အရှေ့တောင်အာရှ၏ ဂျီဒီပီ ၄ ဒဿမ ၅ ရာခိုင်နှုန်း၌ ရပ်တန့်နေရန်ရှိ

 

ရန်ကုန်

အရှေ့တောင်အာရှဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ကုန်သွယ်ရေးဆိုင်ရာတင်းမှုများပြန်လည်အရှိန်မြင့် တက်လာခြင်းကြောင့် ယမန်နှစ်ကထက်နှိုင်းယှဉ်ပါက  ၅ ဒဿမ ၁ ရာခိုင်နှုန်း မှ ၄ ဒဿမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိပြီး လာမည့်နှစ်အထိ တိုးတက်ဖွယ်မရှိကြောင်း ICAEW ၏ နောက်ဆုံးထွက်ရှိထားသော Economic Insight: South-East Asia အစီရင်ခံစာက သုံးသပ်သည်။ 

ရလဒ်အနေဖြင့် ပို့ကုန် နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများသည် ဆက်လက်  ခက်ခဲနေဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း အခြားနိုင်ငံများ၏ အသားတင်ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ကို ဖိအားပေးနေမည်ဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ကတည်းက နှေးကွေးခဲ့ပြီး ၂၀၁၉ ခုနှစ် တတိယနှစ်ဝက်တွင် လေးလံနေဦးမည်ဖြစ်ကြောင်း အစီရင်ခံစာကသုံးသပ်သည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၀ တွင် ၆ ဒဿမ ၄ ရာခိုင်နှုန်း ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က မကြာသေးမီက အစီရင်ခံခဲ့သည်။ သို့ရာတွင် တိုးတက်မှုနှုန်းနှေးကွေးနေခြင်း၏ အဓိကလက်သည်မှာ အမေရိကန်-တရုတ် စီးပွားရေးပဋိပက္ခ ဖြစ်ပြီး ကုန်ထုတ်လုပ်မှု၊ ထုတ်ကုန် နှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် မသေချာသောကုန်သွယ်ရေးအနေအထားတို့ကြောင့် ဖြစ်သည်။

ကုန်သွယ်ရေးဆိုင်ရာ သဘောထားတင်းမာမှုများ၏ ရိုက်ခတ်မှုဒဏ်အခံရဆုံးမှာ ပို့ကုန်အသားပေး စီးပွားရေး များဖြစ်ပြီး စင်ကာပူသည် ၂၀၁၉ တတိယနှစ်ဝက်နှစ်အရောက်တွင် နှစ်ဝက်နှစ်ခုဆက်တိုက် စီးပွားရေး ကျဆင်းမည့်အရေးကို လက်မတင်လေး ကျော်လွှာနိုင်ခဲ့ခြင်းဖြစ်သည်။
 ခြွင်းချက်မှာ ကုန်သွယ်ရေးစစ်မက် ကြောင့် ဆန့်ကျင်ဘက်အကျိုးဆက်ကို ရရှိအကျိုးဖြစ်ထွန်းခဲ့သော ဗီယက်နမ်ဖြစ်သည်။

သို့ရာတွင် တရုတ် ပို့ကုန်လိုအပ်ချက် ကျဆင်းမှုနှင့် ကုန်သွယ်ရေးစည်းမျဉ်းများ တိုးမြှင့်မှုကြောင့် ဗီယက်နမ်သည် ယခုနှစ်တွင် တွင် ၇ ရာခိုင်နှုန်း ရှိရာမှ လာမည့်နှစ်တွင် ၆ ဒဿမ ၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။
“အမေရိကန်နိုင်ငံ နဲ့ တရုတ်နိုင်ငံကြားက ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေ ရှိထားပေမဲ့လည်း နှစ်နိုင်ငံကြားက တင်းမာမှုဟာ အရှိန်မြင့်နေဆဲဖြစ်ပြီး လတ်တလောမှာ အခွန်တင်းကြပ်မှုကို ပယ်ဖျက်မယ့်အလားအလာ မတွေ့ရသေးပါဘူး” ဟု ICAEW ၏ စီးပွားရေးအကြံပေး Oxford Economics ၏ အာရှစီးပွားရေး ခေါင်းဆောင် ပညာရှင် Sian Fenner က ဆိုလေသည်။

ငွေကြေးမူဝါဒဖြေလျော့မှု နှင့်လိုက်ရောညီထွေရှိစေရန် ဘဏ္ဍာရေးဖြင့်လှုပ်နှိုးမှု တိုးမြှင့်ခြင်း

ပျော့ပြောင်းသော US Federal Reserve စနစ်၊ နည်းပါးသော ငွေကြေးဖောင်းပွမှု နှင့် ပျက်စီးယိုယွင်းနေသော စီးပွားရေးအခြေအနေတို့နှင့်အတူ အရှေ့တောင်အာရှ ဗဟိုဘဏ်များသည် ပိုမိုလိုက်လျောညီထွေလုပ်ဆောင် မည့် အသွင်ကိုပြောင်းလဲပြီးဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံ နှင့် မလေးရှားနိုင်ငံတို့သည် လာမည့် နှစ်ဝက်များတွင် အတိုးနှုန်းများကို အခြေခံပွိုင့် (bp) ၂၅ မှတ် ထပ်မံလျှော့ချဖွယ်ရှိသည်။

သို့ရာတွင် ဘဏ္ဍာရေးဆိုင်ရာ ကိုင်တွယ်မှုပုံစံများမှာ ဒေသတွင်း နေရာအလိုက် ပြောင်းလဲမည်ဖြစ်သည်။ ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကဲ့သို့သော အရှေ့တောင်အာရှ စီးပွားရေးအင်အားများ၏ အများစုမှာ ပြင်းထန်သော ဘဏ္ဍာရေးလှုပ်နှိုးမှုနည်းလမ်းများ (Fiscal Impulse) ကို အသုံးပြုမည်ဟု မျှော်မှန်းထားသည်။ 

စင်ကာပူနိုင်ငံအနေဖြင့် Fiscal Impulse များကို ဆက်တိုက်အသုံးချပြီးနောက် ဘဏ္ဍာရေးမူဝါဒကို ဖြေလျှော့ရန်အခြေအနေကောင်းမွန်သည်။
မသေချာသော ကုန်သွယ်မှုဝန်းကျင်အခြေအနေအရ စင်ကာပူ အစိုးရသည် နောင်နှစ်ဘတ်ဂျက်ကိုသုံးကာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ကို ငွေသားထုတ်ပေးခြင်းများ နှင့် ရန်ပုံငွေထောက်ပံ့မှုများပြုလုပ်မည်ဟု ကြေညာဖွယ်ရှိသည်။

ဆန့်ကျင်ဖက်အနေဖြင့် ဗီယက်နမ်နိုင်ငံ နှင့် မလေးရှားနိုင်ငံတို့အနေဖြင့် လက်ရှိအကြွေးများကြောင့် အခြေ အနေကြပ်တည်းနိုင်သည်။ မလေးရှားနိုင်ငံသည် ၂၀၂၀ အတွက် ဘတ်ဂျက်ကို အထိုက်အလျောက်တိုးမြှင့် ကြောင်း ကြေညာထားသော်လည်း အစိုးရအနေဖြင့် ဘဏ္ဍာရေးကိုဖြည့်တင်းရန် ဆက်လက်အသားပေး နေပြီး ချထားသည့်စရိတ် နှင့် ကုန်ကျစရိတ်တို့ ကွာဟချက်ကြီးမားနိုင်ခြင်းကြောင့် တိုးတက်ရန်အခွင့်အလမ်း နည်းပါး သည်။

“ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေက အရှေ့တောင်အာရှ စီးပွားရေးအင်အားတွေကို ဆက်လက် ဖိစီးနေဦးမည်လို့ ယူဆရတယ်။ ကမ္ဘာ့လုံးဆိုင်ရာအနေအထားက အားနည်းနေတဲ့အချိန်မှာ တချို့သော စီးပွားရေးအင်အားတွေရဲ့ GDP ကိုတော့ အထောက်အပံ့ဖြစ်မယ့် ဘဏ္ဍာရေးနည်းဗျူဟာတွေနဲ့  အတော်အသင့် လောက်ဖြစ်ဖြစ် ပင့်တင်ပေးနိုင်မယ်လို့ မျှော့်လင့်ထားတယ်။ ခြုံပြောရရင် အရှေ့တောင်အာရှရဲ့ GDP တိုးတက် မှုနှုန်းဟာ အလားအလာကောင်းဦးမှာမဟုတ်သေးဘဲ ၄ ဒဿမ ၅ ရာခိုင်နှုန်း မှာ ဆက်လက်ရပ်တည်နေနိုင်တယ်” လို့ ICAEW ၏ တရုတ်နှင့် အရှေ့တောင်အာရှဆိုင်ရာ Regional Director ဖြစ်သူ  Mark Billington က ပြောကြားပါသည်။

ICAEW – The Institute of Chartered Accountants in England and Wales သည် ကမ္ဘာကျော်စာရင်းအင်းအဖွဲ့တစ်ခုဖြစ်ပြီး
ကမ္ဘာတဝှန်းလုံးတွင် အောင်မြင်ပြီး ရည်ရှည်တည်တံ့သော အနာဂတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်နေသည့် အရည်အသွေးပြည့်ပြီး ကျင့်ဝတ်ညီညွတ်သည့် လုပ်ငန်းကျွမ်းကျင်သူ လက်မှတ်ရစာရင်းကိုင်များ နှင့် ကျောင်းသားပေါင်း ၁ ဒဿမ ၈ သန်း ရှိသည်။

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.