၂၁ ရာစု ပင်လုံ ဒုတိယညီလာခံ ဘယ်ထိ အောင်မြင်နိုင်မလဲ

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူညီချက်အပေါ်အမြင်သဘောထား ကွဲပြားမှုတွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သူတွေကြား အငြင်းပွားရတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး ၂၁ ရာစု ပင်လုံ ဒုတိယညီလာခံကို တက်ရောက်လာကြမယ့် ဦးရေကို သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

လာမယ့် မေလ ၂၄ ရက်ဆို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အင်န်အယ်လ်ဒီ အစိုးရက ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ စတင်ပါတော့မယ်။

ပထမအကြိမ် ညီလာခံ ကျင်းပပြီး သတ်မှတ်ကာလထက် နောက်ကျပြီးမှ ကျင်းပရတဲ့ ညီလာခံပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီညီလာခံကနေ ဘုံသဘောတူညီချက်တွေ ထွက်လာအောင် ဆွေးနွေးမယ်၊ ဆွေးနွေးရရှိချက်တွေကို လက်မှတ်ရေးထိုး အတည်ပြုနိုင်အောင် ကြိုးစားမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

အခြားတစ်ဘက်မှာတော့ ညီလာခံအတွက် အကြိုကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မစုံလင်တာ၊ အဆင်မပြေဖြစ်တာ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူညီချက် NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ မရေရာ မသေချာ ဖြစ်နေသေးတာ၊ ဝ ၊ မိုင်းလားနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့ကလည်း လက်ရှိ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ NCA လမ်းကြောင်း၊ ပင်လုံညီလာခံ လမ်းကြောင်း မလိုက်ဘူးလို့ ထုတ်ပြန်ကြေညာထားတာ စတဲ့ အချက်တွေကလည်း ရှိနေလေတော့ ညီလာခံ အောင်မြင်ပါ့မလားဆိုတာ စိုးရိမ်ပူပန်စရာ ဖြစ်လာပါတယ်။ ဒုတိယအကြိမ် ညီလာခံ အောင်မြင်ပါ့မလားဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ကျင်းပတော့မယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်၊ မအောင်မြင် ဆိုရာမှာ အဲဒီ ညီလာခံကို တက်ရောက်သင့် တက်ရောက်ထိုက်တဲ့ ကိုယ်စားလှယ် တက်ခွင့် ရ မရ၊ တက်ခွင့်ရရင်လည်း လာပြီး တက် မတက်၊ တက်လာပြီးရင် အားလုံး ဆွေးနွေးခွင့် ရမရ၊ ဆွေးနွေးခွင့် ရပြီးနောက် ဘုံသဘောတူညီချက် ရအောင်အထိ ဆွေးနွေးနိုင်၊ မဆွေးနွေးနိုင်စတဲ့ အချက်တွေနဲ့ တိုင်းတာရပါလိမ့်မယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင် တက်ရောက်လာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဒီအတွက် ဝ လက်နက်ကိုင်အဖွဲ့ရော၊ KIO ကချင်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ပါတယ်။

အဲဒီညီလာခံမှာ ဝ အဖွဲ့ ကိုယ်စားလှယ်တွေ လာတက်တယ် ဆိုပေမဲ့ အဆင့်နိမ့် ကိုယ်စားလှယ်တွေလောက်ပဲ ရောက်လာတာပါ။ တကယ့်တကယ် ညီလာခံကို တက်ချင်လို့ လာတက်တယ်ဆိုတဲ့ ပုံစံမျိုးထက် တရုတ်နိုင်ငံက ဖိအားပေးလို့ လာတက်ရတဲ့သဘော၊ စိတ်မပါ လက်မပါ ပုံစံ ပေါက်နေပါတယ်။

နောက်တော့လည်း အဆင်မပြေမှု တစ်ခု အကြောင်းပြပြီး ညီလာခံကနေ ထွက်ခွာသွားကြပါတယ်။ ဝ ခေါင်းဆောင်တွေ ပေးလိုက်တဲ့ နိုင်ငံရေးစာတမ်းကို ညီလာခံမှာ မဖတ်နိုင်သလို၊ နောက်ပိုင်း ညီလာခံက ထုတ်ဝေတဲ့ စာအုပ်ထဲမှာလည်း ဝ ကိုယ်စားလှယ်အဖွဲ့ရဲ့ စာတမ်း ထည့်သွင်းပုံနှိပ်တာ မတွေ့ရပါဘူး။

ဘာ သဘောတူညီချက်မှ လက်မှတ်ရေးထိုးမထားတဲ့ ကေအိုင်အို ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လ စာတမ်း တက်ဖတ်ချိန် စင်မြင့်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ခေါင်းဆောင်တွေ၊ လွှတ်တော်ဦးဆောင်သူတွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံး ထိုင်နေ၊ နားထောင်နေကြလို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံဟာ သမိုင်းမှာ ထူးခြားတဲ့ ညီလာခံ တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ လက်နက်ကိုင် အင်အားစုတွေ အပါအဝင် တက်ရောက်လာသူအားလုံး ပြည်ထောင်စုကြီးနဲ့ ပတ်သက်လို့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေ ရှေ့မှောက်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်တဲ့အပြင် ရုပ်သံကနေလည်း Live တိုက်ရိုက် ထုတ်လွှင့်ပြသတာမို့ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား ပြည်သူတွေအားလုံးကလည်း အချိန်နဲ့ တပြေးညီ ကြည့်ရှုခွင့် ရခဲ့ကြလို့ပါပဲ။

နမူနာအားဖြင့် ညီလာခံ ကျင်းပချိန်အထိ တပ်မတော်နဲ့ တိုက်နေခိုက်နေဆဲဖြစ်တဲ့၊ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘာ သဘောတူညီချက်မှ လက်မှတ်ရေးထိုးမထားတဲ့ ကေအိုင်အို ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လ စာတမ်း တက်ဖတ်ချိန် စင်မြင့်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ခေါင်းဆောင်တွေ၊ လွှတ်တော်ဦးဆောင်သူတွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံး ထိုင်နေ၊ နားထောင်နေကြလို့ပါပဲ။ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတလျှောက် အဲဒီလို မြင်ကွင်းမျိုး တစ်ကြိမ်မှ မမြင်ခဲ့ကြရဖူးသလို၊ တစ်ကြိမ်မှလည်း မကြုံခဲ့ရဖူးပါဘူး။ ပထမအကြိမ် ညီလာခံရဲ့ အောင်မြင်မှုဟာ အဲဒီအချက်ပဲ ဖြစ်ခဲ့ပါတယ်။

အခု ဒုတိယအကြိမ် ညီလာခံနဲ့ပတ်သက်လို့ ကေအိုင်အို ခေါင်းဆောင်တဲ့ UNFC အဖွဲ့ဝင်တွေကတော့ တင်းပြည့်ကျပ်ပြည့် ပါဝင်ဆွေးနွေးခွင့် မရဘူး၊ လေ့လာသူ အဆင့်လောက်ပဲ တက်ခွင့်ရမယ်ဆို မတက်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းပယ်ထားပြီးပါပြီ။ တပ်မတော်ဘက်ကလည်း NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာ တင်းပြည့်ကြပ်ပြည့် ပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့်ရရမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒီလို အခြေအနေအောက်မှာ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ထိုးလာအောင် အပြင်းအထန် အကြိတ်အနယ် ဆွေးနွေးကြပေမဲ့ အခု မေလဆန်းတဲ့အထိ တိကျရေရာတဲ့ ရလဒ်ကတော့ ထွက်ပေါ်မလာသေးပါဘူး။ ဒီအတွက် ဒုတိယအကြိမ် ညီလာခံကို UNFC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်နီနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တချို့ တက်ခွင့်ရပါ့မလား၊ တက်ပါ့မလားဆိုတာ မရေရာ မသေချာသေးပါဘူး။

ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဝင်တွေကတော့ ပိုဆိုးပါတယ်။ သူတို့ကတော့ NCA စာချုပ်နဲ့ NCA စာချုပ်အရ သွားနေတဲ့ လမ်းကြောင်းကို လုံးဝမလိုက်ဘူးလို့ ကြေညာထားပြီးပါပြီ။ NCA စာချုပ်ဆိုတာဟာ ဟိုးအရင် စစ်အာဏာရှင်တွေခေတ်က လုပ်ခဲ့တဲ့ အမျိုးသားညီလာခံနဲ့ ဘာမှ မထူးဘူးဆိုတဲ့အထိ ဝေဖန်ပြောဆိုထားကြပြီလည်း ဖြစ်ပါတယ်။

ဒါဟာ NCA ကြောင့် ပေါ်ပေါက်လာတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ ညီလာခံကို မတက်ဘူးလို့ သွယ်ဝိုက်ပြောတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဝ အဖွဲ့ဟာ ပထမအကြိမ် ညီလာခံတုန်းက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် တက်လာရပေမဲ့ ဒီတစ်ကြိမ် တက်ရောက်ဖို့ကတော့ အတော်လေးကို မသေချာ မရေရာပါဘူး။ ဒီအချက်အလက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ဒုတိယအကြိမ် ညီလာခံမှာ ပထမအကြိမ် ညီလာခံတုန်းကလောက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ စုံစုံညီညီ တက်လာမှာ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ မစုံညီရုံနဲ့ ဒီညီလာခံကနေ ဆုံးဖြတ်ချက်တွေ ချမှတ်လို့ မရဘူးလား ဆိုတာပါ။ ဒီနေရာမှာ ညီလာခံကနေ ဘာတွေဆုံးဖြတ်ချက် ချနိုင်သလဲ၊ ဘာတွေ သဘောတူနိုင်ခဲ့သလဲ ဆိုတဲ့အချက်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

ညီလာခံကို တက်သင့်တက်ထိုက်သူတွေ စုံစုံညီညီ တက်ရင် အကောင်းဆုံးပါ။ ဒါပေမဲ့လည်း အဲဒီအခြေအနေ မဖြစ်နိုင်ရင်တောင် တိုင်းရင်းသား ပြည်သူအားလုံး အကျိုးရှိမယ့်၊ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးတွေကို သဘောတူ ချမှတ်နိုင်ခဲ့ရင်တော့ ဒုတိယအကြိမ် ညီလာခံဟာလည်း အတိုင်းအတာ တစ်ခုအထိ အောင်မြင်တဲ့ညီလာခံ တစ်ခု ဖြစ်လာနိုင်ပါသေးကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.