အာရှယူ-၂၃ ခြေစစ်ပွဲဝင် မြန်မာအသင်း ဒုတိယမြောက် နိုင်ပွဲရရှိ

အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ယူ-၂၃ အသင်း၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် မကာအိုအသင်းနှင့် မတ် ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂ မိနစ်တွင် ရဲမင်းသူက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၁၉ မိနစ်တွင် ဝင်းနိုင်ထွန်းက ပင်နယ်တီမှတစ်ဆင့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ကာ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ၂-၀ ဂိုးဖြင့် ဦးဆောင် ကစားခဲ့သည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒုတိယပိုင်းတွင် ပွဲချိန် ၇၂ မိနစ်တွင် ဝင်းနိုင်ထွန်းက မြန်မာအသင်းအတွက် တတိယဂိုး၊ ပွဲချိန် ၈၅ မိနစ်တွင် လွင်မိုးအောင်က စတုတ္ထဂိုးတို့ကို သွင်းယူပေးခဲ့ကာ ပွဲအပြီးတွင် မြန်မာအသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် မတ် ၂၂ ရက်နေ့က ပွဲဦးထွက်ပွဲစဉ်အဖြစ် အရှေ့တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“ပွဲနှစ်ပွဲကစားပြီးမှာ ရဂိုး ၁၁ ဂိုးရထားတယ်။ ဒီနေ့ပွဲက တီမောနဲ့ ပွဲကထက် ကစားရတာ ပိုခက်တယ်။ မကာအိုအသင်းက ခံစစ်အားပြုပြီး ကစားခဲ့တယ်” ဟု မြန်မာယူ-၂၃ အသင်း၏ နည်းပြချုပ် Velizar Popov က မကာအိုအသင်းနှင့် ကစားအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြန်မာအသင်းသည် ဂျပန်အသင်းနှင့် မတ် ၂၆ ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ဂျပန်အသင်းနဲ့ မြန်မာအသင်းကို နှိုင်းယှဉ်လို့ မရပါဘူး။ ဂျပန်က အာရှ ထိပ်သီးဖြစ်တဲ့အပြင် ကစားသမားတိုင်းက အရည်အချင်း ရှိတယ်။ ဥပမာ ဂျပန်က ပရီမီယားလိဂ်အဆင့်၊ မြန်မာက ချန်ပီယံရှစ်လောက်ပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ နောက်ဆုံးပွဲမှ အစွမ်းကုန်ကြိုးစားမယ်။ ပရိသတ်တွေ လာအားပေးဖို့လဲ ဖိတ်ခေါ်ပါတယ်” ဟု Velizar Popov က ဆက်လက်ပြောကြားသည်။

အုပ်စုဒုတိယပွဲစဉ်များအပြီးတွင် ဂျပန်နှင့် မြန်မာအသင်းတို့ ရမှတ်ခြောက်မှတ်စီရရှိထားပြီး နောက်တစ်ဆင့် တက်ရောက်ရန် အခြေအနေကောင်းများ ရရှိထားသည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အာရှဘောလုံးအဖွဲ့ချုပ်က အာရှယူ-၂၃ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်စု (I) တွင် ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာ ရအသင်းများအနက် ထိပ်ဆုံးလေးသင်း၊ စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ မြန်မာအသင်းသည် ပထမဆုံးကျင်းပသည့် ၂၀၁၄ ပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်ပိုင်း ကျင်းပသည့် ၂၀၁၆၊ ၂၀၁၈ ပြိုင်ပွဲများတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.