံချက်ကို တုံပြန်သည့်အနေဖြင့် တော်ဝင်ဖွံ့ဖြိုးရေးစီမံကိန်းများက ထိုကျေးရွာသို့ ဘတ် ၆,ဝဝဝ လှူခဲ့ပြီး မနောနှင့် ပတ်သက်သည့် လုပ်ငန်းများကို စတင်ခဲ့သည်။ တန်ဖိုးထားမှုကို ပြသရန်အတွက် ဘန်မိုင်းဆာမက်ကီမှ ပြည်သူများက ဒီဇင်ဘာ ၅ ရက်နေ့တွင်ကျရောက်သည့် ထိုင်းဘုရင်ဘူမိဘော၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နှစ်နှစ်တစ်ကြိမ် မနောအကကို စတင်၍ ကပြကြသည်။ ၂ဝ၁၆ ခုနှစ်က ဘုရင်ကြီး နတ်ရွာစံခဲ့ပြီးနောက် မကြာသေးခင်က ကပြမှုမှာ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ပုံမှန်အားဖြင့် ငြိမ်သက်နေလေ့ရှိသည့် ရွာကလေးမှာ မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံ၏ တခြားနေရာများမှ လာရောက်သည့် လည်ပတ်သူများကို မနောအက ပြန်လည်အသက်သွင်းမှုနှင့်အတူ ဧည်ခံဖျော်ဖြေပေးလျက်ရှိသည်။ အမှတ်တံဆိပ်ဖြစ်သော အနီရောင်၊ ငွေရောင်နှင့် အနက်ရောင် ကချင်အထူးဝတ်စုံများက လူအုပ်ကို လွှမ်းမိုးထားသည်။ သို့သော်လည်း အခြားရိုးရာအဝတ်အစားများတွင် ငှက်ဦးခေါင်းများ၊ တိရစ္ဆာန်အစိတ်အပိုင်းများနှင့် တန်ဆာဆင်ထားသော ရဝမ်ဦးထုပ်များနှင့် ငွေပြားများ၊ ရောင်စုံပန်းဖွားများပါရှိသည့် အခါခေါင်းစီးဦးထုပ်များ ပါဝင်သည်။

ပျံကျဈေးသည်များက စိန်ပုံစံ အဝတ်အထည်၊ ပယင်းလက်ကောက်များနှင့် အခါအားလျော်စွာ ဝတ်ဆင်သည့် ကျောက်စိမ်းများကို ရောင်းချကြသည်။ ၎င်းပစ္စည်းများအားလုံးမှာ ကချင်ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုများသာ ဖြစ်သည်။

စားသောက်ဖွယ်ရာများမှာလည်း လူအုပ်စုကြီးကဲ့သို့ အမျိုးမျိုးကွဲပြားနေသည်။ မုံ့ဟင်းခါး၊ ထိုင်း လာ့ဘ်ဂိုင်နှင့် ကချင်အမဲသားသုပ်တို့မှာ ဆာလောင်နေသည့် ဧည့်သည်များအတွက် တန်းစီနေသည့် စားပွဲများပေါ်တွင် အရံသင့်ရှိနေသည်။ မမျှော်လင့်ဘဲ မြွေတစ်ကောင်ရောက်လာသည့်အခါ ဈေးသည်တစ်ဦးက ကချင်ရိုးရာ ဓါးရှည်ဖြင့် သတ်ပစ်လိုက်သည်။

“ဒီမြွေကို အကင်စင်ပေါ် သူပစ်တင်လိုက်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ လာရောက်သည့် အမျိုးသားတစ်ဦးက အရွှန်းဖောက်လိုက်သည်။

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

အပေါ်ယံအားဖြင့် ကချင်လူမျိုးများ အတူဆုံဆည်းသည့် ကိစ္စမျိုးရှိလာသည့်အခါ ပေါ့ပေါ့ပါးပါးနှင့် ပျော်စရာကောင်းသည်ဟု ထင်မှတ်ရသည်။ လက်ဆွဲနှုတ်ဆက်မှုများနှင့် ရယ်မောသံများကြား ပိုမိုဝမ်းနည်းစရာကောင်းသည့် စိတ်ခံစားရမှုများကို မျှဝေကြသည်။

“၏မြစ်ကြီးနားမှာ မနောအက ကရတာက မှန်ကန်တယ်လို့ မခံစားရဘူး” ဟု ကချင်ပြည်နယ်မြို့တော်မှ ဒေါ်ဂျူလိုင်ဖောက ပြောသည်။ ထို့အပြင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အရာရာတိုင်းက သင့်တင့်လျောက်ပတ်မှုရှိတယ်ဟု မခံစားရဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ကချင်လူမျိုးအများအပြားက ၎င်းတို့၏အမြင်ကို မျှဝေကြသည်။ မြစ်ကြီးနားရှိ မနောပွဲတော်များ ကျင်းပရခြင်းမှာ ကြီးမားသော တပ်မတော်ရှိနေမှုအပေါ်မူတည်နေပြီး ယင်းသို့ြ့ဖစ်ရခြင်းမှာ လုံခြုံရေးအခြေအနေများကြောင့်ဟု အစိုးရက ပြောသည်။ တင်းမာမှုဖြစ်ရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ မနောပွဲကျင်းပရာပန်းခြံကို အစိုးရက ပိုင်ဆိုင်ပြီး စီမံခန့်ခွဲသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် လူအများအပြားက ထိုပွဲကို သပိတ်မှောက်ခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မနှစ်မြို့ဘွယ်အခြေအနေမှာ ရခိုင်ပြည်နယ်ရှိ အခြေအနေကိုသာ အဓိက လေ့လာခဲ့သည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် များစွာပါဝင်ခဲ့သည်။ တပ်မတော်သည် ရခိုင်ပြည်နယ်တွင် လူမျိုးရေးသုတ်သင်ရှင်းလင်းရန် အကြံဖြင့် လုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်၏ ပေါများသည့် သယံဇာတများကို ထိန်းချုပ်ရေးအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် တိုက်ပွဲတစ်ခုက လောင်စာထိုးပေးခြင်းကြောင့် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်သည်။ ထိုစဉ် အရပ်သားများမှာလည်း ဆက်လက်ဖမ်းဆီးခံနေရသည်။ သို့သော်လည်း ဘန်မိုင်ဆာမက်ကီရှိ မနောပွဲနှစ်ရက်ကြာအထိ ဗုံတီးသံများမှာ ကျေးရွာတစ်လျှောက် ပဲ့တင်ထပ်နေသည်။ ထို့အပြင် ကသူများထဲမပါသူများပင် စည်းချက်အလိုက် ၄၎င်းတို့၏ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လျက်ရှိသည်။

အောင်ကျော်ဦးနှင့် ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.