ဦးသန့်မြင့်ဦး (ဝါ) ငြိမ်းချမ်းရေးခရီးစဉ်နောက်ဆွယ်က အရေးပါသူတစ်ဦး

ဦးသန့်မြင့်ဦးဟာ မြန်မာနိုင်ငံအကြောင်း လေ့လာသုံးသပ်သူနဲ့ စာရေးဆရာတစ်ဦးအဖြစ် နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။ မြန်မာ-အမေရိကန် သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ သူဟာ စာအုပ် ၄ အုပ်ရေးသားခဲ့ပြီး အထင်ရှားဆုံး စာအုပ်တွေကတော့ The River of Lost Footsteps နဲ့ Where China meets India: Burma and the New Crossroads of Asia တို့ဖြစ်ပါတယ်။

သူဟာ အဖိုးဖြစ်သူ ဦးသန့်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို  ပြန်လည်ရောက်ရှိကာ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ၄ ဦးထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ Frontier ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေ၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးသန့်မြင့်ဦးကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဦးနုနဲ့ ဦးနေဝင်းလက်ထက် ဗမာလူမျိုးတွေရဲ့ ကြီးစိုးမှုက ပြည်တွင်းစစ်ကို အရှိန်တိုးမြင့်စေခဲ့ပါတယ်။ ဦးသန့်မြင့်ဦးအနေနဲ့ ဒီသမိုင်းနောက်ခံနဲ့ လက်ရှိ ငြိမ်းချမ်းရေးအခြေအနေကို ဘယ်လို သုံးသပ်ပါသလဲ။

ငြိမ်းချမ်းရေးနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရပ်တန့်ရေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက် အရေးကြီးပါတယ်။ ဒါဟာ အလုပ်ထက် အပြောက ပိုလွယ်နေပါတယ်။ မြန်မာနိုင်ငံဟာ မကြာမတင်လေးတင်က ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နိုင်ငံ မဟုတ်တဲ့အတွက် လုပ်ရမယ့်တာဝန်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေတာတွေကို စုစည်းဖြေရှင်းယူရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးရဲ့ အရသာကို မသိရှိနိုင်ခဲ့သေးပါဘူး။ ငြိမ်းချမ်းရေးအတွက် အဖြေမရှိခဲ့ဘဲ အဲဒီအစား ဆယ်စုနှစ် ခုနစ်စုလောက်ကို ပုန်ကန်သောင်းကျန်းတာတွေ၊ သောင်းကျန်းမှုကို နှိမ်နင်းတာတွေနဲ့အတူ အာဏာတည်ဆောက်မှု၊ စီးပွားရေးလုပ်ဆောင်မှု၊ အုပ်ချုပ်ရေးနည်းလမ်းတွေသာ ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ 

ကျွန်တော့်အနေနဲ့ကတော့ လက်ရှိ ငြိမ်းချမ်းရေးအခြေအနေက ကောင်းမွန်တယ်လို့ ထင်ရပြီး ဆက်လက် ကောင်းမွန်သွားလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း နိုင်ငံရေးပုဂ္ဂိုလ်တွေက ငြိမ်းချမ်းရေးရရှိဖို့ စိတ်အားထက်သန်နေပြီး နိုင်ငံကိုလည်း ဒေသတွင်းနိုင်ငံတွေကို လိုက်မီစေဖို့နဲ့ ခေတ်မီစေဖို့ လုပ်ဆောင်လိုကြတယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်။ ဒါပေမယ့် ဒါဟာ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် မကြာမီပေါ်ထွက်လာလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

အခုဆိုရင် နိုင်ငံအတွင်းက တချို့နေရာတွေမှာ အပစ်အခတ်ရပ်စဲရေးတွေ စတင်နေပါပြီ။ ဒါဟာ နိုင်ငံရေးပြောဆိုဆွေးနွေးမှုများရဲ့ အစပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ရှေ့မှာ ကြီးမားတဲ့ အခက်အခဲတစ်ခု ရှိပါတယ်။ ဒါဟာ စစ်ဖြစ်နေတဲ့သူတွေကြား လက်နက်ချဖို့ ကိစ္စကို အစဖော်နိုင်ဖို့ မှန်ကန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်တဲ့အချက်ရယ် နောက်တစ်ချက်ကတော့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ အခြေခံသဘောတရားဖြစ်တဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခြေအနေကို ပြန်လည် စဉ်းစားဖို့ပဲဖြစ်ပါတယ်။ ပြောရရင် လုံးဝ မလွယ်တဲ့ အခြေအနေတွေပါ။

ဦးနုနဲ့ ဦးနေဝင်း ခေတ်က ဗမာလူမျိုးတွေရဲ့ အခန်းကဏ္ဍဟာ ပြည်တွင်းစစ်ကို တွန်းအားပေးခဲ့တယ်ဆိုတာကို ကျွန်တော်လက်ခံပါတယ်။ ပြည်တွင်းစစ်က ကွန်မြူနစ်တွေ ထကြွလာတဲ့အချိန်မှာ စတင်ခဲ့ပါတယ်။ ပထမဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကရင် အမျိုးသားအဖွဲ့ Karen National Union, KNU နဲ့ ရခိုင်ပြည်နယ်က မူဂျာဟစ်ဒင် Mujahedeen တို့ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗမာ့ တပ်မတော် တပ်ချုပ်ဟာ ကရင်ဖြစ်ပြီး သမ္မတက ရှမ်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်၊ လွှတ်တော်နဲ့ တခြားဝန်ထမ်းတွေထဲမှာလည်း တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ကျဉ်းမြောင်းတဲ့ ဗမာလူမျိုးကြီးဝါဒဟာ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းရင်း ဆိုတာကို ကျွန်တော်လက်ခံပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေဟာ ပြည်နယ်နဲ့တိုင်း ၁၄ ခုထဲက ၂ ခုထဲမှာသာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထက် အမတ်နေရာ ပိုရခဲ့ပါတယ်။ ဒါဟာ လူနည်းစုတွေနဲ့ လူများစုကြားက နိုင်ငံရေး ဆက်ဆံမှုကို ထိခိုက်သွားစေနိုင်ပါသလား။

အင်န်အယ်လ်ဒီ အနိုင်ရတာက လာမယ့် ငြိမ်းချမ်းရေး လမ်းစဉ်ဟာ အင်န်အယ်လ်ဒီပေါ် အများကြီးမူတည်တဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီအနေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို ထုတ်ဖော်ပြောကြားဖို့ လိုလာပါပြီ။

ရွေးကောက်ပွဲရလဒ်ကလည်း တိုင်းရင်းသား ပါတီတွေအပေါ် လွှမ်းမိုးမှုရှိတယ် ဆိုပေမယ့် ပြဿနာရှိမှာ မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တွေနဲ့ နောက်ဆုံးသဘောတူညီချက်အတွက် အရေးကြီးတဲ့ အချက်တွေကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေ၊ စစ်တပ်နဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားက ဖြစ်ပေါ်နေတာတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ ရှေ့ဆက်ဖြစ်မယ့် အဖြစ်အပျက်တွေ၊ ဥပမာအနေနဲ့ဆိုရင် ဖက်ဒရယ်မူလို ကိစ္စမျိုးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို ခွဲခြားထားဖို့ လိုပါလိမ့်မယ်။

ဒီဖြစ်စဉ်ရဲ့နောက် အဓိက မေးရမယ့် မေးခွန်းတစ်ခုကတော့ ဒီပြည်တွင်းစစ်က ဘယ်လိုအဆုံးသတ်သွားနိုင်မလဲ ဆိုတာပါ။ ဦးသန့်မြင့်ဦးအနေနဲ့ ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးမှု အခြေအနေကို ဘယ်လို သုံးသပ်ပါလဲ။

လက်ရှိရနေတဲ့ အောင်မြင်မှုက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ ရှုပ်ထွေးမှုတွေကို ဘယ်သူမှ အထင်မသေးသင့်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို နာရီပေါင်း ထောင်ပေါင်းများစွာ အချိန်ပေး ပြောဆိုဆွေးနွေးခဲ့ရပြီး ဒါတွေဟာ ယုံကြည်မှုမရှိရင် ဖြစ်လာနိုင်စရာ အကြောင်းလည်း ရှိမှာမဟုတ်ပါဘူး။ လက်ရှိမှာ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရရှိထားပြီး ဒါကိုလည်း နိုင်ငံတကာက အသိအမှတ် ပြုထားပါတယ်။ ဒါပေမယ့် ဒီလိုသဘောတူနိုင်ခဲ့တာက စိန်ခေါ်မှုတွေကို လျော့ကျစေမှာ မဟုတ်ပါဘူး။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများက အပစ်အခတ်ရပ်စဲဖို့ သဘောတူထားခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ခြေလှမ်းကြီးကြီး စလှမ်းခဲ့ပြီးပြီ ဆိုပေမယ့် နောက်ထပ် ခြေလှမ်းငယ်လေးတွေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက မကြာသေးခင်က သူတို့ဟာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ကန့်ကွက်တယ်လို့ ဆိုထားပါတယ်။ တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့နဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေက စောင့်ကြည်လေ့လာသူတွေ မရှိတဲ့ ဆွေးနွေးမှုဟာ ဘယ်လိုဆက်စပ်သွားနိုင်မလဲ။

ဆွေးနွေးညှိနှိုင်းမှုက ဆက်သွားပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ ယီမင်၊ ဒါမှမဟုတ် နီပေါတို့က နိုင်ငံရေး ပြောဆိုဆွေးနွေးမှုတွေလို စောင့်ကြည့် လုပ်ဆောင်သွားဖို့ လိုပေမယ့် မရပ်တန့်သွားဖို့တော့ အရေးကြီးပါတယ်။ ဒါ့အပြင် တခြားအရေးကြီးတဲ့ အချက်တွေက ခွဲခြားဆက်ဆံမှုတွေအားလုံးကို ရပ်တန့်ခြင်း၊ အရည်အချင်းပြည့်ဝတဲ့ အစိုးရအဖွဲ့အစည်းတွေ ဖန်တီးရေး၊ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဆောင်နိုင်ရေးတို့ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ပါပဲ။

ငြိမ်းချမ်းရေးဆွေးနွေးမှုထဲမှာ ဦးသန့်မြင့်ဦးက ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေပြီး အနာဂါတ်မှာလည်း ဘယ်လို အခန်းကဏ္ဍက ပါဝင်ရမလဲဆိုတာကို ခန့်မှန်းမိပါသလား။

ကျွန်တော်ဟာ ၂၀၁၂ ခုနှစ်က သမ္မတဦးသိန်းစိန်ကနေ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အထူးအကြံပေး ပုဂ္ဂိုလ် ၄ ဦးထဲက တစ်ယောက်အဖြစ် ခန့်ထားခံခဲ့ရပါတယ်။ အဲဒီအချိန်က သမ္မတဟာ Myanmar Peace Centre နဲ့ Union Peacemaking Working Committe တို့ကို စတင်လုပ်ဆောင်နေတဲ့အချိန် ဖြစ်ပါတယ်။ ကျွန်တော်ဟာ ကျန်တဲ့ အထူးအကြံပေး ၂ ယောက်လောက် ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် ကျွန်တော့်ရဲ့ အားသာချက်က ကုလသမဂ္ဂမှာ ရှိနေတုန်း တခြားငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံပါပဲ။

ကျွန်တော်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတကာက အထောက်အပံ့ပေးတဲ့ ကိစ္စတွေမှာ အဓိက ပါဝင်ကူညီနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နောက်ကွယ်ကိစ္စရပ်များ ဆောင်ရွက်ပေးတဲ့ BCI (Beyond Ceasefires Initiative) ကနေတစ်ဆင့် တခြား ငြိမ်းချမ်းရေးအကြံဉာဏ် အယူအဆတွေကို ယူဆောင်လာပေးပါတယ်။ BCI ဟာ အစိုးရ ဝန်ကြီးတွေ၊ ထိပ်တန်း စစ်တပ်အာဏာပိုင်တွေ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ပေးလေ့ရှိတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ မြန်မာ့ ငြိမ်းချမ်းရေးအခြေအနေကို မဆွေးနွေးခဲ့ပေမယ့် ကိုလံဘီယာ၊ နီပေါ၊ အာဖဂန်၊ အရှေ့တီမော၊ ဘူရန်ဒီ၊ ဂွာတီမာလာ၊ လစ်ဗျားတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ သင်ခန်းစာတွေကို လေ့လာပြီး ရန်ကုန်နဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးသူတွေ ပြန်လည် မျှဝေခဲ့ပါတယ်။ ကျွန်တော်ဟာ ၂၀၁၄ ခုနှစ်ကတည်းက BCI အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ခရီးစဉ်မှာ အင်န်အယ်လ်ဒီက ဘယ်လိုရပ်တည်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လာမယ့်အစိုးရသစ်ကို မြန်မာ့ငြိမ်းချမ်းရေး ခရီးစဉ်နဲ့ပတ်သက်ပြီး ဘာတွေအကြံပေးချင်ပါသလဲ။

ခြေတစ်လှမ်း နောက်ဆုတ်ပြီး ကမ္ဘာပေါ်က တခြား ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဘာတွေ အောင်မြင်ခဲ့လဲ၊ ဘာတွေမအောင်မြင်ခဲ့ဘူးလဲဆိုတာကို ပြန်လည်သုံးသပ်လေ့လာတာ အရေးကြီးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို နားလည်အောင် တကယ်တမ်းကြိုးပမ်းဖို့လိုပြီး စစ်ပွဲတွေ အဆုံးသတ်ဖို့အတွက် နည်းဗျူဟာကောင်းကောင်းတစ်ရပ် ရှိထားဖို့ လိုမယ်လို့ ထင်ပါတယ်။

နောက်ထပ်အရေးကြီးတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပြီးနောက်မှာ မတူညီတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူမျိုး၊ ဒါမှမဟုတ် ဘာသာတွေကြားထဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မယ့် အနာဂါတ်နိုင်ငံတော်ရဲ့ ပုံသဏ္ဍာန်သစ်ကို ပုံဖော်ဖို့က အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။

ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး တည်မြဲဖို့အတွက် ဗမာလူမျိုးတွေအနေနဲ့ ရင်းမြစ်မျှဝေတာမျိုးလို နိုင်ငံရေးနဲ့ စီးပွားရေးမှာ အားလုံးနဲ့ မျှဝေဖို့ အသင့်ဖြစ်ပြီလား ဆိုတာကို ဦးသန့်မြင့်ဦး ဘယ်လိုသဘောရပါသလဲ။

အင်အားကြီး ဗမာလူမျိုးဆိုတာ မရှိတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အားလုံးက အမြင်မတူကြသူတွေချည်းပါပဲ။ ဒါ့အပြင် ဗမာ လူမျိုးသန်းပေါင်းများစွာက လက်ရှိအခြေအနေကနေ ဘာအကျိုးမှ ရရှိမှာလည်း မဟုတ်ပါဘူး။

နိုင်ငံကို အုပ်ချုပ်နေသူတွေဟာ နိုင်ငံအဝှန်းက လူတွေဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗဟိုအဖွဲ့အစည်း၊ ဥပမာ လူမှုလုပ်ငန်းတွေရှိတဲ့ ဗဟိုအစိုးရမျိုးတွေဟာ အလုံးစုံအုပ်ချုပ်ခြင်း၊ ဒါမှမဟုတ် ဆင့်ကဲ အာဏာခွဲဝေပေးခြင်း၊ ဒါမှမဟုတ် နှစ်ခုစလုံး ရောထားတဲ့ အစိုးရမျိုး ရရှိနိုင်ပါတယ်။ ဒီမူဝါဒကို ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပေမယ့် လက်ရှိအခြေအနေကနေ အဲဒီနေရာကိုသွားဖို့ကတော့ စိန်ခေါ်မှုအများကြီးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်းက လူတော်တော်များများက ဖက်ဒရယ်မူက အဓိက အဖြေလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဘယ်လို ဖက်ဒရယ်မူ ပုံပန်းသဏ္ဍာန် ရှိရမယ်၊ ပါဝင်နေတဲ့ ခေါင်းဆောင်တွေကရော ဘယ်နေရာတွေမှာ ဖက်ဒရယ်မူ ကျင့်သုံးမယ်လို့ ထင်ပါသလဲ။

ဖက်ဒရယ်မူဟာ အားလုံးအတွက် အဓိပ္ပာယ်ရှိပါတယ်။ ခွဲခြား ဆက်ဆံမှုအားလုံးကို အဆုံးသတ်စေမယ့် အလုံးစုံအုပ်ချုပ်တဲ့ ဗဟိုအဖွဲ့အစည်းနဲ့ ပြည်တွင်း ဒီမိုကရေစီ ရောနှောထားမှုက တကယ့်အဖြေလို့ ကျွန်တော်ထင်ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ သင့်တော်တဲ့ ပြည်နယ်အဖွဲ့အစည်း ဖွဲ့စည်းခြင်းနဲ့ ဒီအဖွဲ့အစည်းတွေကို နောက်ပိုင်းမှာ အာဏာခွဲဝေပေးခြင်းက ထင်ထားတာထက် ပိုခက်တယ်လို့ ထင်ပါတယ်။ ဖွံ့ဖြိုးဆဲ ပြည်နယ်ကို အာဏာခွဲဝေပေးခြင်းက အကျင့်ပျက်ခြစားခြင်းနဲ့ စွမ်းဆောင်ရည်မပြည့်ဝတာပဲ ပိုတိုးလာပါလိမ့်မယ်။

Thant Myint-U at the office of the Yangon Heritage Trust in downtown Yangon. (Ann Wang / Frontier)

Thant Myint-U at the office of the Yangon Heritage Trust in downtown Yangon. (Ann Wang / Frontier)

မြန်မာတွေအားလုံး စုစည်းပါဝင်တဲ့ ဘုံသဘောဆန်တဲ့ ကိုယ်ပိုင်လက္ခဏာမျိုး ရှိနိုင်မလား။

မရှိပါဘူး။ အလုံးစုံပါဝင်တဲ့ အချက်နဲ့ မျှဝေမှုရှိတဲ့ ကိုယ်ပိုင်လက္ခဏာရှိဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ မျှဝေထားတဲ့ သရုပ်သကန်ကို ဖန်တီးနိုင်ဖို့က  မြန်မာနိုင်ငံရဲ့ နံပါတ် ၁ စိန်ခေါ်မှုပါပဲ။

ဒါပေမယ့် ဒီအချက်က အထက်ကနေ အမိန့်ပေး လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာ မသေချာပါဘူး။ ကိုလိုနီခေတ် တိုင်းရင်းသား လူမျိုးအမျိုးအစားခွဲခြားထားမှုကနေ ခွဲထွက်ပြီး ၂၁ ရာစုထဲ နားလည်မှုရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရှိတာက အစကောင်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းကို သေသေချာချာ လေ့လာ သင်ကြားပေးခြင်းကလည်း အရေးကြီးပါတယ်။

ငြိမ်းချမ်းရေး ခရီးစဉ်ထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကဏ္ဍက ဘယ်လိုနေရာမျိုးမှာ ပါဝင်နေပါသလဲ။

ပထမအချက်က အန္တရာယ်မရှိဖို့ပါ။ ဒါတွေဟာ အမေရိကန်၊ ထိုင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကော တိုင်ပေ(တရုတ်)ပါ တရုတ်နိုင်ငံ ၊ အိန္ဒိယနဲ့ ဗြိတိန်အစိုးရတွေ တစ်ချိန်မဟုတ်တစ်ချိန် ပါဝင်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာ ကြာပါပြီ။

ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နိုင်ငံတကာရဲ့ ထောက်ပံ့မှုက အရေးကြီးပြီး တကယ်လို့ ငြိမ်းချမ်းရေး ခရီးစဉ်က အကောင်းဘက်ရောက်ခဲ့မယ်ဆိုရင် ဆက်လက်ကူညီသွားဖို့ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေမှာ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့သူများရဲ့ ငွေကြေးကလည်း အသုံးဝင်ပါတယ်။ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ်ထဲမှာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတကာ အကူအညီကို ဆက်လက်တည်ဆောက်သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂက အကူအညီကို ယူရင်း လုပ်ဆောင်သွားနိုင်ပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းစဉ်ကို ဘယ်လိုထင်ပါလဲ၊ ပြီးတော့ ဖက်ဒရယ်မူ ချမှတ်နိုင်တဲ့အထိလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ နောက်ဆုံးအဖြေ ရဖို့ အချိန်ဘယ်လောက်ကြာမယ်လို့ ထင်ပါသလဲ။

ပြောဖို့ ခက်ပါတယ်။ ကျွန်တော့်အထင်ကတော့ တခြား ယန္တရားတွေဖြစ်တဲ့ မြို့ပြတည်ဆောက်ရေး၊ ခေတ်သစ် ဆက်သွယ်ရေး၊ လမ်းပန်းသစ် ဖောက်လုပ်ရေး၊ ပြည်တွင်း ပြည်ပ အလုပ်အကိုင် ဖန်တီးရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အစရှိတာတွေက လာမယ့်ဆယ်စုနှစ်အတွင်းမှာ ငြိမ်းချမ်းရေး ခရီးစဉ်ထက် နိုင်ငံကို ပြောင်းလဲသွားစေနိုင်မယ့် အချက်တွေပါပဲ။

ကျွန်တော့်ရည်မှန်းချက်ကတော့ ဘက်ပေါင်းစုံက မြန်မာပြုပြင်ရေးသမားတွေအနေနဲ့ ဒီပြုပြင်ပြောင်းလဲရေးတွေကို ထိန်းကျောင်းကိုင်တွယ်ပြီး သာမန်ပြည်သူတွေအတွက် အကျိုးစေဖို့ လုပ်ဆောင်မယ့် စိတ်ဆန္ဒရှိဖို့ ပါပဲ။

ဦးသန့်မြင့်ဦးအနေနဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေပြီးမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တယ်။ ပြီးတော့ သမိုင်းဝင်မိသားစုကလည်း မွေးဖွားလာသူဖြစ်တော့ နိုင်ငံအတွက် ဘာများ ကူညီပေးချင်ပါလဲ။ နိုင်ငံရေးမှာ ပါဝင်လာဖို့ရောရှိပါလား။

ကျွန်တော့်အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီသွားမှာပါ။ လောလောဆယ်တော့ စာအုပ်သစ် တစ်အုပ်ရေးဖို့ စဉ်းစားနေပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.