အိမ်အရောက်ပို့ အက်များ အချက်၊ စားသောက်ဆိုင်များကော်မရှင်ကြေးအခက်

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ဆက်လက်လည်ပတ်ရေးအတွက် အစားအစာအိမ်အရောက်ပို့ပလက်ဖောင်းများကအကူအညီပေးခဲ့သည်။ သို့သော် ကောက်ခံသောကော်မရှင်ကြေးများ မြင့်မားသဖြင့် လုပ်ငန်းအချို့ စိတ်မသက်မသာဖြစ်ကြသည်။

အိမ့်သက်ဆု

ကိုရိုနာဗိုင်းရပ်ကာလ အသွားအလာကန့်သတ်ပိတ်ဆို့မှုကြောင့် ရန်ကုန်လမ်းများပေါ်သို့လူအထွက်နည်းသဖြင့် Food2U, GrabFoodနှင့် foodpanda ကဲ့သို့သော အစားအစာအရောက်ပို့ ပလက်ဖောင်းများ၏ပို့ဆောင်ရေးလုပ်သားများကိုအတွေ့ရများလာသည်။

အဆိုပါ အမှတ်လက္ခဏာ အိမ်မှာ နေရန်စည်းကမ်းသတ်မှတ်ထားသည့်ကာလတွင် အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းများသည် ဆိုင်တွင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှသည် အွန်လိုင်းမှတစ်ဆင့် မှာယူဖြန့်ဖြူရေးသို့ ကူးပြောင်းခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် အရောက်ပို့ပလက်ဖောင်းများကကောက်ခံသောကော်မရှင်ကြေးများပြားမှုကြောင့် အစကတည်းကနည်းပါးနေသော အမြတ်အစွန်းများမှာ ပျောက်ကွယ်ခဲ့ရကြောင်း စားသောက်ဆိုင်များကပြောသည်။

လမ်းမတော်မြို့နယ်ရှိ ၉လမ်းမြိတ်ကတ်ကြေးကိုက်ခေါက်ဆွဲဆိုင်သည် အော်ဒါအများစုရရန် Food2U နှင့် foodpanda တို့ကို အားထားနေရသည်။ အက်ပလီကေးရှင်းဖြင့်ရှာ၍ရသောဈေးကွက်က ရောင်းအားကိုမြှင့်တင်နိုင်သော်လည်း foodpanda က ၃၀ ရာခိုင်နှုန်းကောက်ခံမှုကြောင့် အခက်ကြုံရကြောင်းဆိုင်ရှင် ကိုတိုးပြည့်အောင်ကပြောသည်။

သာမန်အချိန်ဆိုရင်တော့များလွန်းတယ်ပြောရမှာပဲ။ ဒါပေမဲ့ ကိုဗစ် ၁၉ ဖြစ်နေချိန်ဆိုတော့ ပေးရတော့မှာပေါ့ဟု ကိုတိုးပြည့်အောင်ကပြောသည်။

ကော်မရှင်က ၂၀ ရာခိုင်နှုန်းဆိုပါကသင့်တော်ပြီး ရောင်းရငွေပြန်ရတာကလည်း တစ်လတစ်ကြိမ်အစား သီတင်းနှစ် ပတ်တစ်ကြိမ်ဆိုလျင်ငွေလည်သွားမည်ဖြစ်ကြောင်းသူကပြောသည်။

စာဆက်ချုပ်မလား ပိတ်မလား

ကိုဗစ် ၁၉ မတိုင်မီကာလက အစားအစာအရောက်ပို့လုပ်ငန်းများသည် နိုင်ငံခြားသားများနှင့် ပြည်တွင်းလူချမ်းသာများအတွက် ရည်ရွယ်ထားသော ပြည်ပအစားအစာ ရောင်းချသည့် စားသောက်ဆိုင်များအတွက်သက်သက်သာဖြစ်ခဲ့သည်။

ဆိုင်များတွင်လာရောက်စားသုံးမှုကို မဖြစ်မနေပိတ်လိုက်ရပြီးနောက် ကမ္ဘာ့ကပ်ရောဂါဘေးက ဤအခြေအနေကိုလျင်မြန် စွာ ပြောင်းလဲပေးခဲ့သည်။ စားသောက်ဆိုင်များက ပါဆယ်ဝယ်သည့်စနစ်ကိုဆောင်ရွက်နေဆဲဖြစ်သော်လည်း အရောင်းမှာဇောက် ထိုးကျနေကြောင်း အများစုကပြောကြသည်။ သို့ဖြစ်ရာ လမ်းမြိတ်ကတ်ကြေးကိုက်ကဲ့သို့သော စားသောက်ဆိုင်ငယ်က လေးများ နှင့် လက်ဖက်ရည်ဆိုင်ငယ်ကလေးများမှာ ပိတ်မလား သူတို့ရပ်တည်ရေးအတွက် ဆက်လက်စာချုပ်ချုပ်ဆောင်ရွက်မလားဟူသော ဘေးကျပ်နံကျပ်အခြေအနေနှင့်ရင်ဆိုင်နေရသည်။

ကိုဝင်းထိန်သည် မတ် ၂၂ ရက်က ပန်းပဲတန်းမြို့နယ်တွင် ဆန်းဒေးကဖီးကိုဖွင့်ခဲ့သည်။ စားသောက်ဆိုင်များကိုပါဆယ်သာရောင်းခွင့်ပြုတော့မည် ဟု မကြေညာမီ ရက်ပိုင်းအလိုကမှဖြစ်သည်။

တခြားအရောက်ပို့ဝန်ဆောင်မှုကိုသုံးတာကလွဲလို့ ကျွန်တော်တို့မှာ ရွေးချယ်စရာလမ်းမရှိပါဘူးဟုသူကပြောသည်။

ဘာရွေးရမလဲစဉ်းစားပြီးနောက် foodpanda ကိုရွေးခဲ့ကြောင်း ကိုဝင်းထိန်ကပြောသည်။

ကျွန်တော့ဖောက်သည်တွေအတွက် အဆင်ပြေဆုံးကိုရွေးရမှာပဲဟုသူကပြောသည်။

Foodpanda ကကော်မရှင်ကြေး ၃၀ ရာခိုင်နှုန်းကောက်သည်ဟု ကိုဝင်းထိန်ကအတည်ပြုသော်လည်း ဖရန်တီယာကဆက်သွယ် သော စားသောက်ဆိုင်အများစုကမူ အရောက်ပို့ကုမ္ပဏီများအတွက်ပေးရသော ကော်မရှင်ကြေးကိုပြောရန် ဝန်လေးကြသည်။

လက်ရှိတွင် အလွန်အားထားနေရသော စီးပွားရေးဖက်စပ်လုပ်ငန်းကိုထိခိုက်နိုင်သဖြင့် အရောက်ပို့ကုမ္ပဏီများ ကိုပြစ်တင်ဝေဖန်သည့်သဘောရောက်သွားမည်ကို စိုးရိမ်ကြောင်း သူတို့ကရှင်းပြသည်။

Foodpanda အခမဲ့ပို့ဆောင်မှုအတွက် စားသောက်ဆိုင်များက အခပေးနေရသည့်အကြောင်းပြောရသည်မှာ အကဲဆတ်သည့်ပြဿနာဖြစ်ကြောင်း အမည်မဖော်လိုသူ အမြန်ရစားသောက်ဆိုင်လုပ်ငန်းမှပြောခွင့်ရသူတစ်ဦးကပြောသည်။

တခြားအရောက်ပို့လုပ်ငန်းတွေနဲ့စာရင်သူတို့ယူတာကနည်းနည်းများတယ်။ တခြားသူတွေက ကျွန်တော်တို့ဆီကလျှော့ကောက် ပြီးမှ ဖောက်သည်တွေဆီကနေအနီးအဝေးကြည့်ပြီးထပ်ကောက်တယ်ဟု ပြောခွင့်ရသူကပြောသည်။နောင်ဖြစ်လာမည့် အခြေအနေကိုကြည့်ပြီး သူတို့လုပ်ငန်းက အရောက်ပို့လုပ်ငန်းငါးခုကိုလျှော့ချမည်ဖြစ်သည်။

ပန်းပဲတန်းမြို့နယ်ရှိ နီလာဒန်ပေါက်နှင့်အအေးလုပ်ငန်းက ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အရောက်ပို့လုပ်ငန်းလေးခု နှင့် စာချုပ်ချုပ်ထားသည်။

သူတို့အားလုံးကို တစ်ကြိမ်ပို့တိုင်းကော်မရှင်ပျမ်းမျှ ၂၀ ရာခိုင်နှုန်းပေးရကြောင်း ပူးတွဲပိုင်ရှင် ဒေါ်သီ တာဆင့် ကပြောသည်။ အရောက်ပို့လုပ်ငန်တစ်ခုချင်းအလိုက်မည်မျှပေးသည်ကိုမပြောပါ။

The Manhattan Fish Market နှင့် ပက်ဇိုပီဇာဌာနခွဲများ၏ ရောင်းအား ၈၀ ရာခိုင်နှုန်းကို အစားအစာအရောက်ပို့လုပ်ငန်းများအပေါ်အားထားနေရကြောင်း ကွင်းဆက်လုပ်ငန်းများအတွက်ကိုယ်စားလုပ် ပိုင်ခွင့်ရထားသော Food Network Myanmar ၏အုပ်ချုပ်မှုဒါရိုက်တာ ကိုမျိုးဝင်းဇော်ကပြောသည်။

ကမ္ဘာ့ကပ်ရောဂါမဖြစ်မီကတည်းကပင် အရောင်းဆိုင်များသည်အရောက်ပို့ ဖြန့်ဖြူးရေးလုပ်ငန်းအများအပြားနှင့်ပူးပေါင်းလုပ်ဆောင် နေကြသော်လည်း ကော်မရှင်ကြေးများကြောင့် အခက်အခဲတွေ့လာချိန်တွင် နှုန်းထားနည်းသောစီးပွားဘက်သစ်များကိုရှာလာကြောင်းသူကပြောသည်။

နှစ်ဦးနှစ်ဘက် အပြန်အလှန်ရှင်သန်နိုင်မယ့် နှစ်ဘက်စလုံးရဲ့အကျိုးစီးပွားကို သယ်ပိုးပေးနိုင်မယ့်ကော်မရှင်ကြေးမျိုးကို သူတို့ ကောက်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ တစ်ဦးချင်းသဘောပြောရရင် ဒီလိုကာလမျိုးမှာ ၃၀ ရာခိုင်နှုန်းဆိုတဲ့ ပမာဏကအဓိပ္ပါယ်မရှိဘူးထင်တယ်ဟု သူကပြောသည်။

အစားအစာအရောက်ပို့ အပလီကေးရှင်းကော်မရှင်ကိစ္စသည် မြန်မာနိုင်ငံမှာသာ ဖြစ်နေသောပြဿနာမဟုတ်ပေ။ အမေရိကန်ပြည်ထောင်စု၊မြို့အများအပြားတွင် ဒုက္ခတွေ့နေသောစားသောက်ဆိုင်များကိုထောက်ပံ့ရန် တချို့နေရာများတွင် ကော်မရှင်ကြေးများမှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသဖြင့် ကန့်သတ်ရန်ဆောင်ရွက်လျက်ရှိသည်။

ဥပမာနယူးယောက်ပြည်နယ်တွင် ကော်မရှင်ကြေး ကို ၁၅ ရာခိုင်နှုန်းနှင့် ခရက်ဒစ်ကတ်ကြေးပေါင်းပေးရန်ကန့်သတ်ထားသည်။ ဩစတြေးလျတွင် အစားအစာနှင့်ပတ်သက်၍ လျှောက်ထားသူတစ်ဦးက UberEats နှင့် Deliveroo တို့၏ကော်မရှင်ကြေးကို ၃၅ ရာခိုင်နှုန်းမှလျှော့ချပေးရန် လျှောက်ထားခဲ့ပြီး ကော်မရှင်ကြေးလျှော့ပေးသော ပြိုင်ဘက်သစ်များကလည်း ဈေးကွက်အတွင်းသိုဝင်လာကြသည်။

GrabFood, Deliveroo နှင့် foodpanda တို့က စင်ကာပူတွင် ကော်မရှင်ကြေး ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်အထိယူနေသော ကော်မရှင်ကြေးများကိုကန့်သတ် ရန် ဥပဒေပြဌာန်းရေးအတွက် အစိုးရကိုဖိအားပေးလျက်ရှိသည်။

ကော်မရှင်သည် အတွင်းရေး

ကော်မရှင်နှုန်းကိစ္စနှင့်ပတ်သက်၍ ဖရန်တီယာက foodpanda ကိုဆက်သွယ်ခဲ့သော်လည်း ပြန်ကြားချက်မရခဲ့ပေ။

တခြားအရောက်ပို့ ပလက်ဖောင်းအမျာအပြားက မေးမြန်းချက်များကိုဖြေကြားခဲ့သော်လည်း ကော်မရှင်ကြေးများနှင့်ပတ်သက်၍ အသေးစိတ်မပြောခဲ့ပေ။

ဒီနှုန်းတွေကို အတွင်းရေးလို့သတ်မှတ်ထားတဲ့အတွက် စားသောက်ဆိုင်တွေကိုကျွန်မတို့က ကောက်တဲ့ကော်မရှင်ကြေးအတိအကျကို ကျွန်မတို့က ရှင့်ကိုပေးလို့မရပါဘူးဟု Food Mall ၏ပြောခွင့်ရသူ မမြတ်စု က ပြောသည်။

Grab food ၏ကော်မရှင်ကြေးက အစားအစာနှင့်အဖျော်ယမကာဆိုင်များနှင့် အစုစပ်ဖွဲ့ထားသောအမျိုးအစားပေါ်တွင်မူ တည်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ခေါင်မင်းကပြောသော်လည်း ကော်မရှင်ကြေးအတိုင်းအတာအမျိုးမျိုးကိုမူမပြောခဲ့ပေ။

Grab food နှင့်ပူးတွဲ၍ ဈေးကွက်ရှာနေသောစားသောက်ဆိုင်များသည် ကြော်ငြာကုန်ကျစရိတ်များကိုမျှခံပေးကြသည့်အတွက် ကော်မရှင်ကြေးအပေးရနည်းဟန်တူကြောင်းသူကပြောသည်။

ကော်မရှင်ကြေးများကို စီးပွားရေးလုပ်ငန်းမြှင့်တင်ရေး၊ အရောက်ပို့ဝန်ထမ်းအာမခံချက်ရှိရေးနှင့် ဝန်ထမ်းများအတွက် လက်သန့်ဆေးကဲ့သို့သော သန့်ရှင်းရေးပစ္စည်းများပံ့ပိုးပေးရန်သုံးကြောင်း သူကပြောသည်။

အသေးစားနှင့် လွတ်လပ်သောဆိုင်များအတွက်မူ ဈေးကွက်မြှင့်တင်ရေးစကားဝှက် “#LOCALHEROES” ဟူသောစကားလုံးကို အသုံးပြုလျက် ရရှိသောကော်မရှင်ကြေးကို ထိုစားသောက်ဆိုင်များအတွက် ဖောက်သည်လျှော့ဈေးအဖြစ်ဆောင်ရွက်ပေးခဲ့သည်။

အရောက်ပို့အက်ပလီကေးရှင်းက ဆိုင်ခွဲများထံမှ စာရင်းသွင်းကြေး sign-up fees ကိုပါကောက်ခံသည်။ သို့သော်အသေးစား စားသောက်ဆိုင်များနှင့် လူမှုစီးပွားရေးလုပ်ငန်းများမှ စာရင်းသွင်းကြေးမကောက်ခံဘဲအခွင့်အရေးပေးထားကြောင်း” Yangon Door2Door ၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ကော်မရှင်ကနေရာတိုင်းအရေးမကြီးပါဘူးဟု Food Network Myanmar မှ ကိုမျိုးဝင်းဇော်ကပြောသည်။ အရေးကြီးသည်မှာ အက်ပလီကေးရှင်းကြောင့်မည်မျှအထိ ထိတွေ့မှုနှင့် ထိုထိတွေ့မှုက အရောင်းကိုမည်မျှအထိပြောင်းလဲနိုင်သည်ဆိုသော အချက်ကအရေးပါကြောင်းသူကပြောသည်။

ရေရှည်တည်တံ့နိုင်မယ့်ပုံစံကတော့ လူတိုင်းအကျိုးခံစားရအောင်ကုန်ကျစရိတ်ကိုမျှခံသွားဖို့ဖြစ်ပါတယ်ဟုသူကပြောသည်။

အဆန်းမဟုတ်တော့ပါဘူး

မေလလယ်တွင် အစိုးရကကန့်သတ်ချက်များကိုစတင်ရုပ်သိမ်းကတည်းက စားသောက်ဆိုင်များတံခါးများကိုစတင်ဖွင့်လိုက်ချိန်တွင် လူကိုယ်တိုင်လာရောက်စားသုံးသူဖောက်သည်များကြောင့် ဒစ်ဂျစ်တယ်ဖြင့်မှာယူ စားသုံးမှုကလျော့မသွားကြောင်းတွေ့ရသည်။

ယခုအခါ သူတို့လုပ်ငန်းအပေါ်သို့ တခြားမှကုမ္ပဏီများက အတော်များများလွှမ်းမိုးလာသည့် အစားအစာနှင့် အဖျော်ယမကာလုပ်ငန်း၏အနေအထားနှင့် ပတ်သက်ပြီးစိတ်မသက်မသာဖြစ်ရကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များကပြောသည်။

ကိုဗစ် ၁၉ ကြောင့် အစားအစာအရောက်ပို့အပလီကေးရှင်းကို စမ်းသပ်ပြီးနောက် ဖောက်သည်အတော်များကဆက်လက်သုံးစွဲမည့် လက္ခဏာကိုပြသလာကြသည်။အထူးသဖြင့် လူများစုက အများပြည်သူသွားလာသောနေရာများတွင် အချိန်ဖြုန်းရန်ဝန်လေး နေ သေးသည့်ကာလတစ်ခုအထိ ဖြစ်နိုင်သည်။

တစ်ချိန်တည်းတွင် ဆိုင်ကိုလာစားသည့်ဝန်ဆောင်မှုပုံမှန်ပြန်မဖြစ်သေးပဲ မည်သည့်အချိန်မှ ပြန်ဖြစ်မည်ဆိုသည်မှာလည်းသဲသဲကွဲ ကွဲ မသိနိုင်သေးပါ။ အစားအစာနှင့် အဆာပြေ အတွက်အပြင်ထွက်လိုသည့်ဖောက်သည်ကလည်း နည်းနေသေးသည့်အပြင် အစားအ သောက်နှင့်အဖျော်ယမကာဆိုင်များကလည်း သူတို့လက်ခံနိုင်သည့်ဖောက်သည်ကိုကန့်သတ်ထားပြီး ဒေသန္တရအာဏာပိုင်တို့ကချမှတ်ထာသော အကန့်အသတ်များကို လိုက်နာနေရသည်။

စားသုံးသူတွေရဲ့အလေ့အကျင့်အပြောင်းအလဲတွေဖြစ်လာမှာကို

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.