၂၀၁၅ ခုနှစ်အတွင်း လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များ (အပိုင်း-၂)

၉. ကာဒီနယ် မောင်ဘို

ချားလ်စ်မောင်ဘိုဟာ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ခရစ်ယာန် သာသနာပိုင် ဆရာတော်ဟာ ၂၀၁၅ ခုနှစ်အတွင်း ဘာသာရေးပဋိပက္ခ မဖြစ်ပွားဖို့ တားမြစ်ရာမှာ အဓိကကျခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

၁၀. ဝန်ကြီးချုပ်ဟောင်း မောင်မောင်အုန်း

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းဟာ မြန်မာနိုင်ငံရဲ့ ထိလွယ်ရှလွယ်အဖြစ်ဆုံး ပြဿ     နာတွေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ အတိုက်အခံနဲ့ အစိုးရကပါ သူ့ရဲ့ လုပ်ရပ်ကို သဘောကျခဲ့ကြပါတယ်။ သူဟာ အမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရခိုင်ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ သူဟာ အမ်းမြို့နယ် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပါတယ်။

၁၁. ဦးသန့်မြင့်ဦး

thantmyintutrust_2.jpg

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်တဲ့ ဦးသန့်မြင့်ဦးဟာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သလို သမ္မတဦးသိန်းစိန်းရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဦးသန့်မြင့်ဦးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း အထူးပါဝင်ခဲ့ပြီး အောက်တိုဘာလအတွင်းက သဘောတူခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စကိုလည်း သတိကြီးတဲ့အမြင်များနဲ့ တုန့်ပြန်ခဲ့ပါတယ်။ သူဟာ ရန်ကုန်မြို့တော်က ယဉ်ကျေးမှုအမွေအနစ် အဆောက်အအုံတွေအတွက် အဓိကကျတဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

၁၂. ရိုလန် ကိုဘီယာ – အီးယူ သံအမတ်ကြီး

typeof=

ဘယ်လ်ဂျီယံနိုင်ငံသား ရိုလန် ကိုဘီယာဟာ မြန်မာနိုင်ငံကို စေလွှတ်ထားတဲ့ ဥရောပသမဂ္ဂ (အီးယူ) သံတမန်အဖွဲ့ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး စိတ်ဓာတ်အရရော ဓနအင်အားအရပါ မြန်မာနိုင်ငံရေးမှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လုပ်ငန်းစဉ်စီမံကိန်းနဲ့ အမျိုးဘာသာ ကာကွယ်ရေးတို့အတွက် အီးယူက ရှေ့ဆုံးကနေ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒ့ါအပြင် အီးယူက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Center) ကို ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ၂၀၁၄-၂၀ ခုနှစ်အထိ အီးယူက ခွင့်ပြုထားတဲ့ အပြန်အလှန်ကူညီရေး ဘတ်ဂျက်က အမေရိကန်ဒေါ်လာ ၈၅၈ သန်းဖြစ်ပါတယ်။

၁၃. ဦးဝီရသူ

မဘသ လို့ အမည်ရတဲ့ နိုင်ငံတစ်ဝန်း ရဟန်းသံဃာတော်များ လှုပ်ရှားမှုမှာ ဦးဝီရသူဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပေမယ့် နိုဝင်ဘာ ရွေးကောက်ပွဲနောက်ပိုင်း ထင်ရှားတော့ခြင်း မရှိတော့ပါဘူး။ မဘသဟာ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံတဲ့အဖွ့ဲ ဖြစ်ပေမဲ့ အင်အယ်လ်ဒီက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။  မဘသ ရဟန်းတော်တွေဟာ အမျိုးဘာသာ စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေလေးရပ်ကို လွှတ်တော်က ပြဋ္ဌာန်းဖို့အတွက် လွှမ်းမိုးမှုတွေ ရှိခဲ့ပါတယ်။ ဒီဥပဒေတွေဟာ အထူးသဖြင့် မူဆလင်လူမျိုးများကို ဦးတည်ခဲ့ပါတယ်။

၁၄. မေစပယ်ဖြူ – တက်ကြွလှုပ်ရှားသူ

typeof=

တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီး မေစပယ်ဖြူဟာ မြန်မာနိုင်ငံရဲ့  အကူးအပြောင်းမှာ ပါဝင်လှုပ်ရှားနေပြီး အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေး ရရှိဖို့အတွက်ကိုလည်း ပြောဆိုခဲ့သူဖြစ်ပါတယ်။ အောက်တိုဘာလအတွင်းမှာ သူ့ရဲ့ ခင်ပွန်း ပက်ထရစ် ခွန်ဂျာလီ ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အပေါ်မှာ ရပ်နေတဲ့ ကချင်တိုင်းရင်းသားဝတ်စုံဝတ် အမျိုးသားတစ်ဦးရဲ့ပုံကို ဖေ့ဘုတ်မှာ မျှဝေခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီကိစ္စကို လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့လည်း ပတ်ထရစ်က ပြောကြားခဲ့ပါတယ်။

၁၅. ဖြိုးဖြိုးအောင် – အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်

typeof=

လက်ရှိအချိန်မှာ ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ခေါင်းဆောင်ဟာ မတ်လအတွင်းက လက်ပံတန်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ ဖြိုခွင်းခံခဲ့ရတဲ့ ကျောင်းသားများ ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာ သူ့ရဲ့ခင်ပွန်း ကိုလင်းထက်နိုင်လည်း ကျောင်းသားသမဂ္ဂထဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

၁၆. ဦးအောင်ကိုဝင်း – ကမ္ဘောဇကုမ္ဗဏီအုပ်စု ဥက္ကဋ္ဌ

typeof=

မြန်မာနိုင်ငံအတွင်း အကြီးဆုံး လုပ်ငန်းများထဲက တစ်ခုဖြစ်တဲ့ ကမ္ဘောဇ ကုမ္ပဏီများအုပ်စုအတွင်း ပါဝင်တဲ့ ကမ္ဘောဇဘဏ်ဟာ ဘဏ်ခွဲပေါင်း ၂၅၀ ကျော်ရှိပြီး နိုင်ငံအတွင်း ဘဏ်ခွဲအများဆုံးလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လုပ်ငန်းကြီးများရဲ့ ပွင့်လင်းမြင်သာရှိမှု စစ်တမ်းအတွင်း Myanmar Centre for Responsible Business ဟာ ကမ္ဘောဇအုပ်စုကို နံပါတ် ၃ နေရာ သတ်မှတ်ခဲ့ပါတယ်။ သူတို့ဟာ ၂၀၁၄ ခုနှစ်မှာ နံပါတ် ၁ နေရာ ချိတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဇအုပ်စုဟာ နိုင်ငံအတွင်း ရေကြီးမှုဒဏ်ခံစားရတဲ့ ဒေသများအတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ များစွာထောက်ပံ့ခဲ့ပါတယ်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.