အော်ဂဲနစ် ဟင်းသီးဟင်းရွက် ထုတ်လုပ်ရန် Uni Vege ကို Premium Distribution ရယူ

သောမတ်စ်ကင်းန်

ဘဏ္ဍာရေးအတိုင်ပင်ကုမ္ပဏီ Trust Venture Partners (TVP) နှင့် ဖက်စပ်လုပ်ငန်းတစ်ခုဖြင့် အော်ဂဲနစ်အသီးအရွက် ထုတ်လုပ်ရန် Uni Vege ကို အစားအစာနှင့် အဖျော်ယမကာ လက်က္ကားဖြန့်ချိသော Premium Distribution က ရယူလိုက်သည်။

Premium Distribution နှင့် TVP တို့သည် ရေပေါ် စိုက်ပျိုးရေးလုပ်ငန်းကို အစားအသောက်ကုမ္ပဏီ Provide Advanced Technology ကုမ္ပဏီထံမှ ရယူခဲ့ခြင်းဖြစ်သည်။

Premium Distribution သည် မြန်မာနိုင်ငံတွင် အကြီးဆုံး လက်လီအရောင်းဆိုင်ဖြစ်သည့် City Mart နှင့် ဆက်စပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုဖက်စပ်လုပ်ငန်းတွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။ TVP ကမူ ရှယ်ယာအနည်းစုကိုသာ ပိုင်ဆိုင်သည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်၌ အခြေစိုက်သည့် PAT ကို ဂျပန်စွန့်ဦးတီထွင် လုပ်ငန်းရှင်များက တည်ထောင်ထားခြင်းဖြစ်သည်။ ၎င်းတို့က ကြိုတင်ပြင်ဆင်ပြီး ဟင်းသီးဟင်းရွက်များကို City Mart ဆိုင် တစ်ဒါဇင်ကျော်တွင် တစ်ခု ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ စိုက်ပျိုးရေး ထွက်ကုန်များတွင် ဓာတုဗေဒ အသုံးပြုမှုများကြောင့် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် အော်ဂဲနစ်ပစ္စည်းများကို တောင့်တနေကြသော စားသုံးသူများအတွက် ဈေးကွက်တွင်း ဝင်ရောက်လာခြင်းဖြစ်သည်။ PAT ကို စတင်တည်ထောင်သူက ဤလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေသည်ဟု TVP က ပြောသည်။

Uni Vege စက်ရုံအကြောင်း အသေးစိတ်သိလိုလျှင် ပြီးခဲ့သည့် စက်တင်ဘာလက ရေးသား ဖော်ပြခဲ့သည့် “နည်းပညာမြင့် ဟင်းသီးဟင်းရွက်များ” ဆောင်းပါး၌ ဖတ်ရှုနိုင်ပါသည်။

Uni Vege ၏ ဟင်းသီးဟင်းရွက်များကို City Mart အရောင်းဆိုင်များတွင် ဆက်ရောင်းချသွားမည်ဖြစ်သလို Premium Distribution ကလည်း ၎င်း၏ရောင်းချမှုကွန်ယက်မှတဆင့် ဟိုတယ်နှင့် စားသောက်ဆိုင်များသို့လည်း ရောင်းချသွားမည်ဖြစ်သည်။

TVP အမှုဆောင်အရာရှိချုပ် Mr. Shinsuke Goto က ဤရေပေါ်စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့ရန်အတွက် လိုအပ်သော ငွေကြေးကို ဤပူးပေါင်းလုပ်ဆောင်မှုဖြင့် ထောက်ပံ့သွားမည်ဟု ပြောသည်။

“ဒီလုပ်ငန်းဆောင်ရွက်ဖို့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုပါပဲ၊ လုပ်ငန်း ဖွံ့ဖြိုးကြီးထွားဖို့ ဆက်လက် ရင်းနှီးမြှုပ်နှံနေဖို့ လိုပါတယ်။ ဒီအတွက် Premium Distribution နဲ့ TVP က ပေးနေပါတယ်။ TVP အနေနဲ့ ဆက်လက် ရင်းနှီးမြှုပ်နှံသွားမယ့်အပြင် လိုအပ်ရင် ရန်ပုံငွေစုဆောင်းမှုကိုလည်း ဦးဆောင်သွားမှာပါ။ Premium Distribution ကွန်ယက်ကို အသုံးချမယ်၊ Uni Vege ရဲ့ အရောင်းကွန်ယက်ကို ပူးပေါင်းဆောင်ရွက်မှုက ချဲ့ထွင်သွားပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.