အနာဂတ်အတွက် မှို

မသန်စွမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအပြင် စိတ်ဝင်စားသူများအားလုံးအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်သစ်တစ်ခုကို မှိုစိုက်ပျိုးသူတစ်ဦးက ဖန်တီးပေးနေသည်။ 

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။ 

ဓာတ်ပုံ-အီဗလင်း ယုယုဆွေ

ချင်းလူမျိုး ဆယ်ကျော်သက်အရွယ် ဗရိုနီကာတစ်ယောက် St Mary’s Home ကို စရောက်လာချိန်တုန်းက သူမရဲ့ နေ့စဉ်အလုပ်တွင် မှိုများကို ရေဖျန်းရခြင်း ပါဝင်မည်ဟု မတွေးခဲ့မိပေ။ 

သို့သော် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်မှ ရိုမန်ကတ်သလစ် မိဘမဲ့ဂေဟာတွင် သူမနှင့် အခြား မိန်းကလေးများသည် ရေပုလင်းများကို ကိုင်ဆောင်ကာ ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံ အနောက်ဘက်ရှိ ဝါးအိမ်လေးတွင် ဘောလုံးအရွယ်ရှိသော မှိုအိတ်များကို တစ်နေ့ ငါးကြိမ် ရေဖျန်းပေးနေကြရသည်။

typeof=

  

မှိုအိတ်အများအပြားတွင် နားရွက်သဏ္ဍာန်ရှိသော အတက်ကလေးများက သေချာစွာ ဖောက်ထားသည့် အပေါ်ကလေးများထဲမှ ထိုးထွက်လာနေကြသည်။ အချို့ကမူ ပလက်စတစ်များ၏ အောက်တွင် ပိုးကျပြီး မဲနေသည့် မှိုအိတ်များကို ပြသနေသည်။ မပြုံးစန္ဒာ၏ လေ့ကျင့်သင်ကြားပေးမှုကို ရက်သတ္တပေါင်းများစွာ ရရှိထားပြီးဖြစ်သည့် ဗရိုနီကာက မည်သည့်မှိုအိတ်က ကောင်းမွန်သည်နှင့် မည်သည့်မှိုအိတ်ကိုမူ လွှင့်ပစ်ရတော့မည်ကို သေချာစွာ ခွဲခြားတတ်နေပြီဖြစ်သည်။ 

“ကျွန်မ အခုဆို မှိုကောင်းကောင်း စိုက်တတ်နေပြီ။ ချင်းပြည်နယ်ကို ပြန်ရင် တခြားလူတွေကို ကောင်းကောင်း သင်ပေးနိုင်ပြီ” ဟု သူမက ဆိုသည်။ 

အသက် ၄ဝ ရှိပြီဖြစ်သည့် မပြုံးစန္ဒာက မှိုစိုက်ပျိုးရေးသင်တန်းကို တစ်ပတ်လျှင်နှစ်ကြိမ် အခမဲ့ ဖွင့်လှစ် သင်ကြားပေးနေသည်။ St Mary’s Home မှ သီလရှင်များကလည်း သူတို့၏ ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံတွင် မှိုစိုက်ပျိုးအိမ် ထားရှိသည့်အတွက် အလွန်ပျော်ရွှင်နေကြသည်။ 

typeof=

ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး စိုက်ပျိုးကြသော မှိုအမျိုးအစားဖြစ်သည့် ငွေနှင်းမှိုသည် ဖြစ်ထွန်း ရှင်သန်ရန်အတွက် မှောင်မိုက်သော အခန်းတစ်ခုသာ လိုအပ်သည်။ ၎င်းကို စိုက်ပျိုးရလွယ်ကူသောကြောင့် ပထမကမ္ဘာစစ်အတွင်းက ဂျာမဏီနိုင်ငံတွင် စားနပ်ရိက္ခာပြတ်တောက်မှုကို ဖြည့်တင်းရန်အတွက် အသုံးပြုခဲ့ကြသည်။ 

ပြုံးစန္ဒာသည် ထိုမှိုများနှင့် ကြွက်နားရွက်မှိုများကို လွှန်ခဲ့သည့် ၁ဝ နှစ်ကတည်းက စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမက ထိုမှိုစိုက်ပျိုးရေး နည်းပညာများကို မိဘမဲ့ ကလေးငယ်များ၊ အမျိုးသမီးစင်တာမှ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သူမအား လာရောက်ငှားရမ်းသော အဖွဲ့အစည်းများမှ ဝန်ထမ်းများကို သင်ကြားပြသပေးသည်။ 

typeof=

“လူတိုင်း မှိုကို စိုက်ပျိုးနိုင်တယ်။ အသက်အရွယ် အိုမင်းနေသူတွေ၊ မသန်စွမ်းသူတွေ၊ တခြားသီးနှံတွေနဲ့ မကျွမ်းဝင်လို့ မှိုကိုပဲ စိုက်ပျိုးလိုသူတွေအားလုံး စိုက်ပျိုးလို့ရတယ်” ဟု သူမက ဆိုသည်။ 

သူမ၏ ကျောင်းနှင့် မှိုစိုက်ခင်းဖြစ်သောက စားသောက်ဆိုင်များနှင့် ဈေးများသို့ ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုများ ရောင်းချပေးနေပြီး ကျောင်းသား ၁ဝဝ ခန့်ကိုလည်း မပြုံးစန္ဒာက သူမ၏ နေအိမ်တွင် မှိုစိုက်ပျိုးနည်းသင်တန်း ပို့ချပေးနေသည်။

typeof=

ကျောင်းသား အများစုနှင့် စီးပွားဖြစ် ဖောက်သည်များသည် သူမ၏ သင်တန်း တက်ရောက်ရန် သင်တန်းကြေး ပေးကြရသည်။ သို့သော် မသန်စွမ်းများနှင့် ငွေကြေး အခက်အခဲ ရှိသူများမှာမူ အခမဲ့ တက်ရောက်ခွင့် ရရှိကြသည်။ ထို့ပြင် တခါတရံတွင် မပြုံးစန္ဒာက ကျောင်းသားများကို သူမ၏ ကားဖြင့် သင်တန်းသို့ ခေါ်ဆောင်လာတတ်သေးသည်။ 

“မသန်စွမ်းတွေအတွက် အလုပ်အကိုင်က ရှားပါးတယ်။ သူတို့က ဒီအလုပ်ကို အလွယ်တကူ လုပ်နိုင်တယ်။ သူတို့ လုပ်ကိုင်တဲ့ အလုပ်ကို သူတို့ တာဝန်ယူနိုင်တယ်” ဟု သူမက ဆိုသည်။ 

မှိုစိုက်ပျိုးရသည့် အလုပ်မှာ သာမန်လူတစ်ယောက် လုပ်နိုင်လောက်အောင်ပင် လွယ်ကူသည်ဟု မပြုံးစန္ဒာက ပြောကြားနေခြင်းမှာ အလွန်အမင်း ချဲ့ကားပြောဆိုနေခြင်း ဖြစ်နိုင်သည်ဟု ဗရိုနီကာကပြောသည်။ သူမအတွက်မူ မှိုအိတ်လေးများ ထုပ်ပိုးရခြင်းကပင် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့သည်။ မှိုအိတ်တွင်းသို့ မြေကြီးနှင့် သတ္တုဓါတ်များ ရောနှောထုပ်ပိုးပြီးနောက် ပိုးမဝင်အောင် ရေနွေးငွေ့နှင့် သန့်စင်ရသည်။ 

typeof=

သို့သော် နောက်နှစ်လခန့်အကြာတွင် မှိုအိတ်ထုပ်ပိုးရခြင်းက သူမအတွက် လွယ်ကူသွားသည်။ ချင်းပြည်နယ်သို့ ပြန်သည့်အချိန်တွင် သူမထံ၌ ကျွမ်းကျင်မှုတစ်ခု ရရှိသွားပြီ ဖြစ်သည်။ “ကျွန်မ မှိုစိုက်ပျိုးနည်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး” ဟု သူမက ဆိုသည်။ 

မှိုစိုက်ပျိုးသည့်လုပ်ငန်းကို မပြုံးစန္ဒာတစ်ယောက် စတင်စိတ်ဝင်စားခဲ့ချိန်ကမူ ထိုကဲ့သို့ ရည်မှန်းချက်ကြီးကြီးမားမား မရှိခဲ့ပေ။

လယ်သမား မိသားစုမှ  ပေါက်ဖွားခဲ့သည့် သူမက ငွေနှင်းမှိုနှင့် ပတ်သက်သည့် ထုတ်ကုန်တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ကျပ် သိန်း ၄ဝဝ ခန့် ရင်းနှီးမြုပ်နှံခဲ့ပြီး တပ်ပိုင်မြေတစ်ခုကို ၁၅ နှစ် ငှားရမ်းလုပ်ကိုင်ခဲ့သည်။ မှိုစိုက်ပျိုးသည့် နည်းပညာကို နှစ်နှစ်ခန့် လေ့လာခဲ့ပြီးနောက် မှိုစိုက်ခင်းထူထောင်ရန်နှင့် ဖောက်သည်ရှာဖွေခြင်းအတွက် လေးနှစ်ခန့် ထပ်မံ အချိန်ပေးခဲ့ရသည်။ 

“စစ်တပ်ကနေ ကျွန်မကို ငှားထားတဲ့ နေရာကို မဖယ်ခိုင်းခင် တစ်နှစ်လောက်ပဲ ကောင်းကောင်းလည်ပတ်ခဲ့ရတယ်။ လုပ်ထားတာတွေအကုန်လုံးကို နှစ်နာရီအတွင်းမှာ ဖြုတ်ပြီး ထွက်ပေးခဲ့ရတယ်” ဟု သူမက ပြောပြသည်။ 

အစမှ ပြန်လည်စတင်ခဲ့ရသည့် မပြုံးစန္ဒာက မှိုစိုက်မျိုးမှုကို လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။ မြို့ပြမှ ဆင်းရဲသားရပ်ကွက်များနှင့် ဝေးလံသည့် ကျေးရွာများတွင် ထွန်းကားနိုင်မည့် နည်းပညာများကို ဖြန့်ချိပေးရန်ဖြစ်သည်။

typeof=

သူမ၏ အလုပ်ရုံ သင်တန်းများကို ကန်တော်ကြီးဥယာဉ်ရှိ အဆောက်အအုံများတွင် များသောအားဖြင့် ပြုလုပ်ခဲ့သည်။

စနေ့နေ့တစ်ရက်က ပြုလုပ်ခဲ့သည့် သင်တန်းတွင် မသန်စွမ်းသူများအတွက် ရန်ကုန်အခြေစိုက် လင်းရောင်ခြည်အဖွဲ့မှ ကျောင်းသားကျောင်းသူ တစ်ဒါဇင်ခန့်ကို သင်ကြားပေးခဲ့သည်။

မီးရောင်မှိန်မှိန်လေး ထွန်းထားသည့် အခန်းကျယ်ကြီး၏ ထက်ဝက်ခန့်မှာ မှိုအိတ်များဖြင့် ပြည့်နှက်နေသည်။ ကျန်တစ်ဝက်ခန့်မှာ စာအုပ်များနှင့် စာရွက်စာတမ်းများ တင်ထားသည့် စားပွဲများဖြစ်သည်။ သင်ကြားမည့်နေ့တွင် စာမေးပွဲလေးတစ်ခုဖြင့် အစပြုခဲ့သည်။ ထို့နောက် ငွေနှင်းမှိုများ စိုက်ပျိုးနည်းကို စတင်သင်ကြားပေးသည်။ မှိုများကို မည်သည့်နေရ မည်သည့်အချိန်၌ စိုက်ပျိုးရမည်နှင့် မည်သည့်မှုကို မည်သည့်ရာသီ၌ စိုက်ပျိုးရမည်များကို သင်ကြားပေးသည်။ ထို့ပြင် မှိုများနှင့် ဆက်စပ်သည့် ဓာတုဗေဒ အာဟာရတန်ဖိုးများနှင့် မှိုများကို သွားရောက်ရောင်းချရမည့် နေရာများကို ညွှန်ကြားသင်ကြားပေးသည်။ ထိုအချက်မှာ ဖတ်စာအုပ်များတွင် မပါဝင်သည့် အရေးကြီးသော အချက်တစ်ခုဖြစ်သည်။

“လူတွေကို မှိုဘယ်လို စိုက်ပျိုးရမယ်ဆိုတာချည်း သင်ပေးလို့ မရဘူး။ ဘယ်လို ရောင်းချရမယ်။ ဈေးကွက် အနေအထားက ဘယ်လိုရှိတယ်ဆိုတာကိုပါ သင်ကြားပေးရမယ်” ဟု မပြုံးစန္ဒာက ပြောသည်။ 

typeof=

“မသန်စွမ်းသူတွေက သာမန်အားဖြင့် ပန်းရောင်းတဲ့အလုပ်၊ ထီရောင်းတဲ့အလုပ်ပဲ လုပ်ကိုင်ကြတယ်။ တခြား အလုပ်အကိုင်တွေက သူတို့အတွက် ခက်ခဲတယ်” ဟု လင်းရောင်ခြည် အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဦးခင်အောင်သန်းက သင်တန်း၏ လက်ဖက်ရည်သောက်နားချိန်တွင် ပြောသည်။

ခြေလက် မသန်သူတစ်ဦးက အသက်မွေးရန်အတွက် လျှပ်စစ်ပစ္စည်းများ ပြင်ဆင်သည့် အလုက်ကို လုပ်ကိုင်နေသည်ဟု ပြောသည်။ မျက်စိမမြင်သော အမျိုးသမီးတစ်ဦးကမူ အပ်ချုပ်ပြီး အသက်မွေးနေသည်။ အခြားသောအမျိုးသမီးတစ်ဦးကမူ မသန်စွမ်းမဟုတ်သော်လည်း မသန်စွမ်းဖြစ်နေသည့် သားဖြစ်သူအား စောင့်ရှောက်ရေးအတွက် အလုပ်အကိုင်တစ်ခုရရှိရန် သင်တန်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

သင်တန်းတက်ရောက်သူ ၁ဝ ဦးထဲမှာ အထူးချွန်ဆုံးတစ်ဦးကို ဆရာအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ထိုဆရာများက မှိုစိုက်ပျိုးရေးသင်တန်းများကို ရခိုင်ပြည်နယ်တွင် သွားရောက်ပို့ချပေးနေသည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအကုန်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှိုစိုက်ပျိုးရေးက ကူညီပေးနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်သို့ ပြန်ရောက်ချိန်တွင် ဗီရိုနီကာလည်း မှိုစိုက်ပျိုးနည်းများကို ပြန်လည်သင်ကြားပေးမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင်မူ St Mary မိဘမဲ့ဂေဟာ၌သာ မှိုများ ဆက်လက်စိုက်ပျိုးပေးနေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.