အာရှတွင် ဒီဂျစ်တယ်အသုံးပြု အနိုင်ကျင့်မှုအား ညီညွတ်စွာ ဆန့်ကျင်ခြင်း

စမတ်ဖုန်းနှင့် လူမှုကွန်ယက်မီဒီယာတို့က အခွင့်အလမ်းကမ္ဘာသစ်တစ်ရပ်ကို ဖန်တီးလျက်ရှိသကဲ့သို့ အခြားတစ်ဘက်တွင်လည်း အာရှဒေသတစ်လွှား၌ ဆိုက်ဘာကလိန်ကျမှုများ အလျင်အမြန် မြင့်တက်လာခြင်းနှင့်အတူ ကလေးငယ်များအတွက် ခြိမ်းခြောက်မှုများလည်း ဖြစ်ပေါ်စေလျက်ရှိသည်။

မိုင် အိုးလ်ဂါ့ဒ် ရေးသားသည်။

မိုဘိုင်းနည်းပညာနှင့် အင်တာနက်ချိတ်ဆက်မှုတို့က ကျွနု်ပ်တို့ နေထိုင်လုပ်ကိုင်ပုံနည်းလမ်းအား အလျင်အမြန် အသွင်ပြောင်းပေးပုံနှင့် ပတ်သက်၍ မိဘတစ်ဦးဖြစ်ဖြင့် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုနှစ်မျိုးစလုံးအား ကျွန်ုပ် ခံစားနေရသည်။ ကျွနု်ပ်တို့၏ ကလေးများမှာ ၎င်းတို့ ပတ်ဝန်းကျင်ကမ္ဘာဖြင့် ဆက်သွယ်ရန်နှင့် သင်ယူစူးစမ်းရန်တို့အတွက် နည်းပညာကို အသုံးပြုနေကြသည့် ဒီဂျစ်တယ်နွယ်ဖွား မျိုးဆက်သစ်များ ဖြစ်နေကြသည်။

လူငယ်များကို ပညာပေးခြင်း၊ စိတ်ဓာတ်လှုံ့ဆော်ပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ပေးခြင်းတို့ကို အထောက်အကူ ဖြစ်စေမည့် မိုဘိုင်းနှင့် အင်တာနက်နည်းပညာတို့၏ ကျေးဇူးများကြောင့် အာရှဒေသတစ်ခုတည်းတွင်ပင် ၂၀၂၁ ခုနှစ် မတိုင်မီ၌ အွန်လိုင်းပေါ်ရောက်ရှိနေမည့် လူငယ် အရည်အတွက်မှာ ခန့်မှန်းခြေ သန်း ၅၀၀ ရှိလာလိမ့်မည်ဟု မျှော်လင့်ထားသည်။

လူတိုင်းအတွက် အခွင့်အလမ်းနှင့် တိုးတက်မှုရှိသည့် ကမ္ဘာကို ထိတွေ့ အသုံးပြုနိုင်စေမည့် တန်းတူညီမ ျှသည့် ကတိကဝတ်ကို အင်တာနက်က ကမ်းလှမ်းပေးလျက်ရှိသည်။ သို့သော် ကျွနု်ပ်တို့၏ ကလေးငယ်များ ဆက်သွယ်တုံ့ပြန် ဆက်ဆံသည့် ပုံစံကို ပြောင်းလဲပြစ်နေသော ဒီဂျစ်တယ်နှင့် လူမှုကွန်ယက် မီဒီယာများ၏ လိုသည်ထက် ပိုနေသော အခြေအနေကလည်း ဒီဂျစ်တယ် ကလိန်ကျမှုများ ပိုမိုများပြားလာလျက်သည့် ဒီဂျစ်တယ် “ကျောင်းဝန်းသစ်များ” ဖြစ်လာခဲ့သည်။

ကျွနု်ပ်တို့က မိဘများ၊ ပညာသင်ကြားပေးသူများအနေဖြင့် ဤအရေးကိစ္စကို ဖြေရှင်းရန် တာဝန်တစ်ရပ် ရှိနေသည်။ လက်တွေ့ဘဝတွင် ကျွနု်ပ်တို့ကလေးများကို အကာကွယ်ပေးရုံမျှသာမက ၎င်းတို့အနေဖြင့် မိမိကိုယ်ကို အကာကွယ်ပေးရန်လိုအပ်သော အရည်အချင်းများနှင့် ခံနိုင်စွမ်းများ ဖွံ့ဖြိုးလာစေရန်အတွက်လည်း ကူညီပေးရမည်ဖြစ်သည်။

ဆိုက်ဘာကလိန်ကျမှုများ အလျင်အမြန်ပျံ့နှံ့နေခြင်း

ဒီဂျစ်တယ်စနစ်သုံးကာ ကလိန်ကျမှုမှာ အာရှဒေသအတွက် ပြဿနာသစ်တစ်ရပ် မဟုတ်သော်လည်း အဓိကအားဖြင့် စမတ်ဖုန်းများနှင့် လူမှုကွန်ယက်မီဒီယာများ အလွန်တရာ လူကြိုက်များလာခြင်း၏ အကျိုးဆက်တစ်ရပ်အဖြစ် အလျင်အမြန် တိုးမြင့်လာခဲ့ပြီဖြစ်သည်။

တယ်လီနောက ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်တမ်းတစ်ခုအား ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်ခဲ့ရာ ထိုစစ်တမ်းအရ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဒီဂျစ်တယ်စနစ်သုံး ကလိန်ကျမှုများ မြင့်မားသည်ကို တွေ့ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ  ကျောင်းများ၏ သုံးပုံတစ်ပုံမှ ထက်ဝက်နီးပါးအထိတို့သည် အွန်လိုင်းပေါ်တွင်သော်လည်းကောင်း သို့မဟုတ် အွန်လိုင်းမရှိပဲနှင့်သော်လည်းကောင်း  ကလိန်ကျခံကြရခြင်း သို့မဟုတ် ဒီဂျစ်တယ်အသုံးပြုကာ ကိုယ့်ကိုယ်ကို ကလိန်ကျသော ဖြစ်ရပ်များတွင် ပါဝင်နေခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ဒီဂျစ်တယ်အသုံးပြု ကလိန်ကျမှုသည် ခံရသူများအဖို့သာမက မိမိကိုယ်ကို ကလိန်ကျသောသူများ အပေါ်တွင်လည်း ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိနေသည်။ စင်ကာပူကလေးများ လူ့ဘောင်အဖွဲ့နှင့် စင်ကာပူ စိတ်ကျန်းမာရေးအဖွဲ့တို့၏ ၂၀၁၆ ခုနှစ် လေ့လာချက်တစ်ခုအရ ကလိန်ကျသူများနှင့် ကလိန်ကျခံရသူ နှစ်မျိုးစလုံးသည် မိမိကိုယ်ကို အန္တရာယ်ပြုတတ်သောအဆင့်၌ ထိုသို့သော ကိစ္စရပ်များနှင့် ပတ်သက်ခြင်း မရှိသော သူများထက် ပိုမိုမြင့်မားနေသည်ကို တွေ့ရှိခဲ့ကြသည်။

ထို့အပြင် ဒီဂျစ်တယ်အသုံးပြု ကလိန်ကျမှုသည် ကျူးလွန်သူနှင့် ခံရသူနှစ်မျိုးစလုံးတို့အတွက် အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ဆောင်ကျဉ်းလာနိုင်သည်ဟု မကြာမီက အိန္ဒိယတိုင်း(မ်)သတင်းစာတွင် ဖော်ပြခဲသည့် သတင်းဆောင်းပါးတစ်ခုတွင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စိတ်ပညာရှင်များ၏ အဆိုအမိန်များကို ကိုးကားကာ သတိပေး ရေးသားထားသည်။

ဒီဂျစ်တယ်အသုံးပြု ကလိန်ကျမှု၏ တစ်မူထူးခြားသော အခြေခံ သဘောသဘာဝတစ်ရပ်မှာ ကလေးတိုင်းအတွက် အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်ခြင်းပင်ဖြစ်သည်။ ကလိန်ကျမှုများအား မည်သည့် ပတ်ဝန်းကျင်၌မဆို တွေ့ရှိနိုင်ပေသည်။ အစဉ်အလာအားဖြင့် မိမိတို့ အိပ်ခန်းကဲ့သို့ “ဘေးကင်းလုံခြုံမှုရှိသည်” ဟု ယုံကြည်ထားသော နေရာများ၌ပင် ဖြစ်ပေါ်နိုင်ပေသည်။

ဤပြဿနာရပ်အား စနစ်တကျ တိုက်ဖျက်ရန်အတွက် အစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အင်တာနက် ဝန်ဆောင်မှု ပေးသူများ၊ ပညာသင်ကြားသူများ၊ မိဘများနှင့် ကလေးတစ်ဦး၏ ဘဝ၊ ကလေးတစ်ဦး၏ နေထိုင်မှုပုံစံတို့၏ တစ်စိတ်တစ်ဒေသအတွက် တာဝန်ရှိနေသော အဓိက ပါဝင်ပတ်သက်သူများ၏ ညှိနှိုင်းဆောင်ရွက်မှုကို လိုအပ်နေသည်။ ကျွနု်ပ်တို့သည် အွန်လိုင်းကလိန်ကျမှုများ၏ သင်္ကေတများကို နိုးနိုးကြားကြား ရှာဖွေကာ အခြေအနေများ ပိုမိုဆိုးရွားလာခြင်း မရှိမီတွင် ကြားဝင်ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။

မိဘအုပ်ထိမ်းမှု၏ အရေးပါမှု

ဤတာဝန်ဝတ္တရားအတွက် အရေးပါဆုံးသော အခန်းကဏ္ဍနှင့် အများဆုံးဆောင်ရွက်ရမည့်သူမှာ သင်နှင့် ကျွနု်ပ်ကဲ့သို့သော မိဘများပင် ဖြစ်ပါသည်။ ကျွနု်ပ်တို့တွင် မိဘအနေဖြင့် ကျွနု်ပ်တို့ကလေးများ၏ ကိုယ်ပိုင် အနာဂတ်အတွက်၊ ကျွမ်းကျင်မှုဆိုင်ရာ ဘဝအရည်အသွေးများအား ၎င်းတို့အတွက် ဖော်ဆောင်ပေးရုံမျှသာမက သင်ကြားပေးရန် တာဝန်တစ်ရပ် ရှိနေပါသည်။ ကျွနု်ပ်တို့မှာ စံတန်ဘိုးများ၊ လူမှုစံများနှင့် အပြုအမူပိုင်းများအရ အဓိကကျသော ရှေ့ဆောင်ပြယုဂ်များ ဖြစ်ကြပြီး ကျွနု်ပ်တို့အနေဖြင့် အပေါင်းလက္ခဏာဆောင်သော စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေရန် လိုအပ်ပေသည်။

ယနေ့ခေတ်ကာလ၏ မိဘတစ်ဦးဖြစ်ရခြင်းတွင် မိုဘိုင်းနှင့် အင်တာနက် နည်းပညာ၏ နေရာအနှံ့ တည်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက်သာမက ဒီဂျစ်တယ်ရပ်ဝန်းကို ကျော်ဖြတ်ပုံအား ကျွနု်ပ်တို့ ကလေးများကို သင်ကြားပေးခြင်းတို့လည်း ပါဝင်နေပါသည်။ ကျွနု်ပ်တို့ကလေးငယ်များအတွက် ဘေးကင်းလုံခြုံုသော အင်တာနက်အသုံးပြုမှု အတွေ့အကြုံတစ်ရပ်ကို ရရှိစေရန်အတွက် မိဘများအဖြစ် ကျွနု်ပ်တို့ဆောင်ရွက်နိုင်သော ကိစ္စရပ်အနည်းငယ် ရှိနေသည်။ ပထမဆုံးကိစ္စရပ်မှာ ကျွနု်ပ်တို့၏ ကလေးများနှင့် စကားပြောဆိုခြင်းပင်ဖြစ်သည်။ ဒုတိယကိစ္စရပ်မှာ အွန်လိုင်းပေါ်သို့ တက်ခြင်းနှင့် လူမှုကွန်ယက်မီဒီယာပေါ်တွင် တက်တက်ကြွကြွ ပါဝင်ခြင်းတို့ပင် ဖြစ်ပါသည်။ တတိယကိစ္စရပ်မှာ အခြားသော မိဘများနှင့် အတွေ့အကြုံများ မျှဝေခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် အကြံဉာဏ်များကိုလည်း ကျွနု်ပ်တို့လက်ခံသင့်ပေသည်။

ဤသည်တို့အား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေနိုင်မည့် အရင်းမြစ်တစ်ခုမှာ “အင်တာနက်အကြောင်း သင့်ကလေးများသို့ ပြောကြားပုံများအတွက် မိဘလမ်းညွှန်” စာအုပ်ဖြစ်ပြီး  ဤအရေးကိစ္စနှင့် ပတ်သက်ပြီး အာရှတိုက်တွင် ပထမဆုံးပေါ်ထွက်လာသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်တွင် အင်တာနက် ရယူသုံးစွဲပုံနှင့် ပတ်သက်၍ မိဘများက ၎င်းတို့ကလေးများကို ပြောကြားသင့်ပုံအား အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။ ဤစာအုပ်သည် မိဘများအတွက် အန္တရာယ်များကို သိရှိစေသကဲ့သို့ ကလေးငယ်များမှ ဒီဂျစ်တယ်ကမ္ဘာအတွင်းသို့ အလျင်အမြန် တိုးဝင်သွားသည်နှင့်အမျှ ၎င်းတို့၏ အွန်လိုင်းဘေးကင်းလုံခြုံမှုကို ရရှိစေရေးအတွက် ဖြစ်ရပ်မှန် ဥပမာများကိုလည်း ဖော်ပြထားသည်။ 

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု

အစိုးရများ၊ အန်(န်)ဂျီအိုများ၊ ဒီဂျစ်တယ်ဝန်ဆောင်မှု ပေးအပ်သူများနှင့် တယ်လီကွန်လုပ်ငန်းကဏ္ဍ အကြားရှိ ဒေသစုံ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် မိဘများ ရရှိနိုင်သည့် အရင်းအမြစ်များနှင့် အထောက်အကူပြုမှုများမှာ ပိုမိုများပြားလာပြီ ဖြစ်သည်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံ ဆိုက်ဘာလုံခြုံရေးအဖွဲ့သည် မိဘများအနေဖြင့် ၎င်းတို့ကလေးငယ်များအား ဒီဂျစ်တယ်အသုံးပြု ကလိန်ကမှုများအကြောင်းကို ပညာပေးရာတွင် အထောက်အကူပြုရန် ရည်ရွယ်ထားသည့် ဒီဂျစ်တယ် အသုံးပြု ကလိန်ကျမှုများ ဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများကို ဖန်တီးထုတ်လုပ်လျက် ရှိသည်။

ထိုင်းနိုင်ငံ၏ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ ဝန်ကြီးဌာနနှင့် အမျိုးသား အသံလွှင့်ထုတ်လုပ်ရေးနှင့် တယ်လီကွန်း ဆက်သွယ်ရေး ကော်မရှင်တို့ကလည်း ငယ်ရွယ်သော ထိုင်းနိုင်ငံသားများအား ဒီဂျစ်တယ် နိုင်ငံသားကောင်းများ ဖြစ်လာစေရန်၊ အင်တာနက်ပေါ်တွင် အခွင့်အလမ်းများ ဖန်တီးရန်၊ လုံလောက်သော အသိပညာ ဗဟုသုတများ ရရှိရန်နှင့် ဒီဂျစ်တယ်ပညာရေးကို သင်ယူခြင်းအားဖြင့် အွန်လိုင်းအန္တရာယ်များကို ဝေးဝေးရှောင်နိုင်ကြစေရန် စိတ်ဆန္ဒကို စေ့ဆော်ပေးရေးအတွက် ရည်ရွယ်သည့် “ဘေးကင်းလုံခြုံမှုရှိသော အင်တာနက်” ဟု အမည်ပေးထားသည့် စီမံချက်တစ်ရပ်အား စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

အန်(န်)ဂျီအိုအမျိုးမျိုးနှင့် အစိုးရအေဂျင်စီများဖြင့် ညှိနှိုင်းဆောင်ရွက်ကာ ဖော်ဆောင်ထားသည် Webwise အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ်ဖြင့် တယ်လီနော အိန္ဒိယဆင်းမ်ကဒ်များအားလုံးတွင် တစ်ချက်တို့ထိရုံဖြင့် အကူအညီတောင်းခံရေးလိုင်းဖြစ်သည့် ၁၀၉၈ သို့ ချိတ်ဆက်မိလာစေရန် ဆောင်ရွက်ပေးထားသည်။

ဆင်းမ်ကဒ်သုံးဆွဲသူများအနေဖြင့် အခမဲ့ခေါ်ဆိုနိုင်သော ဤဖုန်းနံပါတ်သို့ ခေါ်ဆိုကာ ကလေးအခွင့်အရေးများ၊ စော်ကားမော်ကား ပြုလုပ်မှုများဖြင့် ဆက်စပ်သော ကိစ္စရပ်တိုင်းအတွက် အကူအညီ တောင်းခံနိုင်ပေသည်။ ကလေးများ၊ မိဘများနှင့် ကျောင်းဆရာများအနေဖြင့်လည်း ဘေးကင်းလုံခြုံမှုရှိသော အင်တာနက် အလေ့အထများအကြောင်း သင်ယူလေ့လာရန်နှင့် အွန်လိုင်းပေါ်တွင် ရှိနေစဉ်အတွင်း ဆိုဒ်ဘာအန္တရာယ်များမှ မိမိတို့ကိုယ်ကို ကာကွယ်ရန် နည်းလမ်းများအကြောင်း သင်ယူရန်တို့အတွက် အခမဲ့ Webwise အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နိုင်ကြသည်။ ယခုနှစ်အစောပိုင်းက ဤအစီအစဉ်၌ ပါဝင်ထားသူများသည် မိုဘိုင်းဖုန်းများအတွက် ဘေးကင်းလုံခြုံရေးနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို စစ်ထုတ်ခွဲခြားနိုင်သော အခွင့်အလမ်းကို ရရှိခဲ့ကြသည်။ ဤအခွင့်အလမ်းသည် ကလေးငယ်များ၏ လုံခြုံရေးအတွက် အခြားသော အလွှာတစ်ခုအနေဖြင့် ဖော်ဆောင်ပေးထားသည်။

အာရှတိုက်တွင် နေထိုင်သူများအတွက် စမတ်ဖုန်းများ၊ မိုဘိုင်းနည်းပညာများနှင့် အင်တာနက်တို့က အခွင့်အလမ်းကမ္ဘာသစ်ကို ဖန်တီးပေးကာ လူမှုရေးနှင့် စီးပွားရေးမော်ဒယ်သစ်များကို ပုံဖော်ပေးလျက် ရှိသည်။ ကျွနု်ပ်တို့အားလုံးတွင် ဒီဂျစ်တယ်အသုံးပြု ကလိန်ကျမှုကဲ့သို့သော ခြိမ်းခြောက်မှုများကို တိုက်ဖျက်ခြင်းအားဖြင့် အွန်လိုင်းလုံခြုံမှုကို သေချာစေရန် ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍတစ်ရပ် ရှိနေသည်။ ဤသို့သောဆောင်ရွက်မှုသည် ကျွနု်ပ်တို့ကလေးငယ်များအား ဤသို့သော အခွင့်အရေးများ အားလုံးကို ရယူနိုင်စေသကဲ့သို့ ၎င်းတို့၏ ဒီဂျစ်တယ်အခြေပြု အစွမ်းအစအပြည့်အဝကိုလည်း ရရှိနိုင်ပေလိမ့်မည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.