ဧပြီ ၁ ရက်နောက်ပိုင်း နိုင်ငံခြားအရက်နှင့် ဆေးလိပ်များ ဈေးနှစ်ဆ တက်လာနိုင်

နေပြည်တော်၊ ဇန်နဝါရီ ၂၃

ဇန်နဝါရီ ၂၂ တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အထူးကုန်စည်များတွင် ပါဝင်သည့် နိုင်ငံခြား စီးကရက်များသည် ကုန်းပေါ်ရောက်တန်ဖိုး၏ ၁၂၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြား အရက်များသည် ကုန်းပေါ်ရောက်တန်ဖိုး၏ ၁၂၀ ရာခိုင်နှုန်း၊ အခွန်ပေးဆောင်ရမည်ဖြစ်ရာ ထိုဥပဒေ စတင် အသက်ဝင်သည့် ဧပြီ ၁ ရက် နောက်ပိုင်းတွင် လက်လီဈေးများ ယခင်ထက် နှစ်ဆတိုးလာမည်ဟု ဈေးကွက်လေ့လာသူတို့က ခန့်မှန်းထားကြသည်။

ထို့ပြင် အထူးကုန်စည်များတွင် ပါဝင်သည့် နိုင်ငံခြားဝိုင်များသည်ကုန်းပေါ်ရောက်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်သည်။

ပြည်ပမှ တင်သွင်းခြင်းမဟုတ်သည့် စီးကရက်နှင့် အရက်အမျိုးမျိုးအတွက်မူ ရောင်းဈေးပေါ် အခြေခံပြီး စီးကရက် တစ်လိပ်ချင်းနှင့် အရက် တစ်လီတာချင်းအတွက် အခွန်နှုန်းများ ပြဌာန်းထားသည်။

ဥပမာအားဖြင့် ကျပ် ၄၀၀ ဖြင့် ရောင်းချသည့် အလိပ် ၂၀ ပါ စီးကရက် တစ်ဘူးတွင် စီးကရက် တစ်လိပ်အတွက် သုံးကျပ်၊ တစ်ဘူး ၄၀၁ ကျပ်မှ ၆၀၀ ကျပ်တန် စီးကရက် တစ်လိပ်အတွက် ရှစ်ကျပ်၊ တစ်ဘူး ၆၀၁ ကျပ်မှ ၈၀၀ ကျပ်တန် တစ်လိပ်အတွက် ၁၂ ကျပ်၊ တစ်ဘူး ၈၀၁ ကျပ်နှင့် အထက် စီးကရက်အတွက် တစ်လိပ် ၁၅ ကျပ် အခွန်ပေးဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းဖြစ် စီးကရက်များသည် တန်ဖိုးအလိုက် ၁၂ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွားမည် ဖြစ်သည်။

သို့ရာတွင် ပြည်တွင်းမှ ထုတ်လုပ်သည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ်များအတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ထုပ်လုပ်ရောင်းချငွေ ကျပ် သိန်း ၂၀၀ ထက် မပိုလျှင် အထူးကုန်စည်ခွန် စည်းကျပ်ခြင်းမှ ကင်းလွတ်ခွင့် ပြုထားသည်။

ထို့အတူ တစ်လီတာ တန်ဖိုး ၅၀၀ ကျပ်ဖြင့် ရောင်းချသည့် အရက်တစ်လီတာအတွက် အခွန် ၅၆ ကျပ်၊ တစ်လီတာ ၅၀၁ ကျပ်မှ ၁,၀၀၀ ကျပ်ဖြင့် ရောင်းချသည့် အရက် တစ်လီတာအတွက် အခွန် ၁၆၉ ကျပ်၊ ၁,၀၀၁ ကျပ်မှ ၁,၅၀၀ တန် အရက်တစ်လီတာအတွက် အခွန် ၂၈၁ ကျပ်၊ ၁,၅၀၁ ကျပ်မှ ၂,၀၀၀ တန်အတွက် တစ်လီတာလျှင် ၃၉၄ ကျပ်၊ ၂,၀၀၁ ကျပ်မှ ၂,၅၀၀ ကျပ်တန် အရက် တစ်လီတာလျှင် ၅၀၆ ကျပ်၊ ၂,၅၀၁ ကျပ်မှ ၃,၀၀၀ တန် အရက်တစ်လီတာကို အခွန် ၆၁၉ ကျပ်စသဖြင့် တန်ဖိုးအလိုက် အခွန်နှုန်းများ တိုးမြှင့် ပြဌာန်းထားရာ တစ်လီတာလျှင် ၁၀,၀၀၁ ကျပ်မှ နှစ်သောင်းအထိ ရောင်းဈေးရှိ အရက် တစ်လီတာအတွက် အခွန် ၃,၃၇၅ ကျပ် ဆောင်ရမည်ဖြစ်သည်။ ၂၀,၀၀၁ ကျပ်နှင့် အထက် ဈေးနှုန်းရှိသည့် အရက်များအတွက် နိုင်ငံခြားအရက်များနည်းတူ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။ တစ်လီတာလျှင် ၂၀,၀၀၁ ကျပ်နှင့် အထက်ရှိ ဝိုင်များအတွက်လည်း တန်ဖိုး၏ ၆၀ ရာနှုန်း အခွန် ကျသင့်မည် ဖြစ်သည်။

အထူးကုန်စည်များတွင် ပါဝင်သည့် စီးကရက်နှင့် အရက်တို့အတွက် ပြည်တွင်း၌ ထုတ်လုပ်သည် ဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည်ဖြစ်စေ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ရောင်းဈေး၏ ငါးရာခိုင်နှုန်းကိုလည်း ကောက်ခံမည်ဟု အခွန်အကောက်ဥပဒေတွင် ပြဌာန်းထားသည်။

ထို့ပြင် အခွန် မပေးဆောင်ရသေးသော အရက်၊ စီးကရက်ကဲ့သို့ အထူး ကုန်စည်များ ပိုင်ဆိုင်ထားခြင်းအတွက် ငွေဒဏ် ပေးဆောင်ရမည် ဖြစ်ပြီး ဒဏ်ရိုက်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ထိုသို့ အခွန်မဆောင်မှုကို သတင်းပေးတိုင်ကြားသူက ရရှိမည်ဖြစ်ကာ ရှာဖွေ ဖမ်းဆီးသည့် အဖွဲ့က ၂၀ ရာခိုင်နှုန်း ရရှိမည်ဟု ဥပဒေ၏ ပုဒ်မ ၂၀ (ဂ) တွင် ပြဌာန်းထားသည်။ 

သတင်း- စိုးသန်းလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.